စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×


လုပ္ငန္းခြင္မွာ အလုပ္လုပ္ရင္း သေရစာေတြ ခဏခဏစားမိေနၿပီလား။ အလုပ္စားပြဲက အံဆြဲကို ဖြင့္လိုက္တာနဲ႔ မုန႔္အခ်ိဳအခ်ဥ္ေတြ အျပည့္၊ ဗိုက္ထဲဆာသလိုလိုျဖစ္တိုင္း တခုခု စားခ်င္လာတယ္၊ ဗိုက္ထဲက တကယ္ မဆာတာေတာင္ ပါးစပ္က တခုခုစားခ်င္တာမ်ိဳးက ကိုယ္အေလးခ်ိန္တက္ဖို႔ အစပ်ိဳးတဲ့အဆင့္ပါ။

အလုပ္ထဲမွာ ေန႔လယ္စာစားၿပီး ညေန ၃၊ ၄ နာရီေလာက္ဆို ကိုယ္ႀကိဳက္တဲ့မုန႔္ေလးစားလိုက္ရမွ ေက်နပ္တာမ်ိဳး၊ ဗိုက္ထဲမဆာေတာင္ အက်င့္ျဖစ္ေနလို႔ အလုပ္လုပ္ရင္း ခ်ိဳခ်ိဳခ်ဥ္ခ်ဥ္ ပါးစပ္ထဲစားေနၿပီဆို သင့္က်န္းမာေရးအေျခအေန ျပန္ဆန္းစစ္ဖို႔ လိုအပ္ေနပါၿပီ။ တခါတေလ အစားစားခ်င္စိတ္မ်ားလာတာဟာ စိတ္ဖိစီးမႈေၾကာင့္လည္းျဖစ္ႏိုင္တာမို႔ အေၾကာင္းရင္းသိဖို႔ လိုပါတယ္။

ေန႔တိုင္း ဒီအခ်ိန္ေရာက္ရင္ တခုမဟုတ္တခု စားခ်င္ေနတာက တကယ္ဗိုက္ဆာလို႔ မဟုတ္ဘဲ သင့္ခႏၶာကိုယ္က အက်င့္ပါေနတာပါ။ ဒီလိုျဖစ္လာရင္ တခုခုစားလိုက္ရမွ ေက်နပ္သြားတာမ်ိဳးေပါ့ လို႔ အစာအာဟာရကြၽမ္းက်င္ပညာရွင္ ဂ်က္လင္းက ဆိုပါတယ္။ေန႔လယ္စာနဲ႔ ညစာၾကားမွာ အခ်ိန္ ၄ နာရီကေန ၇ နာရီၾကား ကြာဟ ေနတဲ့အခ်က္ကလည္း ဆာေလာင္မႈျဖစ္ေအာင္ တြန္းပို႔ပါတယ္။ ဘာလို႔ဆို က်မတို႔ရဲ႕အစာအိမ္က ၂ နာရီကေန ၄ နာရီေလာက္ဆို ဗိုက္ျပန္ဆာလာတတ္တယ္ေလလို႔ ဆိုပါတယ္။

အလုပ္မွာ တေနကုန္အားအင္ေတြသုံးလိုက္တာေၾကာင့္ ညေန ၃၊ ၄ နာရီေလာက္ဆို ကိုယ္တြင္း သၾကား ဓာတ္ က်ဆင္းစျပဳလာပါၿပီ။ ဒါေၾကာင့္လည္း ဒီအခ်ိန္ဆို ေကာ္ဖီ၊ လက္ဘက္ရည္နဲ႔ မုန႔္တခုခုစားခ်င္ေသာက္ခ်င္တာမ်ိဳး ျဖစ္လာၾကတာပါ။ ဒီလို ဆာေလာင္လာတဲ့အခါ အခ်ိဳဓာတ္နဲ႔ အဆီဓာတ္မ်ားတာေတြ ပိုစားမိတတ္တယ္ လို႔ ဆိုပါတယ္။

