စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

  “ဒီေန႕ ဆိုင္းဘုတ္ေတြ အဖ်က္ခံရသည့္ ကိစၥက ထင္ထားသလို၊ မိတ္ေဆြေတြ သတိေပးသလိုျဖစ္လာခဲ့တယ္။ႀကိဳတင္သိထားတဲ့အတိုင္း ျဖစ္တာမို႕အထူးအဆန္းလည္းမဟုတ္။ဆိုင္းဘုတ္ဖ်က္ခံရတဲ့အေတြ႕အႀကံဳထက္ပိုၿပီးဆိုးရြားတဲ့ကိစၥေတြႀကံဳဖူးတဲ့အတြက္ဒါဟာအေရးတႀကီးေတာ့ မျဖစ္ပါဘူး။ ဒီေန႕ ဖ်က္ခံရရင္ မနက္ျဖန္ ျပန္တပ္နိုင္ေအာင္လုပ္ဖို႕ အလုပ္တစ္ခုသာ ပိုသြားပါတယ္။

WLC ပြဲ မႏၱေလးမွာ လုပ္ေတာ့မယ္ဆိုတဲ့ကနဦးအခ်ိန္ထဲကလူတစ္စု၏စိန္ေခၚမႈေတြစတင္ခဲ့တာလူတိုင္းအသိပါ။၂၂ရက္ေန႕တစ္ရက္ထဲ WLCနဲ႕အၿပိဳင္အခမဲ့ပြဲလုပ္မယ္ဆိုတာေတြ၊ဘာေတြညာေတြအစုံတင္ၿပီးစိန္ေခၚၾကတာေတြရွိခဲ့ဖူးတယ္။ေနာက္ေတာ့မူးလိုေျပာတာလိုလို၊ ေၾကာက္လို႕ ေျပးသလိုလိုနဲ႕ ေပ်ာက္ကြယ္သြားၾကတာပါပဲ။

အဲ့ဒီေနာက္ WLC ပြဲမွာ ေတာက္တိုမယ္ရ လုပ္ခြင့္ရဖို႕ လူတစ္ေယာက္ ခ်ဥ္းကပ္လာတယ္။

မိတ္ေဆြေတြကအစ((သူ႕ကိုဂြင္တစ္ခုခုခ်ေပးလိုက္ဖို႕တိုက္တြန္းၾကပါတယ္။အဲ့လိုမေပးလို႕ဆိုင္းဘုတ္ေထာင္ရင္ဆိုင္းဘုတ္ကိုတပည့္ငွားၿပီးဖ်က္ခိုင္းတတ္တဲ့အက်င့္ရွိတယ္။အဲ့ဒါေၾကာင့္၅သိန္းဖိုးေလာက္မုန္႕ဖိုးေပးရင္ၿငိမ္သြားပါလိမ့္မယ္။သူမ်ားေတြလဲဒီလိုပဲေငြေပးအလုပ္ေပးၿပီး ျပႆနာမျဖစ္ေအာင္ညိွခဲ့တာေတြရွိတာေၾကာင့္ ကို ေဇ မေပးရင္ ကၽြန္ေတာ္ စိုက္ၿပီး ေပးလိုက္မယ္။))စသည္ျဖင့္ကၽြန္ေတာ့ပြဲကို မထိခိုက္ေစလိုေသာ မိတ္ေဆြေတြက ၀ိုင္း၀န္းအႀကံေပးရင္း ကူညီၾကပါတယ္။

ၿခိမ္းေျခာက္ၿပီးေငြေတာင္းတဲ့ကိစၥမို႕လက္မခံနိုင္ေၾကာင္းေျပာလိုက္ပါတယ္။ကၽြန္ေတာ္ျငင္းလိုက္တဲ့ကိစၥေၾကာင့္ဆိုင္းဘုတ္ဖ်က္ခံရေတာ့မယ္ဆိုတာႀကိဳသိထားၿပီးသားပါ။အဲ့ဒီလူကိုဒီေနရာကေနေျပာခ်င္တာကဆိုင္းဘုတ္ကိုညဘက္မွာခိုးဖ်က္တာေလာက္နဲ႕ေတာမႏၱေလးမွာ လူမိုက္မလုပ္ပါနဲ႕။ ရိုးရာလက္ေ၀ွ႕ေလာက ကလဲျဖစ္တာဆိုေတာ့ ႀကိဳး၀ိုင္းလဲ အဆင္သင့္ရွိတဲ့အခ်ိန္မွာ ကၽြန္ေတာ္လဲ ရွိေနတယ္ဆိုရင္.. ႀကိဳး၀ိုင္းေပၚတက္ စိန္ေခၚလိုက္ပါ။ ႀကိဳး၀ိုင္းေပၚ ကၽြန္ေတာ္ မတက္လာရင္ ကန္ေတာ့ၿပီး ရန္ကုန္ျပန္ပါ့မယ္။ လက္ေ၀ွ႕ထိုးဖူးတယ္ဆိုတဲ့ ခင္ဗ်ားကို စင္ေပၚမွာ တစ္ခ်ီေတာ့ ျပည့္ေအာင္ ရင္ဆိုင္ေပးမယ္။ ေယာက်ၤားေတြလို ရင္ဆိုင္ၾကည့္ပါ လူမိုက္ႀကီးရယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ေဇသီဟ

