ေနျခည္ဦးဟာဆိုရင္ေတာ့ Beauty Blogger အျဖစ္ကေန မင္းသမီးတစ္လက္အျဖစ္ကို အခ်ိန္တိုအတြင္းေရာက္ရွိလာသူတစ္ဦးျဖစ္ပါတယ္။ ေနျခည္ဦးက အခုဆိုရင္ရုပ္ရွင္ဇာတ္ကားေတြဇယ္ဆက္သလုိရိုက္ေနရျပီျဖစ္သလုိ ပရိသတ္ေတြရဲ႕တခဲနက္အားေပးမႈေတြလည္းရရွိိထားသူတစ္ဦးပါ။ ေနျခည္ဦးက မၾကာေသးမီကပဲ သူမရဲ႕ရံုးခန္းအသစ္ၾကီးကုိ ပရိသတ္ေတြကုိ လူမႈကြန္ယက္ကေနတစ္ဆင့္ျပသလာခဲ့ပါတယ္။

ေနျခည္ဦးဟာ ျပီးခဲ့တဲ့ရက္အနည္းငယ္က သူမရဲ႕ ေမြးေန႔အထိန္းအမွတ္နဲ႔ သီလရွင္ဝတ္ေနခဲ့တာျဖစ္ျပီး လူထြက္လာတာမၾကာေသးပါဘူး။ ေနျခည္ဦးဟာ သီလရွင္လူထြက္ကတံုးေလးနဲ႔လည္းအရမ္းကိုလွေသြးၾကြယ္ေနျပီး ပရိသတ္ေတြရဲ႕အသည္းတယားယားနဲ႔ခ်စ္ျခင္းကုိခံေနရပါတယ္။ ေနျခည္က လူထြက္ခါစမွာပဲ စိတ္သစ္လူသစ္အားသစ္ေတြနဲ႔ အလုပ္ေတြအရင္ကထက္ပုိလုပ္ေတာ့မယ္လို႔ စဥ္းစားထားပံုေပၚပါတယ္။ ရံုးခန္းအသစ္ၾကီးကုိ ေနျခည္က သူမရဲ႕ လူမႈကြန္ယက္မွာ ထုတ္ၾကြားလာခဲ့ပါတယ္။

ေနျခည့္ရဲ႕ရံုးခန္းအသစ္ၾကီးဟာ သန္႔ျပန္႔ရွင္းလင္းလက္ျဖာေနျပီးေသခ်ာျပင္ဆင္မြမ္းမံထားတဲ့ အတြင္းပုိင္းဒီဇုိင္းလက္ရာေတြကလည္း ရင္သပ္ရႈ႕ေမာစရာပါပဲ။ ေနျခည္က ဗီဒီယုိေလးထဲမွာ သူမရဲ႕ ရံုးမွာ စတူဒီယို၊ ရံုးခန္း၊အစည္းအေဝးခန္းမက်ယ္ၾကီးနဲ႔ ရံုးခန္းအခြဲေလးေတြအျပင္ ဘားတစ္ခုပါပါေၾကာင္းေျပာျပထားပါတယ္။အင္မတန္ဆုိရွယ္က်တဲ့ ေနျခည္ဦးက သူ႔ရဲ႕ဝန္ထမ္းေတြကိုလည္းဘားပါတဲ့ရံုးခန္းၾကီးနဲ႔ေပ်ာ္ေအာင္ထားေတာ့မယ္နဲ႔တူပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ေနျခည္ဦးရဲ႕ ဘားပါပါတဲ့ ရံုးခန္းအသစ္က်ပ္ခြ်တ္ၾကီးကို သြားေရက်ေနျပီလား။ ေနျခည့္ကုိခ်စ္လုိ႔ ေနျခည့္နားမွာအလုပ္လုပ္ခ်င္ပါတယ္ဆိုသူေတြေရာရွိလား။ ေနျခည့္ရဲ႕ ေရွ႕ဆက္မယ့္အနုပညာလႈပ္ရွားမႈေတြကုိေရာအားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia

