ပရိသတ္အခ်စ္ေတာ္ ပက္ထရစ္ရွာကေတာ့ လက္တေလာ ပရိသတ္ေတြၾကားမွာ ညို႔အားျပင္းတဲ့ မင္းသမီး ေခ်ာေလး အျဖစ္နဲ႕ အရမ္းကို ေရပန္းစားေနပါတယ္။သို႔ေပမယ့္ တစ္ခ်ိဳ႕ေသာပရိသတ္ေတြၾကားမွာေတာ့ သူမ ရဲ႕ႏွလုံးသားေရးရာ ကိစၥေတြနဲ႕ ပတ္သတ္ၿပီး ေဝဖန္မႈတစ္ခ်ိဳ႕လည္း ထြက္ေပၚခဲ့ပါတယ္။ လက္႐ွိအခ်ိန္မွာေတာ့ ပက္ထရစ္႐ွာက အႏုပညာေလာကထဲ အေၾကာင္းအရာေတြ ပရိသတ္သိေအာင္ ထုတ္ေဖာ္ေျပာလာခဲ့ပါတယ္။ ဒီအေၾကာင္းအရာေတြထဲမွာ ပက္ထရစ္႐ွာ က ဆရာလုိ႔ ထင္ခဲ့ေပမယ့္လည္း ယုတ္မာတဲ့စိတ္နဲ႔ အကဲစမ္းတာကုိလည္း ခံခဲ့ရဖူးတယ္လုိ႔ ဝမ္းနည္းမ်က္ရည္မ်ားစြာနဲ႔ cele 7အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့ပါတယ္။

ပက္ထရစ္႐ွာက” ႐ုပ္႐ွင္႐ုိက္တဲ့ ဘက္နဲ႔ ပြဲတုိ႔ ေၾကာ္ျငာတုိ႔ ဘက္နဲ႔က မတူဘူးျဖစ္ေနတာ ကား႐ုိက္ဘက္ကက်ေတာ့ ႐ွာ႐ွာ ဆက္တုိက္ကုိ ႐ုိက္ျဖစ္ေနတယ္ ႐ုပ္႐ွင္လုိင္းထဲမွာပဲ ခ်ာလည္ပတ္လည္ျဖစ္ေနတာ အဲ့လုိေပါ့ေနာ္ ဒီဘက္႐ႈိးေလ်ွာက္တဲ့ဘက္တုိ႔ ေၾကာ္ျငာဘက္တုိ႔ ပြဲတက္တဲ့ ဘက္တုိ႔က ႐ွာ႐ွာလည္း မသိဘူးေပါ့ေနာ္ လုပ္ငန္း႐ွင္တစ္ေယာက္က ေျပာျပလုိ႔ သိတာေပါ့ေနာ္ ႐ွာ႐ွာတဲ့ေအဂ်င္စီတစ္ခုက ေျပာတယ္ေပါ့ေနာ္ ႐ွာ႐ွာနဲ႔ ႐ုိက္ခ်င္လုိ႔ဆုိၿပီးေတာ့ ႐ႈိးပြဲအတြက္လား မသိဘူး အဲ့တုန္းက ႐ွာ႐ွာကုိ ေခၚခ်င္လုိ႔ ႐ႈိးပြဲမွာေလွ်ာက္ဖုိ႔ အလုပ္ကမ္းလွမ္းတာတဲ့ ၾကားထဲက တစ္ဆင့္ ကမ္းလွမ္းလုိက္ေတာ့ ႐ွာ႐ွာကတဲ့ အႏုပညာအလုပ္မလုပ္ေတာ့ဘူးတဲ့ အျပင္စီးပြားေရးကုိပဲ လုပ္ေနတယ္လုိ႔ အဲ့လုိမ်ိဳး နာမည္ေတြ လုိက္ဖ်က္ေနတယ္ေပါ့ေနာ္ သတင္းအမွားေတြ ဒါေတာင္ ႐ွာ႐ွာမသိဘူး ေတာ္ေတာ္ၾကာၿပီ ျဖစ္မယ္။

ဒါလုပ္ငန္း႐ွင္တစ္ေယာက္က ေျပာျပလုိ႔ သိရတာေပါ့ေနာ္ အဲ့ေတာ့ ဒီကေန႐ွာ႐ွာ လုပ္႐ွင္ေတြအားလုံးကုိ ေျပာခ်င္တာက ေၾကာ္ျငာေတြေရာ ပြဲတက္ေတြေရာ အားလုံး အားလုံးေပါ့ ႐ွာ႐ွာကုိ ကမ္းလွမ္းခ်င္တယ္ဆုိရင္ ႐ွာ႐ွာ အေမဖုန္း႐ွိပါတယ္ အဲ့ဒီကုိပဲ တုိက္႐ုိက္ဆက္သြယ္လုိ႔ရပါတယ္။ ဘယ္ေအဂ်င္စီကမွ တစ္ဆင့္ မဆက္သြယ္ေစခ်င္ပါဘူး အခုလုိမ်ိဳးေပါ့ မဟုတ္က ဟုတ္ပ သတင္းေတြ ေလ်ွာက္ျဖန္႔လုိက္တဲ့အခါ ရွာရွာအေနနဲ့ ရရမဲ့အလုပ္ေတြမရဘဲ နစ္နာရပါတယ္။ အဲ့ေတာ့ ႐ွာ႐ွာသည္ freelenceတစ္ေယာက္ျဖစ္တယ္ အဲ့တာေၾကာင့္မုိ႔လုိ႔ ႐ွာ႐ွာဆီကုိပဲ တုိက္႐ုိက္ဆက္သြယ္ပါလုိ႔ ႐ွာ႐ွာ ေျပာခ်င္ပါတယ္။”ေျပာသြားခဲ့ပါတယ္။

