iMyanmarHouse.com - Best Property Website for Myanmar
×


ပဲခူးတိုင္း ျဖဴးၿမိဳ႕မရဲတပ္ဖြဲစခန္းအပိုင္ မင္းကံရိုးေက်းရြာမွာ ေဖေဖာ္ဝါရီ ၉ ရက္ေန႔က ေက်ာင္းသာလူငယ္ ၂ ဦးထံေန WY စိတ္ႂကြမူးယစ္ေဆးျပားေတြ ေတြ႔ရွိခဲ့တယ္လို႔ ျဖဴးၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မႉး႐ုံးမွ တာဝန္ရွိသူတဦးက ေျပာပါတယ္။

ေက်ာင္းသားလူငယ္ ၂ ဦးမွာ မူးယစ္ေဆးဝါးဝယ္ယူၿပီး အျပန္မွာ ရဲတပ္ဖြဲ႔က ရပ္တန္႔ စစ္ေဆးရာ ထြက္ေျပးခဲ့တဲ့အတြက္ လိုက္လံဖမ္းဆီးရွာေဖြရာကေန WY စိတ္ႂကြ႐ူးသြတ္ေဆးျပား ၅ ျပားရွာေဖြေတြရွိခဲ့တာေၾကာင့္ ဆက္လက္စစ္ေဆးမႈေတြျပဳလုပ္ခဲ့ၿပီး လက္ခြဲေရာင္းခ်သူအခ်ိဳ႕ကို ဖမ္းဆီးရမိခဲ့ၿပီး ထြက္ေျပးလြတ္ေျမာက္ေနသူေတြလည္း ရွိေနတယ္လို႔ သိရပါတယ္။

ျဖဴးၿမိဳ႕မရဲတပ္ဖြဲ႔စခန္းမွ တာဝန္ရွိသူတဦးက “ေဆးေရာင္းတယ္ဆိုတာ သတင္းရေနတာ ေတာ့ၾကာၿပီ၊ မေသခ်ာေသးေတာ့ ဝင္ဖမ္းမရေသးလို႔ ေစာင့္ၾကည့္ေနတာ။ ဒီေန႔မွာ ကေလးႏွစ္ေယာက္က ဆိုင္ကယ္နဲ႔ ျပန္ထြက္လာတာ ေတြ႔ေတာ့ ရပ္ခိုင္းၿပီး စစ္တယ္။ သူတို႔က ထြက္ေျပးေတာ့ ေနာက္ကလိုက္ဖမ္းရတာပါ။ ကေလးေတြစီက ေဆးျပား ၅ ျပားမိတယ္။ ဘယ္ကဝယ္လာလဲ ဆက္ၿပီး စစ္ေဆးဖမ္းဆီးခဲ့တာပါ။ အခုလက္ရွိေတာ့ တရားခံႏွစ္ေယာက္က ထြက္ေျပးေနတယ္။ ေရာင္းတယ္ဆိုတဲ့အိမ္က ေဆးျပားအခ်ိဳ႕ ထပ္မိပါတယ္”လို႔ ေျပာပါတယ္။

ေက်ာင္းသား ၂ ဦးကုိ စစ္ေဆးခ်က္အရ မင္းကံ႐ိုး ေက်းရြာမွာ ေနထိုင္တဲ့ သိန္းေအာင္ (ခ) ဂ်ဝါဟီးနဲ႔ သားျဖစ္သူ ညြန္႔ေမာင္ (ခ) အူးမားတို႔ထံမွာ ဝယ္ယူခဲ့ေၾကာင္း သိရပါတယ္။ သိန္းေအာင္နဲ႔ ညႊန္႔ေမာင္တို႔ ေနရာကို ဆက္လက္သြားေရာက္ရွာေဖြခဲ့ရမွာ ေနအိမ္ေတြမွာ ဇနီးျဖစ္သူေတြကိုသာ ေတြ႔ရွိခဲ့ၿပီး အိမ္အတြင္းရွာေဖြရာမွ WY စိတ္ႂကြရူးသြပ္ေဆးျပား ၃၈ ျပားကို ထပ္မံရွာေဖြေတြ႔ရွိခဲ့ပါတယ္။

မူးယစ္ေဆးဝါးေတြ လက္ဝယ္ေတြ႔ရွိသူနဲ႔ သံုးစြဲဖို႔ ၀ယ္ယူခဲ့သူ ၂ ဦးတို႔ကို လက္ရွိမွာ အမႈဖြင့္ အေရးယူေဆာင္ရြက္တာေတြ ျပဳလုပ္ထားၿပီး ထြက္ေျပးလြတ္ေျမာက္ေနသူေတြ ဖမ္းဆီးရမိေရးကိုလည္း ေဆာင္ရြက္ေနတယ္လို႔ ျဖဴးၿမိဳ႕မရဲတပ္ဖြဲ႔စခန္းမွ တာဝန္ရွိသူတဦးက ေျပာပါတယ္။အခုထြက္ေျပး လြတ္ေျမာက္ေနသူတဦးမွာ မူးယစ္ေဆးဝါးမႈနဲ႔ ေထာင္ၾကဖူးသူျဖစ္ၿပီး ၂၀၁၉ ခုႏွစ္မွာ ျဖဴးၿမိဳ႕နယ္အတြင္း မူးရစ္ေဆးဝါးမႈ ၃ မႈ ဖမ္းဆီးရမိခဲ့ေၾကာင္း ျဖဴးၿမိဳ႕နယ္ရဲတပ္ဖြဲ႔မႉး႐ုံးမွ သိရပါတယ္။

