ကမၻာေက်ာ္ ဖက္ရွင္မဂၢဇင္းျဖစ္တဲ့ Vogue နဲ႔ အျခားနာမည္ႀကီး မဂၢဇင္းေပါင္းမ်ာစြာမွာ ကာဗာဓါတ္ပုံေတြ ရိုက္ကူးေပးရင္းနဲ႔ တစ္ႏွစ္လၽွင္ ေဒၚလာသန္းနဲ႔ခ်ီ ဝင္ေငြရရွိခဲ့တဲ့ စူပါေမာ္ဒယ္လ္ေဟာင္း Nastasia Urbano ဟာ အခုဆိုရင္ ေျခသလုံးအိမ္တိုင္ဘဝနဲ႔ ဘာစီလိုနာၿမိဳ႕က လမ္းမေပၚေတြမွာ ေရြ႕ေျပာင္းေနထိုင္ေနရပါတယ္။

အသက္ ၅၇ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ Nastasia Urbano ဟာ သူမအသက္ ၂၀ အရြယ္ ၁၉၈၁ ခုႏွစ္မွာ စြဲေဆာင္မွုအျပည့္ရွိတဲ့ အလွအပေတြေၾကာင့္ ဘာစီလိုနာၿမိဳ႕မွာပဲ Vogue မဂၢဇင္းရဲ့ မ်က္ႏွာဖုံးအတြက္ ဓါတ္ပုံေမာ္ဒယ္အျဖစ္ ရိုက္ကူးေပးဖို႔ ကမ္းလွမ္းခံခဲ့ရပါတယ္။

အဲဒီကေန ေမာ္ဒယ္လ္ဘဝကို စတင္အေျခခ်ခဲ့ၿပီး နယူးေယာ့ခ္ၿမိဳ႕ကို ေျပာင္းေရြ႕ေနထိုင္ခဲ့ကာ နာမည္ႀကီးေမာ္ဒယ္လ္ေအဂ်င္စီျဖစ္တဲ့ “Foard Model Agency” မွာ စူပါေမာ္ဒယ္လ္အျဖစ္ စာခ်ဳပ္နဲ႔ အလုပ္လုပ္ခဲ့ပါတယ္။

အဲဒီအခ်ိန္ကတည္းက သူမ်ားေတြအတြက္ေတာ့ အိမ္မက္ထဲသာ ထည့္မက္နိုင္ေလာက္တဲ့ ခမ္းနားႀကီးက်ယ္တဲ့ဘဝမ်ိဳးကို သူမက အဆင့္တန္းျမင့္ျမင့္ လက္ေတြ႕ေနထိုင္ခဲ့ရတာျဖစ္ပါတယ္။

“နာမည္ႀကီးမဂၢဇင္းအားလုံးအတြက္ ကၽြန္မပုံေတြရိုက္ရတယ္၊ လူေတြကလည္း ကၽြန္မကို အရမ္းခ်စ္ၾကတယ္၊ အားေပးၾကတယ္။ တစ္ႏွစ္လုံးမွာ ရက္ ၂၀ ေလာက္ပဲ အလုပ္လုပ္ရတာ ဒီအတြက္ ဝင္ေငြက ေဒၚလာတစ္သန္း ရွိတယ္၊ အဲဒီရက္ ၂၀ ဆိုတာကလည္း တစ္ရက္မွာ ၂ နာရီ ၃ နာရီေလာက္ပဲ အလုပ္လုပ္ခဲ့ရတာ” လို႔ သူမက ဆိုပါတယ္။

“နံမည္ေက်ာ္ အႏုပညာသမားေတြနဲ႔ ညစာအတူစား ပါတီအတူတြဲသြားနဲ႔ အဲဒီအခ်ိန္တုန္းက ကၽြန္မဘဝဟာ ဘုရင္မႀကီးလိုပါပဲ၊ မက္ေဒါနားနဲ႔ မင္းသား ေရွာင္ပိန္ တို႔ရဲ့မဂၤလာေဆာင္ကိုေတာင္ သြားဖို႔လုပ္ထားၿပီးကာမွ အမူးလြန္သြားတာနဲ႔ မထနိုင္လို႔ မတက္ျဖစ္ခဲ့ဘူး”

