စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

““အသျပာ”” ဟု ေခၚဆိုေသာ ““ေငြေၾကး””သည္ ပစၥည္းတစ္ခု ရယူရန္ (၀ါ) ၀ယ္ယူရန္ သို႔မဟုတ္ အက်ဳိးတစ္ခုေဆာင္ရြက္ ေပးႏိုင္ရန္အလို႔ငွာ ““ၾကားခံ”” အရာတစ္ခုသာ ျဖစ္သည္။ သုိ႔အတြက္ လြတ္လပ္ေသာႏိုင္ငံတစ္ခုအေနျဖင့္ ျပည္သူ အမ်ား သံုးစြဲႏိုင္ရန္ ေငြေၾကးမ်ားကို ႐ိုက္ႏွိပ္ထုတ္ေ၀ေပးခဲ့ၾက ရသည္။ သို႔မွသာ ကုန္စည္စီးဆင္းမႈ၊ လုပ္ငန္းေဆာင္တာ အရာ ခပ္သိမ္းသည္ လ်င္ျမန္ေခ်ာေမြ႕အဆင္ေျပမည္သာ ျဖစ္ေပသည္။

ျမန္မာႏိုင္ငံသည္ လြတ္လပ္ေရးမရမီ ေႏွာင္းကာလက ၿဗိတိသွ် လက္ေအာက္ခံျဖစ္သည္။ အိႏ္ၵိယႏိုင္ငံသံုးေငြ ““႐ူပီး”” ကိုသာလွ်င္ အဓိကသံုးစြဲခဲ့ၾကသည္ဟု သိရသည္။ ၁၉၄၈ ခုႏွစ္ ဇန္န၀ါရီလ ၄ ရက္ေန႔ လြတ္လပ္ေရးရၿပီးေနာက္ ျမန္မာႏိုင္ငံသည္ လြတ္လပ္ေသာျပည္ေထာင္စုသမ္ၼတ ျမန္မာ ႏိုင္ငံ ျဖစ္လာခဲ့သည္။ ထို႔အတြက္ ၁၉၅၂ ခုႏွစ္တြင္ ““ျမန္မာႏိုင္ငံေတာ္ ျပည္သူ႔ ဘဏ္အက္ဥပေဒ””ကို ျပ႒ာန္းခဲ့ၿပီးေနာက္ ““မူး-ပဲ”” စေသာ နီကယ္ျဖင့္ျပဳလုပ္ထားသည့္ အေႂကြေစ့ေလးမ်ားကို စတင္ထုတ္ ေ၀ေပးခဲ့သည္။ တစ္ပဲ-ႏွစ္ပဲ-ရွွစ္ပဲ စသည္တို႔ျဖစ္သည္။

ေငြေၾကးႏွင့္တုိင္းတာေသာ ေျပာစကားမ်ား
တန္ဖိုးရွိေသာအသျပာမွသည္ ေရာင္းကုန္ျဖစ္သြားေသာ ေငြေၾကးမ်ား

ငယ္ငယ္က လူႀကီးအခ်င္းခ်င္း စကားေျပာရာ၌ ““မူးတင္း- ပဲတင္း””၊ သူမ်ားက်ေတာ့ ““တင္းျပည့္ က်ပ္ျပည့္””ကိုယ့္အလွည့္ က်ေတာ့ ““မူးတင္း-ပဲတင္း””၊ အလကား မတ္တင္း ဆိုေသာ ေငြေၾကးႏွင့္တုိင္းတာေသာ ေျပာစကားမ်ားကို မၾကာခဏ ၾကား လာခဲ့ရသည္။ ေနာက္ပုိင္း၌ တစ္ျပားမွသည္ ငါးျပား၊ ဆယ္ျပား၊ ၂၅ ျပား(တစ္မတ္-ေငြတစ္က်ပ္၏ ေလးပံုတစ္ပံု)။ ၅၀ ျပား(ငါးမူး- ေငြတစ္က်ပ္၏ တစ္၀က္)တို႔ ဆက္တုိက္ထုတ္ေ၀လာခဲ့သည္။ မူလပထမ ထုတ္စဥ္က အေႂကြေစ့ေလးမ်ားတြင္ တစ္ဖက္ျခမ္း ၌ ထိုင္ေနေသာ ျခေသၤ့ပံုပါရွိၿပီး တစ္ဖက္ျခမ္းတြင္ ထုတ္ေ၀ေသာ ဘဏ္အမည္ႏွင့္ ခုႏွစ္သကၠရာဇ္ပါရွိသည္။ ေဘးတစ္ဖက္ တစ္ခ်က္၌ ကႏုတ္ပန္းရံလ်က္ အလယ္တြင္ ေငြေၾကးတန္ဖိုး ပါရွိသည္။ ထိုမွ ေငြႏွင့္ပတ္သက္ေသာ ““ေခါင္းႏွင့္ပန္း””ဟူ၍ အေခၚအေ၀ၚ ရွိလာခဲ့သည္။