၁ ခါ ၂ ခါေလာက္ ပုံမွန္ဒီအခ်ိန္စားလိုက္တာနဲ႔ ဦးေႏွာက္မွတ္ဉာဏ္ေတြက မွတ္သားထားၿပီး ေနာက္ေန႔ေတြမွာ ဒီလိုအခ်ိန္ေရာက္ၿပီဆို စားဖို႔ တြန္းအားေပးလာပါေတာ့တယ္။ ေန႔စဥ္လိုအပ္တဲ့ ကယ္လိုရီပမာဏထက္ နည္း နည္းခ်င္းစီ ပိုစားျဖစ္သြားရင္း အခ်ိန္ၾကာလာတဲ့အခါ ကိုယ္အေလးခ်ိန္ အဆမတန္တက္ျခင္းကို ခံစားရပါတယ္။အမ်ိဳးသားတဦးအတြက္ တေန႔ ကယ္လိုရီပမာဏ ၂,၂၀၀ လုံေလာက္သလို၊ အမ်ိဳးသမီးဆိုလည္း ၁,၈၀၀ ေလာက္ပဲ လိုအပ္တာပါ။ ဒီပမာဏေတြထက္ ေန႔တိုင္းပိုစားျဖစ္ေနၿပီဆိုရင္ အဝလြန္ၿပီး က်န္းမာေရးကို ထိခိုက္ လာပါတယ္။

ဥပမာ – အာလူးေၾကာ္ ၈၀ ဂရမ္တထုပ္စားမိရင္ ေန႔စဥ္လိုအပ္တဲ့ ကယ္လိုရီထက္ ၄၀၁ ကေန ၄၄၉ ထိ ပိုလွ်ံသြား ႏိုင္ပါတယ္။ ဒါေၾကာင့္လည္း ဂ်က္လင္းက လူတိုင္းလိုလို တေန႔ကို ကယ္လိုရီပမာဏ ၂၀၀ ကေန ၃၀၀ ေလာက္ပိုလွ်ံ စားေသာက္ေနၾကတယ္လို႔ ဆိုလိုက္ပါတယ္။

တေန႔ကို ကယ္လိုရီ ၅၀၀ ပိုစားမိမယ္ဆိုရင္ တေန႔ ကိုယ္အေလးခ်ိန္ ၀ ဒသမ ၅ ကီလိုကေန ၁ ကီလိုေလာက္ ထိ ဝိတ္တက္ပါတယ္။ ဒါေၾကာင့္ မလိုအပ္ပဲ ကယ္လိုရီမ်ားတဲ့အစားအစာေတြ မစားမိေအာင္ ဂ႐ုစိုက္သင့္တယ္ လို႔ ဂ်က္လင္းက အႀကံေပးပါတယ္။ တကယ္လို႔ စားခ်င္စိတ္ကိုထိန္းမရဘူးဆိုရင္ ကယ္လိုရီနည္းတဲ့ အစားစာ (သို႔) အသီးအႏွံတခုခု စားသင့္တယ္လို႔ ဆိုပါတယ္။

အရင္ဆုံး လုပ္ငန္းခြင္မွာ တေန႔တာ ဘာေတြစားျဖစ္တယ္ဆိုတာ သတိျပဳၾကည့္ပါ။ ဗိုက္ဆာလို႔ ေတြ႕တဲ့ အာလူး ေၾကာ္ထုပ္စားလိုက္မိလား၊ လုပ္ေဖာ္ကိုင္ဖက္ေတြဝယ္လာလို႔ ဒိုးနတ္ေတြ စားလိုက္မိျပန္လား၊ ေခါင္းမၾကည္လို႔ ေကာ္ဖီေအးေတြ၊ ဆိုဒါပါတဲ့အခ်ိဳရည္ေတြ ေသာက္မိျပန္ၿပီလား စတဲ့ ကိုယ္တေန႔တာ စားျဖစ္သြားတဲ့သေရစာ ေတြကို သတိျပဳမိလာေအာင္လုပ္ပါ။