သတင္း – ေက်ာ္ေအာင္(ကညြတ္ကြင္း)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

#Unicode Version#

ပဲခူးတိုင်း ဖြူးမြို့မရဲတပ်ဖွဲစခန်းအပိုင် မင်းကံရိုးကျေးရွာမှာ ဖေဖော်ဝါရီ ၉ ရက်နေ့က ကျောင်းသာလူငယ် ၂ ဦးထံနေ WY စိတ်ကြွမူးယစ်ဆေးပြားတွေ တွေ့ရှိခဲ့တယ်လို့ ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကျောင်းသားလူငယ် ၂ ဦးမှာ မူးယစ်ဆေးဝါးဝယ်ယူပြီး အပြန်မှာ ရဲတပ်ဖွဲ့က ရပ်တန့် စစ်ဆေးရာ ထွက်ပြေးခဲ့တဲ့အတွက် လိုက်လံဖမ်းဆီးရှာဖွေရာကနေ WY စိတ်ကြွရူးသွတ်ဆေးပြား ၅ ပြားရှာဖွေတွေရှိခဲ့တာကြောင့် ဆက်လက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး လက်ခွဲရောင်းချသူအချို့ကို ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဖြူးမြို့မရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက “ဆေးရောင်းတယ်ဆိုတာ သတင်းရနေတာ တော့ကြာပြီ၊ မသေချာသေးတော့ ဝင်ဖမ်းမရသေးလို့ စောင့်ကြည့်နေတာ။ ဒီနေ့မှာ ကလေးနှစ်ယောက်က ဆိုင်ကယ်နဲ့ ပြန်ထွက်လာတာ တွေ့တော့ ရပ်ခိုင်းပြီး စစ်တယ်။ သူတို့က ထွက်ပြေးတော့ နောက်ကလိုက်ဖမ်းရတာပါ။ ကလေးတွေစီက ဆေးပြား ၅ ပြားမိတယ်။ ဘယ်ကဝယ်လာလဲ ဆက်ပြီး စစ်ဆေးဖမ်းဆီးခဲ့တာပါ။ အခုလက်ရှိတော့ တရားခံနှစ်ယောက်က ထွက်ပြေးနေတယ်။ ရောင်းတယ်ဆိုတဲ့အိမ်က ဆေးပြားအချို့ ထပ်မိပါတယ်”လို့ ပြောပါတယ်။

ကျောင်းသား ၂ ဦးကို စစ်ဆေးချက်အရ မင်းကံရိုး ကျေးရွာမှာ နေထိုင်တဲ့ သိန်းအောင် (ခ) ဂျဝါဟီးနဲ့ သားဖြစ်သူ ညွန့်မောင် (ခ) အူးမားတို့ထံမှာ ဝယ်ယူခဲ့ကြောင်း သိရပါတယ်။ သိန်းအောင်နဲ့ ညွှန့်မောင်တို့ နေရာကို ဆက်လက်သွားရောက်ရှာဖွေခဲ့ရမှာ နေအိမ်တွေမှာ ဇနီးဖြစ်သူတွေကိုသာ တွေ့ရှိခဲ့ပြီး အိမ်အတွင်းရှာဖွေရာမှ WY စိတ်ကြွရူးသွပ်ဆေးပြား ၃၈ ပြားကို ထပ်မံရှာဖွေတွေ့ရှိခဲ့ပါတယ်။

မူးယစ်ဆေးဝါးတွေ လက်ဝယ်တွေ့ရှိသူနဲ့ သုံးစွဲဖို့ ဝယ်ယူခဲ့သူ ၂ ဦးတို့ကို လက်ရှိမှာ အမှုဖွင့် အရေးယူဆောင်ရွက်တာတွေ ပြုလုပ်ထားပြီး ထွက်ပြေးလွတ်မြောက်နေသူတွေ ဖမ်းဆီးရမိရေးကိုလည်း ဆောင်ရွက်နေတယ်လို့ ဖြူးမြို့မရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။အခုထွက်ပြေး လွတ်မြောက်နေသူတဦးမှာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကြဖူးသူဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ ဖြူးမြို့နယ်အတွင်း မူးရစ်ဆေးဝါးမှု ၃ မှု ဖမ်းဆီးရမိခဲ့ကြောင်း ဖြူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။

သတင်း – ကျော်အောင်(ကညွတ်ကွင်း)

ဖိုးသူတော် (www.phothutaw.com)

Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top