ေခတ္အဆက္ဆက္၊ အစိုးရအဆက္ဆက္ေျပာင္းလဲမႈႏွင့္ အတူ ၁၉၆၆ ခုႏွစ္၀န္းက်င္၌ အေႂကြတြဲမ်ားကို ““ဇင့္””ျဖင့္ ေျပာင္းလဲ၍ တစ္ဖက္တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပံုႏွင့္ တစ္ဖက္ တြင္ ထုတ္ေ၀ေသာဘဏ္အမည္၊ ခုႏွစ္၊ ကႏုတ္ပန္းႏွစ္ခုအၾကား ၌ တန္ဖိုးကို ႐ိုက္ႏွိပ္ထုတ္ေ၀ခဲ့သည္။

အေႂကြေစ့ေလးမ်ား ထုတ္ေ၀လာ
တန္ဖိုးရွိေသာအသျပာမွသည္ ေရာင္းကုန္ျဖစ္သြားေသာ ေငြေၾကးမ်ား

၁၉၉၀ ျပည့္ႏွစ္၀န္းက်င္၌ တစ္ဖက္တြင္ စပါးႏွံပံု၊ တစ္ဖက္ တြင္ တန္ဖိုး႐ိုက္ႏွိပ္ထုတ္ထားေသာ အ၀ိုင္းျပား ေၾကးေရာင္ အေႂကြေစ့ေလးမ်ားကို ထုတ္ေ၀လာခဲ့သည္။ အေႂကြျပားေစ့ေလး မ်ား သာမက တန္ဖိုးျမင့္မားေသာ တစ္က်ပ္၊ ငါးက်ပ္၊ တစ္ဆယ္ က်ပ္၊ ၅၀ က်ပ္၊ ၁၀၀ က်ပ္ တို႔ကိုပင္ သြန္းလုပ္ထုတ္ေ၀လာခဲ့သည္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၏ မွတ္တမ္းအရ ဆိုရေသာ္ ၁၉၅၆ ခုႏွစ္မွ ၂၀၀၀ ျပည့္ႏွစ္အထိ ေငြအေႂကြ ဒဂၤါးအတြဲစဥ္ ၂၃ တြဲ ထုတ္ေ၀ခဲ့ၿပီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းပံုပါ အေႂကြေစ့ ငါးခု မွ်ပါရွိၿပီး က်န္အေႂကြေစ့တို႔မွာ ျခေသၤ့ပံု၊ စပါးႏွံပံုတို႔သာ ျဖစ္သည္ ဟု ေလ့လာေတြ႕ရွိရသည္။

၁၉၄၈ ခုႏွစ္မွ ၂၀၁၂ ခုႏွစ္အထိ ေငြစကၠဴအတြဲေပါင္း ၃၄ တြဲ ႐ိုက္ႏွိပ္ထုတ္ေ၀ခဲ့ၿပီး ဦးထုပ္ေဆာင္းထားေသာ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းပံုပါ ၁၁ ခုရွိသည္ဟု ေငြေၾကးႏွင့္ပတ္သက္၍ ေလ့လာသူတစ္ဦးထံမွ သိရသည္။ ေငြစက္ၠဴမ်ားေပၚတြင္ ““ေငြစကၠဴထုတ္ရာဌာနတုိင္း၌ ေငြ(—-) ႏွင့္ လဲလွယ္ခြင့္ရွိေၾကာင္း အာမခံသည္””ဟု ေဖာ္ျပထားသည္ကို ေတြ႕ရသည္။ အာမခံ ေၾကာင္း လက္မွတ္ထိုးထားသူမွာ ““စံလင္း”” အုပ္ခ်ဳပ္ေရးမွဴး ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္ဘဏ္ကိုယ္စား””ဟု ေတြ႕ရသည္။ သိမီသူမ်ားက ေျပာၾကသည္။ ““စံလင္း””ထက္ ““ေမာင္ေကာင္း”” က ေစာသည္ဟု ဆိုသည္။ ယေန႔ ““ေမာင္ေကာင္း”” လက္မွတ္ ပါရွိေသာ ေငြစကၠဴမ်ားမွာ မေတြ႕ႏိုင္သည့္တုိင္ေအာင္ ရွားပါး သြားၿပီျဖစ္သည္။
တန္ဖိုးရွိေသာအသျပာမွသည္ ေရာင္းကုန္ျဖစ္သြားေသာ ေငြေၾကးမ်ား

