20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

အေရျပားကင္ဆာ ေဝဒနာေၾကာင့္ ႏွာသီးထိပ္ဖ်ား ျဖတ္ေတာက္ခဲ့ရသူအမ်ိဳးသမီးတစ္ဦးကို ဆရာဝန္ေတြက ေဆးပညာနဲ႔ နဖူးျပင္အသားကေန သဘာဝအတိုင္း ႏွာသီးဖ်ားျပန္ျဖစ္ေအာင္ ကုသေပးနိုင္ခဲ့ပါတယ္။
 
အသက္ ၄၂ ႏွစ္အရြယ္ “စင္ဒီဘစ္ဒဲလ္” အမည္ရတဲ့ ေက်ာင္းဆရာမတစ္ဦးဟာ သူမရဲ့ ႏွာေခါင္းထဲမွာ အေရျပားကင္ဆာ အဖုအက်ိတ္ေတြ႕ခဲ့တာေၾကာင့္ အႀကီးစားခြဲစိတ္မွု ျပဳလုပ္ၿပီး ဖယ္ရွားခဲ့ရပါတယ္။ ဆရာဝန္ေတြက သူမကို အေရျပားကင္ဆာ ပ်ံ႕ပြားမွုအႏၲရာယ္ကေန အခ်ိန္မီ ကယ္တင္လိုက္နိုင္ေပမယ့္ သူမရဲ့ ႏွာသီးထိပ္ဖ်ားပိုင္း တစ္ျခမ္းလုံး ျဖတ္ေတာက္ပစ္ခဲ့ရပါတယ္။
 
အဲဒီေနာက္မွာ ေခတ္မီေဆးပညာနဲ႔ သူမရဲ့ နဖူးျပင္အသားကေန ႏွာေခါင္းကို ခ်ိပ္ဆက္ေပးထားၿပီး သဘာဝအတိုင္း ႏွာသီးဖ်ားျပန္ျဖစ္ေအာင္ တည္ေဆာက္ေပးနိုင္ခဲ့ပါတယ္။ သူမဟာ ႏွာသီးဖ်ား အေကာင္းအတိုင္းျဖစ္ေအာင္ ေစာင့္ေနရတဲ့အခ်ိန္ေတြမွာ သူမရဲ့မ်က္ႏွာအသြင္ျပင္ေၾကာင့္ ရွက္လြန္းလို႔လူေတြကို ေစ့ေစ့မၾကည့္ရဲခဲ့ဖူးလို႔ ဆိုပါတယ္။

အခ်ိဳ႕လူေတြက သူမရဲ့မ်က္ႏွာကို ႐ုတ္တရက္ေတြ႕လိုက္ခ်ိန္မွာ ေၾကာက္လန႔္တၾကား ထခုန္တဲ့အျဖစ္ပ်က္ေတာင္ရွိခဲ့တယ္လို႔ဆိုပါတယ္။ တစ္ခါျမင္ဖူးထားတဲ့သူေတြကလည္း သူမကိုေနာက္တစ္ခါျမင္ရင္ ရယ္ပြဲဖြဲ႕တဲ့ အျဖစ္နဲ႔ ရင္ဆိုင္ခဲ့ရလို႔ မ်က္ရည္က်ခဲ့ရတဲ့ အခ်ိန္ေတြရွိခဲ့ပါတယ္။
 
သူမဟာ ေခါင္းတစ္ျခမ္းကိုက္တဲ့ ေဝဒနာခံစားရတာေၾကာင့္ နီးစပ္ရာ ေဆးခန္းတစ္ခုကို ဝင္ျပလိုက္ရာကေန ဆရာဝန္က အက်ိတ္လုံးကို စမ္းသပ္ေတြ႕ရွိခဲ့ၿပီး အထူးကုဆရာဝန္နဲ႔ျပဖို႔ ညႊန္ၾကားခဲ့ရာမွ အေရျပားကင္ဆာ အက်ိတ္ျဖစ္ေနတာကို သိခဲ့ရတာျဖစ္ပါတယ္။
အခုခ်ိန္မွာေတာ့ ခြဲစိပ္ခံထားရတဲ့ သူမရဲ့မ်က္ႏွာဟာ အရင္အတိုင္းနီးပါး တစ္ျဖည္းျဖည္း ျပန္လည္ေကာင္းမြန္လာၿပီျဖစ္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Popolay
#Unicode Version#
 အရေပြားကင်ဆာ ဝေဒနာကြောင့် နှာသီးထိပ်ဖျား ဖြတ်တောက်ခဲ့ရသူအမျိုးသမီးတစ်ဦးကို ဆရာဝန်တွေက ဆေးပညာနဲ့ နဖူးပြင်အသားကနေ သဘာဝအတိုင်း နှာသီးဖျားပြန်ဖြစ်အောင် ကုသပေးနိုင်ခဲ့ပါတယ်။

