iMyanmarHouse.com - Best Property Website for Myanmar
×
Credit:nanmalgyi
# Unicode Version # ဖြင့် ဖတ်ပါ #
အခုလောလာဆယ်မှာ ပရိသတ်တွေအမြင်ရနည်းနည်းကျဲနေတဲ့သရုပ်ဆောင်ဆုမြတ်နိုးဦး သရုပ်ဆောင်ဆုမြတ်နိုးဦးတစ်ယောက် သူရဲ့အင်တာဗျူးတစ်ခုမှာ သူ့ရဲ့လတ်တလောလှုပ်ရှားမှုတွေကိုပြောပြခဲ့ပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်ကြီးသိရအောင်ပြန်ပြောလိုက်ပါတယ်။
ကားရိုက်တော့မရှိပါဘူး၊ TV အစီစဉ်လေးတွေရိုက်ဖြစ်နေတယ် ၊ နယ်ပွဲတွေလိုက်ပြီးသီချင်းဆိုဖြစ်နေတယ်။ အနုပညာအပြင်တခြားအလုပ်လုပ်ဖို့တော့မရှိပါဘူး ။ဒီအလုပ်ပဲလုပ်တတ်တာလေ။ ဟိုးအရင်ကတည်းကဒီအလုပ်ပဲလုပ်ခဲ့တာဆိုတော့ အခုမှတခြားအလုပ်သွားလုပ်လဲဘာမှမလုပ်တတ်ဘူးလေ။ ဒီအလုပ်ပါးနေချိန်မှာဆိုတော့ ပွဲတတ်လေးတွေ၊ TVအစီစဉ်တွေပဲရိုက်ဖြစ်နေတာပါ။ တချို့ဇာတ်လမ်းလေးတွဲလေးတွေရိုက်ဖို့ပြောထားတာလေးတွေတော့ရှိပါတယ်။နောက်နှစ် ထဲမှာတော့ ရိုက်ထားတဲ့ ဇာတ်လမ်းတွေရုံတင်ဖို့ရှိပါတယ်။
ပရိသတ်တွေကသူအသံကောင်းတယ်ဆိုပြီးပြောကြတဲ့အပေါ်မှာလည်း “မြတ်နိုးကိုအသံပါဝါကောင်းတယ်အသံလုံးကြီးတယ်လိုပြောကြတယ်။ ကိုယ့်ဟာကိုယ်ဆိုရင်တော့ယုံကြည်မှုမရှိဘူး ။ သီချင်းမဆိုဘူး ။ ခုနကပြောသလို အလုပ်အကိုင်တွေရှားပါးလာချိန်မှာ ပရိသတ်နဲ့တိုက်ရိုက်ထိတွေ့ခွင့်ရဖို့အတွက်ကျသီချင်းဆိုတာကအထောက်အကူဖြစ်တယ်လေ။ စင်ပေါ်တတ်ပြီးအိုက်တင်တွေသွားလုပ်ပြနေလိုမှမရတာ။ အဲ့တာကြောင့် ကြောက်ပေမယ့်လည်းကြိုးစားရတာပေါ့။ ဆိုတဲ့သီချင်းတွေကတော့ နည်းပါတယ် ၂ပုဒ်၃ပုဒ်လောက်ကိုအရကျက်ထားလိုက်တာပဲ။ အဆိုတော်လုပ်ဖို့ထိတော့မရည်ရွယ်ထားပါဘူး.။လို့ပြောပြခဲ့ပါတယ်။
ဒီနှစ်အကယ်ဒမီပေါ်မှာထားတဲ့သူ့ရင်ခုန်သံကိုလည်း “ မီနဲ့မုန်းစွဲကို အကယ်ဒမီရစေခြင်တယ်။ ကြည့်ဖူးတဲ့ဟာထဲမှာလည်း အဲ့နှစ်ခုကိုအကြိုက်ဆုံးပဲ။ အကယ်ဒမီပွဲကိုအားပေးဖို့သက်သက်တက်ဖြစ်မယ်လို့မှန်းထားပေမယ့် အလုပ်ပေါ်လာရင်တော့တက်ဖြစ်မယ်မထင်ပါဘူး။”လို့ပြောပြသွားပြီး ပရိသတ်ကြီးကိုလည်း ဆုမွန်ကောင်းတွေတောင်းပေးသွားပေးပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top