၁၉၆၄ ခုႏွစ္ ေမ ၁၇ ရက္ (ေတာ္လွန္ေရးေကာင္စီလက္ထက္) တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပံုပါ ၅၀ က်ပ္တန္၊ ၁၀၀ က်ပ္တန္ ေငြစက္ၠဴမ်ားကို တရားမ၀င္ေငြစကၠဴမ်ားအျဖစ္ ေၾကညာ၍ သိမ္းခဲ့သည္။ ယင္းေနာက္ ထုတ္ေ၀ေသာ ေငြစကၠဴမ်ားတြင္ ဗိုလ္ခ်ဳပ္ေအာင္ ဆန္းပံုပါေသာ္လည္း အာမခံမႈပါရွိျခင္း မရွိသည့္ ကို ေတြ႕လာရသည္။ ေနာက္ထပ္ထုတ္ေ၀ေသာ ၁၅-၂၅-၃၅-၇၅-၄၅-၉၀ က်ပ္ တန္မ်ားအနက္ ၁၉၈၈ ခုႏွစ္ အေရးအခင္းမတုိင္မီ၌ ၁၅-၂၅-၃၅-၇၅ က်ပ္တန္မ်ားကို တရားမ၀င္ေငြစကၠဴမ်ားအျဖစ္ ထပ္မံေၾကညာခဲ့သည္ဟု သိရသည္။ လက္ရွိ ျပည္သူမ်ား အၾကား၌ ရွိေနေသာ ၄၅-၉၀ က်ပ္တန္မ်ားကို တရား၀င္ေၾကညာ ၍ မသိမ္းခဲ့ေသာ္လည္း ဘဏ္သို႔ ေရာက္လာသည့္အခ်ိန္၌ တျဖည္းျဖည္း သိမ္းယူသြားသည္ကို ေလ့လာေတြ႕ရွိရသည္။

၁၉၈၈ ခုႏွစ္ ေနာက္ပိုင္း၌ ႏိုင္ငံေတာ္ၿငိမ္၀ပ္ပိျပားမႈ တည္ေဆာက္ေရးအဖြဲ႕လက္ထက္တြင္ ျခေသၤ့ပံုပါေသာ ေငြစကၠဴ ၁ က်ပ္မွ ၅-၁၀-၂၀-၅၀-၁၀၀-၂၀၀-၅၀၀-၁၀၀၀ တန္အတြဲမ်ား ကို ထုတ္ေ၀ခဲ့သည္။ ယေန႔ ျပည္သူလူထုလက္ထဲတြင္ သံုးစြဲ လ်က္ရွိေနသည္။ သို႔ေသာ္ ၁ က်ပ္၊ ၅ က်ပ္၊ ၁၀ က်ပ္၊ ၂၀ က်ပ္ တို႔မွာ ယေန႔ေခတ္အေနအထားအရ ကေလးမ်ားပင္ မုန္႔၀ယ္စား ၍ မရေသာ ေျပာင္းလဲမႈမ်ားျဖစ္ခဲ့ၿပီျဖစ္သည္။

အမွတ္တရအေရာင္းဆုိင္မ်ား၌သာရွိေန
တန္ဖိုးရွိေသာအသျပာမွသည္ ေရာင္းကုန္ျဖစ္သြားေသာ ေငြေၾကးမ်ား

ထို႔ထက္ ထိုထိုေသာ အေႂကြေစ့ေလးမ်ား၊ ေငြစကၠဴအေဟာင္းမ်ား တန္ဖိုးမဲ့ကုန္ၾကၿပီျဖစ္သည္။ ေငြမဟုတ္ေသာ ေငြမ်ားအျဖစ္သာ ရွင္သန္လ်က္ရွိေနေတာ့သည္။ အမွတ္တရ သိမ္းထားသူ၊ အမွတ္တရအေရာင္းဆုိင္မ်ား၌သာ ရွိေနၾကၿပီ ျဖစ္သည္။ ေငြအေႂကြေစ့ေလးမ်ားကို ပလတ္စတစ္အၾကည္ျဖင့္ အကန္႔လိုက္ အတြဲလုိက္ ခ်ိတ္ဆြဲ၍လည္းေကာင္း၊ ေငြစကၠဴ အေဟာင္းမ်ားကိုလည္း ထိုကဲ့သို႔ပင္ ပလတ္စတစ္အိတ္သြင္း၍ ေရာင္းကုန္ပစ္ၥည္းအျဖစ္ ယေန႔ သက္၀င္တန္ဖိုးရွိေနေသာ ေငြျဖင့္ အေရာင္းအ၀ယ္ျပဳလုပ္ေနၾကသည္ကို ေတြ႕လာရသည္။ ေငြခ်င္းတူခဲ့ေသာ္လည္း ဘ၀ေျပာင္းသြားေသာ ေငြမ်ားသာ ျဖစ္ခဲ့ရသည္။

