စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×


မိတ္ကပ္ဆိုတာ အလွအပအတြက္ အေကာင္းဆံုး အေထာက္အကူပစၥည္းပါပဲ။ ေလ့က်င့္ခန္းလုပ္တဲ့အခါ ဒါမွမဟုတ္ ေျပးတဲ့အခါ မိတ္ကပ္လိမ္းဖူးပါသလား။ လိမ္းထားရင္ေရာ ဘယ္လိုခံစားရသလဲ။ေလ့က်င့္ခန္းလုပ္တဲ့အခါ မိတ္ကပ္လိမ္းသင့္ မလိမ္းသင့္ သိလိုတဲ့သူေတြအတြက္ ေအာက္ပါတို႔ ဆက္ဖတ္ၾကည့္လိုက္ပါ။

ေလ့က်င့္ခန္းလုပ္တဲ့အခါ ဒါမွမဟုတ္ ေျပးတဲ့အခါမ်ိဳးဆို ခႏၶာကိုယ္မွာ ဓာတ္ျပဳမႈေတြျဖစ္လာပါတယ္။ ဒါေၾကာင့္မို႔ ကၽြန္ေတာ္တုိ႔ေတြ ပူလာၿပီး ရိုးရိုးရွင္းရွင္းေလး လႈပ္ရွားလိုက္ရံုနဲ႔ ေခၽြးေပါက္ေတြက်ယ္ ေခၽြးေတြထြက္လာတာေပါ့။ ေျပးရင္လူတုိင္း ေခၽြးထြက္ပါတယ္။ တကယ္လို႔မ်က္ႏွာမွာသာ မိတ္ကပ္ေတြ လိမ္းခ်ယ္ထားရင္ အေရျပားရဲ႕ ေခၽြးထြက္လုပ္ငန္းကို ေႏွးသြားေစႏုိင္ပါတယ္။

ဒီေတာ့ အေရျပားေဖာင္းၾကြျခင္းေတြ ျဖစ္လာေရာ။ ဒါ့အျပင္ ေခၽြးေတြနဲ႔ မိတ္ကပ္ေတြလုံးသြားၿပီး အဖက္ေတြျဖစ္သြားတတ္ပါေသးတယ္။ ေနာက္ဆက္တြဲအေနနဲ႔ အေရျပားေလမရေတာ့ပဲ ၀က္ျခံထြက္ဖို႔ အခြင့္အေရး ပိုမ်ားသြားပါမယ္။ အေရးျပားကြဲတာ၊ က်ိန္းစပ္တာမ်ိဳးေတြ ျဖစ္လာမယ္။ ဒီလုိဆိုေတာ့ ဆယ္ေက်ာ္သက္ေတြ ေၾကာက္ၾကတဲ့ အိပ္မက္ဆိုးႀကီးျဖစ္တဲ့ ၀က္ျခံအျပည့္မ်က္ႏွာႀကီး ပိုင္ဆုိင္သြားေရာေပါ့။

ဒါေပမယ့္လဲ ေျပာသေလာက္ႀကီးဆိုး၀ါးတာမ်ိဳးမဟုတ္ပါဘူး။ မိတ္ကပ္ထူထူလိမ္းတာ ေအာက္ခံမိတ္ကပ္ ထူပိန္းေနေအာင္လိမ္းတာ ဒါေတြက ေခၽြးေပါက္ေတြကို ပိတ္သြားေစၿပီး အေရျပားကေနထုတ္မယ့္ အညစ္အေၾကးေတြကို အေရျပားထဲျပန္သြင္းသလိုျဖစ္လို႔ လံုး၀မလုပ္သင့္ပါဘူး။ ဒါေၾကာင့္ မိတ္ကပ္လိမ္းခ်င္တယ္ဆိုရင္ အဆီမပါတဲ့မိတ္ကပ္ေတြကို ပါးပါးေလး လိမ္းေပးႏုိင္ပါတယ္။ ထို႔အျပင္ ေရစိုခံမ်က္ေတာင္ေကာ့ေဆးေတြ စီလီကြန္နဲ႔လုပ္တဲ့ မ်က္ေတာင္ေကာ့ေဆးေတြကိုေတာ့ သံုးလို႔ရပါတယ္။

