ကိုးရီးယားႏိုင္ငံဟာ ဆိုဗီယက္ နဲ႔ အေမရိကန္ ျပည္ေထာင္စုတို႔ရဲ႕ အားျပဳိင္ပြဲ စစ္ေအးတိုက္ပြဲမွာ မေမၽွာ္လင့္ဘဲ ထိခိုက္ခဲ့ရၿပီးေနာက္ ႏွစ္ပိုင္းကြဲသြားခဲ့တာ ႏွစ္ ၇၀ ေလာက္ရွိေနၿပီ ျဖစ္ပါတယ္။ ႏွစ္ပိုင္းကြဲမသြားခင္က ကိုးရီးယားကၽြန္းဆြယ္ဟာ တစ္ခုတည္းေသာ စည္းလံုးတဲ့ ကိုးရီးယားႏိုင္ငံ ျဖစ္ခဲ့ၿပီး မင္းအဆက္ဆက္အုပ္ခ်ဳပ္ခဲ့ပါတယ္။ ရုရွား-ဂ်ပန္စစ္ပြဲအၿပီး ငါးႏွစ္အၾကာမွာ ဂ်ပန္က ကိုးရီးယားကို သိမ္းယူလိုက္ၿပီးေနာက္ ဒုတိယကမၻာစစ္မွာ ႏွစ္ပိုင္းမကြဲသြားခင္အထိ ကိုရီးယားႏိုင္ငံဟာ ဂ်ပန္ရဲ႕လက္ေအာက္မွာ ၃၅ ႏွစ္ေလာက္ ေနခဲ့ရပါတယ္။

1945 ခုႏွစ္မွာ ကိုရီးယားကၽြန္းဆြယ္ကို မဟာမိတ္အုပ္စုႀကီးႏွစ္ခုက လႊမ္းမိုးခ်ဳပ္ကိုင္ထားလ်က္ရွိၾကပါတယ္။ ေနာက္ ၃ ႏွစ္အၾကာ 1948 ခုႏွစ္မွာ ဆိုဗီယက္ျပည္ေထာင္စုက ေျမဳက္လတၱီက်ဳ ၃၈° အထိ ကြန္ျမဴနစ္၀ါဒ ျဖန္႔ခ်ိခဲ့ၿပီး အဲ့ဒီေနရာရဲ႕ ေတာင္ပိုင္းမွာေတာ့ အေမရိကန္မွ ေထာက္ပံ့ေပးထားတဲ့ စစ္အစိုးရကို ဖြဲ႕စည္းခဲ့ပါတယ္။ ကိုးရီးယားႏိုင္ငံေျမာက္ပိုင္းမွာ ဆိုဗီယက္ေတြရဲ႕ ကြန္ျမဴနစ္၀ါဒေတြ တြင္က်ယ္လာၿပီးေနာက္ ေတာ္ေတာ္မ်ားမ်ားဟာ ကိုးရီးယားလူမ်ိဳး အမ်ားစုရွိေနတဲ့ ေတာင္ပိုင္းကို ထြက္ေျပးခဲ့ၾကပါတယ္။ အဲ့ဒီအခ်ိန္မွာ အေမရိကန္ရဲ႕ ေထာက္ပံ့မႈကို ရထားတဲ့ ေတာင္ပိုင္းဟာ ကြန္ျမဴနစ္စနစ္ကို အတိအလင္း ကန္႔ကြက္ခဲ့ပါတယ္။