ရန္ကုန္ၿမိဳ႕ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေစ်း မ်က္ႏွာစာရွိ ပစ္ၥည္း ေဟာင္းမ်ားႏွင့္ အမွတ္တရပစ္ၥည္းမ်ား စုစည္းေရာင္းခ်ေနေသာ ဦးၾကည္လြင္က ““ေငြေၾကးနဲ႔ဆိုင္တဲ့ ပစၥည္းက အေတာ္ရွားသြား ၿပီဗ်။ နယ္ေတြအထိ အရင္ကဆင္း၀ယ္တာေတြကို ျပန္ေကာက္ တယ္။ ဒါေပမယ့္ သိပ္မရွိေတာ့ဘူး။ ျပည္တြင္းက အမွတ္တရ လိုခ်င္တဲ့သူရွိသလို ႏိုင္ငံျခားသားေတြကလည္း အမွတ္တရ အျဖစ္ ၀ယ္ေလ့ရွိၾကတယ္””။ အေႂကြေစ့ေလးမ်ား ထည့္ထား ေသာ ကတ္တစ္ကတ္ကို ျပ၍ ““ဒီလိုအေႂကြေစ့ေလးတစ္ကတ္ ကို ယေန႔ေစ်း က်ပ္ ၂၀၀၀ နဲ႔ ေရာင္းတယ္။ ေငြစကၠဴကေတာ့ အတြဲလိုက္လည္း ေရာင္းတာရွိသလို တစ္ရြက္ခ်င္းလည္း ေရာင္း တယ္။ မူလတန္ဖိုးထက္ေတာ့ ပိုျမင့္တာေပါ့”” ဟု ဆိုခဲ့သည္။

သို႔ေသာ္ ဤကဲ့သို႔ ဆုိင္မ်ဳိးမ်ားက ရန္ကုန္တြင္ မ်ားမ်ား စားစားမရွိေပ။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေစ်းထဲတြင္ပင္ ႀကီးႀကီး မားမား မေတြ႕ခဲ့ရေပ။ ယခုေနာက္ပိုင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္း လမ္းမႏွင့္ ဗိုလ္ဆြန္ပက္လမ္းေထာင့္တြင္ ဤကဲ့သို႔ေသာ အမွတ္တရပစ္ၥည္းအေဟာင္း ေရာင္းခ်ေသာဆုိင္ေလး သံုးေလး ဆုိင္ ဖြင့္လာၾကသည္ကို ေတြ႕ရသည္။ ေငြစစကၠဴအေဟာင္းမ်ားကို မေတြ႕ရေသာ္လည္း ေငြအေႂကြေစ့ အေဟာင္းမ်ားကိုေတာ့ျဖင့္ ေတြ႕၊ခဲ့ရသည္။

ကေလးေတြရွိမွန္းေတာင္မသိၾကေတာ့ဘူး
တန္ဖိုးရွိေသာအသျပာမွသည္ ေရာင္းကုန္ျဖစ္သြားေသာ ေငြေၾကးမ်ား

ႏိုင္ငံျခားသား ႏွစ္ဦး စိတ္၀င္စားစြာ ေလ့လာၾကည့္႐ႈေန သည္။ ဆုိင္မ်ားေပၚတြင္ အဓိက တ႐ုတ္လက္ရာ ေၾကးသြန္း႐ုပ္ ပစ္ၥည္းပံုစံမ်ဳိးစံု ေတြ႕ရသည္။ ေၾကးျဖင့္သြန္းလုပ္ထားေသာ ဗုဒၶဆင္းတုေတာ္ပံုေလးမ်ားလည္း ရွိေနသည္။ ဆိုင္ရွင္အမ်ဳိးသမီး က ““အခ်ဳိ႕က ဒါေတြကို ေရွးေဟာင္းပစ္ၥည္းလို႔ ဆိုၾကတယ္။ တကယ္ေတာ့ ဒါေတြက ေရွးေဟာင္းအေမြအႏွစ္ မဟုတ္ပါဘူး။ ေခတ္အလိုက္ လက္ရာေလးေတြပါ၊ အမွတ္တရေပါ့၊ ေငြအေႂကြ ေစ့ေလးေတြဆိုရင္ သူ႔ေခတ္နဲ႔သူ ထုတ္လုပ္ထားမႈအမွတ္တရ ေလးေတြေပါ့။ ေရွးေဟာင္းေႏွာင္းျဖစ္သေဘာပါ။ ယေန႔ ကေလး ေတြဆို ဒါမ်ဳိး သံုးလည္းမသံုးခဲ့ရဖူးေတာ့ ရွိမွန္းေတာင္မသိၾက ေတာ့ဘူး”” ဟု ဆုိသည္။

