စင်္ကာပူနိုင်ငံတွင်ကျင်းပမည့် (၆) ကြိမ်မြောက် မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
×







#Unicode Version#
တိုက်ကြီးမြို့နယ်၊ဥပ္ပုံစုရပ်ကွက်၊ကရင်ခြံဓမ္မရိပ်သာကျောင်း၊ကျောင်းဝင်းတွင်သင်္ကန်းဝတ်ဖြင့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၁၀း၃၀ နာရီခန့်အချိန်၌ အမျိုးသမီးတစ်ဦးအား သားမယားအဖြစ်ပြုကျင့်ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ကျောင်းထိုင်ဆရာတော် ဦးဒီပဝံသ(ခ)ဦးတင်ဝင်း(၆၀)နှစ်(၄၀)ဝါ(ဘ)ဦးအင်းနားသည် ကျောင်းအတွင်း၌၊တစ်ပါးထိုင်ကျောင်းဆောင်(၄)လုံးဆောက်လုပ်၍ မိသားစု(၄)စုအား ငှားရမ်းထားရှိပြီး၊အဆိုပါမိသားစုထဲတွင် ၊တရားလို မ——–(၁၉)နှစ်နှင့် ၎င်း၏ခင်မွန်းကို——–(၂၆)နှစ်၊တို့သည်၊

လွန်ခဲ့သော(၁၅)ရက်ခန့်က ငှားရမ်းနေထိုင်ခဲ့ကြသည်။ဖေဖော်ဝါရီ ၁၃ ရက်နေ့ ည ၁၀း၃၀ အချိန်ခန့်တွင် မ——အားဦးဒီပဝံသ(ခ)ဦးတင်ဝင်းမှ၊၎င်းးကျိန်းစက်ရာအခန်းတွင်းသို့ ခေါ်ဆောင်၍(၅)မိနစ်ခန့်နှိပ်နှယ်စေခဲ့ပြီးနောက် မ——-(၁၉)နှစ်၏ အင်္ကျ ီအဝတ်အစားများကို အတင်းဆွဲချွတ်၍

ကုတင်ပေါ်တွန်းလဲကာ ၊အော်ပါက သတ်ပစ်မည်၊ကျောင်းထဲမှနှင်ထုတ်မည်ဟုပြောဆိုကာ (၁၅)မိနစ်ခန့်အကြာ သားမယားအဖြစ် အဓမ္မပြုကျင့်နေစဉ် ခင်မွန်းဖြစ်သူ ကို—–ရောက်ရှိလာပြီး၊တရားလိုအားသားမယားအဖြစ် အဓ္ဓမပြုကျင့် နေသည်ကိုတွေ့မြင် သိရှိရသဖြင့်

သားမယားအဖြစ် အဓ္ဓမပြုကျင့်သူဦးဒီပဝံသ(ခ)ဦးတင်ဝင်းအား တိုက်ကြီးရဲစခန်းမှူး ဒုရဲမှူးကျော်ခိုင်စိုးမှစစ်ဆေးပြီး သာသနာရေးမှူးနှင့် မြို့နယ်သံဃနာယက ဆရာတော်များမှ လူဝတ်လဲစေပြီး ရဲစခန်းမှ (ပ)၂၀၉/၂၀၁၉ ရာဇသတ်ကြီပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်လျှက်ရှိကြောင်းသတင်းရရှိသည်။

ထို့ပြင်ဘုန်ကြီကျောင်းဝိုင်းတွင် မိသားစုများရှိနေခြင်းဖြင့် မမျှော်မှန်းနိုင်သောပြဿများဖြစ်ပေါ်စေသဖြင့် မိသားများမနေရန်သာသနာရေးမှူးနှင့်အုပ်ချုပ်ရေးပိုင်းများဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းသတင်းရရှိသည်။



ဖိုးသူတော်(www.phothutaw.com)
Credit:ထွန်းလှိုင်(မြိုင်)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top