ေရထဲမွာက်ေပ်ာက္သြားတဲ့ ေရႊဆြဲႀကိဳး ေကာက္ရလို႔ ပိုင္ရွင္ဆီ ျပန္ေပးခဲ့ပါတယ္။ ေရထဲမွာက်ေပ်ာက္သြားတဲ့ ေရႊဆြဲႀကိဳး ျပန္ရေတာ့ တအားေပ်ာ္ၾကတာေပါ့။ သူမ်ားကို စိတ္ခ်မ္းသာေအာင္ လုပ္ေပးရတာ ေကာင္းပါတယ္။ အဲဒါ ေကာင္းက်ိဳးရပါတယ္။ ေကာင္းတာလုပ္ရင္ ေကာင္းက်ိဳးရတယ္လို႔ ဘုရားေဟာရွိပါတယ္။ အခုလို သူမ်ား စိတ္ခ်မ္းသာေအာင္ လုပ္ေပးခဲ့တယ္လို႔ ဘုန္းဘုန္း ဂုဏ္ေဖၚၿပီးေျပာခ်င္တာ မဟုတ္ပါဘူး။ ငါ့စိတ္က ဒီလိုကြဲ႕လို႔ ၾကြားခ်င္တာလည္း မဟုတ္ဘူး။

ဒါေပမယ့္ လူတိုင္း လူတိုင္းမွာ ဘုန္းဘုန္းလိုစိတ္မ်ိဳး၊ ဘုန္းဘုန္းထက္သာတဲ့ ေကာင္းတဲ့ စိတ္ထားမ်ိဳး ရွိၾကမွာပါ။ အဲဒါကို စိတ္လြတ္ကိုယ္လြတ္၊ ဟိုေငးဒီေငး၊ ဟိုဟာစဥ္းစား ဒီဟာစဥ္းစား ေနၾကလို႔၊ အဲဒါေတြေၾကာင့္ ကုသိုလ္ေကာင္းမွဳကို စိတ္လြတ္ကိုယ္လြတ္ မလုပ္ျဖစ္ၾကတာ။

လူတိုင္းမွာ စိတ္ေကာင္းရွိၾကပါတယ္။ အခု ေျပာေနတုန္းေမြးတဲ့ ခေလးေတြေတာင္ စိတ္ေကာင္းပါၾကမွာပါ။ အိုး… အသက္အရြယ္ႀကီး ေသခါနီးသူလည္း စိတ္ေကာင္းရွိပါတယ္။ ဆင္းရဲသားမွာလည္းစိတ္ေကာင္းရွိၾကသလို၊ ႏိုင္ငံအုပ္ခ်ဳပ္တဲ့ သမတႀကီးမွာလည္း စိတ္ေကာင္းရွိပါတယ္။ လူတိုင္း လူတိုင္းမွာစိတ္ေကာင္းဆိုတာ ပါၾကပါတယ္။ လူျဖစ္ဖို႔ကုသိုလ္ေၾကာင့္ စိတ္ေကာင္းပါသလို ပုထုဇဥ္ေၾကာင့္လည္း ဆိုးတဲ့စိတ္ေတြ ရွိတတ္ၾကပါတယ္။

ဘ၀ေျဖာင့္ခ်င္တယ္ဆိုရင္ ကိုယ့္မွာရွိတဲ့ စိတ္ေကာင္းနဲ႔ စိတ္လြတ္ကိုယ္လြတ္ သူမ်ားစိတ္ခ်မ္းသာေအာင္ ကူညီလုပ္ေပးလိုက္ၾကစမ္းပါ။ ဘယ္ဟာကို ဘယ္လိုလုပ္ရမယ္ဆိုတာကိုေတာ့အတိအက်ေျပာဖို႔ကို ကိုယ့္အေျခအေန ကိုယ့္အတိုင္းအတာနဲ႔ ကူညီႏိုင္သေလာက္ ကူညီလိုက္ရင္အဲဒါ ဘ၀ေျဖာင့္ေၾကာင္း တစ္ေစ့တစ္ေစာင္းအတြက္.. ဒါေလး ထည့္ေျပာခဲ့ပါတယ္။

ကိုယ့္ဘ၀မွာလည္းကိုယ့္စိတ္ေကာင္းေလးနဲ႔ ကိုယ္ေျဖာင့္ေအာင္၊ သူမ်ားစိတ္ခ်မ္းသာေအာင္ လုပ္ေပးႏိုင္တဲ့သူေတြျဖစ္ၿပီးေတာ့မိမိစိတ္ခ်မ္းသာကာ ေကာင္းက်ိဳးခ်မ္းသာေတြ စံစားၿပီး၊ မိမိရည္မွန္းခ်က္ပန္းတိုင္ေတြ ျပည့္၀ေအာင္ေဆာင္ရြတ္ႏိုင္တဲ့ သူေတာ္ေကာင္းေတြ ျဖစ္ၾကပါေစကုန္သတည္း။ ။
ဆရာေတာ္ဓမၼဒူတေဒါက္တာအရွင္ေဆကိႏၵ

