ဘာမဟုတ္​တဲ့ကိစၥ​ေလး​ေတြနဲ႔ စိတ္​​ေကာက္​စိတ္​ဆိုးတတ္​ၾကတာ လင္​မယား​ေတြရဲ႕ပံုမွန္​သဘာဝပဲမဟုတ္​လား။ မ်ား​ေသာအားျဖင္​့ တစ္​ရက္​ႏွစ္​ရက္​​ေလာက္​ စကားမ​ေျပာဘဲ​ေနျဖစ္​ၾကမယ္​၊ နည္​းနည္​ပိုၾကာရင္​ တစ္​ပတ္​ဆယ္​ရက္​​ေပါ့ဗ်ာ။

အခု ဂ်ပန္​ျပည္​က စံုတြဲရဲ႕အျဖစ္​က​ေတာ့ ​ေတာ္​​ေတာ္​​ေလးလႈပ္​လႈပ္​ခတ္​ခတ္​ျဖစ္​သြား​ေစခဲ့ပါတယ္​။ သူတို႔က အိမ္​​ေထာင္​သက္​ ၂၅ ႏွစ္​​ျကာ ​ေပါင္​းသင္​းလာခဲ့ၾကတာပါ။ ခင္​ပြန္​းသည္​ ယူမီ နဲ႔ ဇနီးသည္​ ကာတာရာမ တို႔ပါပဲ။ ဒါ​ေပမယ္​့ တစ္​အိမ္​တည္​း​ေန​ေနၿပီး ခင္​ပြန္​းသည္​က ဇနီးသည္​ကို စိတ္က​ောက္လို့ ​​စကားမ​ေျပာ​ေတာ့တာ ႏွစ္​ ၂၀ ပါတဲ့​ေလ… ဘုရား…ဘုရား။ ​ေတာ္​​ေတာ္​ထူးၿပီးဆိုးတဲ့လူဗ်။အမွန္​​ေတာ့ လင္​နဲ႔မယားဆိုတာ တက်က္​က်က္​ရန္​ျဖစ္​ရင္​သာျဖစ္​​ေနမယ္​၊ ဒါက​ေႏြး​ေထြးမႈပို႐ွိ​ေသးတယ္​မဟုတ္​လား။ လံုးးဝစကားမ​ေျပာ​ေတာ့တဲ့ တစ္​ခ်ိန္​လံုး ​ေအးစက္​စက္နိုင္​​မႈမ်ိုးကို​ေတာ့ ဘယ္​လိုလူမ်ဳိး၊ ဘယ္​လိုအိမ္​​ေထာင္​ဘက္​မ်ိဳးက​မွ စိတ္​႐ွည္​​ေပးႏိုင္​မယ္​မထင္​ဘူး။ ဇနီးသည္​က အျမဲတမ္​းစိတ္​တံခါးကိုဖြင္​့ၿပီး ယူမီကုိစကား​ေျပာ​ေန​ေပမယ္​့ ယူမီက စိတ္​ကူး​ေပါက္​မွ အင္​း၊အဲ လုပ္​တာတို႔ ​ေခါင္​းၿငိမ္​့ျပတာတို႔သာ လုပ္​ပါသတဲ့။

ဒါ​ေပမယ္​့ စိတ္​​ေကာက္​တတ္​တဲ့ ခင္​ပြန္​းသည္​ကိုမွရထားတဲ့ ဇနီးသည္​က​ေတာ့ ဇြဲ​ေကာင္​း​ေကာင္​းနဲ႔စိတ္​႐ွည္​စြာ​ေစာင္​့ဆိုင္​း​ေနခဲ့တာ​ေၾကာင္​့ ပိုၿပီးလူအမ်ား​ေျပာစရာျဖစ္​ခဲ့တာပါပဲ။ လက္​ထပ္​ၿပီး ငါးႏွစ္​အၾကာ အထိ အိမ္​​ေထာင္​သုချပည္​့ဝၿပီး ​ေပ်ာ္​ရႊင္​စြာအတူျဖတ္​သန္​းခဲ့တဲ့ သူတို႔စံုတြဲဟာ သိပ္​အဆင္​​ေျပခဲ့တာပါ။ျပသနာက က​ေလးသံုး​ေယာက္​ ရၿပီးခ်ိန္​မွာပါ။ က​ေလး​ေတြကိုပို္​အာရံုစိုက္​ၿပီး က​ေလးကိစၥ​ေတြနဲ႔ပိုလံုးပန္​းၿပီး အိမ္​​ေထာင္​ထိန္​းသိမ္​းမႈနဲ႔အလုပ္​႐ႈပ္​တဲ့ဘက္​​ေရာက္​ၿပီး ကိုယ္​့ကိုဂ႐ုစိုက္​မႈနည္​းလာတဲ့ သူ႕ဇနီးသည္​ကို ယူမီက ႏွစ္​၂၀ၾကာ ​ေခါင္​းမာမာနဲ႔ အႀကီးအက်ယ္​စိတ္​​ေကာက္​ျပခဲ့ပါတယ္​။အမ်ားအျမင္​မွာ သာမန္​မိသားစု​ေလးလိုဘာျပသနာမွမ႐ွိတဲ့ ​ေအး​ေအး​ေဆး​ေဆးမိသားစုလို ထင္​စရာ႐ွိ​ေပမယ္​့ သူ႕သက္​တမ္​းအတြင္​း တစ္​ခါမွစကား​ေျပာဖူးတာမ​ေတြ႕ခဲ့ရတဲ့ မိဘ​ေတြအ​ေပၚ အရြယ္ရလာတာနဲ့အမ်ွ ပိုတိုးလို့​စိတ္​ပူလာတာက အငယ္​ဆံုးက​ေလး ယို႐ွီကီ (၁၈ ႏွစ္​) ပါ။ ယို႐ွီကီက ​ေဒသတီဗြီ႐ိႈးအစီအစဥ္​တစ္​ခုထံ စာ​ေရးသား​ေပးပို႔ၿပီး သူ႕ မိဘ​ေတြျပန္​အဆင္​​ေျပလာ​ေစဖို႔ အကူအညီ​ေတာင္​းခံခဲ့႐ွာပါတယ္​။

