iMyanmarHouse.com - Best Property Website for Myanmar
×

 ေလထုညစ္ညမ္းေစသည့္ ေလာင္စာဆီသုံးကားမ်ား ေလွ်ာ့ခ်ႏုိင္ရန္ ထုတ္လုပ္ထားေသာ လွ်ပ္စစ္ကားမ်ား ျပည္တြင္း၌ တြင္တြင္က်ယ္က်ယ္ အသုံးျပဳႏုိင္ရန္ ယင္းကားမ်ားအတြက္ ဓာတ္အားသြင္း႐ုံမ်ား (EV Charging Station) ရန္ကုန္-မႏၲေလး အျမန္လမ္းတစ္ေလွ်ာက္တြင္ တည္ေဆာက္မည္ျဖစ္ေၾကာင္း စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ခ်ိဳက ေျပာၾကားသည္။

ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔က က်င္းပသည့္ ဒုတိယအႀကိမ္ ျပည္သူ႕လႊတ္ေတာ္ (၁၁) ႀကိမ္ေျမာက္ ပုံမွန္ အစည္းအေဝး (၁၁) ရက္ေျမာက္ေန႔တြင္ ၎က အထက္ပါအတုိင္း ထည့္သြင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

လွ်ပ္စစ္ကား (EV-Electric Vehicles)အတြက္ အေရးပါသည့္ ဓာတ္အားေပးရုံမ်ားကို ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီးတစ္ေလွ်ာက္ႏွင့္ ေနျပည္ေတာ္တို႔တြင္ တည္ေဆာက္ရန္အတြက္ သုေတသနျပဳလုပ္ရန္ မိတ္ဖက္ကုမၸဏီမ်ားႏွင့္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ား ေဆာင္႐ြက္ေနေၾကာင္း ဦးခင္ေမာင္ခ်ိဳကဆုိသည္။

“လွ်ပ္စစ္ကားေတြကို တြင္တြင္က်ယ္က်ယ္ အသုံးျပဳႏိုင္ဖုိ႔အတြက္ ႀကိဳတင္စီမံထားတဲ့အေနနဲ႔ မရွိမျဖစ္ လိုအပ္ေနတဲ့ EV Charging Station ေတြကို တည္ေဆာက္ရမွာျဖစ္ပါတယ္။ ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီးတစ္ေလွ်ာက္နဲ႔ ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလးတို႔မွာ Survey ေတြဆင္းဖို႔ မိတ္ဖက္ကုမၸဏီေတြနဲ႔ သက္ဆိုင္ရာတာဝန္ရွိသူေတြ စီစဥ္ေဆာင္႐ြက္ေနပါတယ္”ဟု ၎က ေျပာဆုိသည္။

ယင္းဓာတ္အားေပးရုံမ်ားကုိ ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီးတစ္ေလွ်ာက္တြင္ (၈) ႐ုံ၊ ရန္ကုန္ၿမိဳ႕အတြင္း (၃၆) ႐ုံ၊ ေနျပည္ေတာ္တြင္ (၅) ေနရာအျဖစ္ ေဆာက္လုပ္ရန္ ပဏာမေ႐ြးခ်ယ္ထားၿပီး ညႇိႏႈိင္းေနေၾကာင္း ယင္း႐ုံမ်ားတြင္ အိမ္သုံးလွ်ပ္စစ္ကားမ်ား သာမက စီးပြားျဖစ္သုံးကားႀကီးမ်ား (e-Bus) ကုိလည္း အားသြင္းႏုိင္ရန္ စီစဥ္မည္ျဖစ္ေၾကာင္း မၾကာမီ e-Bus ငါးစီးလည္း ေရာက္ရွိမည္ျဖစ္ေၾကာင္း ဦးခင္ေမာင္ခ်ိဳက ဆုိသည္။

ေနျပည္ေတာ္၌ ဓာတ္အားေပး႐ုံ (၃) ခုကို စမ္းသပ္တည္ေဆာက္ရန္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားျဖင့္ ညႇိႏႈိင္းေနၿပီး ယင္းစမ္းသပ္႐ုံမ်ားကို ေနျပည္ေတာ္ ႐ုံးအမွတ္ (၄၁) အနီး၊ ေနျပည္ေတာ္ေလဆိပ္အနီး၊ ဘူတာႀကီး၊ ကားႀကီးကြင္းေဈးႏွင့္ အမ်ားျပည္သူသြားလာသည့္ ေနရာသုံးခုတြင္ ကုမၸဏီစရိတ္ျဖင့္ စမ္းသပ္တည္ေဆာက္မည္ျဖစ္ေၾကာင္း ၎ကဆုိသည္။

သုိ႔ေသာ္ ယင္းဓာတ္အားေပး႐ုံမ်ား တည္ေဆာက္ရန္ မည္သည့္ကုမၸဏီျဖင့္ လုပ္ေဆာင္ေနသည္ကိုမူ ျပည္ေထာင္စုဝန္ႀကီးက ထည့္သြင္းေျပာၾကားခဲ့ျခင္းမရွိေပ။