ထိုကဲ့သို႔ အမွတ္တရပစၥည္းအေဟာင္း ေရာင္းခ်ေသာ ဆုိင္ေလးမ်ားမွာ ရန္ကုန္ေျမ၀ယ္ အမ်ားႀကီးမရွိေပ။ ယခင္ ေရႊဘံုသာလမ္း ပစ္ၥည္းအေဟာင္းမ်ားေရာင္းေသာ ဆုိင္တန္းမ်ား ၌ ရွိခဲ့ေသာ္လည္း ထိုေစ်းတန္းေပ်ာက္သြားၿပီးေနာက္ မေတြ႕ ရေတာ့ေပ။ ကုန္သည္လမ္း စာေပဗိမာန္အနီး၌ တစ္ဆုိင္၊ ပန္းဆိုးတန္း ေလာကနတ္ျပခန္းအနီး၌ တစ္ဆုိင္ေလာက္သာ လွ်င္ ရွိေနေသးသည္ကို ေတြ႕ျမင္မိသည္။ ၾကာေလ ရွားေလ တန္ဖိုးျမင့္ေလဆိုသကဲ့သို႔ ရန္ကုန္ၿမိဳ႕လယ္မွ အမွတ္တရဆုိင္ ေလးမ်ားအျဖစ္ ေဖာ္ျပလုိက္ရပါသည္။ ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ျမန္မာ့အလင္း
#Unicode Version#

““အသပြာ”” ဟု ခေါ်ဆိုသော ““ငွေကြေး””သည် ပစ္စည်းတစ်ခု ရယူရန် (ဝါ) ဝယ်ယူရန် သို့မဟုတ် အကျိုးတစ်ခုဆောင်ရွက် ပေးနိုင်ရန်အလို့ငှာ ““ကြားခံ”” အရာတစ်ခုသာ ဖြစ်သည်။ သို့အတွက် လွတ်လပ်သောနိုင်ငံတစ်ခုအနေဖြင့် ပြည်သူ အများ သုံးစွဲနိုင်ရန် ငွေကြေးများကို ရိုက်နှိပ်ထုတ်ဝေပေးခဲ့ကြ ရသည်။ သို့မှသာ ကုန်စည်စီးဆင်းမှု၊ လုပ်ငန်းဆောင်တာ အရာ ခပ်သိမ်းသည် လျင်မြန်ချောမွေ့အဆင်ပြေမည်သာ ဖြစ်ပေသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးမရမီ နှောင်းကာလက ဗြိတိသျှ လက်အောက်ခံဖြစ်သည်။ အိန်္ဒိယနိုင်ငံသုံးငွေ ““ရူပီး”” ကိုသာလျှင် အဓိကသုံးစွဲခဲ့ကြသည်ဟု သိရသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံသည် လွတ်လပ်သောပြည်ထောင်စုသမ်္မတ မြန်မာ နိုင်ငံ ဖြစ်လာခဲ့သည်။ ထို့အတွက် ၁၉၅၂ ခုနှစ်တွင် ““မြန်မာနိုင်ငံတော် ပြည်သူ့ ဘဏ်အက်ဥပဒေ””ကို ပြဋ္ဌာန်းခဲ့ပြီးနောက် ““မူး-ပဲ”” စသော နီကယ်ဖြင့်ပြုလုပ်ထားသည့် အကြွေစေ့လေးများကို စတင်ထုတ် ဝေပေးခဲ့သည်။ တစ်ပဲ-နှစ်ပဲ-ရှစ်ပဲ စသည်တို့ဖြစ်သည်။

ငွေကြေးနှင့်တိုင်းတာသော ပြောစကားများ
တန်ဖိုးရှိသောအသပြာမှသည် ရောင်းကုန်ဖြစ်သွားသော ငွေကြေးများ

