သိပၸံပညာရွင္ေတြရဲ႕ ေလ့လာခ်က္ေတြအရ ညစာကို ည ၈ နာရီထက္ ေနာက္က်ၿပီးမွ စားသုံးျခင္းဟာ ခႏၶာကိုယ္တြင္းက အင္ဆူလင္ ပမာဏကို ျမင့္တက္ေစတာေၾကာင့္ အဆင့္ ၂ ဆီးခ်ိဳေရာဂါ အပါအဝင္ က်န္းမာေရးအေပၚ တျခားေသာ သက္ေရာက္မႈ ဆိုးက်ိဳးေတြလည္း ျဖစ္ေပၚေစႏိုင္တယ္လို႔ ဆိုပါတယ္။ဒါေၾကာင့္မို႔လို႔ ညစာကို ဘာေၾကာင့္ေနာက္က်ခံၿပီး မစားသင့္ဘူးလဲဆိုတာကို ျပန္လည္မွ်ေဝေပးလိုက္ရပါတယ္။

(၁) မွတ္ဉာဏ္ကို ထိခိုက္ေစတယ္

အေမရိကန္ႏိုင္ငံ ကယ္လီဖိုနီးယားတကၠသိုလ္က သုေတသနပညာရွင္ေတြရဲ႕ ေလ့လာခ်က္ေတြအရ ညစာကို ေနာက္က်ခံၿပီးမွ စားသုံးျခင္းဟာ ဦးေႏွာက္မွတ္ဉာဏ္ကို ထိခိုက္ေစႏိုင္ၿပီး အ႐ြယ္ မတိုင္ခင္ မွတ္ဉာဏ္ခ်ိဳ႕ယြင္းျခင္းေတြကို ျဖစ္ေပၚေစႏိုင္တယ္လို႔ ဆိုပါတယ္။

(၂) ကိုယ္အေလးခ်ိန္ ျမင့္တက္ေစတယ္

ဒီအခ်က္ကေတာ့ လူတိုင္းသိၿပီးသားျဖစ္မယ္လို႔ ထင္ပါတယ္။ ညစာကို ည ၈ နာရီေနာက္ပိုင္းမွ စားသုံးျခင္းဟာ ကယ္လိုရီေတြကို ျမင့္တက္ေစတာေၾကာင့္ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ေနသူေတြအေနနဲ႔ သတိျပဳသင့္ပါတယ္။

(၃) အိပ္မက္ဆိုးေတြကို မက္ေစတယ္

၂၀၁၅ ခုႏွစ္မွာ ကေနဒါစိတ္ပညာရွင္ေတြျပဳလုပ္ခဲ့တဲ့ ေလ့လာခ်က္ေတြအရ ညစာကို ေနာက္က်ခံၿပီးမွ စားေသာက္ျခင္းဟာ အိပ္စက္ျခင္း စက္ဝန္းအေပၚ အက်ိဳးသက္ေရာက္မႈ ျဖစ္ေစတယ္လို႔ ဆိုပါတယ္။ ဒီသုေတသနအတြက္ လူေပါင္း ၄၀၀ ခန႔္ကို စမ္းသပ္စစ္ေဆးၿပီးမွ အတည္ျပဳခဲ့တာျဖစ္ၿပီး ညစာကို ေနာက္က်မွ စားေသာက္ျခင္းဟာ အိပ္စက္ရ ခက္ခဲေစသလို အိပ္ေပ်ာ္သြားတဲ့အခါမွာလည္း အိပ္မက္ဆိုးေတြကို မက္ေစႏိုင္တယ္လို႔ ဆိုပါတယ္။

(၄) အစာမေၾက ျဖစ္ေစတယ္

ညဘက္ေတြမွာ ေနာက္က်ၿပီးမွ အစာစားျခင္းဟာ အစာေျခဖ်က္ျခင္းစနစ္ကို အေႏွာင့္အယွက္ ျဖစ္ေစတာေၾကာင့္ အစာမေၾကျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။ အစာေျခဖ်က္ရခက္တာေၾကာင့္ ညဘက္ေတြမွာ ရင္ပူရင္ဆာျဖစ္ျခင္းကိုလည္း ျဖစ္ေပၚေစႏိုင္ပါတယ္။

