ၿပီးခဲ့တဲ့ လေတာ္ေတာ္မ်ားမ်ားေလာက္က လူမႈကြန္ရက္ေပၚမွာ ပ်ံ႔ႏွံ႔လာခဲ့တဲ့ ဗြီဒီယုိဖုိင္ေလးတစ္ခုမွာ မိခင္ေၾကာင္မႀကီးတစ္ေကာင္ဟာ ေသဆုံးသြားတဲ့ ေၾကာင္ေပါက္ေလးကို သူမကိုယ္တုိင္ ေျမျမႇဳပ္သၿဂႋဳဟ္ေနတာကို ေဖာ္ျပထားပါတယ္။ အဲဒီ ဗြီဒီယုိဖုိင္ဟာ ၿပီးခဲ့တဲ့ႏွစ္ ေမလတုန္းက ႐ုိက္ကူးခဲ့တာပါ။

မူရင္းပို႔စ္ တြစ္တာမွာ ေဖာ္ျပထားတဲ့ ဘာသာစကားကို ၾကည့္ပုံေထာက္ရင္ အင္ဒုိနီးရွားႏုိင္ငံမွာလုိ႔ ယူဆထားၿပီး၊ ေၾကာင္ကေလးဟာ အိမ္ကေန အျပင္ကို ေရာက္ရွိခ်ိန္မွာ လူတစ္ေယာက္ရဲ႕ သတ္ျဖတ္မႈကုိ ခံခဲ့ရတာလုိ႔ မူလပုိ႔စ္မွာ ေဖာ္ျပထားပါတယ္။

မွတ္ခ်က္ေရးသူတစ္ဦးကေတာ့ ဒီအျဖစ္အပ်က္ ဗြီဒီယုိဖုိင္ကုိၾကည့္ၿပီး သူ အလြန္ခံစားခဲ့ရေၾကာင္း၊ လူေတြအေနနဲ႔ တိရစာၦန္ေလးေတြကို လက္လြတ္စပယ္ မျပဳမူၾကမီ၊ စဥ္းစဥ္းစားစား ျပဳၾကဖုိ႔လုိေၾကာင္း၊ အခု ဗြီဒီယုိဖုိင္ေလးဟာ သားသမီးတစ္ေယာက္ ေသဆုံးသြားတာကို မိခင္ေတြ ဘယ္လုိခံစားရတယ္ဆုိတာ-

ျမင္သာေစေၾကာင္း၊ လူပဲျဖစ္ျဖစ္ … လူမဟုတ္တဲ့ တိရစာၦန္ပဲျဖစ္ျဖစ္၊ ကုိယ့္ရဲ႕သားသမီးကို ဆုံး႐ႈံးတဲ့အခါတုိင္းမွာ ခံစားရတဲ့ခံစားခ်က္ခ်င္းက အတူတူျဖစ္ေၾကာင္း၊ လူသားေတြ ကိုယ္ခ်င္းစာနာရင္ တိရစာၦန္ေလးေတြရဲ႕ဘဝဟာ သက္တမ္းေစ့စြာ ေနနုိင္မွာျဖစ္ေၾကာင္း မွတ္ခ်က္ေရးခဲ့့ပါတယ္။

ဒီအျဖစ္အပ်က္ဟာ အင္ဒုိနီးရွားရဲ႕ မည္သည့္ေဒသမွာ ျဖစ္ခဲ့တယ္၊ ေၾကာင္ပိုင္ရွင္က ဘယ္သူဆုိတာ ေဖာ္ျပမထားပါဘူး။ ဒါေပမယ့္ ေၾကာင္ကေလးကို ျမႇဳပ္ဖုိ႔ေျမက်ဥ္းေလးကိုေတာ့ ပုိင္ရွင္ျဖစ္သူက တကူးတက တူးေပးခဲ့တာျဖစ္ပုံရပါတယ္။

Source: လင္းသူရိန္
ဖိုးသူေတာ္(www.phothutaw.com)
Credit:Thutasone
#Unicode Version#
ပြီးခဲ့တဲ့ လတော်တော်များများလောက်က လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့တဲ့ ဗွီဒီယိုဖိုင်လေးတစ်ခုမှာ မိခင်ကြောင်မကြီးတစ်ကောင်ဟာ သေဆုံးသွားတဲ့ ကြောင်ပေါက်လေးကို သူမကိုယ်တိုင် မြေမြှုပ်သြင်္ဂိုဟ်နေတာကို ဖော်ပြထားပါတယ်။ အဲဒီ ဗွီဒီယိုဖိုင်ဟာ ပြီးခဲ့တဲ့နှစ် မေလတုန်းက ရိုက်ကူးခဲ့တာပါ။

မူရင်းပို့စ် တွစ်တာမှာ ဖော်ပြထားတဲ့ ဘာသာစကားကို ကြည့်ပုံထောက်ရင် အင်ဒိုနီးရှားနိုင်ငံမှာလို့ ယူဆထားပြီး၊ ကြောင်ကလေးဟာ အိမ်ကနေ အပြင်ကို ရောက်ရှိချိန်မှာ လူတစ်ယောက်ရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတာလို့ မူလပို့စ်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ရေးသူတစ်ဦးကတော့ ဒီအဖြစ်အပျက် ဗွီဒီယိုဖိုင်ကိုကြည့်ပြီး သူ အလွန်ခံစားခဲ့ရကြောင်း၊ လူတွေအနေနဲ့ တိရစ္ဆာန်လေးတွေကို လက်လွတ်စပယ် မပြုမူကြမီ၊ စဉ်းစဉ်းစားစား ပြုကြဖို့လိုကြောင်း၊ အခု ဗွီဒီယိုဖိုင်လေးဟာ သားသမီးတစ်ယောက် သေဆုံးသွားတာကို မိခင်တွေ ဘယ်လိုခံစားရတယ်ဆိုတာ-

မြင်သာစေကြောင်း၊ လူပဲဖြစ်ဖြစ် … လူမဟုတ်တဲ့ တိရစ္ဆာန်ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့သားသမီးကို ဆုံးရှုံးတဲ့အခါတိုင်းမှာ ခံစားရတဲ့ခံစားချက်ချင်းက အတူတူဖြစ်ကြောင်း၊ လူသားတွေ ကိုယ်ချင်းစာနာရင် တိရစ္ဆာန်လေးတွေရဲ့ဘဝဟာ သက်တမ်းစေ့စွာ နေနိုင်မှာဖြစ်ကြောင်း မှတ်ချက်ရေးခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ အင်ဒိုနီးရှားရဲ့ မည်သည့်ဒေသမှာ ဖြစ်ခဲ့တယ်၊ ကြောင်ပိုင်ရှင်က ဘယ်သူဆိုတာ ဖော်ပြမထားပါဘူး။ ဒါပေမယ့် ကြောင်ကလေးကို မြှုပ်ဖို့မြေကျဉ်းလေးကိုတော့ ပိုင်ရှင်ဖြစ်သူက တကူးတက တူးပေးခဲ့တာဖြစ်ပုံရပါတယ်။

Source: လင်းသူရိန်

ဖိုးသူတော်(www.phothutaw.com)
Credit:Thutasone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top