ငယ်ငယ်က လူကြီးအချင်းချင်း စကားပြောရာ၌ ““မူးတင်း- ပဲတင်း””၊ သူများကျတော့ ““တင်းပြည့် ကျပ်ပြည့်””ကိုယ့်အလှည့် ကျတော့ ““မူးတင်း-ပဲတင်း””၊ အလကား မတ်တင်း ဆိုသော ငွေကြေးနှင့်တိုင်းတာသော ပြောစကားများကို မကြာခဏ ကြား လာခဲ့ရသည်။ နောက်ပိုင်း၌ တစ်ပြားမှသည် ငါးပြား၊ ဆယ်ပြား၊ ၂၅ ပြား(တစ်မတ်-ငွေတစ်ကျပ်၏ လေးပုံတစ်ပုံ)။ ၅၀ ပြား(ငါးမူး- ငွေတစ်ကျပ်၏ တစ်ဝက်)တို့ ဆက်တိုက်ထုတ်ဝေလာခဲ့သည်။ မူလပထမ ထုတ်စဉ်က အကြွေစေ့လေးများတွင် တစ်ဖက်ခြမ်း ၌ ထိုင်နေသော ခြင်္သေ့ပုံပါရှိပြီး တစ်ဖက်ခြမ်းတွင် ထုတ်ဝေသော ဘဏ်အမည်နှင့် ခုနှစ်သက္ကရာဇ်ပါရှိသည်။ ဘေးတစ်ဖက် တစ်ချက်၌ ကနုတ်ပန်းရံလျက် အလယ်တွင် ငွေကြေးတန်ဖိုး ပါရှိသည်။ ထိုမှ ငွေနှင့်ပတ်သက်သော ““ခေါင်းနှင့်ပန်း””ဟူ၍ အခေါ်အဝေါ် ရှိလာခဲ့သည်။

ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်ပြောင်းလဲမှုနှင့် အတူ ၁၉၆၆ ခုနှစ်ဝန်းကျင်၌ အကြွေတွဲများကို ““ဇင့်””ဖြင့် ပြောင်းလဲ၍ တစ်ဖက်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် တစ်ဖက် တွင် ထုတ်ဝေသောဘဏ်အမည်၊ ခုနှစ်၊ ကနုတ်ပန်းနှစ်ခုအကြား ၌ တန်ဖိုးကို ရိုက်နှိပ်ထုတ်ဝေခဲ့သည်။

အကြွေစေ့လေးများ ထုတ်ဝေလာ
တန်ဖိုးရှိသောအသပြာမှသည် ရောင်းကုန်ဖြစ်သွားသော ငွေကြေးများ

၁၉၉၀ ပြည့်နှစ်ဝန်းကျင်၌ တစ်ဖက်တွင် စပါးနှံပုံ၊ တစ်ဖက် တွင် တန်ဖိုးရိုက်နှိပ်ထုတ်ထားသော အဝိုင်းပြား ကြေးရောင် အကြွေစေ့လေးများကို ထုတ်ဝေလာခဲ့သည်။ အကြွေပြားစေ့လေး များ သာမက တန်ဖိုးမြင့်မားသော တစ်ကျပ်၊ ငါးကျပ်၊ တစ်ဆယ် ကျပ်၊ ၅၀ ကျပ်၊ ၁၀၀ ကျပ် တို့ကိုပင် သွန်းလုပ်ထုတ်ဝေလာခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ မှတ်တမ်းအရ ဆိုရသော် ၁၉၅၆ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ ငွေအကြွေ ဒင်္ဂါးအတွဲစဉ် ၂၃ တွဲ ထုတ်ဝေခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းပုံပါ အကြွေစေ့ ငါးခု မျှပါရှိပြီး ကျန်အကြွေစေ့တို့မှာ ခြင်္သေ့ပုံ၊ စပါးနှံပုံတို့သာ ဖြစ်သည် ဟု လေ့လာတွေ့ရှိရသည်။

၁၉၄၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ငွေစက္ကူအတွဲပေါင်း ၃၄ တွဲ ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး ဦးထုပ်ဆောင်းထားသော ဗိုလ်ချုပ် အောင်ဆန်းပုံပါ ၁၁ ခုရှိသည်ဟု ငွေကြေးနှင့်ပတ်သက်၍ လေ့လာသူတစ်ဦးထံမှ သိရသည်။ ငွေစက်္ကူများပေါ်တွင် ““ငွေစက္ကူထုတ်ရာဌာနတိုင်း၌ ငွေ(—-) နှင့် လဲလှယ်ခွင့်ရှိကြောင်း အာမခံသည်””ဟု ဖော်ပြထားသည်ကို တွေ့ရသည်။ အာမခံ ကြောင်း လက်မှတ်ထိုးထားသူမှာ ““စံလင်း”” အုပ်ချုပ်ရေးမှူး ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်ကိုယ်စား””ဟု တွေ့ရသည်။ သိမီသူများက ပြောကြသည်။ ““စံလင်း””ထက် ““မောင်ကောင်း”” က စောသည်ဟု ဆိုသည်။ ယနေ့ ““မောင်ကောင်း”” လက်မှတ် ပါရှိသော ငွေစက္ကူများမှာ မတွေ့နိုင်သည့်တိုင်အောင် ရှားပါး သွားပြီဖြစ်သည်။
တန်ဖိုးရှိသောအသပြာမှသည် ရောင်းကုန်ဖြစ်သွားသော ငွေကြေးများ