မိတ္ကပ္မလိမ္းလိုမျဖစ္ဘူး လိမ္းခ်င္တယ္ဆိုရင္ေတာ့ ျပန္ခ်င့္ခ်ိန္ရမွာေလး ရွိပါတယ္။ အခုလုပ္မွာ အေျပးက်င့္မွာမို႔ ခါတိုင္းပံုမွန္ထက္ ေခၽြးပိုထြက္မွာ အမွန္ပဲ။ ဒါ့အျပင္ အထက္ကေျပာခဲ့သလို အဆီမပါတဲ့ အလွကုန္ေတြအျပင္ ေလ့က်င့္ခန္းမလုပ္ခင္မွာ မ်က္ႏွာကို သန္႔ရွင္းေအာင္လဲ ထားရပါမယ္။ သန္႔ရွင္းတဲ့ တဘက္ ဒါမွမဟုတ္ ေပါ့ေပါ့ပါးပါး တို႔ဖတ္မ်ားကို ေျပးတဲ့အခါ ေဆာင္ထားပါ။

ပိုအေရးႀကီးတာက ေျပးၿပီးတဲ့ေနာက္ လိမ္းထားသမွ် ေျပာင္ေနေအာင္ ေဆးခ်ရမွာပါ။ သင့္ခႏၶာကိုယ္မွထြက္တဲ့ အဆိပ္ေတြ၊ အဆီဖက္ေတြ၊ ဆဲလ္ေသေတြ၊ အညစ္အေၾကးေတြဟာ ခရမ္ေတြနဲ႔ ပိတ္မိေနတတ္ပါတယ္။ ဒီေတာ့ ဘက္တီးရီးေတြအတြက္ ေပ်ာ္စံရာႀကီး ျဖစ္သြားေရာ။ ဒါေၾကာင့္မို႔ တတ္ႏုိင္သမွ် သန္႔ရွင္းေအာင္လုပ္ဖုိ႔ လိုအပ္ပါတယ္။

ဒါေတြအျပင္ မနက္ခင္းမွာ ဘာမွမလိမ္းပဲ ေျပးမယ္ဆိုရင္ေတာ့ အသားအေရကို ေနေရာင္ထိၿပီး ပ်က္စီးႏုိင္ပါေသးတယ္။ အထူးသျဖင့္ ေႏြရာသီဆို ပိုဆိုးပါတယ္။ ထုိ႔ေၾကာင့္ ၾကိဳက္သည္ျဖစ္ေစ မႀကိဳက္သည္ျဖစ္ေစ ေနေရာင္ခံလိမ္းေဆးကိုေတာ့ လိမ္းေပးရပါမယ္။ Water Based လိမ္းေဆးမ်ားကို သံုးတာ ပိုသင့္ေတာ္ပါတယ္။

အေရျပားဆိုတာ ႏူးညံ့ပါတယ္။ ျခံဳေျပာရရင္ ေျပးတဲ့အခါမွာ အေရျပားရဲ႕ လုပ္ငန္းစဥ္ကို ရိုးရိုးေလးပဲ ေတြးၾကည့္ဖို႔လိုတာပါ။ ေျပးတဲ့အခါ အပူခ်ိန္တုိးလားၿပီး ေခၽြးေပါက္ေတြ ဂလင္းေတြက ႀကီးလာပါတယ္။ ကိုယ္ထဲက အညစ္အေၾကးေတြကို ပြင့္လာတဲ့ ေခၽြးေပါက္ေတြကေန စြန္႔ပစ္ေပးတယ္။ ေခၽြးထြက္ရင္ မ်က္ႏွာစိုလာပါမယ္။ ဒါေၾကာင့္ အလွကုန္ေတြ၀ယ္တဲ့အခါ အထက္ကအခ်က္ေတြကို မွတ္ထားရမယ္။

ကိုယ္ေျပးမယ့္ ပတ္၀န္းက်င္ ဥပမာ လမ္းေဘး ဒါမွမဟုတ္ Gym စတာနဲ႔ဆိုင္တဲ့ သီးသန္႔အလွကုန္ေတြလဲ ရွိပါတယ္။ လွပေနေအာင္ ေနခ်င္တာ လူတိုင္းပါပဲ။ အထူးသျဖင့္ ေျပးေနတုန္းကိုယ္သိတဲ့သူေတြနဲ႔ ေတြးမိဖို႔ ပိုလြယ္တတ္ပါတယ္။ ဒါေၾကာင့္ စမတ္က်က်ျပင္ဆင္ရမွာေပါ့။ ကိုယ္ေျပးမယ့္အစီအစဥ္ ကိုယ့္အသားေရနဲ႔ကိုက္မယ့္ အေကာင္းဆံုးေတြကိုပဲ ေရြးခ်ယ္လိုက္ပါ။ ခဏတာေလး အထင္ႀကီးဖို႔အေရး ကိုယ့္မ်က္ႏွာကို အပ်က္စီးခံခ်င္မွာမဟုတ္ဘူး။ ဟုတ္တယ္မလား။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hellosayarwon

