20% အထိDiscount ပေးမည့် (ကမ္ဘာအေး ကျောက်မျက်ရှေ့ ) Grand Wireless ကွန်ဒိုအရောင်းပြပွဲ
×




Credit:Paing Zay Ye Tun

#Unicode Version# ဖြင့်ဖတ်ပါ ။

ပြီးခဲ့တဲ့ပိတ်ရက်မှာတော့ သရုပ်ဆောင် ပိုင်ဇေရဲထွန်းနဲ့ ချစ်ဇနီးချောလေး ဇင်သဲနိုင်တို့ မိသားစုလေးက သစ်တံခါးဆရာတော်ကြီးရဲ့ကျောင်းတိုက်မှာ အလှူပြုခဲ့ကြပါတယ်။ နေ့ဆွမ်းနဲ့ ကြာဇံချက်စတုဒီသာအလှူပြုခဲ့ကြတဲ့ ပိုင်ဇေရဲထွန်းတို့မိသားစုလေးရဲ့အလှူမှာတော့ သူငယ်ချင်းဖြစ်တဲ့ စည်သူမောင်ကလည်း လာရောက်အားပေးကူညီခဲ့ပါတယ်။ ပိုင်ဇေရဲထွန်းနဲ့ စည်သူမောင်တို့ကတော့ အရမ်းကို ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်ကြပါတယ်။

ပြောမနာဆိုမနာ သူငယ်ချင်းတွေဖြစ်တာကြောင့် ပိုင်ဇေရဲထွန်းက စည်သူမောင်ကို အမြဲလိုလို ဆေးထိုးပြီး စနောက်လေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း ပိုင်ဇေရဲထွန်းက စည်သူမောင်တစ်ယောက် သတိမထားမိတဲ့အချိန်မှာ ဘောင်းဘီထဲကို တစ်ရှူးအရှည်စထည့်ပြီး ဆေးထိုးခဲ့ပါတယ်။ သူရဲ့အဖြစ်ကိုမသိတဲ့ စည်သူမောင်ကတော့ လူတွေကြားထဲမှာ ပိုင်ဇေရဲထွန်းနဲ့ မတ်တပ်ရပ်ပြီး စကားတွေပြောနေခဲ့တာ တွေ့ရပါတယ်။

ဒါကြောင့် ပိုင်ဇေရဲထွန်းက စည်သူမောင်ရဲ့ဆေးပုံလေးတွေကို “ဟ ဒီအရွယ် အမှိးပေါက် ဘာမျောက်ကြီးလဲကွ” ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ စည်သူမောင်ကတော့ “ဟာ…. သတိထားနေတဲ့ကြားက ထိ ပြန်ပကွာ ဗြဲ ” ဆိုပြီး သူသတိထားနေတဲ့ကြားက ပိုင်ဇေရဲထွန်းရဲ့ ဆေးထိုးတာကို ခံလိုက်ရတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပိုင်ဇေရဲထွန်းနဲ့ စည်သူမောင်ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit:Paing Zay Ye Tun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top