အလုပ္စားပြဲမွာ က်န္းမာေရးနဲ႔မညီၫြတ္တဲ့ သေရစာေတြ မထားပါနဲ႔။ သေရစာဝယ္မယ္ဆိုရင္ ကယ္လိုရီပမာ ဏကို ေသခ်ာဖတ္ၿပီးမွ ဝယ္တဲ့အက်င့္ကိုလုပ္ပါ။ အခ်ိဳရည္၊ ရယ္ဒီမိတ္ေကာ္ဖီေတြ မေသာက္ပါနဲ႔။ လုပ္ေဖာ္ကိုယ္ဖက္က ဝယ္ေကြၽးတဲ့ကယ္လိုရီမ်ားတဲ့ အစားအစာေတြဆို ျငင္းတတ္ပါေစ။အစပထမ မေသာက္ပဲမေန ႏိုင္၊ မစားပဲမေနႏိုင္ေသးဘူးဆိုရင္ ေကာ္ဖီဆို ခြက္အေသးေျပာင္းေသာက္ၾကည့္ပါ၊ မုန႔္အခ်ိဳေတြဆိုလည္း အာသာေျပ တခု၊ ႏွစ္ခုေလာက္ပဲ စားပါ။

အလုပ္မွာ ဗိုက္ဆာလာတဲ့အခါ ကယ္လိုရီမ်ားတဲ့ သေရစာေတြအစား ပန္းသီးတလုံးစားလိုက္တာကလည္း အဆာေျပ ေစပါတယ္။ အသီးအႏွံမွာ ကယ္လိုရီပမာဏနည္းသလို က်န္းမာေရးအတြက္လည္း အေထာက္အကူ ျပဳတာမို႔ ဘယ္ေလာက္မ်ားမ်ားစားစား စိတ္ခ်ရပါတယ္။ဒါေၾကာင့္ ေန႔စဥ္လုပ္ငန္းခြင္မွာ တေနကုန္ထိုင္ အလုပ္လုပ္ေနရတဲ့သူအတြက္ မၾကာခဏ အစာစားခ်င္စိတ္ကိုထိန္းရင္း က်န္းမာေပ်ာ္႐ႊင္တဲ့ဘဝကို ပိုင္ဆိုင္ႏိုင္ပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy

#Unicode Version#

လုပ်ငန်းခွင်မှာ အလုပ်လုပ်ရင်း သရေစာတွေ ခဏခဏစားမိနေပြီလား။ အလုပ်စားပွဲက အံဆွဲကို ဖွင့်လိုက်တာနဲ့ မုန့်အချိုအချဉ်တွေ အပြည့်၊ ဗိုက်ထဲဆာသလိုလိုဖြစ်တိုင်း တခုခု စားချင်လာတယ်၊ ဗိုက်ထဲက တကယ် မဆာတာတောင် ပါးစပ်က တခုခုစားချင်တာမျိုးက ကိုယ်အလေးချိန်တက်ဖို့ အစပျိုးတဲ့အဆင့်ပါ။

အလုပ်ထဲမှာ နေ့လယ်စာစားပြီး ညနေ ၃၊ ၄ နာရီလောက်ဆို ကိုယ်ကြိုက်တဲ့မုန့်လေးစားလိုက်ရမှ ကျေနပ်တာမျိုး၊ ဗိုက်ထဲမဆာတောင် အကျင့်ဖြစ်နေလို့ အလုပ်လုပ်ရင်း ချိုချိုချဉ်ချဉ် ပါးစပ်ထဲစားနေပြီဆို သင့်ကျန်းမာရေးအခြေအနေ ပြန်ဆန်းစစ်ဖို့ လိုအပ်နေပါပြီ။ တခါတလေ အစားစားချင်စိတ်များလာတာဟာ စိတ်ဖိစီးမှုကြောင့်လည်းဖြစ်နိုင်တာမို့ အကြောင်းရင်းသိဖို့ လိုပါတယ်။