#Unicode Version#

မိတ်ကပ်ဆိုတာ အလှအပအတွက် အကောင်းဆုံး အထောက်အကူပစ္စည်းပါပဲ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဒါမှမဟုတ် ပြေးတဲ့အခါ မိတ်ကပ်လိမ်းဖူးပါသလား။ လိမ်းထားရင်ရော ဘယ်လိုခံစားရသလဲ။လေ့ကျင့်ခန်းလုပ်တဲ့အခါ မိတ်ကပ်လိမ်းသင့် မလိမ်းသင့် သိလိုတဲ့သူတွေအတွက် အောက်ပါတို့ ဆက်ဖတ်ကြည့်လိုက်ပါ။

လေ့ကျင့်ခန်းလုပ်တဲ့အခါ ဒါမှမဟုတ် ပြေးတဲ့အခါမျိုးဆို ခန္ဓာကိုယ်မှာ ဓာတ်ပြုမှုတွေဖြစ်လာပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့တွေ ပူလာပြီး ရိုးရိုးရှင်းရှင်းလေး လှုပ်ရှားလိုက်ရုံနဲ့ ချွေးပေါက်တွေကျယ် ချွေးတွေထွက်လာတာပေါ့။ ပြေးရင်လူတိုင်း ချွေးထွက်ပါတယ်။ တကယ်လို့မျက်နှာမှာသာ မိတ်ကပ်တွေ လိမ်းချယ်ထားရင် အရေပြားရဲ့ ချွေးထွက်လုပ်ငန်းကို နှေးသွားစေနိုင်ပါတယ်။

ဒီတော့ အရေပြားဖောင်းကြွခြင်းတွေ ဖြစ်လာရော။ ဒါ့အပြင် ချွေးတွေနဲ့ မိတ်ကပ်တွေလုံးသွားပြီး အဖက်တွေဖြစ်သွားတတ်ပါသေးတယ်။ နောက်ဆက်တွဲအနေနဲ့ အရေပြားလေမရတော့ပဲ ဝက်ခြံထွက်ဖို့ အခွင့်အရေး ပိုများသွားပါမယ်။ အရေးပြားကွဲတာ၊ ကျိန်းစပ်တာမျိုးတွေ ဖြစ်လာမယ်။ ဒီလိုဆိုတော့ ဆယ်ကျော်သက်တွေ ကြောက်ကြတဲ့ အိပ်မက်ဆိုးကြီးဖြစ်တဲ့ ဝက်ခြံအပြည့်မျက်နှာကြီး ပိုင်ဆိုင်သွားရောပေါ့။

ဒါပေမယ့်လဲ ပြောသလောက်ကြီးဆိုးဝါးတာမျိုးမဟုတ်ပါဘူး။ မိတ်ကပ်ထူထူလိမ်းတာ အောက်ခံမိတ်ကပ် ထူပိန်းနေအောင်လိမ်းတာ ဒါတွေက ချွေးပေါက်တွေကို ပိတ်သွားစေပြီး အရေပြားကနေထုတ်မယ့် အညစ်အကြေးတွေကို အရေပြားထဲပြန်သွင်းသလိုဖြစ်လို့ လုံးဝမလုပ်သင့်ပါဘူး။ ဒါကြောင့် မိတ်ကပ်လိမ်းချင်တယ်ဆိုရင် အဆီမပါတဲ့မိတ်ကပ်တွေကို ပါးပါးလေး လိမ်းပေးနိုင်ပါတယ်။ ထို့အပြင် ရေစိုခံမျက်တောင်ကော့ဆေးတွေ စီလီကွန်နဲ့လုပ်တဲ့ မျက်တောင်ကော့ဆေးတွေကိုတော့ သုံးလို့ရပါတယ်။