1948 ခုႏွစ္မွာ အေမရိကန္ႏုိင္ငံက ကိုရီးယားကၽြန္းဆြယ္ရဲ႕အနာဂတ္အတြက္ ကိုရီးယားလူမ်ိဳးေတြကို မဲခြဲဆံုးျဖတ္ေပးခဲ့ပါတယ္။ ေျမာက္ကိုရီးယားဟာ ပါ၀င္ဖို႔ ျငင္းဆိုခဲ့တဲ့အတြက္ ဆိုးလ္ၿမိဳ႕မွာ ကြန္ျမဴနစ္ကန္႔ကြက္သူ Syngman Rhee ကဦးေဆာင္ၿပီး အစိုးရသစ္ဖြဲ႕စည္းခဲ့ပါတယ္။ ေျမာက္ကိုရီးယားကေတာ့ ျပံဳယမ္းၿမိဳ႕မွာ ကြန္ျမဴနစ္ေခါင္းေဆာင္ ဂင္အီေဆာင္းကို ကိုးရီးယားဒီမိုကရက္တစ္သမၼတႏိုင္ငံရဲ႕ သမၼတအျဖစ္ တင္ေျမႇာက္ခဲ့ပါတယ္။

အေမရိကန္ရဲ႕ အကူအညီကိုယူရင္းနဲ႔ပဲ ေတာင္ကိုးရီးယားဟာ ဆယ္စုႏွစ္အနည္းငယ္အတြင္းမွာ စီးပြားေရးတိုးတက္လာခဲ့ၿပီး ျပည့္၀တဲ့ ဒီမိုကေရစီကို ရရွိခဲ့ၿပီးျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ ေျမာက္ကိုးရီးယားဟာ တသီးတသန္႔ပဲ ျဖစ္လ်က္ရွိေနပါေသးတယ္။ ေျမာက္ကိုးရီးယားရဲ႕ Nuclear Program အတြက္ အားထုတ္ႀကိဳးပမ္းမႈဟာ ေတာင္ကိုးရီးယားနဲ႔ သူရဲ႕ မဟာမိတ္ အထူးသျဖင့္ အေမရိကန္တို႔ နဲ႔ ေျမာက္ကိုရီးယားၾကား ပိုၿပီး တင္းမာမႈေတြ ျဖစ္လာေစခဲ့ပါတယ္။

လတ္တေလာ ေတာင္ကိုးရီးယား သမၼတ မြန္းဂ်ယ္အင္း လက္ထက္မွာ သံတမန္ေရးရာ ႀကိဳးပမ္းအားထုတ္မႈေတြကလြဲလို႔ ေတာင္ကိုးရီးယားနဲ႔ ေျမာက္ကိုးရီးယားရဲ႕ၾကားက ျပင္းထန္တဲ့ ကြဲလြဲမႈေတြဟာ 2018 ေဆာင္းရာသီ အိုလံပစ္ပြဲေတာ္မွာ ထင္ရွားသြားခဲ့ပါတယ္။ ေတာင္ကိုးရီးယားဟာ ကမၻာတစ္၀ွမ္းက အားကစားသမားေတြကို ေႏြးေထြးစြာႀကိဳဆိုေနတဲ့အခ်ိန္မွာေတာ့ ေျမာက္ကိုရီးယားသမၼတ ဂင္ဂ်ံဳအန္ဟာ ျပံဳယမ္းၿမိဳ႕ရဲ႕ သမိုင္း၀င္ ဂင္အီေဆာင္း ရင္ျပင္မွာ စစ္ေရးျပခဲ့ပါတယ္။

NN သတင္းဌာနရဲ႕ သတင္းပို႔ခ်က္အရ သမၼတ ဂင္ဂ်ံဳအန္ဟာ ၀ရံတာမွာရပ္ၿပီးေတာ့ နယ္ခ်ဲ့၀ါဒရဲ႕ ဆိုးယုတ္မႈေတြအေၾကာင္းကို ေဟာေျပာခဲ့တယ္ လို႔ သိရပါတယ္။ အဲ့ဒီစစ္ေရးျပဟာ ဂင္ဂ်ံဳအန္ ရဲ႕ အဖိုး ဂင္အီေဆာင္းက ကိုးရီးယားျပည္သူ႔တပ္မေတာ္တပ္မေတာ္ကို 1948 မွာဖြဲ႕စည္းခဲ့တဲ့ အထိမ္းအမွတ္ အျဖစ္ က်င္းပခဲ့ျခင္းျဖစ္ပါတယ္။ 1948 ခုႏွစ္ကေန စၿပီး ႏွစ္ဖက္စလံုးဟာ ကိုးရီးယားျပည္သူေတြက တရား၀င္ တင္ေျမႇာက္တဲ့ ေခါင္းေဆာင္ေတြ အသီးသီးက အုပ္ခ်ဳပ္ေနခဲ့ၾကၿပီး ယခုအခ်ိန္ထိ ဘာမွမေျပာင္းလဲေသးပါဘူး ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Min Thu (Daily Hot News)