ထုိသုိ႔လွ်ပ္စစ္ကားမ်ားအတြက္ ဓာတ္အားေပး ေဆာက္လုပ္ေပးမည့္အစီအစဥ္ကို ႀကိဳဆုိေၾကာင္း ထုိ႐ုံမ်ားေပၚေပါက္လာမည္ဆုိပါက ျမန္မာႏုိင္ငံအတြင္း လွ်ပ္စစ္ကားအသုံးျပဳမႈ ပိုမိုတြင္က်ယ္လာမည္ျဖစ္ေၾကာင္း ေမာ္ေတာ္ယာဥ္လုပ္ငန္းရွင္မ်ားက မွတ္ခ်က္ျပဳသည္။

လတ္တေလာျပည္တြင္း၌ ဂ်ပန္ႏုိင္ငံအေျခစုိက္ Nissan ကားကုမၸဏီက ထုတ္လုပ္သည့္ Nissan Leaf ႏွင့္ Mitsubishi ကုမၸဏီကထုတ္လုပ္သည့္ MIEV တုိ႔ကို ရန္ကုန္ၿမိဳ႕တြင္း၌ အနည္းငယ္ ဝယ္ယူစီးနင္းမႈမ်ားရွိေသာ္လည္း ဓာတ္အားသြင္း႐ုံကဲ့သို႔ လွ်ပ္စစ္ယာဥ္မ်ားအတြက္ အေျခခံ အေဆာက္အဦ မရွိသည့္အတြက္ လွ်ပ္စစ္ယာဥ္အသုံးျပဳမႈမွာ လြန္စြာနည္းပါးေၾကာင္း ၎တုိ႔ကဆုိသည္။

“ကၽြန္ေတာ္ကေတာ့ အားေပးတယ္။ ကၽြန္ေတာ္တုိ႔ဆီမွာ မီးမမွန္ေပမယ့္ ဒါေလးေတြက အဆင္ေျပတယ္။ ပုံမွန္တစ္လကုိ ဆီဖုိး ႏွစ္သိန္းေလာက္က်တာကို ဒါ (လွ်ပ္စစ္ကား)နဲ႔ဆုိ သက္သာတယ္။ ေန႔တုိင္းအားသြင္းရတဲ့အတြက္ အလုပ္ရႈပ္တာေလးတစ္ခုပဲရွိတယ္”ဟု လက္ရွိလွ်ပ္စစ္ကားအသုံးျပဳေနသူႏွင့္ တင္သြင္းေရာင္းခ်သူ ဦးသန္႔ဇင္လင္းက ဆိုသည္။

ထုိလွ်ပ္စစ္အားသြင္းတုိင္မ်ား တည္ေဆာက္မည္ဆုိပါက က်ပ္သိန္း ၂၀၀ မွ ၃၀၀ ခန္႔အထိ ကုန္က်ႏုိင္ၿပီး အားသြင္းခ်ိန္ ကီလုိ ၂၀၀ ဆုိပါက ေျခာက္နာရီခန္႔ ၾကာျမင့္ကာ ဂ်ပန္ႏုိင္ငံ၌ အားအျမန္သြင္းသည့္ နည္းပညာမ်ားပါရွိေၾကာင္း လတ္တေလာ ဂ်ပန္တစ္ႏုိင္ငံလုံး၌ လွ်ပ္စစ္အားသြင္းတုိင္ ေလးေသာင္းေက်ာ္ရွိေၾကာင္း ၎ကေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: xyznews

#Unicode Version# ျဖင့္ဖတ္ပါ ။

လေထုညစ်ညမ်းစေသည့် လောင်စာဆီသုံးကားများ လျှော့ချနိုင်ရန် ထုတ်လုပ်ထားသော လျှပ်စစ်ကားများ ပြည်တွင်း၌ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရန် ယင်းကားများအတွက် ဓာတ်အားသွင်းရုံများ (EV Charging Station) ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက်တွင် တည်ဆောက်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားသည်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၁၁) ရက်မြောက်နေ့တွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်ကား (EV-Electric Vehicles)အတွက် အရေးပါသည့် ဓာတ်အားပေးရုံများကို ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်နှင့် နေပြည်တော်တို့တွင် တည်ဆောက်ရန်အတွက် သုတေသနပြုလုပ်ရန် မိတ်ဖက်ကုမ္ပဏီများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ဆောင်ရွက်နေကြောင်း ဦးခင်မောင်ချိုကဆိုသည်။

