iMyanmarHouse.com - Best Property Website for Myanmar
×


အေရွ႕ေတာင္အာရွ ႏိုင္ငံေတြထဲမွာ ဗီယက္နမ္ႏိုင္ငံဟာ ခရီးသြားေတြကို ဆြဲေဆာင္လာႏိုင္တဲ့ ႏိုင္ငံတႏိုင္ငံပါ။ ဒါေၾကာင့္ ေဖေဖာ္ဝါရီလမွာဆိုရင္ ဗီယက္နမ္ႏိုင္ငံရဲ႕ ဘယ္ေနရာေတြကို ခရီးသြားလို႔ ေကာင္းလဲဆိုတာ ေဖာ္ျပေပးခ်င္ပါတယ္။

(၁) Moc Chau


ကုန္းျမင့္ေဒသတခုျဖစ္တဲ့ Moc Chau ၿမိဳ႕ေလးဟာ ဟႏြိဳင္းၿမိဳ႕ေတာ္ရဲ႕ ၁၁၁ မိုင္အေက်ာ္မွာ တည္ရွိပါတယ္။ Moc Chau ဟာ ဟႏြိဳင္းၿမိဳ႕ေတာ္ကေန ဆိုင္ကယ္စီးသြားရင္လည္း လြယ္လြယ္ကူကူ ေရာက္ႏိုင္တဲ့ ေဒသတခုပါ။ ေဆာင္းကာလ ကုန္ခါနီး ေႏြဦးေပါက္လာၿပီဆိုရင္ ဗီယက္နမ္ႏိုင္ငံရဲ႕ Moc Chau ၿမိဳ႕ဟာ ခရီး ထြက္လို႔ေကာင္းတဲ့ ေဒသပါပဲ။ က်ယ္ေျပာတဲ့ ျမက္ခင္းေတြနဲ႔ သစ္ပင္ႀကီးႀကီးမားမားေတြ လႊမ္းမိုးထားတဲ့ Moc Chau မွာဆိုရင္ ေလေကာင္းေလသန႔္ေတြကို ရႈရႈိက္ရမွာပါ။

Moc Chau ၿမိဳ႕ မွာဆိုရင္ တိုင္းရင္းသား ၁၂ မ်ိဳးေလာက္ ေနထိုင္ၾကၿပီး ထိုင္းလူမ်ိဳး ၃၃ ရာခိုင္ႏႈန္းနဲ႔ Muong လူမ်ိဳး ၁၈ ရာခိုင္ႏႈန္းေလာက္ ေနထိုင္ၾကပါတယ္။ ၿမိဳ႕ ျပရဲ႕ မြန္းၾကပ္မႈေတြကေန လြတ္ေျမာက္ႏိုင္ဖို႔ဆိုရင္ Moc Chau ၿမိဳ႕ဟာ အေကာင္းဆုံး ေဒသတခုပါ။


မက္မန္းသီးပင္ေတြ ေပါတဲ့ Moc Chau ၿမိဳ႕ဟာ ေနအိမ္ကိုလည္း သြပ္မိုး နီနီေလးေတြ မိုးထားၾကပါတယ္။ Moc Chau ၿမိဳ႕ကို ခရီးသြားေတြ သေဘာက်ရတဲ့ အေၾကာင္းရင္းကေတာ့ မတူကြဲျပားတဲ့ တိုင္းရင္းသား မ်ိဳးႏြယ္စုေတြေၾကာင့္ပါ။ ဒါေၾကာင့္လည္း ဗီယက္နမ္ႏိုင္ငံ ရဲ႕ Moc Chau ၿမိဳ႕ကေလးဟာ ယဥ္ေက်းမႈေတြ စုေဝးတဲ့ ေနရာတေနရာလို႔ ဆိုၾကပါတယ္။

အဲဒီၿမိဳ႕ေလးမွာဆိုရင္ မနက္စာအျဖစ္ အာရွရဲ႕ အစားအေသာက္မ်ိဳးစုံ ရႏိုင္သလို စက္ဘီးစီးရင္း ႐ြာ ပတ္ဝန္းက်င္တေလွ်ာက္ကို လည္ပတ္ႏိုင္ပါေသးတယ္။ က်ယ္ေျပာတဲ့ လက္ဖက္စိုက္ခင္းေတြကလည္း Mou Chau ၿမိဳ႕ရဲ႕ ဂုဏ္သိကၡာတခုပါ။ ဒါေၾကာင့္လည္း အရည္အေသြးျမင့္တဲ့ လက္ဖက္ရည္ေကာင္းေကာင္းကို Moc Chau ၿမိဳ႕က ထုတ္လုပ္ေပးပါတယ္။


(၂) Da Lat


ေဖေဖာ္ဝါရီလမွာ ေနာက္ထပ္ လည္ပတ္လို႔ေကာင္းတဲ့ ေနရာတေနရာကေတာ့ ဗီယက္နမ္ ႏိုင္ငံရဲ႕ Da Lat ၿမိဳ႕ပါပဲ။ Da Lat ၿမိဳ႕ကေတာ့ တည္ၿငိမ္ေအးခ်မ္းေနတဲ့ ၿမိဳ႕ကေလးတၿမိဳ႕ပါ။ အထူးသျဖင့္ေတာ့ ေဖေဖာ္ဝါရီလဟာ ပိုၿပီး ခရီးထြက္လို႔ ေကာင္းပါတယ္။