#Unicode Version# ျဖင့္ဖတ္ပါ ။

ကိုးရီးယားနိုင်ငံဟာ ဆိုဗီယက် နဲ့ အမေရိကန် ပြည်ထောင်စုတို့ရဲ့ အားပြိုင်ပွဲ စစ်အေးတိုက်ပွဲမှာ မမျှော်လင့်ဘဲ ထိခိုက်ခဲ့ရပြီးနောက် နှစ်ပိုင်းကွဲသွားခဲ့တာ နှစ် ၇၀ လောက်ရှိနေပြီ ဖြစ်ပါတယ်။ နှစ်ပိုင်းကွဲမသွားခင်က ကိုးရီးယားကျွန်းဆွယ်ဟာ တစ်ခုတည်းသော စည်းလုံးတဲ့ ကိုးရီးယားနိုင်ငံ ဖြစ်ခဲ့ပြီး မင်းအဆက်ဆက်အုပ်ချုပ်ခဲ့ပါတယ်။ ရုရှား-ဂျပန်စစ်ပွဲအပြီး ငါးနှစ်အကြာမှာ ဂျပန်က ကိုးရီးယားကို သိမ်းယူလိုက်ပြီးနောက် ဒုတိယကမ္ဘာစစ်မှာ နှစ်ပိုင်းမကွဲသွားခင်အထိ ကိုရီးယားနိုင်ငံဟာ ဂျပန်ရဲ့လက်အောက်မှာ ၃၅ နှစ်လောက် နေခဲ့ရပါတယ်။

1945 ခုနှစ်မှာ ကိုရီးယားကျွန်းဆွယ်ကို မဟာမိတ်အုပ်စုကြီးနှစ်ခုက လွှမ်းမိုးချုပ်ကိုင်ထားလျက်ရှိကြပါတယ်။ နောက် ၃ နှစ်အကြာ 1948 ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုက မြေုက်လတ္တီကျု ၃၈° အထိ ကွန်မြူနစ်ဝါဒ ဖြန့်ချိခဲ့ပြီး အဲ့ဒီနေရာရဲ့ တောင်ပိုင်းမှာတော့ အမေရိကန်မှ ထောက်ပံ့ပေးထားတဲ့ စစ်အစိုးရကို ဖွဲ့စည်းခဲ့ပါတယ်။ ကိုးရီးယားနိုင်ငံမြောက်ပိုင်းမှာ ဆိုဗီယက်တွေရဲ့ ကွန်မြူနစ်ဝါဒတွေ တွင်ကျယ်လာပြီးနောက် တော်တော်များများဟာ ကိုးရီးယားလူမျိုး အများစုရှိနေတဲ့ တောင်ပိုင်းကို ထွက်ပြေးခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာ အမေရိကန်ရဲ့ ထောက်ပံ့မှုကို ရထားတဲ့ တောင်ပိုင်းဟာ ကွန်မြူနစ်စနစ်ကို အတိအလင်း ကန့်ကွက်ခဲ့ပါတယ်။

