စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

“သံဃႆ ေဒမ”လို႔ ေျပာလွဴ တဲ့အလွဴ ရွင္မ်ားသိေစရန္”

ဒကာႀကီး ဒကာမႀကီးေတြဘက္က သတိရွိဖို႔ေလးတစ္ခု ဘုန္းႀကီးေျပာခ်င္ပါတယ္..။

ဆြမ္းေလာင္းၿပီးရင္ သံဃာ့ဂုဏ္ရည္ကိုရည္ညႊန္းၿပီး သံဃာေတာ္ဟူေသာ အမွတ္သညာျဖင့္ေလာင္းလွဴရင္ ဘာမွမျဖစ္ပါဘူး..။

သို႔ေသာ္ ပါးစပ္ကလည္း”သံဃႆ ေဒမ “ဆိုၿပီး ဆိုလိုက္ေသးတယ္..။

“သံဃႆ ေဒမ “ဆိုတဲ့ပစၥည္းသည္ ဝိနည္းေၾကာင္းအရ ဘယ္လိုျဖစ္လာလဲ?

ဝိနည္းေဒသနာေတာ္ဘက္ေရာက္လာလ်ွင္ အလွဴ ရွင္ႏႈတ္က ေျပာဆိုေသာစကားသည္သာလ်ွင္ပမာဏျဖစ္တယ္..။

အလွဴ ရွင္က”သံဃႆ ေဒမ”လို႔ေျပာလွဴ လ်ွင္ …သူလွဴ လိုက္တဲ ့”သံဃႆ ေဒမ “က မုန္႔ေလးတစ္ပဲြပဲ။

အဲဒီမုန္႔ေလးတစ္ပဲြကို ရြာထဲမွာျဖစ္ခဲ့မယ္ဆိုလ်ွင္ တစ္ဆယ့္ႏွစ္ေတာင္အတြင္းမွာ အျခားသံဃာမရွိေသးဘူးဆိုလ်ွင္ …

အဲ့ခ်ိန္အခါမွာ အလွဴခံရေသာသံဃာက “ဤပစၥည္းသည္ ငါ႔အားေရာက္၏”ဟု အဓိ႒ာန္ရပါတယ္..။ဒီလိုဆိုလ်ွင္ သူစားထိုက္ပါတယ္။

တစ္ဆယ့္ႏွစ္ေတာင္အတြင္းမွာ အျခားသံဃာက ရွိေနခဲ့လ်ွင္အဲ့ဒီသံဃာကို ခဲြျခားေဝဖန္မႈမျပဳခဲ့ပဲ ဒီရဟန္းေတာ္ကစားလိုက္လ်ွင္ သံဃိကပစၥည္းကို မတရားသုံးစဲြသည္မည္ပါတယ္။

ဒါက အာပတ္သင့္ရံုတင္ မကဘူး။အဲဒီမုန္႔က ပါရာဇိကက်ႏိုင္ေလာက္ေအာင္ တန္ဖိုးရွိခဲ့လ်ွင္ ဒီရဟန္းေတာ္က အဲ့ဒီရဟန္းေတာ္က အဲ့ဒီေနရာတြင္ပင္ပါရာဇိကက်ႏိုင္ပါတယ္။

ေနာက္တစ္ခု ေက်ာင္းဝန္းအတြင္း”သံဃႆ ေဒမ “လို႔ဆိုၿပီး အလွဴ ရွင္က လွဴ တယ္ ။ဒါဆိုေက်ာင္းတိုက္အတြင္း သံဃာငါးရာရွိလ်ွင္ငါးရာလုံးကိုရတဲ့သံဃာက လိုက္ၿပီးခဲြေဝရမွာျဖစ္တယ္။

ျဖစ္ပါ႔မလား..စဥ္းစားၾကည့္..ဘယ္ကိုယ္ေတာ္က ဘယ္ၾကြမွန္းမသိ သူလွဴ တဲ ့မုန္႔ကို အပုံငါးရာေက်ာ္ပုံဖို႔လည္း အခ်ိန္ရွိဦးမလား ?

အဲ့ဒါေၾကာင့္ နည္းနည္းလည္းစဥ္းစားၾကည့္။ဘယ္သူကမ်ား သင္ေပးလိုက္လဲမသိဘူး။

ဒီအစဥ္အလာက ဆြမ္းေလာင္းတဲ့အခါ”သံဃႆ ေဒမ “တဲ့..ရင္းႏွီးတဲ့သူေတြဆိုလ်ွင္ေတာ့ “ဒကာႀကီးျပန္ယူသြား ဘုန္းႀကီးမေဝႏိုင္ဘူး အခ်ိန္မရွိဘူး”ဆိုၿပီး ရွင္းရွင္းပဲေျပာလိုက္တယ္။

ဒါက သံဃာ့ဂုဏ္ကို အာရံုျပဳၿပီးသာ လွဴဒါန္းရမွာျဖစ္ပါတယ္။”သံဃႆ ေဒမ “လို႔ ႏႈတ္ကေျပာဆို လွဴဒါန္းရမယ့္ လုပ္ငန္းခြင္မဟုတ္ပါဘူး။

“သံဃႆ ေဒမ “လို႔ေျပာဆိုလွဴ ဒါန္းတဲ ့အျခားအျခားေသာပစၥည္းျဖစ္ခဲ့လ်ွင္ သံဃာ့ေရးရာဘ႑ာထိန္းတဲ့ဌာနကိုေဝဖန္ႏိုင္ရန္အလို႔ငွာ ပို႔ေပးလိုက္ပါတယ္။