တီဗီအစီအစဥ္​​ပ႐ိုဂ်ဴဆာ​ေတြက ဒီစံုတြဲအတြက္​အထူးျပင္​ဆင္​ၿပီး သူတို႔ခ်င္​းျပန္​​ေျပလည္​ဖို႔ အစီအစဥ္​တစ္​ခုလုပ္​ခဲ့ပါတယ္​။ သူတို႔ႏွစ္​​ေယာက္​ ပထမဆံုးခ်ိန္​း​ေတြ႕ခဲ့ၾကဖူး​တဲ့ ပန္​းျခံထဲမွာ သူတို႔ကိုျပန္​ဆံု​ေတြ႕​ေစၿပီး ဒါကအ​ေတာ္​ထိ​ေရာက္​တဲ့ အၾကံအစည္​ျဖစ္​ခဲ့တာအမွန္​ပါပဲ။ ငယ္​ငယ္​တုန္​းက အမွတ္​တရ​ေပါင္​းမ်ားစြာရဲ့ ရနံ႔​ေ​တြဟာ သူတို႔ဆီျပန္​လည္​​ေရာက္​႐ွိလာခဲ့ၿပီး ဒီအျဖစ္​အပ်က္​ကို​ေနာက္​ကြယ္​က တိတ္​တိတ္​​ေလး ရင္​ခုန္​စြာ​ေစာင္​့ၾကည္​့​ေနခဲတာက သားသမီးသံုး​ေယာက္​ပဲျဖစ္​ပါတယ္​။

သူတို႔သံုး​ေယာက္​စလံုး လူမွန္​းသိတတ္​စကတည္​းက တစ္​ခါဖူးတဲ့ မျမင္​​ေတြ႕ရတဲ့ မိဘႏွစ္​ပါးရဲ႕ ရင္​ဖြင္​့ဟမႈကို ​ေစာင္​့ဆိုင္​း​ေနခ်ိန္​မွာပဲ ႏႈတ္​ခမ္​းပြင္​့ၿပီးစကား​ေျပာလာတဲ့ ဖခင္​ကိုျမင္​​ေတြ႕ရလာရပါတယ္​။ က​ေလး​ေတြအတြက္​ ​ေဖာ္​ျပမရတဲ့ ဧရာမခံစားမႈ​ေတြျဖစ္​​ေပၚလာ​ေစခဲ့ၿပီး” ငါတို႔ႏွစ္​​ေယာက္​စကားမ​ေျပာျဖစ္​ခဲ့ၾကာတာ အ​ေတာ္​ၾကာၿပီ​ေနာ္​ မိန္​းမ။ မင္​းက မင္​းက​ေလး​ေတြအတြက္​ပဲ အျမဲစိတ္​ပူ​ေနရတာကိုး။ အခုခ်ိန္​​ေရာက္​လာတဲ့အထိ မင္​းအမ်ားႀကီးသည္​းခံ​ေက်ာ္​ျဖတ္​ခဲ့ရတယ္​ဆိုတာ ငါသိပါတယ္​။ မင္​းအတြက္​​ေတာ္​​ေတာ္​ခက္​ခဲခဲ့မွာပဲ။ အခု ငါမင္​းကို အရာရာတုိင္​းအတြက္​ ​ေက်းဇူးတင္​​ေနရတယ္​ဆိုတာ မင္​းသိ​ေစခ်င္​တယ္​ကြယ္​ ” လို႔ ဖခင္​ က ထုတ္​​ေျပာလာခဲ့တာ​ေၾကာင္​့ပါပဲ။