ခရီးသြားေတြကေတာ့ Da Lat ၿမိဳ႕ကို ပဲရစ္အငယ္စားလို႔ တင္စားေခၚေဝၚေလ့ ရွိပါတယ္။ တၿမိဳ႕လုံးကို ထင္းရွဴးပင္ေတြက ဝန္းရံထားပါတယ္။ ေဒသခံေတြက ေဖာ္ေ႐ြေလ့ ရွိၾကၿပီး ဝန္ေဆာင္မႈေတြကလည္း အဆင္ေျပပါတယ္။ ေဖေဖာ္ဝါရီလမွာဆိုရင္ Da Lat မွာ ပန္းပြဲေတာ္ကို က်င္းပေလ့ ရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy

#Unicode Version#

အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ဗီယက်နမ်နိုင်ငံဟာ ခရီးသွားတွေကို ဆွဲဆောင်လာနိုင်တဲ့ နိုင်ငံတနိုင်ငံပါ။ ဒါကြောင့် ဖေဖော်ဝါရီလမှာဆိုရင် ဗီယက်နမ်နိုင်ငံရဲ့ ဘယ်နေရာတွေကို ခရီးသွားလို့ ကောင်းလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။


(၁) Moc Chau

ကုန်းမြင့်ဒေသတခုဖြစ်တဲ့ Moc Chau မြို့လေးဟာ ဟနွိုင်းမြို့တော်ရဲ့ ၁၁၁ မိုင်အကျော်မှာ တည်ရှိပါတယ်။ Moc Chau ဟာ ဟနွိုင်းမြို့တော်ကနေ ဆိုင်ကယ်စီးသွားရင်လည်း လွယ်လွယ်ကူကူ ရောက်နိုင်တဲ့ ဒေသတခုပါ။ ဆောင်းကာလ ကုန်ခါနီး နွေဦးပေါက်လာပြီဆိုရင် ဗီယက်နမ်နိုင်ငံရဲ့ Moc Chau မြို့ဟာ ခရီး ထွက်လို့ကောင်းတဲ့ ဒေသပါပဲ။ ကျယ်ပြောတဲ့ မြက်ခင်းတွေနဲ့ သစ်ပင်ကြီးကြီးမားမားတွေ လွှမ်းမိုးထားတဲ့ Moc Chau မှာဆိုရင် လေကောင်းလေသန့်တွေကို ရှုရှိုက်ရမှာပါ။

Moc Chau မြို့ မှာဆိုရင် တိုင်းရင်းသား ၁၂ မျိုးလောက် နေထိုင်ကြပြီး ထိုင်းလူမျိုး ၃၃ ရာခိုင်နှုန်းနဲ့ Muong လူမျိုး ၁၈ ရာခိုင်နှုန်းလောက် နေထိုင်ကြပါတယ်။ မြို့ ပြရဲ့ မွန်းကြပ်မှုတွေကနေ လွတ်မြောက်နိုင်ဖို့ဆိုရင် Moc Chau မြို့ဟာ အကောင်းဆုံး ဒေသတခုပါ။

မက်မန်းသီးပင်တွေ ပေါတဲ့ Moc Chau မြို့ဟာ နေအိမ်ကိုလည်း သွပ်မိုး နီနီလေးတွေ မိုးထားကြပါတယ်။ Moc Chau မြို့ကို ခရီးသွားတွေ သဘောကျရတဲ့ အကြောင်းရင်းကတော့ မတူကွဲပြားတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေကြောင့်ပါ။ ဒါကြောင့်လည်း ဗီယက်နမ်နိုင်ငံ ရဲ့ Moc Chau မြို့ကလေးဟာ ယဉ်ကျေးမှုတွေ စုဝေးတဲ့ နေရာတနေရာလို့ ဆိုကြပါတယ်။

အဲဒီမြို့လေးမှာဆိုရင် မနက်စာအဖြစ် အာရှရဲ့ အစားအသောက်မျိုးစုံ ရနိုင်သလို စက်ဘီးစီးရင်း ရွာ ပတ်ဝန်းကျင်တလျှောက်ကို လည်ပတ်နိုင်ပါသေးတယ်။ ကျယ်ပြောတဲ့ လက်ဖက်စိုက်ခင်းတွေကလည်း Mou Chau မြို့ရဲ့ ဂုဏ်သိက္ခာတခုပါ။ ဒါကြောင့်လည်း အရည်အသွေးမြင့်တဲ့ လက်ဖက်ရည်ကောင်းကောင်းကို Moc Chau မြို့က ထုတ်လုပ်ပေးပါတယ်။


(၂) Da Lat

ဖေဖော်ဝါရီလမှာ နောက်ထပ် လည်ပတ်လို့ကောင်းတဲ့ နေရာတနေရာကတော့ ဗီယက်နမ် နိုင်ငံရဲ့ Da Lat မြို့ပါပဲ။ Da Lat မြို့ကတော့ တည်ငြိမ်အေးချမ်းနေတဲ့ မြို့ကလေးတမြို့ပါ။ အထူးသဖြင့်တော့ ဖေဖော်ဝါရီလဟာ ပိုပြီး ခရီးထွက်လို့ ကောင်းပါတယ်။

ခရီးသွားတွေကတော့ Da Lat မြို့ကို ပဲရစ်အငယ်စားလို့ တင်စားခေါ်ဝေါ်လေ့ ရှိပါတယ်။ တမြို့လုံးကို ထင်းရှူးပင်တွေက ဝန်းရံထားပါတယ်။ ဒေသခံတွေက ဖော်ရွေလေ့ ရှိကြပြီး ဝန်ဆောင်မှုတွေကလည်း အဆင်ပြေပါတယ်။ ဖေဖော်ဝါရီလမှာဆိုရင် Da Lat မှာ ပန်းပွဲတော်ကို ကျင်းပလေ့ ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top