ဒီေတာ့ေျပာခ်င္တာကလွဴဒါန္းတဲ့ေနရာမွာ သတိေတာ့ရွိၾကပါ….။

(ဖားေအာက္ေတာရဆရာေတာ္ဘုရားႀကီး) မ်ွေဝပူေဇာ္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mmlivenews

#Unicode Version# ျဖင့္ဖတ္ပါ ။

“သံဃဿ ဒေမ”လို့ ပြောလှူ တဲ့အလှူ ရှင်များသိစေရန်”

ဒကာကြီး ဒကာမကြီးတွေဘက်က သတိရှိဖို့လေးတစ်ခု ဘုန်းကြီးပြောချင်ပါတယ်..။

ဆွမ်းလောင်းပြီးရင် သံဃာ့ဂုဏ်ရည်ကိုရည်ညွှန်းပြီး သံဃာတော်ဟူသော အမှတ်သညာဖြင့်လောင်းလှူရင် ဘာမှမဖြစ်ပါဘူး..။

သို့သော် ပါးစပ်ကလည်း”သံဃဿ ဒေမ “ဆိုပြီး ဆိုလိုက်သေးတယ်..။

“သံဃဿ ဒေမ “ဆိုတဲ့ပစ္စည်းသည် ဝိနည်းကြောင်းအရ ဘယ်လိုဖြစ်လာလဲ?

ဝိနည်းဒေသနာတော်ဘက်ရောက်လာလျှင် အလှူ ရှင်နှုတ်က ပြောဆိုသောစကားသည်သာလျှင်ပမာဏဖြစ်တယ်..။

အလှူ ရှင်က”သံဃဿ ဒေမ”လို့ပြောလှူ လျှင် …သူလှူ လိုက်တဲ့”သံဃဿ ဒေမ “က မုန့်လေးတစ်ပွဲပဲ။

အဲဒီမုန့်လေးတစ်ပွဲကို ရွာထဲမှာဖြစ်ခဲ့မယ်ဆိုလျှင် တစ်ဆယ့်နှစ်တောင်အတွင်းမှာ အခြားသံဃာမရှိသေးဘူးဆိုလျှင် …

အဲ့ချိန်အခါမှာ အလှူခံရသောသံဃာက “ဤပစ္စည်းသည် ငါ့အားရောက်၏”ဟု အဓိဋ္ဌာန်ရပါတယ်..။ဒီလိုဆိုလျှင် သူစားထိုက်ပါတယ်။

တစ်ဆယ့်နှစ်တောင်အတွင်းမှာ အခြားသံဃာက ရှိနေခဲ့လျှင်အဲ့ဒီသံဃာကို ခွဲခြားဝေဖန်မှုမပြုခဲ့ပဲ ဒီရဟန်းတော်ကစားလိုက်လျှင် သံဃိကပစ္စည်းကို မတရားသုံးစွဲသည်မည်ပါတယ်။

ဒါက အာပတ်သင့်ရုံတင် မကဘူး။အဲဒီမုန့်က ပါရာဇိကကျနိုင်လောက်အောင် တန်ဖိုးရှိခဲ့လျှင် ဒီရဟန်းတော်က အဲ့ဒီရဟန်းတော်က အဲ့ဒီနေရာတွင်ပင်ပါရာဇိကကျနိုင်ပါတယ်။

နောက်တစ်ခု ကျောင်းဝန်းအတွင်း”သံဃဿ ဒေမ “လို့ဆိုပြီး အလှူ ရှင်က လှူ တယ် ။ဒါဆိုကျောင်းတိုက်အတွင်း သံဃာငါးရာရှိလျှင်ငါးရာလုံးကိုရတဲ့သံဃာက လိုက်ပြီးခွဲဝေရမှာဖြစ်တယ်။

ဖြစ်ပါ့မလား..စဉ်းစားကြည့်..ဘယ်ကိုယ်တော်က ဘယ်ကြွမှန်းမသိ သူလှူ တဲ့မုန့်ကို အပုံငါးရာကျော်ပုံဖို့လည်း အချိန်ရှိဦးမလား ?

အဲ့ဒါကြောင့် နည်းနည်းလည်းစဉ်းစားကြည့်။ဘယ်သူကများ သင်ပေးလိုက်လဲမသိဘူး။

ဒီအစဉ်အလာက ဆွမ်းလောင်းတဲ့အခါ”သံဃဿ ဒေမ “တဲ့..ရင်းနှီးတဲ့သူတွေဆိုလျှင်တော့ “ဒကာကြီးပြန်ယူသွား ဘုန်းကြီးမဝေနိုင်ဘူး အချိန်မရှိဘူး”ဆိုပြီး ရှင်းရှင်းပဲပြောလိုက်တယ်။

ဒါက သံဃာ့ဂုဏ်ကို အာရုံပြုပြီးသာ လှူဒါန်းရမှာဖြစ်ပါတယ်။”သံဃဿ ဒေမ “လို့ နှုတ်ကပြောဆို လှူဒါန်းရမယ့် လုပ်ငန်းခွင်မဟုတ်ပါဘူး။

“သံဃဿ ဒေမ “လို့ပြောဆိုလှူ ဒါန်းတဲ့အခြားအခြားသောပစ္စည်းဖြစ်ခဲ့လျှင် သံဃာ့ရေးရာဘဏ္ဍာထိန်းတဲ့ဌာနကိုဝေဖန်နိုင်ရန်အလို့ငှာ ပို့ပေးလိုက်ပါတယ်။

ဒီတော့ပြောချင်တာကလှူဒါန်းတဲ့နေရာမှာ သတိတော့ရှိကြပါ….။

(ဖားအောက်တောရဆရာတော်ဘုရားကြီး) မျှဝေပူဇော်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mmlivenews

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top