စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×


တင္ဇာေမာ္က သူ႔ရဲ႕ အသက္ ၄၃ ႏွစ္ျပည့္ ေမြးေန႔မွာ အလႉအတန္းေတြနဲ႔ ျဖတ္သန္းခဲ့တာကို ေတြ႕ရပါတယ္။ သူမဟာ သီခ်င္းအသစ္ေတြ ဖန္တီးေနတာေၾကာင့္ ျမန္မာႏိုင္ငံကို ျပန္လည္ေရာက္ရွိေနတာျဖစ္ပါတယ္။

အဆိုေတာ္တင္ဇာေမာ္က ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔မွာ အသက္ ၄၃ ႏွစ္ျပည့္သြားၿပီျဖစ္ပါတယ္။ သူမရဲ႕ ေမြးေန႔ကို အလႉအတန္းေတြနဲ႔ ျဖတ္သန္းခဲ့တာျဖစ္ပါတယ္။ ေမြးေန႔အလႉကိုေတာ့ ရန္ကင္းၿမိဳ႕နယ္အ တြင္းမွာရွိတဲ့ လယ္တီေက်ာင္းတိုက္မွာက်င္းပျပဳလုပ္ခဲ့ပါတယ္။

‘’ေမြးေန႔ဆုမြန္ေတာင္းေပးၾကသူမ်ားအားလုံးကို အထူးေက်းဇူးတင္ပါတယ္။ ျပဳသမွ်ေကာင္းမႈကုသိုလ္ အမွ်ရၾကပါေစေသာ္ဝ္..သာဓု သာဓု သာဓု’’ ဆိုၿပီးေတာ့ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔ ည ၉ နာရီခြဲက သူ႔ရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာေရးသားခဲ့ပါတယ္။


တင္ဇာေမာ္က အခုလက္ရွိမွာေတာ့ ဂီတအလုပ္ေတြ ေဆာင္႐ြက္ေနတာေၾကာင့္ ျမန္မာႏိုင္ငံကို ေရာက္ရွိေနတာျဖစ္ပါတယ္။ သူမရဲ႕ မိသားစုဝင္ေတြကေတာ့ အေမရိကန္ႏိုင္ငံမွာ ေနထိုင္ၾကတာပါ။ တင္ဇာေမာ္ဟာ အသက္ ၄၂ ႏွစ္ျပည့္ ေမြးေန႔တုန္းက ခ်စ္ရတဲ့ ပရိသတ္ေတြနဲ႔ အတူ တစ္ကိုယ္ေတာ္ ေဖ်ာ္ေျဖပြဲေလး လုပ္ခဲ့ပါေသးတယ္။

တင္ဇာေမာ္က သူမရဲ႕ ခ်စ္ရတဲ့ခင္ပြန္း မိုက္ကယ္ေအာင္ နဲ႔အတူ ခ်စ္စရာေကာင္းတဲ့ သားတစ္ေယာက္၊ သမီးတစ္ေယာက္ကို ပိုင္ဆိုင္ ထားပါတယ္။ သူတို႔ ဇနီးေမာင္ႏွံရဲ႕ အိမ္ေထာင္သက္တမ္းကေတာ့ ၂၀၁၈ ခုႏွစ္ ေမလ ၅ ရက္ေန႔က ၁၁ ႏွစ္ျပည့္ခဲ့ၿပီလို႔ သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေျပာျပခဲ့ပါတယ္။


အဆိုေတာ္တင္ဇာေမာ္ကေတာ့ Seven Concert လို႔ အမည္ေပးထားတဲ့တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲႀကီးကိုလည္း ၂၀၁၇ ခုႏွစ္အတြင္း မွာ က်င္းပခဲ့ပါေသးတယ္။ ဒီေန႔အခ်ိန္ထိ အားေပးေနတဲ့ ပရိသတ္ေတြအတြက္ကိုလည္းအၿမဲတမ္းႀကိဳးစားေနပါ့မယ္ဆိုတဲ့ အေၾကာင္း ကိုလည္း Duwun Media အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ဖူးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

တင်ဇာမော်က သူ့ရဲ့ အသက် ၄၃ နှစ်ပြည့် မွေးနေ့မှာ အလှူအတန်းတွေနဲ့ ဖြတ်သန်းခဲ့တာကို တွေ့ရပါတယ်။ သူမဟာ သီချင်းအသစ်တွေ ဖန်တီးနေတာကြောင့် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေတာဖြစ်ပါတယ်။

အဆိုတော်တင်ဇာမော်က ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ အသက် ၄၃ နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့ကို အလှူအတန်းတွေနဲ့ ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။ မွေးနေ့အလှူကိုတော့ ရန်ကင်းမြို့နယ်အ တွင်းမှာရှိတဲ့ လယ်တီကျောင်းတိုက်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။

‘’မွေးနေ့ဆုမွန်တောင်းပေးကြသူများအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ပြုသမျှကောင်းမှုကုသိုလ် အမျှရကြပါစေသော်ဝ်..သာဓု သာဓု သာဓု’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၉ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာရေးသားခဲ့ပါတယ်။

တင်ဇာမော်က အခုလက်ရှိမှာတော့ ဂီတအလုပ်တွေ ဆောင်ရွက်နေတာကြောင့် မြန်မာနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။ သူမရဲ့ မိသားစုဝင်တွေကတော့ အမေရိကန်နိုင်ငံမှာ နေထိုင်ကြတာပါ။ တင်ဇာမော်ဟာ အသက် ၄၂ နှစ်ပြည့် မွေးနေ့တုန်းက ချစ်ရတဲ့ ပရိသတ်တွေနဲ့ အတူ တစ်ကိုယ်တော် ဖျော်ဖြေပွဲလေး လုပ်ခဲ့ပါသေးတယ်။

တင်ဇာမော်က သူမရဲ့ ချစ်ရတဲ့ခင်ပွန်း မိုက်ကယ်အောင် နဲ့အတူ ချစ်စရာကောင်းတဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်ကို ပိုင်ဆိုင် ထားပါတယ်။ သူတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်သက်တမ်းကတော့ ၂၀၁၈ ခုနှစ် မေလ ၅ ရက်နေ့က ၁၁ နှစ်ပြည့်ခဲ့ပြီလို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြခဲ့ပါတယ်။

အဆိုတော်တင်ဇာမော်ကတော့ Seven Concert လို့ အမည်ပေးထားတဲ့တစ်ကိုယ်တော်ဖျော်ဖြေပွဲကြီးကိုလည်း ၂၀၁၇ ခုနှစ်အတွင်း မှာ ကျင်းပခဲ့ပါသေးတယ်။ ဒီနေ့အချိန်ထိ အားပေးနေတဲ့ ပရိသတ်တွေအတွက်ကိုလည်းအမြဲတမ်းကြိုးစားနေပါ့မယ်ဆိုတဲ့ အကြောင်း ကိုလည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top