ဒီလိုမ်ိဳး လိုေလးေသးမရွိ ေအာင္ျမင္ျပည့္စုံေနတဲ့ ဘဝအေျခအေနကေန ကံၾကမၼာအလွည့္အေျပာင္း ျဖစ္လာတာကေတာ့ သူ႔ခင္ပြန္းျဖစ္လာမယ့္ ေယာက်္ားတစ္ေယာက္နဲ႔ ဆုံဆည္းမွုက စတင္ခဲ့တယ္လို႔ သူမက ေျပာပါတယ္။

သူတို႔ႏွစ္ဦး အိမ္ေထာင္ျပဳၿပီးေနာက္ ကေလး ၄ ေယာက္ ရခဲ့သည္ထိ တစ္ေလၽွာက္လုံး အစစအရာရာ သူမကပဲ မိသားစုအတြက္ ေထာက္ပံ့ျဖည့္ဆည္းေပးခဲ့ရပါတယ္။ ဒါေပမယ့္ ေနာက္ဆုံးမွာေတာ့ ေယာက်္ားျဖစ္သူက သူမကို အဝတ္တစ္ထည္ကိုယ္တစ္ခုပဲ က်န္ေအာင္လုပ္ၿပီး ထားပစ္ခဲ့တယ္လို႔ ဆိုပါတယ္။

“ကၽြန္မ အိမ္ေထာင္ေရး တစ္ခုလုံးမွာ ကေလးေတြနဲ႔ ရွိေနတဲ့အခ်ိန္ကလြဲၿပီး က်န္တာေတြက ေျခာက္ျခားစရာေတြခ်ည္းပါပဲ၊ ကၽြန္မ ပိုက္ဆံေတြကို သုံးျဖဳန္းပစ္တယ္။ ဘယ္ေလာက္ေတာင္ဆိုးလဲဆိုရင္ ကၽြန္မနဲ႔သူနဲ႔စေတြ႕ေတာ့ ခင္ၾကတာ ၂ ရက္ပဲရွိေသးတယ္ BMW ကား ဝယ္ခိုင္းတယ္၊ ကၽြန္မကလည္း အခ်စ္ဆိုတဲ့အရာအေပၚ ေတာ္ေတာ္ ႐ူးႏွမ္းခဲ့တာပါ ခ်က္ခ်င္းပဲ ခ်က္လက္မွတ္ေရးေပးလိုက္တယ္”

Nastasia Urbano ဟာ စိတ္က်ေရာဂါခံစားေနရၿပီး ငွားေနခဲ့တဲ့ အိမ္အေတာ္မ်ားမ်ားမွာ အိမ္လခမေပးနိုင္တာေၾကာင့္ အိမ္ရွင္က ႏွင္ထုတ္တာ အႀကိမ္ႀကိမ္ခံခဲ့ရဖူးတယ္လို႔ ဆိုပါတယ္။ သူမဟာ အခုဆိုရင္ အေပါင္းအသင္းေတြရဲ့ အိမ္ဧည့္ခန္းက ဆိုဖာခုံေတြမွာတစ္လွည့္ ဘဏ္တိုက္ တံခါးဝမွာ တစ္လွည့္စီ ေနထိုင္အိပ္စက္ေနရပါတယ္။

သူမရဲ့ သားသမီးေတြအတြက္ ဂုဏ္မငယ္ရတဲ့ မိခင္တစ္ေယာက္ျဖစ္ခ်င္ၿပီး ဒီလိုအေျခအေနဆိုးကေန လြတ္ေျမာက္ခ်င္တယ္လို႔ ဆိုပါတယ္။