မိတ်ကပ်မလိမ်းလိုမဖြစ်ဘူး လိမ်းချင်တယ်ဆိုရင်တော့ ပြန်ချင့်ချိန်ရမှာလေး ရှိပါတယ်။ အခုလုပ်မှာ အပြေးကျင့်မှာမို့ ခါတိုင်းပုံမှန်ထက် ချွေးပိုထွက်မှာ အမှန်ပဲ။ ဒါ့အပြင် အထက်ကပြောခဲ့သလို အဆီမပါတဲ့ အလှကုန်တွေအပြင် လေ့ကျင့်ခန်းမလုပ်ခင်မှာ မျက်နှာကို သန့်ရှင်းအောင်လဲ ထားရပါမယ်။ သန့်ရှင်းတဲ့ တဘက် ဒါမှမဟုတ် ပေါ့ပေါ့ပါးပါး တို့ဖတ်များကို ပြေးတဲ့အခါ ဆောင်ထားပါ။

ပိုအရေးကြီးတာက ပြေးပြီးတဲ့နောက် လိမ်းထားသမျှ ပြောင်နေအောင် ဆေးချရမှာပါ။ သင့်ခန္ဓာကိုယ်မှထွက်တဲ့ အဆိပ်တွေ၊ အဆီဖက်တွေ၊ ဆဲလ်သေတွေ၊ အညစ်အကြေးတွေဟာ ခရမ်တွေနဲ့ ပိတ်မိနေတတ်ပါတယ်။ ဒီတော့ ဘက်တီးရီးတွေအတွက် ပျော်စံရာကြီး ဖြစ်သွားရော။ ဒါကြောင့်မို့ တတ်နိုင်သမျှ သန့်ရှင်းအောင်လုပ်ဖို့ လိုအပ်ပါတယ်။

ဒါတွေအပြင် မနက်ခင်းမှာ ဘာမှမလိမ်းပဲ ပြေးမယ်ဆိုရင်တော့ အသားအရေကို နေရောင်ထိပြီး ပျက်စီးနိုင်ပါသေးတယ်။ အထူးသဖြင့် နွေရာသီဆို ပိုဆိုးပါတယ်။ ထို့ကြောင့် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ နေရောင်ခံလိမ်းဆေးကိုတော့ လိမ်းပေးရပါမယ်။ Water Based လိမ်းဆေးများကို သုံးတာ ပိုသင့်တော်ပါတယ်။

အရေပြားဆိုတာ နူးညံ့ပါတယ်။ ခြုံပြောရရင် ပြေးတဲ့အခါမှာ အရေပြားရဲ့ လုပ်ငန်းစဉ်ကို ရိုးရိုးလေးပဲ တွေးကြည့်ဖို့လိုတာပါ။ ပြေးတဲ့အခါ အပူချိန်တိုးလားပြီး ချွေးပေါက်တွေ ဂလင်းတွေက ကြီးလာပါတယ်။ ကိုယ်ထဲက အညစ်အကြေးတွေကို ပွင့်လာတဲ့ ချွေးပေါက်တွေကနေ စွန့်ပစ်ပေးတယ်။ ချွေးထွက်ရင် မျက်နှာစိုလာပါမယ်။ ဒါကြောင့် အလှကုန်တွေဝယ်တဲ့အခါ အထက်ကအချက်တွေကို မှတ်ထားရမယ်။

ကိုယ်ပြေးမယ့် ပတ်ဝန်းကျင် ဥပမာ လမ်းဘေး ဒါမှမဟုတ် Gym စတာနဲ့ဆိုင်တဲ့ သီးသန့်အလှကုန်တွေလဲ ရှိပါတယ်။ လှပနေအောင် နေချင်တာ လူတိုင်းပါပဲ။ အထူးသဖြင့် ပြေးနေတုန်းကိုယ်သိတဲ့သူတွေနဲ့ တွေးမိဖို့ ပိုလွယ်တတ်ပါတယ်။ ဒါကြောင့် စမတ်ကျကျပြင်ဆင်ရမှာပေါ့။ ကိုယ်ပြေးမယ့်အစီအစဉ် ကိုယ့်အသားရေနဲ့ကိုက်မယ့် အကောင်းဆုံးတွေကိုပဲ ရွေးချယ်လိုက်ပါ။ ခဏတာလေး အထင်ကြီးဖို့အရေး ကိုယ့်မျက်နှာကို အပျက်စီးခံချင်မှာမဟုတ်ဘူး။ ဟုတ်တယ်မလား။

ဖိုးသူတော် (www.phothutaw.com)

Credit: Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top