(၅) Heart Attack ျဖစ္ေပၚျခင္းကို ျမင့္တက္ေစႏိုင္တယ္

ည ၈ နာရီေနာက္ပိုင္းမွ ညစာစားျခင္းဟာ Heart Attack ျဖစ္ႏိုင္ေျခကို ျမင့္တက္ေစႏိုင္တယ္လို႔ ေလ့လာခ်က္ေတြအရ သိရပါတယ္။ အ႐ြယ္ေရာက္ၿပီးသူ ၇၀၀ ခန႔္ကို သုေတသနေလ့လာခ်က္ေတြျပဳလုပ္မႈအရ ညစာကို ေနာက္က်မွ စားသုံးျခင္းဟာ ေသြးေပါင္ခ်ိန္ကို ျမင့္တက္ေစႏိုင္ၿပီး Heart Attack ျဖစ္ေပၚျခင္းကိုလည္း ျမင့္တက္ေစႏိုင္တယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy

#Unicode Version#

သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရ ညစာကို ည ၈ နာရီထက် နောက်ကျပြီးမှ စားသုံးခြင်းဟာ ခန္ဓာကိုယ်တွင်းက အင်ဆူလင် ပမာဏကို မြင့်တက်စေတာကြောင့် အဆင့် ၂ ဆီးချိုရောဂါ အပါအဝင် ကျန်းမာရေးအပေါ် တခြားသော သက်ရောက်မှု ဆိုးကျိုးတွေလည်း ဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုပါတယ်။ဒါကြောင့်မို့လို့ ညစာကို ဘာကြောင့်နောက်ကျခံပြီး မစားသင့်ဘူးလဲဆိုတာကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

(၁) မှတ်ဉာဏ်ကို ထိခိုက်စေတယ်

အမေရိကန်နိုင်ငံ ကယ်လီဖိုနီးယားတက္ကသိုလ်က သုတေသနပညာရှင်တွေရဲ့ လေ့လာချက်တွေအရ ညစာကို နောက်ကျခံပြီးမှ စားသုံးခြင်းဟာ ဦးနှောက်မှတ်ဉာဏ်ကို ထိခိုက်စေနိုင်ပြီး အရွယ် မတိုင်ခင် မှတ်ဉာဏ်ချို့ယွင်းခြင်းတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုပါတယ်။

(၂) ကိုယ်အလေးချိန် မြင့်တက်စေတယ်

ဒီအချက်ကတော့ လူတိုင်းသိပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ ညစာကို ည ၈ နာရီနောက်ပိုင်းမှ စားသုံးခြင်းဟာ ကယ်လိုရီတွေကို မြင့်တက်စေတာကြောင့် ကိုယ်အလေးချိန် လျှော့ချနေသူတွေအနေနဲ့ သတိပြုသင့်ပါတယ်။

(၃) အိပ်မက်ဆိုးတွေကို မက်စေတယ်

၂၀၁၅ ခုနှစ်မှာ ကနေဒါစိတ်ပညာရှင်တွေပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေအရ ညစာကို နောက်ကျခံပြီးမှ စားသောက်ခြင်းဟာ အိပ်စက်ခြင်း စက်ဝန်းအပေါ် အကျိုးသက်ရောက်မှု ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒီသုတေသနအတွက် လူပေါင်း ၄၀၀ ခန့်ကို စမ်းသပ်စစ်ဆေးပြီးမှ အတည်ပြုခဲ့တာဖြစ်ပြီး ညစာကို နောက်ကျမှ စားသောက်ခြင်းဟာ အိပ်စက်ရ ခက်ခဲစေသလို အိပ်ပျော်သွားတဲ့အခါမှာလည်း အိပ်မက်ဆိုးတွေကို မက်စေနိုင်တယ်လို့ ဆိုပါတယ်။

(၄) အစာမကြေ ဖြစ်စေတယ်

ညဘက်တွေမှာ နောက်ကျပြီးမှ အစာစားခြင်းဟာ အစာခြေဖျက်ခြင်းစနစ်ကို အနှောင့်အယှက် ဖြစ်စေတာကြောင့် အစာမကြေခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အစာခြေဖျက်ရခက်တာကြောင့် ညဘက်တွေမှာ ရင်ပူရင်ဆာဖြစ်ခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

(၅) Heart Attack ဖြစ်ပေါ်ခြင်းကို မြင့်တက်စေနိုင်တယ်

ည ၈ နာရီနောက်ပိုင်းမှ ညစာစားခြင်းဟာ Heart Attack ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။ အရွယ်ရောက်ပြီးသူ ၇၀၀ ခန့်ကို သုတေသနလေ့လာချက်တွေပြုလုပ်မှုအရ ညစာကို နောက်ကျမှ စားသုံးခြင်းဟာ သွေးပေါင်ချိန်ကို မြင့်တက်စေနိုင်ပြီး Heart Attack ဖြစ်ပေါ်ခြင်းကိုလည်း မြင့်တက်စေနိုင်တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top