အခုခ်ိန္​မွာ​ေတာ့ ဂ်ပန္​ျပည္​က စိတ္​​ေကာက္​စံုတြဲက​ေတာ့ ႏွစ္​ ၂၀ ၾကာစိတ္​​ေကာက္​ၿပီးျပန္​​ေျပလည္​သြားခဲ့တဲ့အျဖစ္​ဟာ ဂ်ပန္​ျပည္​မွာ ဟိုး​ေလးတ​ေက်ာ္​ နဲ႔ ႐ိုက္​ခတ္​သြားခဲ့တာပါ။ သူတို႔စံုတြဲက ​ေ႐ွ႕ဆက္ၿပီး ပိုစကား​ေျပာျဖစ္​ၾကဖို႔အတြက္​ အျပန္​အလွန္​ကတိအပ္​ခဲ့ၾကတာ ၾကည္​ႏူးစရာ​ေကာင္​းခဲ့ပါတယ္​။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Nanmalgyi

#Unicode Version#
ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ စိတ်ကောက်စိတ်ဆိုးတတ်ကြတာ လင်မယားတွေရဲ့ပုံမှန်သဘာဝပဲမဟုတ်လား။ များသောအားဖြင့် တစ်ရက်နှစ်ရက်လောက် စကားမပြောဘဲနေဖြစ်ကြမယ်၊ နည်းနည်ပိုကြာရင် တစ်ပတ်ဆယ်ရက်ပေါ့ဗျာ။

အခု ဂျပန်ပြည်က စုံတွဲရဲ့အဖြစ်ကတော့ တော်တော်လေးလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေခဲ့ပါတယ်။ သူတို့က အိမ်ထောင်သက် ၂၅ နှစ်ကြာ ပေါင်းသင်းလာခဲ့ကြတာပါ။ ခင်ပွန်းသည် ယူမီ နဲ့ ဇနီးသည် ကာတာရာမ တို့ပါပဲ။ ဒါပေမယ့် တစ်အိမ်တည်းနေနေပြီး ခင်ပွန်းသည်က ဇနီးသည်ကို စိတ်ကောက်လို့ စကားမပြောတော့တာ နှစ် ၂၀ ပါတဲ့လေ… ဘုရား…ဘုရား။ တော်တော်ထူးပြီးဆိုးတဲ့လူဗျ။အမှန်တော့ လင်နဲ့မယားဆိုတာ တကျက်ကျက်ရန်ဖြစ်ရင်သာဖြစ်နေမယ်၊ ဒါကနွေးထွေးမှုပိုရှိသေးတယ်မဟုတ်လား။ လုံးးဝစကားမပြောတော့တဲ့ တစ်ချိန်လုံး အေးစက်စက်နိုင်မှုမျိုးကိုတော့ ဘယ်လိုလူမျိုး၊ ဘယ်လိုအိမ်ထောင်ဘက်မျိုးကမှ စိတ်ရှည်ပေးနိုင်မယ်မထင်ဘူး။ ဇနီးသည်က အမြဲတမ်းစိတ်တံခါးကိုဖွင့်ပြီး ယူမီကိုစကားပြောနေပေမယ့် ယူမီက စိတ်ကူးပေါက်မှ အင်း၊အဲ လုပ်တာတို့ ခေါင်းငြိမ့်ပြတာတို့သာ လုပ်ပါသတဲ့။