နေ့တိုင်း ဒီအချိန်ရောက်ရင် တခုမဟုတ်တခု စားချင်နေတာက တကယ်ဗိုက်ဆာလို့ မဟုတ်ဘဲ သင့်ခန္ဓာကိုယ်က အကျင့်ပါနေတာပါ။ ဒီလိုဖြစ်လာရင် တခုခုစားလိုက်ရမှ ကျေနပ်သွားတာမျိုးပေါ့ လို့ အစာအာဟာရကျွမ်းကျင်ပညာရှင် ဂျက်လင်းက ဆိုပါတယ်။နေ့လယ်စာနဲ့ ညစာကြားမှာ အချိန် ၄ နာရီကနေ ၇ နာရီကြား ကွာဟ နေတဲ့အချက်ကလည်း ဆာလောင်မှုဖြစ်အောင် တွန်းပို့ပါတယ်။ ဘာလို့ဆို ကျမတို့ရဲ့အစာအိမ်က ၂ နာရီကနေ ၄ နာရီလောက်ဆို ဗိုက်ပြန်ဆာလာတတ်တယ်လေလို့ ဆိုပါတယ်။

အလုပ်မှာ တနေကုန်အားအင်တွေသုံးလိုက်တာကြောင့် ညနေ ၃၊ ၄ နာရီလောက်ဆို ကိုယ်တွင်း သကြား ဓာတ် ကျဆင်းစပြုလာပါပြီ။ ဒါကြောင့်လည်း ဒီအချိန်ဆို ကော်ဖီ၊ လက်ဘက်ရည်နဲ့ မုန့်တခုခုစားချင်သောက်ချင်တာမျိုး ဖြစ်လာကြတာပါ။ ဒီလို ဆာလောင်လာတဲ့အခါ အချိုဓာတ်နဲ့ အဆီဓာတ်များတာတွေ ပိုစားမိတတ်တယ် လို့ ဆိုပါတယ်။

၁ ခါ ၂ ခါလောက် ပုံမှန်ဒီအချိန်စားလိုက်တာနဲ့ ဦးနှောက်မှတ်ဉာဏ်တွေက မှတ်သားထားပြီး နောက်နေ့တွေမှာ ဒီလိုအချိန်ရောက်ပြီဆို စားဖို့ တွန်းအားပေးလာပါတော့တယ်။ နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီပမာဏထက် နည်း နည်းချင်းစီ ပိုစားဖြစ်သွားရင်း အချိန်ကြာလာတဲ့အခါ ကိုယ်အလေးချိန် အဆမတန်တက်ခြင်းကို ခံစားရပါတယ်။အမျိုးသားတဦးအတွက် တနေ့ ကယ်လိုရီပမာဏ ၂,၂၀၀ လုံလောက်သလို၊ အမျိုးသမီးဆိုလည်း ၁,၈၀၀ လောက်ပဲ လိုအပ်တာပါ။ ဒီပမာဏတွေထက် နေ့တိုင်းပိုစားဖြစ်နေပြီဆိုရင် အဝလွန်ပြီး ကျန်းမာရေးကို ထိခိုက် လာပါတယ်။

ဥပမာ – အာလူးကြော် ၈၀ ဂရမ်တထုပ်စားမိရင် နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီထက် ၄၀၁ ကနေ ၄၄၉ ထိ ပိုလျှံသွား နိုင်ပါတယ်။ ဒါကြောင့်လည်း ဂျက်လင်းက လူတိုင်းလိုလို တနေ့ကို ကယ်လိုရီပမာဏ ၂၀၀ ကနေ ၃၀၀ လောက်ပိုလျှံ စားသောက်နေကြတယ်လို့ ဆိုလိုက်ပါတယ်။