# Unicode Version # ျဖင့္ ဖတ္ပါ #

နေခြည်ဦးဟာဆိုရင်တော့ Beauty Blogger အဖြစ်ကနေ မင်းသမီးတစ်လက်အဖြစ်ကို အချိန်တိုအတွင်းရောက်ရှိလာသူတစ်ဦးဖြစ်ပါတယ်။ နေခြည်ဦးက အခုဆိုရင်ရုပ်ရှင်ဇာတ်ကားတွေဇယ်ဆက်သလိုရိုက်နေရပြီဖြစ်သလို ပရိသတ်တွေရဲ့တခဲနက်အားပေးမှုတွေလည်းရရှိထားသူတစ်ဦးပါ။ နေခြည်ဦးက မကြာသေးမီကပဲ သူမရဲ့ရုံးခန်းအသစ်ကြီးကို ပရိသတ်တွေကို လူမှုကွန်ယက်ကနေတစ်ဆင့်ပြသလာခဲ့ပါတယ်။

နေခြည်ဦးဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်က သူမရဲ့ မွေးနေ့အထိန်းအမှတ်နဲ့ သီလရှင်ဝတ်နေခဲ့တာဖြစ်ပြီး လူထွက်လာတာမကြာသေးပါဘူး။ နေခြည်ဦးဟာ သီလရှင်လူထွက်ကတုံးလေးနဲ့လည်းအရမ်းကိုလှသွေးကြွယ်နေပြီး ပရိသတ်တွေရဲ့အသည်းတယားယားနဲ့ချစ်ခြင်းကိုခံနေရပါတယ်။ နေခြည်က လူထွက်ခါစမှာပဲ စိတ်သစ်လူသစ်အားသစ်တွေနဲ့ အလုပ်တွေအရင်ကထက်ပိုလုပ်တော့မယ်လို့ စဉ်းစားထားပုံပေါ်ပါတယ်။ ရုံးခန်းအသစ်ကြီးကို နေခြည်က သူမရဲ့ လူမှုကွန်ယက်မှာ ထုတ်ကြွားလာခဲ့ပါတယ်။

နေခြည့်ရဲ့ရုံးခန်းအသစ်ကြီးဟာ သန့်ပြန့်ရှင်းလင်းလက်ဖြာနေပြီးသေချာပြင်ဆင်မွမ်းမံထားတဲ့ အတွင်းပိုင်းဒီဇိုင်းလက်ရာတွေကလည်း ရင်သပ်ရှု့မောစရာပါပဲ။ နေခြည်က ဗီဒီယိုလေးထဲမှာ သူမရဲ့ ရုံးမှာ စတူဒီယို၊ ရုံးခန်း၊အစည်းအဝေးခန်းမကျယ်ကြီးနဲ့ ရုံးခန်းအခွဲလေးတွေအပြင် ဘားတစ်ခုပါပါကြောင်းပြောပြထားပါတယ်။အင်မတန်ဆိုရှယ်ကျတဲ့ နေခြည်ဦးက သူ့ရဲ့ဝန်ထမ်းတွေကိုလည်းဘားပါတဲ့ရုံးခန်းကြီးနဲ့ပျော်အောင်ထားတော့မယ်နဲ့တူပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော နေခြည်ဦးရဲ့ ဘားပါပါတဲ့ ရုံးခန်းအသစ်ကျပ်ချွတ်ကြီးကို သွားရေကျနေပြီလား။ နေခြည့်ကိုချစ်လို့ နေခြည့်နားမှာအလုပ်လုပ်ချင်ပါတယ်ဆိုသူတွေရောရှိလား။ နေခြည့်ရဲ့ ရှေ့ဆက်မယ့်အနုပညာလှုပ်ရှားမှုတွေကိုရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top