iMyanmarHouse.com - Best Property Website for Myanmar
×






Credit:nanmalgyi

#Unicode Version# ဖြင့်ဖတ်ပါ ။

မြန်မာပြည် ဂီတလောက မှာ Female Rocker တစ်ဦးအဖြစ် ရပ်တည်နေတဲ့ သျှီက ပြန်ဆိုတေးတွေ အလွယ်တကူ လုပ်ဆိုလာတဲ့ အပေါ် အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။သျှီက သူမကို နုပျိုနေဆဲပဲလို့ ပရိတ်သတ်ကပြောတဲ့ အပေါ်မှာလည်း ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။rock music ကိုနှစ်သက်တဲ့သူမက ဆံပင်အရှည်ထားရတာကိုလည်း နှစ်သက်ပါတယ်။

ပြန်ဆိုတေးတွေနဲ့ ပတ်သက်လို့ သူမ ပြောခဲ့တာက ” မူရင်း သီချင်း တစ်ပုဒ်ရဲ့ သော့ချက်ကို မသိပဲ ပုံစံပြောင်းပစ်ရုံလေး ပြန်သီဆိုနေတာ ဟာ မူရင်း အရသာကို ပျက်စေတယ်.. သီချင်းကို တန်ဖိုးထားတက်တာဟာ ကိုယ့်ကိုကိုယ် တန်ဖိုးထားတာနဲ့တူတူပါပဲလို့လည်း သူမက ဆုံးမစကားဆိုခဲ့ပါတယ်”နောက်တက်လာတဲ့ generation ထဲမှာ အရည်အချင်းပြည့်မှိတဲ့ လူငယ်တွေရှိသလို ဘာမှ မဟုတ်တဲ့ သူတွေလည်း ရှိတာကြောင့် နောက်တက်လူငယ်တွေနဲ့ပတ်သတ်ပြီး အထွေအထူးတော့ မဝေဖန်ခဲ့ပါဘူး။

သူမတို့ ခေတ်က သီချင်းတစ်ပုဒ်ကို လူသိအောင် လုပ်ဖို့ မလွယ်ကူခဲ့ပါဘူး..ဒါပေမယ့် ဒီနေ့ခေတ်မှာ သီချင်းတစ်ပုဒ်ကို ကြိုက်တဲ့ platform တခုခုနဲ့ လူသိများအောင်နိုင်တာကြောင့် ယနေ့ခေတ်လူငယ်အနေနဲ့ ကိုယ့်ကိုယ်ကို သေသေချာချာ တည်ဆောက်ဖို့နဲ့ ကိုယ်လုပ်တဲ့ Music အပေါ်မှာ သစ္စာရှိဖို့လည်းပြောကြားသွားခဲ့ပါတယ်။ယနေ့ခေတ် လူငယ်တွေအနေနဲ့ ကိုယ်လုပ်တဲ့ Trend တစ်ခု အပေါ်မှာ Quality တက်အောင်မယ် ဆိုပါက ပတ္တမြား မှန်ရင် နွံမနစ်ဘူးလို့လည်း အားပေးစကားပြောခဲ့ပါတယ်။

သူမ ဟာ အခုလတ်တလော အနုပညာ လှုပ်ရှုားမှုအနေနဲ့ ကိုယ်ပိုင် own tune အခွေ လေးတစ်ခုကို ဖန်တီးနေပြီး ဒီနှစ်ထဲမှာ ထွက်နိုင်အောင် ကြိုးစားနေပါတယ်လို့လည်း သတင်းကောင်းပါးခဲ့ပါတယ်။

၂၁ ကြာ ဂီတလောကမှာ ရပ်တည်လာခဲ့တဲ့ သူမ အပေါ် သစ္စာရှိရှိနဲ့ အားပေးခဲ့ကြတဲ့ ပရိသတ်ကြီးကိုလည်း အထူးကျေးဇူးတင်ရှိကြောင်းနှင့် အားလုံး ပျော်ရွှင်ပါစေလို့လည်း ဆုတောင်းပေးခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top