တနေ့ကို ကယ်လိုရီ ၅၀၀ ပိုစားမိမယ်ဆိုရင် တနေ့ ကိုယ်အလေးချိန် ၀ ဒသမ ၅ ကီလိုကနေ ၁ ကီလိုလောက် ထိ ဝိတ်တက်ပါတယ်။ ဒါကြောင့် မလိုအပ်ပဲ ကယ်လိုရီများတဲ့အစားအစာတွေ မစားမိအောင် ဂရုစိုက်သင့်တယ် လို့ ဂျက်လင်းက အကြံပေးပါတယ်။ တကယ်လို့ စားချင်စိတ်ကိုထိန်းမရဘူးဆိုရင် ကယ်လိုရီနည်းတဲ့ အစားစာ (သို့) အသီးအနှံတခုခု စားသင့်တယ်လို့ ဆိုပါတယ်။

အရင်ဆုံး လုပ်ငန်းခွင်မှာ တနေ့တာ ဘာတွေစားဖြစ်တယ်ဆိုတာ သတိပြုကြည့်ပါ။ ဗိုက်ဆာလို့ တွေ့တဲ့ အာလူး ကြော်ထုပ်စားလိုက်မိလား၊ လုပ်ဖော်ကိုင်ဖက်တွေဝယ်လာလို့ ဒိုးနတ်တွေ စားလိုက်မိပြန်လား၊ ခေါင်းမကြည်လို့ ကော်ဖီအေးတွေ၊ ဆိုဒါပါတဲ့အချိုရည်တွေ သောက်မိပြန်ပြီလား စတဲ့ ကိုယ်တနေ့တာ စားဖြစ်သွားတဲ့သရေစာ တွေကို သတိပြုမိလာအောင်လုပ်ပါ။

အလုပ်စားပွဲမှာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ သရေစာတွေ မထားပါနဲ့။ သရေစာဝယ်မယ်ဆိုရင် ကယ်လိုရီပမာ ဏကို သေချာဖတ်ပြီးမှ ဝယ်တဲ့အကျင့်ကိုလုပ်ပါ။ အချိုရည်၊ ရယ်ဒီမိတ်ကော်ဖီတွေ မသောက်ပါနဲ့။ လုပ်ဖော်ကိုယ်ဖက်က ဝယ်ကျွေးတဲ့ကယ်လိုရီများတဲ့ အစားအစာတွေဆို ငြင်းတတ်ပါစေ။အစပထမ မသောက်ပဲမနေ နိုင်၊ မစားပဲမနေနိုင်သေးဘူးဆိုရင် ကော်ဖီဆို ခွက်အသေးပြောင်းသောက်ကြည့်ပါ၊ မုန့်အချိုတွေဆိုလည်း အာသာပြေ တခု၊ နှစ်ခုလောက်ပဲ စားပါ။

အလုပ်မှာ ဗိုက်ဆာလာတဲ့အခါ ကယ်လိုရီများတဲ့ သရေစာတွေအစား ပန်းသီးတလုံးစားလိုက်တာကလည်း အဆာပြေ စေပါတယ်။ အသီးအနှံမှာ ကယ်လိုရီပမာဏနည်းသလို ကျန်းမာရေးအတွက်လည်း အထောက်အကူ ပြုတာမို့ ဘယ်လောက်များများစားစား စိတ်ချရပါတယ်။ဒါကြောင့် နေ့စဉ်လုပ်ငန်းခွင်မှာ တနေကုန်ထိုင် အလုပ်လုပ်နေရတဲ့သူအတွက် မကြာခဏ အစာစားချင်စိတ်ကိုထိန်းရင်း ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါစေ။

ဖိုးသူတော် (www.phothutaw.com)

Credit: Irrawaddy

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top