iMyanmarHouse.com - Best Property Website for Myanmar
×

အဂၤလန္အပါအဝင္ ယူႏုိက္တက္ကင္းဒမ္းရဲ႕ အႀကီးဆုံးပုဂၢိဳလ္ျဖစ္တဲ့ ဘုရင္မႀကီး အဲလိဇဘက္ ဒုတိယကုိ လူတုိင္းဆုံေတြ႕ႏုိင္တာ မဟုတ္ပါဘူး။ တကယ္လို႔ ဆုံေတြ႕ခြင့္ရခဲ့မယ္ဆုိရင္လည္း အဂၤလန္နန္းတြင္းမွ သတ္မွတ္ထားတဲ့ တင္းၾကပ္တဲ့ စည္းကမ္းေတြကို မျဖစ္မေန လိုက္နာရမွာပါ။ ေျပာခ်င္လြန္းလို႔ အတြက္ ဘုရင္မႀကီးနဲ႔ ဆုံေတြ႕မယ့္သူေတြဟာ ဘာေတြလုိက္နာရမလဲ ဆုိတာကိုေဖာ္ျပေပးပါရေစ။

၁. ဘုရင္မႀကီးနဲ႔ ဆုံေတြ႕မယ့္သူဟာ အရမ္းမေတာက္ပတဲ့ အေရာင္နဲ႔ ရုိးစင္းတဲ့ ဒီဇုိင္းကုိသာ ဝတ္ဆင္ရမွာ ျဖစ္ပါတယ္။ သူတုိ႔ရဲ႕ ဝတ္စုံဟာ ဘုရင္မႀကီးကို ေက်ာ္လႊားၿပီး စိတ္အာရုံစူးစုိက္ခ်င္စရာ ျဖစ္မေနရပါဘူး။ အသားကိုလည္း လိုတာထက္ ပိုၿပီးမေဖာ္ရပဲ က်က္သေရရွိရွိ ဝတ္စားရမွာျဖစ္ပါတယ္။

၂. အဲလိဇဘက္ ဘုရင္မႀကီးဟာ တကယ္ပဲ ဘုရင္မအစစ္ျဖစ္ေပမယ့္ သူ႕ကို “The Queen” လို႔ မေခၚရပါဘူး။ သူမရဲ႕ တရားဝင္ဘြဲ႕အမည္က “Queen Elizabeth” ျဖစ္ေသာ္လည္း တုိက္ရုိက္မေခၚရပါ။ “Your Majesty” လို႔ေခၚၿပီး ေနာက္ကေန “Ma’am” လို႔ဆက္ေခၚႏုိင္ပါတယ္။

၃. ဆုံေတြ႕ႏႈတ္ဆက္ခ်ိန္မွာ ဦးညႊတ္သင့္သလားဆုိတာ အေမးမ်ားတဲ့ ေမးခြန္းတစ္ခုပါ။ အရင္လို ပေဒသရာဇ္ ေခတ္မဟုတ္ေတာ့တာေၾကာင့္ ႏႈတ္ဆက္ခြင့္ရခ်ိန္မွာ ဦးညႊတ္ဖို႔ တရားဝင္မလိုအပ္ေပမယ့္ အနည္းငယ္ ေခါင္းကိုညႊတ္ၿပီး ႏႈတ္ဆက္ျခင္းက ယဥ္ေက်းရာက်ပါတယ္။

၄. ဘုရင္မႀကီးကို ထိခြင့္ လုံးဝမရွိပါဘူး။ တကယ္လို႔ လက္ဆြဲႏႈတ္ဆက္မယ္ဆုိရင္လည္း ဘုရင္မႀကီးက လက္ကိုအရင္လွမ္းလာမွသာ ထိကုိင္ႏႈတ္ဆက္ႏုိင္ပါတယ္။ အေမရိကန္သမၼတေဟာင္း အုိဘားမားရဲ႕ ဇနီးဟာ ဘုရင္မႀကီးနဲ႔ ဆုံေတြ႕ရာမွာ ပုခုံးကို အသာအယာဖက္ကုိင္ခဲ့ဖူးၿပီး ျပႆနာတက္ခါနီးဆဲဆဲမွ လြတ္ေျမာက္ႏုိင္ခဲ့ဖူးေပမယ့္ အေမရိကန္သမၼတမဟုတ္ဘဲ ဘုရင္မႀကီးကို သြားထိရင္ ျပႆနာတက္ပါလိမ့္မယ္။

၅. ကမာၻေပၚမွာ ၾသဇာအရွိဆုံးပုဂၢိဳလ္တစ္ေယာက္ျဖစ္တာေၾကာင့္ သူမနဲ႔ဆုံေတြ႕ရင္ ေလးစားသမႈနဲ႔ ေဖာ္ျပပါ အရာေတြကို ေရွာင္က်ဥ္ရပါတယ္။ အဲ့ဒီအခ်က္ေတြကေတာ့ ဘုရင္မႀကီးကို ေက်ာခုိင္းထားျခင္း၊ အျခားကို စုိက္ၾကည့္ေနျခင္း၊ ဆယ္ဖီရုိက္ျခင္း၊ လက္မွတ္ေတာင္းခံျခင္း၊ ေရွ႕မွ ေက်ာ္ေလွ်ာက္ျခင္း၊ ဘုရင္မႀကီးထက္ အရင္ျပန္ျခင္း၊ ပုဂၢိဳလ္ေရးနဲ႔ ႏုိင္ငံေရးေမးခြန္းေတြ ေမးျမန္းျခင္းတုိ႔ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