1948 ခုနှစ်မှာ အမေရိကန်နိုင်ငံက ကိုရီးယားကျွန်းဆွယ်ရဲ့အနာဂတ်အတွက် ကိုရီးယားလူမျိုးတွေကို မဲခွဲဆုံးဖြတ်ပေးခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ ပါဝင်ဖို့ ငြင်းဆိုခဲ့တဲ့အတွက် ဆိုးလ်မြို့မှာ ကွန်မြူနစ်ကန့်ကွက်သူ Syngman Rhee ကဦးဆောင်ပြီး အစိုးရသစ်ဖွဲ့စည်းခဲ့ပါတယ်။ မြောက်ကိုရီးယားကတော့ ပြုံယမ်းမြို့မှာ ကွန်မြူနစ်ခေါင်းဆောင် ဂင်အီဆောင်းကို ကိုးရီးယားဒီမိုကရက်တစ်သမ္မတနိုင်ငံရဲ့ သမ္မတအဖြစ် တင်မြှောက်ခဲ့ပါတယ်။

အမေရိကန်ရဲ့ အကူအညီကိုယူရင်းနဲ့ပဲ တောင်ကိုးရီးယားဟာ ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ စီးပွားရေးတိုးတက်လာခဲ့ပြီး ပြည့်ဝတဲ့ ဒီမိုကရေစီကို ရရှိခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာတော့ မြောက်ကိုးရီးယားဟာ တသီးတသန့်ပဲ ဖြစ်လျက်ရှိနေပါသေးတယ်။ မြောက်ကိုးရီးယားရဲ့ Nuclear Program အတွက် အားထုတ်ကြိုးပမ်းမှုဟာ တောင်ကိုးရီးယားနဲ့ သူရဲ့ မဟာမိတ် အထူးသဖြင့် အမေရိကန်တို့ နဲ့ မြောက်ကိုရီးယားကြား ပိုပြီး တင်းမာမှုတွေ ဖြစ်လာစေခဲ့ပါတယ်။

လတ်တလော တောင်ကိုးရီးယား သမ္မတ မွန်းဂျယ်အင်း လက်ထက်မှာ သံတမန်ရေးရာ ကြိုးပမ်းအားထုတ်မှုတွေကလွဲလို့ တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယားရဲ့ကြားက ပြင်းထန်တဲ့ ကွဲလွဲမှုတွေဟာ 2018 ဆောင်းရာသီ အိုလံပစ်ပွဲတော်မှာ ထင်ရှားသွားခဲ့ပါတယ်။ တောင်ကိုးရီးယားဟာ ကမ္ဘာတစ်ဝှမ်းက အားကစားသမားတွေကို နွေးထွေးစွာကြိုဆိုနေတဲ့အချိန်မှာတော့ မြောက်ကိုရီးယားသမ္မတ ဂင်ဂျုံအန်ဟာ ပြုံယမ်းမြို့ရဲ့ သမိုင်းဝင် ဂင်အီဆောင်း ရင်ပြင်မှာ စစ်ရေးပြခဲ့ပါတယ်။

NN သတင်းဌာနရဲ့ သတင်းပို့ချက်အရ သမ္မတ ဂင်ဂျုံအန်ဟာ ဝရံတာမှာရပ်ပြီးတော့ နယ်ချဲ့ဝါဒရဲ့ ဆိုးယုတ်မှုတွေအကြောင်းကို ဟောပြောခဲ့တယ် လို့ သိရပါတယ်။ အဲ့ဒီစစ်ရေးပြဟာ ဂင်ဂျုံအန် ရဲ့ အဖိုး ဂင်အီဆောင်းက ကိုးရီးယားပြည်သူ့တပ်မတော်တပ်မတော်ကို 1948 မှာဖွဲ့စည်းခဲ့တဲ့ အထိမ်းအမှတ် အဖြစ် ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ 1948 ခုနှစ်ကနေ စပြီး နှစ်ဖက်စလုံးဟာ ကိုးရီးယားပြည်သူတွေက တရားဝင် တင်မြှောက်တဲ့ ခေါင်းဆောင်တွေ အသီးသီးက အုပ်ချုပ်နေခဲ့ကြပြီး ယခုအချိန်ထိ ဘာမှမပြောင်းလဲသေးပါဘူး ။

ဖိုးသူတော် (www.phothutaw.com)
Credit: Min Thu (Daily Hot News)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top