လက္ရွိသူမရဲ့အေျခအေနေတြကို သိလိုက္ရတဲ့ သူတို႔ေခတ္က ေမာ္ဒယ္ျဖစ္သူ Ruth Schuler က “ကၽြန္မ တစ္ကယ္ေရွာ့ခ္ျဖစ္သြားတယ္ အဲဒီေခတ္က ကၽြန္မတို႔က အိမ္ေရွ႕မင္းသမီး အဆင့္ေလာက္ဆိုရင္ သူက နတ္ဘုရားတစ္ပါးအဆင့္ေလာက္ရွိခဲ့တာ။ ကၽြန္မသိရသေလာက္ သူက လူေတြနဲ႔ ေရာေရာေႏွာေႏွာ မေနတတ္ဘူး ဒါေပမယ့္ လူေတြအေပၚေတာ့ အေပးအကမ္း ရက္ေရာတယ္။ ကၽြန္မတို႔ လူေတြစုၿပီး သူနဲ႔အရင္ေတြ႕ၿပီး စကားေျပာၾကည့္မယ္ေလ ဒါမွ သူဘာလိုအပ္လဲ ဘာဝိုင္းလုပ္ေပးရမလဲဆိုတာ သိရမွာ” လို႔ဆိုပါတယ္။

ေနာက္ထပ္ ေမာ္ဒယ္လ္ တစ္ေယာက္ျဖစ္တဲ့ Hernando Herrera က Nastasia Urbano နဲ႔ ပက္သက္ၿပီး “သူ႔အေနနဲ႔ ဖက္ရွင္ေလာကကို အက်ိဳးျပဳနိုင္တာေတြအမ်ားႀကီးပဲ၊ ေမာ္ဒယ္လ္လုပ္တာ တစ္ခုထဲတင္မဟုတ္ဘူး၊ ဖက္ရွင္နဲ႔ ပက္သက္တဲ့ အခမ္းအနားေတြ လွုပ္ရွားမွုေတြမွာ ဖက္ရွင္နဲ႔ဆိုင္တဲ့ အေၾကာင္းအရာေတြ အမ်ားႀကီးကို ေျပာျပနိုင္တယ္၊ သူလုပ္နိုင္တာေတြအမ်ားႀကီးရွိပါတယ္၊ ဓါတ္ပုံဆရာေတြ ေမာ္ဒယ္လ္ေအဂ်င္စီေတြနဲ႔ ဘယ္လို စကားေျပာရမလဲဆိုတာ သူ႔ကို သင္ေပးဖို႔ ကၽြန္မဖက္ကေတာ့ အဆင္သင့္ပဲ၊ ဒါဆိုရင္ သူအလုပ္ ျပန္လုပ္လို႔ ရၿပီေပါ့” လို႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:popolay

# Unicode Version # ျဖင့္ ဖတ္ပါ #

 ကမ္ဘာကျော် ဖက်ရှင်မဂ္ဂဇင်းဖြစ်တဲ့ Vogue နဲ့ အခြားနာမည်ကြီး မဂ္ဂဇင်းပေါင်းမျာစွာမှာ ကာဗာဓါတ်ပုံတွေ ရိုက်ကူးပေးရင်းနဲ့ တစ်နှစ်လျှင် ဒေါ်လာသန်းနဲ့ချီ ဝင်ငွေရရှိခဲ့တဲ့ စူပါမော်ဒယ်လ်ဟောင်း Nastasia Urbano ဟာ အခုဆိုရင် ခြေသလုံးအိမ်တိုင်ဘဝနဲ့ ဘာစီလိုနာမြို့က လမ်းမပေါ်တွေမှာ ရွေ့ပြောင်းနေထိုင်နေရပါတယ်။

အသက် ၅၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Nastasia Urbano ဟာ သူမအသက် ၂၀ အရွယ် ၁၉၈၁ ခုနှစ်မှာ စွဲဆောင်မှုအပြည့်ရှိတဲ့ အလှအပတွေကြောင့် ဘာစီလိုနာမြို့မှာပဲ Vogue မဂ္ဂဇင်းရဲ့ မျက်နှာဖုံးအတွက် ဓါတ်ပုံမော်ဒယ်အဖြစ် ရိုက်ကူးပေးဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။