အသက် ၄၂ နှစ်အရွယ် “စင်ဒီဘစ်ဒဲလ်” အမည်ရတဲ့ ကျောင်းဆရာမတစ်ဦးဟာ သူမရဲ့ နှာခေါင်းထဲမှာ အရေပြားကင်ဆာ အဖုအကျိတ်တွေ့ခဲ့တာကြောင့် အကြီးစားခွဲစိတ်မှု ပြုလုပ်ပြီး ဖယ်ရှားခဲ့ရပါတယ်။ ဆရာဝန်တွေက သူမကို အရေပြားကင်ဆာ ပျံ့ပွားမှုအန္တရာယ်ကနေ အချိန်မီ ကယ်တင်လိုက်နိုင်ပေမယ့် သူမရဲ့ နှာသီးထိပ်ဖျားပိုင်း တစ်ခြမ်းလုံး ဖြတ်တောက်ပစ်ခဲ့ရပါတယ်။

အဲဒီနောက်မှာ ခေတ်မီဆေးပညာနဲ့ သူမရဲ့ နဖူးပြင်အသားကနေ နှာခေါင်းကို ချိပ်ဆက်ပေးထားပြီး သဘာဝအတိုင်း နှာသီးဖျားပြန်ဖြစ်အောင် တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ သူမဟာ နှာသီးဖျား အကောင်းအတိုင်းဖြစ်အောင် စောင့်နေရတဲ့အချိန်တွေမှာ သူမရဲ့မျက်နှာအသွင်ပြင်ကြောင့် ရှက်လွန်းလို့လူတွေကို စေ့စေ့မကြည့်ရဲခဲ့ဖူးလို့ ဆိုပါတယ်။

အချို့လူတွေက သူမရဲ့မျက်နှာကို ရုတ်တရက်တွေ့လိုက်ချိန်မှာ ကြောက်လန့်တကြား ထခုန်တဲ့အဖြစ်ပျက်တောင်ရှိခဲ့တယ်လို့ဆိုပါတယ်။ တစ်ခါမြင်ဖူးထားတဲ့သူတွေကလည်း သူမကိုနောက်တစ်ခါမြင်ရင် ရယ်ပွဲဖွဲ့တဲ့ အဖြစ်နဲ့ ရင်ဆိုင်ခဲ့ရလို့ မျက်ရည်ကျခဲ့ရတဲ့ အချိန်တွေရှိခဲ့ပါတယ်။

သူမဟာ ခေါင်းတစ်ခြမ်းကိုက်တဲ့ ဝေဒနာခံစားရတာကြောင့် နီးစပ်ရာ ဆေးခန်းတစ်ခုကို ဝင်ပြလိုက်ရာကနေ ဆရာဝန်က အကျိတ်လုံးကို စမ်းသပ်တွေ့ရှိခဲ့ပြီး အထူးကုဆရာဝန်နဲ့ပြဖို့ ညွှန်ကြားခဲ့ရာမှ အရေပြားကင်ဆာ အကျိတ်ဖြစ်နေတာကို သိခဲ့ရတာဖြစ်ပါတယ်။
အခုချိန်မှာတော့ ခွဲစိပ်ခံထားရတဲ့ သူမရဲ့မျက်နှာဟာ အရင်အတိုင်းနီးပါး တစ်ဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပြီဖြစ်ပါတယ်။



ဖိုးသူတော်(www.phothutaw.com)
Credit:Popolay

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top