ဒါပေမယ့် စိတ်ကောက်တတ်တဲ့ ခင်ပွန်းသည်ကိုမှရထားတဲ့ ဇနီးသည်ကတော့ ဇွဲကောင်းကောင်းနဲ့စိတ်ရှည်စွာစောင့်ဆိုင်းနေခဲ့တာကြောင့် ပိုပြီးလူအများပြောစရာဖြစ်ခဲ့တာပါပဲ။ လက်ထပ်ပြီး ငါးနှစ်အကြာ အထိ အိမ်ထောင်သုခပြည့်ဝပြီး ပျော်ရွှင်စွာအတူဖြတ်သန်းခဲ့တဲ့ သူတို့စုံတွဲဟာ သိပ်အဆင်ပြေခဲ့တာပါ။ပြသနာက ကလေးသုံးယောက် ရပြီးချိန်မှာပါ။ ကလေးတွေကိုပိုအာရုံစိုက်ပြီး ကလေးကိစ္စတွေနဲ့ပိုလုံးပန်းပြီး အိမ်ထောင်ထိန်းသိမ်းမှုနဲ့အလုပ်ရှုပ်တဲ့ဘက်ရောက်ပြီး ကိုယ့်ကိုဂရုစိုက်မှုနည်းလာတဲ့ သူ့ဇနီးသည်ကို ယူမီက နှစ်၂၀ကြာ ခေါင်းမာမာနဲ့ အကြီးအကျယ်စိတ်ကောက်ပြခဲ့ပါတယ်။အများအမြင်မှာ သာမန်မိသားစုလေးလိုဘာပြသနာမှမရှိတဲ့ အေးအေးဆေးဆေးမိသားစုလို ထင်စရာရှိပေမယ့် သူ့သက်တမ်းအတွင်း တစ်ခါမှစကားပြောဖူးတာမတွေ့ခဲ့ရတဲ့ မိဘတွေအပေါ် အရွယ်ရလာတာနဲ့အမျှ ပိုတိုးလို့စိတ်ပူလာတာက အငယ်ဆုံးကလေး ယိုရှီကီ (၁၈ နှစ်) ပါ။ ယိုရှီကီက ဒေသတီဗွီရှိုးအစီအစဉ်တစ်ခုထံ စာရေးသားပေးပို့ပြီး သူ့ မိဘတွေပြန်အဆင်ပြေလာစေဖို့ အကူအညီတောင်းခံခဲ့ရှာပါတယ်။

တီဗီအစီအစဉ်ပရိုဂျူဆာတွေက ဒီစုံတွဲအတွက်အထူးပြင်ဆင်ပြီး သူတို့ချင်းပြန်ပြေလည်ဖို့ အစီအစဉ်တစ်ခုလုပ်ခဲ့ပါတယ်။ သူတို့နှစ်ယောက် ပထမဆုံးချိန်းတွေ့ခဲ့ကြဖူးတဲ့ ပန်းခြံထဲမှာ သူတို့ကိုပြန်ဆုံတွေ့စေပြီး ဒါကအတော်ထိရောက်တဲ့ အကြံအစည်ဖြစ်ခဲ့တာအမှန်ပါပဲ။ ငယ်ငယ်တုန်းက အမှတ်တရပေါင်းများစွာရဲ့ ရနံ့တွေဟာ သူတို့ဆီပြန်လည်ရောက်ရှိလာခဲ့ပြီး ဒီအဖြစ်အပျက်ကိုနောက်ကွယ်က တိတ်တိတ်လေး ရင်ခုန်စွာစောင့်ကြည့်နေခဲတာက သားသမီးသုံးယောက်ပဲဖြစ်ပါတယ်။

သူတို့သုံးယောက်စလုံး လူမှန်းသိတတ်စကတည်းက တစ်ခါဖူးတဲ့ မမြင်တွေ့ရတဲ့ မိဘနှစ်ပါးရဲ့ ရင်ဖွင့်ဟမှုကို စောင့်ဆိုင်းနေချိန်မှာပဲ နှုတ်ခမ်းပွင့်ပြီးစကားပြောလာတဲ့ ဖခင်ကိုမြင်တွေ့ရလာရပါတယ်။ ကလေးတွေအတွက် ဖော်ပြမရတဲ့ ဧရာမခံစားမှုတွေဖြစ်ပေါ်လာစေခဲ့ပြီး” ငါတို့နှစ်ယောက်စကားမပြောဖြစ်ခဲ့ကြာတာ အတော်ကြာပြီနော် မိန်းမ။ မင်းက မင်းကလေးတွေအတွက်ပဲ အမြဲစိတ်ပူနေရတာကိုး။ အခုချိန်ရောက်လာတဲ့အထိ မင်းအများကြီးသည်းခံကျော်ဖြတ်ခဲ့ရတယ်ဆိုတာ ငါသိပါတယ်။ မင်းအတွက်တော်တော်ခက်ခဲခဲ့မှာပဲ။ အခု ငါမင်းကို အရာရာတိုင်းအတွက် ကျေးဇူးတင်နေရတယ်ဆိုတာ မင်းသိစေချင်တယ်ကွယ် ” လို့ ဖခင် က ထုတ်ပြောလာခဲ့တာကြောင့်ပါပဲ။

အခုချိန်မှာတော့ ဂျပန်ပြည်က စိတ်ကောက်စုံတွဲကတော့ နှစ် ၂၀ ကြာစိတ်ကောက်ပြီးပြန်ပြေလည်သွားခဲ့တဲ့အဖြစ်ဟာ ဂျပန်ပြည်မှာ ဟိုးလေးတကျော် နဲ့ ရိုက်ခတ်သွားခဲ့တာပါ။ သူတို့စုံတွဲက ရှေ့ဆက်ပြီး ပိုစကားပြောဖြစ်ကြဖို့အတွက် အပြန်အလှန်ကတိအပ်ခဲ့ကြတာ ကြည်နူးစရာကောင်းခဲ့ပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:Nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top