စင်္ကာပူနိုင်ငံတွင်ကျင်းပမည့် (၆) ကြိမ်မြောက် မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
×






Credit: Burmese.asia

#Unicode Version#

မင်းမော်ကွန်းကတော့ ဇာတ်ရုပ်အမျိုးမျိုး အိုင်တင်အမျိုးမျိုးကို ကျွမ်းကျင်ပိုင်နိုင်လွန်းတဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပြီး အနုပညာလောကမှာ အချိန်အတော်ကြာ ရပ်တည်အောင်မြင်နေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကနေ အနားယူထားတဲ့ မင်းမော်ကွန်းက သား၊သမီးတွေနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။


မင်းမော်ကွန်းကတော့ ချစ်စရာကောင်းတဲ့ အပြုအမှုလေးတွေကြောင့်ပရိသတ်တွေရဲ့ အချစ်ကို အပြည့်အဝရရှိနေသူလေးပဲဖြစ်ပါတယ်။မကြာသေးခင်ကလည်း မင်းမော်ကွန်းက နှင်းဆီအဖွဲ့သားတွေနဲ့အတူ ” နှင်းဆီပုဝါခြုံလက် ” ဆိုတဲ့ အငြိမ့်ပွဲကြီးမှာ လူရွှင်တော်တစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။ အဖွဲ့သားတွေအားလုံးထဲမှာ အသက်ကြီးလာပေမယ့်လည်း ရုပ်ကအမြဲနုပျိုနေဆဲဖြစ်တဲ့ မင်းမော်ကွန်းကိုတော့ အားလုံးက မကြာခဏဆိုသလို ဝိုင်းစလေ့ရှိတာ ဖြစ်ပါတယ်။

ယနေ့မှာတော့ မင်းမော်ကွန်းရဲ့ သားအကြီးဆုံးလေးဟာ နေမကောင်းဖြစ်နေခဲ့ပြီး မင်းမော်ကွန်းကတော့ သားဖြစ်သူရဲ့ ဆေးရုံတတ်နေပုံကို ကြည့်ပြီး သူတို့အစားကိုယ်ပဲဖြစ်ချင်မိတယ် ဆိုပြီး ပြောထားပါတယ်။မင်းမော်ကွန်းကတော့ မိဘတွေအနေနဲ့ သားသမီးတွေအပေါ် ဘယ်လောက်မေတ္တာထားသလဲဆိုတာသက်သေပြနေခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Burmese.asia
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top