၁၉၆၄ ခုနှစ် မေ ၁၇ ရက် (တော်လှန်ရေးကောင်စီလက်ထက်) တွင် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ၅၀ ကျပ်တန်၊ ၁၀၀ ကျပ်တန် ငွေစက်္ကူများကို တရားမဝင်ငွေစက္ကူများအဖြစ် ကြေညာ၍ သိမ်းခဲ့သည်။ ယင်းနောက် ထုတ်ဝေသော ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင် ဆန်းပုံပါသော်လည်း အာမခံမှုပါရှိခြင်း မရှိသည့် ကို တွေ့လာရသည်။ နောက်ထပ်ထုတ်ဝေသော ၁၅-၂၅-၃၅-၇၅-၄၅-၉၀ ကျပ် တန်များအနက် ၁၉၈၈ ခုနှစ် အရေးအခင်းမတိုင်မီ၌ ၁၅-၂၅-၃၅-၇၅ ကျပ်တန်များကို တရားမဝင်ငွေစက္ကူများအဖြစ် ထပ်မံကြေညာခဲ့သည်ဟု သိရသည်။ လက်ရှိ ပြည်သူများ အကြား၌ ရှိနေသော ၄၅-၉၀ ကျပ်တန်များကို တရားဝင်ကြေညာ ၍ မသိမ်းခဲ့သော်လည်း ဘဏ်သို့ ရောက်လာသည့်အချိန်၌ တဖြည်းဖြည်း သိမ်းယူသွားသည်ကို လေ့လာတွေ့ရှိရသည်။

၁၉၈၈ ခုနှစ် နောက်ပိုင်း၌ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လက်ထက်တွင် ခြင်္သေ့ပုံပါသော ငွေစက္ကူ ၁ ကျပ်မှ ၅-၁၀-၂၀-၅၀-၁၀၀-၂၀၀-၅၀၀-၁၀၀၀ တန်အတွဲများ ကို ထုတ်ဝေခဲ့သည်။ ယနေ့ ပြည်သူလူထုလက်ထဲတွင် သုံးစွဲ လျက်ရှိနေသည်။ သို့သော် ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်၊ ၂၀ ကျပ် တို့မှာ ယနေ့ခေတ်အနေအထားအရ ကလေးများပင် မုန့်ဝယ်စား ၍ မရသော ပြောင်းလဲမှုများဖြစ်ခဲ့ပြီဖြစ်သည်။

အမှတ်တရအရောင်းဆိုင်များ၌သာရှိနေ
တန်ဖိုးရှိသောအသပြာမှသည် ရောင်းကုန်ဖြစ်သွားသော ငွေကြေးများ

ထို့ထက် ထိုထိုသော အကြွေစေ့လေးများ၊ ငွေစက္ကူအဟောင်းများ တန်ဖိုးမဲ့ကုန်ကြပြီဖြစ်သည်။ ငွေမဟုတ်သော ငွေများအဖြစ်သာ ရှင်သန်လျက်ရှိနေတော့သည်။ အမှတ်တရ သိမ်းထားသူ၊ အမှတ်တရအရောင်းဆိုင်များ၌သာ ရှိနေကြပြီ ဖြစ်သည်။ ငွေအကြွေစေ့လေးများကို ပလတ်စတစ်အကြည်ဖြင့် အကန့်လိုက် အတွဲလိုက် ချိတ်ဆွဲ၍လည်းကောင်း၊ ငွေစက္ကူ အဟောင်းများကိုလည်း ထိုကဲ့သို့ပင် ပလတ်စတစ်အိတ်သွင်း၍ ရောင်းကုန်ပစ်္စည်းအဖြစ် ယနေ့ သက်ဝင်တန်ဖိုးရှိနေသော ငွေဖြင့် အရောင်းအဝယ်ပြုလုပ်နေကြသည်ကို တွေ့လာရသည်။ ငွေချင်းတူခဲ့သော်လည်း ဘဝပြောင်းသွားသော ငွေများသာ ဖြစ်ခဲ့ရသည်။