ဖိုးသူေတာ္ (www.phothutaw.com)
Credit:.Damanady

#Unicode Version# ျဖင့္ဖတ္ပါ ။

ရေထဲမှာကျပျောက်သွားတဲ့ ရွှေဆွဲကြိုး ကောက်ရလို့ ပိုင်ရှင်ဆီ ပြန်ပေးခဲ့ပါတယ်။ ရေထဲမှာကျပျောက်သွားတဲ့ ရွှေဆွဲကြိုး ပြန်ရတော့ တအားပျော်ကြတာပေါ့။ သူများကို စိတ်ချမ်းသာအောင် လုပ်ပေးရတာ ကောင်းပါတယ်။ အဲဒါ ကောင်းကျိုးရပါတယ်။ ကောင်းတာလုပ်ရင် ကောင်းကျိုးရတယ်လို့ ဘုရားဟောရှိပါတယ်။ အခုလို သူများ စိတ်ချမ်းသာအောင် လုပ်ပေးခဲ့တယ်လို့ ဘုန်းဘုန်း ဂုဏ်ဖေါ်ပြီးပြောချင်တာ မဟုတ်ပါဘူး။ ငါ့စိတ်က ဒီလိုကွဲ့လို့ ကြွားချင်တာလည်း မဟုတ်ဘူး။

ဒါပေမယ့် လူတိုင်း လူတိုင်းမှာ ဘုန်းဘုန်းလိုစိတ်မျိုး၊ ဘုန်းဘုန်းထက်သာတဲ့ ကောင်းတဲ့ စိတ်ထားမျိုး ရှိကြမှာပါ။ အဲဒါကို စိတ်လွတ်ကိုယ်လွတ်၊ ဟိုငေးဒီငေး၊ ဟိုဟာစဉ်းစား ဒီဟာစဉ်းစား နေကြလို့၊ အဲဒါတွေကြောင့် ကုသိုလ်ကောင်းမှုကို စိတ်လွတ်ကိုယ်လွတ် မလုပ်ဖြစ်ကြတာ။

လူတိုင်းမှာ စိတ်ကောင်းရှိကြပါတယ်။ အခု ပြောနေတုန်းမွေးတဲ့ ခလေးတွေတောင် စိတ်ကောင်းပါကြမှာပါ။ အိုး… အသက်အရွယ်ကြီး သေခါနီးသူလည်း စိတ်ကောင်းရှိပါတယ်။ ဆင်းရဲသားမှာလည်းစိတ်ကောင်းရှိကြသလို၊ နိုင်ငံအုပ်ချုပ်တဲ့ သမတကြီးမှာလည်း စိတ်ကောင်းရှိပါတယ်။ လူတိုင်း လူတိုင်းမှာစိတ်ကောင်းဆိုတာ ပါကြပါတယ်။ လူဖြစ်ဖို့ကုသိုလ်ကြောင့် စိတ်ကောင်းပါသလို ပုထုဇဉ်ကြောင့်လည်း ဆိုးတဲ့စိတ်တွေ ရှိတတ်ကြပါတယ်။

ဘဝဖြောင့်ချင်တယ်ဆိုရင် ကိုယ့်မှာရှိတဲ့ စိတ်ကောင်းနဲ့ စိတ်လွတ်ကိုယ်လွတ် သူများစိတ်ချမ်းသာအောင် ကူညီလုပ်ပေးလိုက်ကြစမ်းပါ။ ဘယ်ဟာကို ဘယ်လိုလုပ်ရမယ်ဆိုတာကိုတော့အတိအကျပြောဖို့ကို ကိုယ့်အခြေအနေ ကိုယ့်အတိုင်းအတာနဲ့ ကူညီနိုင်သလောက် ကူညီလိုက်ရင်အဲဒါ ဘဝဖြောင့်ကြောင်း တစ်စေ့တစ်စောင်းအတွက်.. ဒါလေး ထည့်ပြောခဲ့ပါတယ်။

ကိုယ့်ဘဝမှာလည်းကိုယ့်စိတ်ကောင်းလေးနဲ့ ကိုယ်ဖြောင့်အောင်၊ သူများစိတ်ချမ်းသာအောင် လုပ်ပေးနိုင်တဲ့သူတွေဖြစ်ပြီးတော့မိမိစိတ်ချမ်းသာကာ ကောင်းကျိုးချမ်းသာတွေ စံစားပြီး၊ မိမိရည်မှန်းချက်ပန်းတိုင်တွေ ပြည့်ဝအောင်ဆောင်ရွတ်နိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေကုန်သတည်း။ ။
ဆရာတော်ဓမ္မဒူတဒေါက်တာအရှင်ဆေကိန္ဒ

ဖိုးသူတော် (www.phothutaw.com)
Credit:.Damanady
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top