“လျှပ်စစ်ကားတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ဖို့အတွက် ကြိုတင်စီမံထားတဲ့အနေနဲ့ မရှိမဖြစ် လိုအပ်နေတဲ့ EV Charging Station တွေကို တည်ဆောက်ရမှာဖြစ်ပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်နဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့မှာ Survey တွေဆင်းဖို့ မိတ်ဖက်ကုမ္ပဏီတွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ စီစဉ်ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ယင်းဓာတ်အားပေးရုံများကို ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်တွင် (၈) ရုံ၊ ရန်ကုန်မြို့အတွင်း (၃၆) ရုံ၊ နေပြည်တော်တွင် (၅) နေရာအဖြစ် ဆောက်လုပ်ရန် ပဏာမရွေးချယ်ထားပြီး ညှိနှိုင်းနေကြောင်း ယင်းရုံများတွင် အိမ်သုံးလျှပ်စစ်ကားများ သာမက စီးပွားဖြစ်သုံးကားကြီးများ (e-Bus) ကိုလည်း အားသွင်းနိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း မကြာမီ e-Bus ငါးစီးလည်း ရောက်ရှိမည်ဖြစ်ကြောင်း ဦးခင်မောင်ချိုက ဆိုသည်။

နေပြည်တော်၌ ဓာတ်အားပေးရုံ (၃) ခုကို စမ်းသပ်တည်ဆောက်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများဖြင့် ညှိနှိုင်းနေပြီး ယင်းစမ်းသပ်ရုံများကို နေပြည်တော် ရုံးအမှတ် (၄၁) အနီး၊ နေပြည်တော်လေဆိပ်အနီး၊ ဘူတာကြီး၊ ကားကြီးကွင်းဈေးနှင့် အများပြည်သူသွားလာသည့် နေရာသုံးခုတွင် ကုမ္ပဏီစရိတ်ဖြင့် စမ်းသပ်တည်ဆောက်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

သို့သော် ယင်းဓာတ်အားပေးရုံများ တည်ဆောက်ရန် မည်သည့်ကုမ္ပဏီဖြင့် လုပ်ဆောင်နေသည်ကိုမူ ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပေ။

ထိုသို့လျှပ်စစ်ကားများအတွက် ဓာတ်အားပေး ဆောက်လုပ်ပေးမည့်အစီအစဉ်ကို ကြိုဆိုကြောင်း ထိုရုံများပေါ်ပေါက်လာမည်ဆိုပါက မြန်မာနိုင်ငံအတွင်း လျှပ်စစ်ကားအသုံးပြုမှု ပိုမိုတွင်ကျယ်လာမည်ဖြစ်ကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင်များက မှတ်ချက်ပြုသည်။

လတ်တလောပြည်တွင်း၌ ဂျပန်နိုင်ငံအခြေစိုက် Nissan ကားကုမ္ပဏီက ထုတ်လုပ်သည့် Nissan Leaf နှင့် Mitsubishi ကုမ္ပဏီကထုတ်လုပ်သည့် MIEV တို့ကို ရန်ကုန်မြို့တွင်း၌ အနည်းငယ် ဝယ်ယူစီးနင်းမှုများရှိသော်လည်း ဓာတ်အားသွင်းရုံကဲ့သို့ လျှပ်စစ်ယာဉ်များအတွက် အခြေခံ အဆောက်အဦ မရှိသည့်အတွက် လျှပ်စစ်ယာဉ်အသုံးပြုမှုမှာ လွန်စွာနည်းပါးကြောင်း ၎င်းတို့ကဆိုသည်။

“ကျွန်တော်ကတော့ အားပေးတယ်။ ကျွန်တော်တို့ဆီမှာ မီးမမှန်ပေမယ့် ဒါလေးတွေက အဆင်ပြေတယ်။ ပုံမှန်တစ်လကို ဆီဖိုး နှစ်သိန်းလောက်ကျတာကို ဒါ (လျှပ်စစ်ကား)နဲ့ဆို သက်သာတယ်။ နေ့တိုင်းအားသွင်းရတဲ့အတွက် အလုပ်ရှုပ်တာလေးတစ်ခုပဲရှိတယ်”ဟု လက်ရှိလျှပ်စစ်ကားအသုံးပြုနေသူနှင့် တင်သွင်းရောင်းချသူ ဦးသန့်ဇင်လင်းက ဆိုသည်။

ထိုလျှပ်စစ်အားသွင်းတိုင်များ တည်ဆောက်မည်ဆိုပါက ကျပ်သိန်း ၂၀၀ မှ ၃၀၀ ခန့်အထိ ကုန်ကျနိုင်ပြီး အားသွင်းချိန် ကီလို ၂၀၀ ဆိုပါက ခြောက်နာရီခန့် ကြာမြင့်ကာ ဂျပန်နိုင်ငံ၌ အားအမြန်သွင်းသည့် နည်းပညာများပါရှိကြောင်း လတ်တလော ဂျပန်တစ်နိုင်ငံလုံး၌ လျှပ်စစ်အားသွင်းတိုင် လေးသောင်းကျော်ရှိကြောင်း ၎င်းကပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: xyznews


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top