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေး မျက်နှာစာရှိ ပစ်္စည်း ဟောင်းများနှင့် အမှတ်တရပစ်္စည်းများ စုစည်းရောင်းချနေသော ဦးကြည်လွင်က ““ငွေကြေးနဲ့ဆိုင်တဲ့ ပစ္စည်းက အတော်ရှားသွား ပြီဗျ။ နယ်တွေအထိ အရင်ကဆင်းဝယ်တာတွေကို ပြန်ကောက် တယ်။ ဒါပေမယ့် သိပ်မရှိတော့ဘူး။ ပြည်တွင်းက အမှတ်တရ လိုချင်တဲ့သူရှိသလို နိုင်ငံခြားသားတွေကလည်း အမှတ်တရ အဖြစ် ဝယ်လေ့ရှိကြတယ်””။ အကြွေစေ့လေးများ ထည့်ထား သော ကတ်တစ်ကတ်ကို ပြ၍ ““ဒီလိုအကြွေစေ့လေးတစ်ကတ် ကို ယနေ့ဈေး ကျပ် ၂၀၀၀ နဲ့ ရောင်းတယ်။ ငွေစက္ကူကတော့ အတွဲလိုက်လည်း ရောင်းတာရှိသလို တစ်ရွက်ချင်းလည်း ရောင်း တယ်။ မူလတန်ဖိုးထက်တော့ ပိုမြင့်တာပေါ့”” ဟု ဆိုခဲ့သည်။

သို့သော် ဤကဲ့သို့ ဆိုင်မျိုးများက ရန်ကုန်တွင် များများ စားစားမရှိပေ။ ဗိုလ်ချုပ်အောင်ဆန်းဈေးထဲတွင်ပင် ကြီးကြီး မားမား မတွေ့ခဲ့ရပေ။ ယခုနောက်ပိုင်း ဗိုလ်ချုပ်အောင်ဆန်း လမ်းမနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်တွင် ဤကဲ့သို့သော အမှတ်တရပစ်္စည်းအဟောင်း ရောင်းချသောဆိုင်လေး သုံးလေး ဆိုင် ဖွင့်လာကြသည်ကို တွေ့ရသည်။ ငွေစစက္ကူအဟောင်းများကို မတွေ့ရသော်လည်း ငွေအကြွေစေ့ အဟောင်းများကိုတော့ဖြင့် တွေ့၊ခဲ့ရသည်။

ကလေးတွေရှိမှန်းတောင်မသိကြတော့ဘူး
တန်ဖိုးရှိသောအသပြာမှသည် ရောင်းကုန်ဖြစ်သွားသော ငွေကြေးများ

နိုင်ငံခြားသား နှစ်ဦး စိတ်ဝင်စားစွာ လေ့လာကြည့်ရှုနေ သည်။ ဆိုင်များပေါ်တွင် အဓိက တရုတ်လက်ရာ ကြေးသွန်းရုပ် ပစ်္စည်းပုံစံမျိုးစုံ တွေ့ရသည်။ ကြေးဖြင့်သွန်းလုပ်ထားသော ဗုဒ္ဓဆင်းတုတော်ပုံလေးများလည်း ရှိနေသည်။ ဆိုင်ရှင်အမျိုးသမီး က ““အချို့က ဒါတွေကို ရှေးဟောင်းပစ်္စည်းလို့ ဆိုကြတယ်။ တကယ်တော့ ဒါတွေက ရှေးဟောင်းအမွေအနှစ် မဟုတ်ပါဘူး။ ခေတ်အလိုက် လက်ရာလေးတွေပါ၊ အမှတ်တရပေါ့၊ ငွေအကြွေ စေ့လေးတွေဆိုရင် သူ့ခေတ်နဲ့သူ ထုတ်လုပ်ထားမှုအမှတ်တရ လေးတွေပေါ့။ ရှေးဟောင်းနှောင်းဖြစ်သဘောပါ။ ယနေ့ ကလေး တွေဆို ဒါမျိုး သုံးလည်းမသုံးခဲ့ရဖူးတော့ ရှိမှန်းတောင်မသိကြ တော့ဘူး”” ဟု ဆိုသည်။

ထိုကဲ့သို့ အမှတ်တရပစ္စည်းအဟောင်း ရောင်းချသော ဆိုင်လေးများမှာ ရန်ကုန်မြေဝယ် အများကြီးမရှိပေ။ ယခင် ရွှေဘုံသာလမ်း ပစ်္စည်းအဟောင်းများရောင်းသော ဆိုင်တန်းများ ၌ ရှိခဲ့သော်လည်း ထိုဈေးတန်းပျောက်သွားပြီးနောက် မတွေ့ ရတော့ပေ။ ကုန်သည်လမ်း စာပေဗိမာန်အနီး၌ တစ်ဆိုင်၊ ပန်းဆိုးတန်း လောကနတ်ပြခန်းအနီး၌ တစ်ဆိုင်လောက်သာ လျှင် ရှိနေသေးသည်ကို တွေ့မြင်မိသည်။ ကြာလေ ရှားလေ တန်ဖိုးမြင့်လေဆိုသကဲ့သို့ ရန်ကုန်မြို့လယ်မှ အမှတ်တရဆိုင် လေးများအဖြစ် ဖော်ပြလိုက်ရပါသည်။ ။


ဖိုးသူတော်(www.phothutaw.com)
Credit:မြန်မာ့အလင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top