#Unicode Version# ျဖင့္ဖတ္ပါ ။

“ဒီနေ့ ဆိုင်းဘုတ်တွေ အဖျက်ခံရသည့် ကိစ္စက ထင်ထားသလို၊ မိတ်ဆွေတွေ သတိပေးသလိုဖြစ်လာခဲ့တယ်။ကြိုတင်သိထားတဲ့အတိုင်း ဖြစ်တာမို့အထူးအဆန်းလည်းမဟုတ်။ဆိုင်းဘုတ်ဖျက်ခံရတဲ့အတွေ့အကြုံထက်ပိုပြီးဆိုးရွားတဲ့ကိစ္စတွေကြုံဖူးတဲ့အတွက်ဒါဟာအရေးတကြီးတော့ မဖြစ်ပါဘူး။ ဒီနေ့ ဖျက်ခံရရင် မနက်ဖြန် ပြန်တပ်နိုင်အောင်လုပ်ဖို့ အလုပ်တစ်ခုသာ ပိုသွားပါတယ်။

WLC ပွဲ မန္တလေးမှာ လုပ်တော့မယ်ဆိုတဲ့ကနဦးအချိန်ထဲကလူတစ်စု၏စိန်ခေါ်မှုတွေစတင်ခဲ့တာလူတိုင်းအသိပါ။၂၂ရက်နေ့တစ်ရက်ထဲ WLCနဲ့အပြိုင်အခမဲ့ပွဲလုပ်မယ်ဆိုတာတွေ၊ဘာတွေညာတွေအစုံတင်ပြီးစိန်ခေါ်ကြတာတွေရှိခဲ့ဖူးတယ်။နောက်တော့မူးလိုပြောတာလိုလို၊ ကြောက်လို့ ပြေးသလိုလိုနဲ့ ပျောက်ကွယ်သွားကြတာပါပဲ။

အဲ့ဒီနောက် WLC ပွဲမှာ တောက်တိုမယ်ရ လုပ်ခွင့်ရဖို့ လူတစ်ယောက် ချဉ်းကပ်လာတယ်။

မိတ်ဆွေတွေကအစ((သူ့ကိုဂွင်တစ်ခုခုချပေးလိုက်ဖို့တိုက်တွန်းကြပါတယ်။အဲ့လိုမပေးလို့ဆိုင်းဘုတ်ထောင်ရင်ဆိုင်းဘုတ်ကိုတပည့်ငှားပြီးဖျက်ခိုင်းတတ်တဲ့အကျင့်ရှိတယ်။အဲ့ဒါကြောင့်၅သိန်းဖိုးလောက်မုန့်ဖိုးပေးရင်ငြိမ်သွားပါလိမ့်မယ်။သူများတွေလဲဒီလိုပဲငွေပေးအလုပ်ပေးပြီး ပြဿနာမဖြစ်အောင်ညှိခဲ့တာတွေရှိတာကြောင့် ကို ဇေ မပေးရင် ကျွန်တော် စိုက်ပြီး ပေးလိုက်မယ်။))စသည်ဖြင့်ကျွန်တော့ပွဲကို မထိခိုက်စေလိုသော မိတ်ဆွေတွေက ဝိုင်းဝန်းအကြံပေးရင်း ကူညီကြပါတယ်။

ခြိမ်းခြောက်ပြီးငွေတောင်းတဲ့ကိစ္စမို့လက်မခံနိုင်ကြောင်းပြောလိုက်ပါတယ်။ကျွန်တော်ငြင်းလိုက်တဲ့ကိစ္စကြောင့်ဆိုင်းဘုတ်ဖျက်ခံရတော့မယ်ဆိုတာကြိုသိထားပြီးသားပါ။အဲ့ဒီလူကိုဒီနေရာကနေပြောချင်တာကဆိုင်းဘုတ်ကိုညဘက်မှာခိုးဖျက်တာလောက်နဲ့တောမန္တလေးမှာ လူမိုက်မလုပ်ပါနဲ့။ ရိုးရာလက်ဝှေ့လောက ကလဲဖြစ်တာဆိုတော့ ကြိုးဝိုင်းလဲ အဆင်သင့်ရှိတဲ့အချိန်မှာ ကျွန်တော်လဲ ရှိနေတယ်ဆိုရင်.. ကြိုးဝိုင်းပေါ်တက် စိန်ခေါ်လိုက်ပါ။ ကြိုးဝိုင်းပေါ် ကျွန်တော် မတက်လာရင် ကန်တော့ပြီး ရန်ကုန်ပြန်ပါ့မယ်။ လက်ဝှေ့ထိုးဖူးတယ်ဆိုတဲ့ ခင်ဗျားကို စင်ပေါ်မှာ တစ်ချီတော့ ပြည့်အောင် ရင်ဆိုင်ပေးမယ်။ ယောင်္ကျားတွေလို ရင်ဆိုင်ကြည့်ပါ လူမိုက်ကြီးရယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  ဇေသီဟ

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top