အင်္ဂလန်အပါအဝင် ယူနိုက်တက်ကင်းဒမ်းရဲ့ အကြီးဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ဘုရင်မကြီး အဲလိဇဘက် ဒုတိယကို လူတိုင်းဆုံတွေ့နိုင်တာ မဟုတ်ပါဘူး။ တကယ်လို့ ဆုံတွေ့ခွင့်ရခဲ့မယ်ဆိုရင်လည်း အင်္ဂလန်နန်းတွင်းမှ သတ်မှတ်ထားတဲ့ တင်းကြပ်တဲ့ စည်းကမ်းတွေကို မဖြစ်မနေ လိုက်နာရမှာပါ။ ပြောချင်လွန်းလို့ အတွက် ဘုရင်မကြီးနဲ့ ဆုံတွေ့မယ့်သူတွေဟာ ဘာတွေလိုက်နာရမလဲ ဆိုတာကိုဖော်ပြပေးပါရစေ။

၁. ဘုရင်မကြီးနဲ့ ဆုံတွေ့မယ့်သူဟာ အရမ်းမတောက်ပတဲ့ အရောင်နဲ့ ရိုးစင်းတဲ့ ဒီဇိုင်းကိုသာ ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ ဝတ်စုံဟာ ဘုရင်မကြီးကို ကျော်လွှားပြီး စိတ်အာရုံစူးစိုက်ချင်စရာ ဖြစ်မနေရပါဘူး။ အသားကိုလည်း လိုတာထက် ပိုပြီးမဖော်ရပဲ ကျက်သရေရှိရှိ ဝတ်စားရမှာဖြစ်ပါတယ်။

၂. အဲလိဇဘက် ဘုရင်မကြီးဟာ တကယ်ပဲ ဘုရင်မအစစ်ဖြစ်ပေမယ့် သူ့ကို “The Queen” လို့ မခေါ်ရပါဘူး။ သူမရဲ့ တရားဝင်ဘွဲ့အမည်က “Queen Elizabeth” ဖြစ်သော်လည်း တိုက်ရိုက်မခေါ်ရပါ။ “Your Majesty” လို့ခေါ်ပြီး နောက်ကနေ “Ma’am” လို့ဆက်ခေါ်နိုင်ပါတယ်။

၃. ဆုံတွေ့နှုတ်ဆက်ချိန်မှာ ဦးညွှတ်သင့်သလားဆိုတာ အမေးများတဲ့ မေးခွန်းတစ်ခုပါ။ အရင်လို ပဒေသရာဇ် ခေတ်မဟုတ်တော့တာကြောင့် နှုတ်ဆက်ခွင့်ရချိန်မှာ ဦးညွှတ်ဖို့ တရားဝင်မလိုအပ်ပေမယ့် အနည်းငယ် ခေါင်းကိုညွှတ်ပြီး နှုတ်ဆက်ခြင်းက ယဉ်ကျေးရာကျပါတယ်။

၄. ဘုရင်မကြီးကို ထိခွင့် လုံးဝမရှိပါဘူး။ တကယ်လို့ လက်ဆွဲနှုတ်ဆက်မယ်ဆိုရင်လည်း ဘုရင်မကြီးက လက်ကိုအရင်လှမ်းလာမှသာ ထိကိုင်နှုတ်ဆက်နိုင်ပါတယ်။ အမေရိကန်သမ္မတဟောင်း အိုဘားမားရဲ့ ဇနီးဟာ ဘုရင်မကြီးနဲ့ ဆုံတွေ့ရာမှာ ပုခုံးကို အသာအယာဖက်ကိုင်ခဲ့ဖူးပြီး ပြဿနာတက်ခါနီးဆဲဆဲမှ လွတ်မြောက်နိုင်ခဲ့ဖူးပေမယ့် အမေရိကန်သမ္မတမဟုတ်ဘဲ ဘုရင်မကြီးကို သွားထိရင် ပြဿနာတက်ပါလိမ့်မယ်။

၅. ကမ္ဘာပေါ်မှာ သြဇာအရှိဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ်တာကြောင့် သူမနဲ့ဆုံတွေ့ရင် လေးစားသမှုနဲ့ ဖော်ပြပါ အရာတွေကို ရှောင်ကျဉ်ရပါတယ်။ အဲ့ဒီအချက်တွေကတော့ ဘုရင်မကြီးကို ကျောခိုင်းထားခြင်း၊ အခြားကို စိုက်ကြည့်နေခြင်း၊ ဆယ်ဖီရိုက်ခြင်း၊ လက်မှတ်တောင်းခံခြင်း၊ ရှေ့မှ ကျော်လျှောက်ခြင်း၊ ဘုရင်မကြီးထက် အရင်ပြန်ခြင်း၊ ပုဂ္ဂိုလ်ရေးနဲ့ နိုင်ငံရေးမေးခွန်းတွေ မေးမြန်းခြင်းတို့ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: nanmalgyi


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top