အဲဒီကနေ မော်ဒယ်လ်ဘဝကို စတင်အခြေချခဲ့ပြီး နယူးယော့ခ်မြို့ကို ပြောင်းရွေ့နေထိုင်ခဲ့ကာ နာမည်ကြီးမော်ဒယ်လ်အေဂျင်စီဖြစ်တဲ့ “Foard Model Agency” မှာ စူပါမော်ဒယ်လ်အဖြစ် စာချုပ်နဲ့ အလုပ်လုပ်ခဲ့ပါတယ်။

အဲဒီအချိန်ကတည်းက သူများတွေအတွက်တော့ အိမ်မက်ထဲသာ ထည့်မက်နိုင်လောက်တဲ့ ခမ်းနားကြီးကျယ်တဲ့ဘဝမျိုးကို သူမက အဆင့်တန်းမြင့်မြင့် လက်တွေ့နေထိုင်ခဲ့ရတာဖြစ်ပါတယ်။

“နာမည်ကြီးမဂ္ဂဇင်းအားလုံးအတွက် ကျွန်မပုံတွေရိုက်ရတယ်၊ လူတွေကလည်း ကျွန်မကို အရမ်းချစ်ကြတယ်၊ အားပေးကြတယ်။ တစ်နှစ်လုံးမှာ ရက် ၂၀ လောက်ပဲ အလုပ်လုပ်ရတာ ဒီအတွက် ဝင်ငွေက ဒေါ်လာတစ်သန်း ရှိတယ်၊ အဲဒီရက် ၂၀ ဆိုတာကလည်း တစ်ရက်မှာ ၂ နာရီ ၃ နာရီလောက်ပဲ အလုပ်လုပ်ခဲ့ရတာ” လို့ သူမက ဆိုပါတယ်။

“နံမည်ကျော် အနုပညာသမားတွေနဲ့ ညစာအတူစား ပါတီအတူတွဲသွားနဲ့ အဲဒီအချိန်တုန်းက ကျွန်မဘဝဟာ ဘုရင်မကြီးလိုပါပဲ၊ မက်ဒေါနားနဲ့ မင်းသား ရှောင်ပိန် တို့ရဲ့မင်္ဂလာဆောင်ကိုတောင် သွားဖို့လုပ်ထားပြီးကာမှ အမူးလွန်သွားတာနဲ့ မထနိုင်လို့ မတက်ဖြစ်ခဲ့ဘူး”

ဒီလိုမျိုး လိုလေးသေးမရှိ အောင်မြင်ပြည့်စုံနေတဲ့ ဘဝအခြေအနေကနေ ကံကြမ္မာအလှည့်အပြောင်း ဖြစ်လာတာကတော့ သူ့ခင်ပွန်းဖြစ်လာမယ့် ယောကျ်ားတစ်ယောက်နဲ့ ဆုံဆည်းမှုက စတင်ခဲ့တယ်လို့ သူမက ပြောပါတယ်။

သူတို့နှစ်ဦး အိမ်ထောင်ပြုပြီးနောက် ကလေး ၄ ယောက် ရခဲ့သည်ထိ တစ်လျှောက်လုံး အစစအရာရာ သူမကပဲ မိသားစုအတွက် ထောက်ပံ့ဖြည့်ဆည်းပေးခဲ့ရပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ယောကျ်ားဖြစ်သူက သူမကို အဝတ်တစ်ထည်ကိုယ်တစ်ခုပဲ ကျန်အောင်လုပ်ပြီး ထားပစ်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်မ အိမ်ထောင်ရေး တစ်ခုလုံးမှာ ကလေးတွေနဲ့ ရှိနေတဲ့အချိန်ကလွဲပြီး ကျန်တာတွေက ခြောက်ခြားစရာတွေချည်းပါပဲ၊ ကျွန်မ ပိုက်ဆံတွေကို သုံးဖြုန်းပစ်တယ်။ ဘယ်လောက်တောင်ဆိုးလဲဆိုရင် ကျွန်မနဲ့သူနဲ့စတွေ့တော့ ခင်ကြတာ ၂ ရက်ပဲရှိသေးတယ် BMW ကား ဝယ်ခိုင်းတယ်၊ ကျွန်မကလည်း အချစ်ဆိုတဲ့အရာအပေါ် တော်တော် ရူးနှမ်းခဲ့တာပါ ချက်ချင်းပဲ ချက်လက်မှတ်ရေးပေးလိုက်တယ်”

Nastasia Urbano ဟာ စိတ်ကျရောဂါခံစားနေရပြီး ငှားနေခဲ့တဲ့ အိမ်အတော်များများမှာ အိမ်လခမပေးနိုင်တာကြောင့် အိမ်ရှင်က နှင်ထုတ်တာ အကြိမ်ကြိမ်ခံခဲ့ရဖူးတယ်လို့ ဆိုပါတယ်။ သူမဟာ အခုဆိုရင် အပေါင်းအသင်းတွေရဲ့ အိမ်ဧည့်ခန်းက ဆိုဖာခုံတွေမှာတစ်လှည့် ဘဏ်တိုက် တံခါးဝမှာ တစ်လှည့်စီ နေထိုင်အိပ်စက်နေရပါတယ်။

သူမရဲ့ သားသမီးတွေအတွက် ဂုဏ်မငယ်ရတဲ့ မိခင်တစ်ယောက်ဖြစ်ချင်ပြီး ဒီလိုအခြေအနေဆိုးကနေ လွတ်မြောက်ချင်တယ်လို့ ဆိုပါတယ်။

လက်ရှိသူမရဲ့အခြေအနေတွေကို သိလိုက်ရတဲ့ သူတို့ခေတ်က မော်ဒယ်ဖြစ်သူ Ruth Schuler က “ကျွန်မ တစ်ကယ်ရှော့ခ်ဖြစ်သွားတယ် အဲဒီခေတ်က ကျွန်မတို့က အိမ်ရှေ့မင်းသမီး အဆင့်လောက်ဆိုရင် သူက နတ်ဘုရားတစ်ပါးအဆင့်လောက်ရှိခဲ့တာ။ ကျွန်မသိရသလောက် သူက လူတွေနဲ့ ရောရောနှောနှော မနေတတ်ဘူး ဒါပေမယ့် လူတွေအပေါ်တော့ အပေးအကမ်း ရက်ရောတယ်။ ကျွန်မတို့ လူတွေစုပြီး သူနဲ့အရင်တွေ့ပြီး စကားပြောကြည့်မယ်လေ ဒါမှ သူဘာလိုအပ်လဲ ဘာဝိုင်းလုပ်ပေးရမလဲဆိုတာ သိရမှာ” လို့ဆိုပါတယ်။

နောက်ထပ် မော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ Hernando Herrera က Nastasia Urbano နဲ့ ပက်သက်ပြီး “သူ့အနေနဲ့ ဖက်ရှင်လောကကို အကျိုးပြုနိုင်တာတွေအများကြီးပဲ၊ မော်ဒယ်လ်လုပ်တာ တစ်ခုထဲတင်မဟုတ်ဘူး၊ ဖက်ရှင်နဲ့ ပက်သက်တဲ့ အခမ်းအနားတွေ လှုပ်ရှားမှုတွေမှာ ဖက်ရှင်နဲ့ဆိုင်တဲ့ အကြောင်းအရာတွေ အများကြီးကို ပြောပြနိုင်တယ်၊ သူလုပ်နိုင်တာတွေအများကြီးရှိပါတယ်၊ ဓါတ်ပုံဆရာတွေ မော်ဒယ်လ်အေဂျင်စီတွေနဲ့ ဘယ်လို စကားပြောရမလဲဆိုတာ သူ့ကို သင်ပေးဖို့ ကျွန်မဖက်ကတော့ အဆင်သင့်ပဲ၊ ဒါဆိုရင် သူအလုပ် ပြန်လုပ်လို့ ရပြီပေါ့” လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:popolay


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top