ဆက္လက္ၿပီးေတာ့ ပက္ထရစ္႐ွာက”တခါတေလက်ရင္ ဒီေလာကက ခက္တယ္သိလား ဒါက ပရိသတ္ေတြသိေအာင္ ႐ွာ႐ွာေျပာျပတာပါ သူတုိ႔လုပ္ခ်င္တုိင္းလုပ္လုိ႔မရဘူး သူတုိ႔စကားနဲ႔ မၿပီးဘူး သူတုိ႔ျဖစ္ေစခ်င္တဲ့အတုိင္း မျဖစ္ဘူးေပါ့ေနာ္ သူတုိ႔လုပ္ခ်င္တုိင္း လုပ္လုိ႔မရရင္ အရမ္း နာမည္ဖ်က္ၾကတယ္။ သူမ်ားအလုပ္ကုိ လုိက္ပိတ္ပင္တဲ့သူေတြအမ်ားႀကီးပဲ။ အရမ္းလည္း ယုတ္မာၾကတယ္ အဲ့လုိမ်ိဳးေတြကုိ ႐ွာ႐ွာ ေတာ္ေတာ္ေလးခံေနရတယ္။ သူတုိ႔လုပ္ခ်င္တုိင္းလုပ္လုိ႔မရဘူးဆုိရင္ ဒါဒီေလာက အႀကီးေတြထဲမွာပဲ လုံးဝအဲ့ဒီလူကုိ ခ်ိဳးႏွိမ္လုိက္ေရာ သိတယ္မလား လုံးဝကုိ တြန္းခ်လုိက္တာ။ ႐ွာ႐ွာ ေျပာျပခ်င္တာ ဒီေလာကထဲမွာ ႐ွာ႐ွာကုိ ဆြဲတင္သလုိလုိနဲ႔ တကယ္ဆရာေကာင္းလုိလုိနဲ႔ ေနာက္ဆုံးက်ေတာ့ ကုိယ့္ကုိ သူတုိ႔ လုပ္ခ်င္တာ လုပ္လုိ႔မရေတာ့လုိ႔ ျပန္တြန္းခ်လုိက္တဲ့ လူေတြလည္း ႐ွိတယ္ေပါ့ေနာ္ အဲ့တာ႐ွာပရိသတ္ေတြကုိ ေျပာျပတာပါ။

႐ွိပါတယ္ အရမ္းခံျပင္းပါတယ္ ကုိယ္ၾကဳိးစား႐ုံနဲ႔ မရဘူးကြာ ကုိယ့္ကုိ ဒီအႀကီးႀကီးေတြကုိက တုိက္ထုတ္ေနတာ လုိက္ယုတ္မာေနတဲ့အခါက်ေတာ့ ႐ွာ႐ွာဘက္ကေတာ့ ပရိသတ္ေတြ႐ွိေနသေရြ႕႐ွာ႐ွာ ၾကဳိးစားေနတယ္ ကုိယ့္အစြမ္းအစနဲ႔ကုိယ္ ၾကဳိးစားေနတယ္ ဒါေပမဲ့ ဒီဘက္က ၾကဳိးစားေနတာက ဟုိဘက္က ႏွိပ္ကြပ္လုိက္တဲ့ အုပ္စုကလည္း အရမ္းေတာင့္ေနတယ္ အဲ့ေတာ့ သူတုိ႔လုပ္ခ်င္တုိင္း လုပ္လုိ႔မရလုိ႔ ပထမေတာ့ ကုိယ့္ကုိ ဆရာလုိလုိဘာလုိလုိနဲ႔တင္တယ္ ေနာက္ပုိင္းက်ေတာ့ ကုိယ့္ကုိကြာ ရမလားလုိ႔ အကဲစမ္းတယ္ ယုတ္မာခ်င္တာမ်ိဳးေတြေပါ့ေနာ္ ေအာ္ ကုိယ္လည္းေတြးလုိက္တယ္ ဒီယုန္ျမင္လုိ႔ ဒီခ်ဳံထြင္တာပဲေပါ့ေနာ္ ကုိယ္ကေတာ့ ဆရာေကာင္းတစ္ေယာက္လုိ႔ ထင္ခဲ့ေပမယ့္ ကုိယ့္ကုိ ဒီယုန္ျမင္လုိ႔ ဒီခ်ဳံထြင္ခဲ့တဲ့ ဟာမ်ိဳးေတြ ၾကဳံခဲ့ရတယ္။ သူတုိ႔လုပ္ခ်င္တုိင္းလုပ္လုိ႔မရတဲ့အခါမ်ိဳးဆုိေတာ့ လုံးဝကုိ ကန္ခ်ပစ္တာ ေနာက္ဆုံး ႐ွာ႐ွာကုိ ေခၚ႐ုိက္မယ့္သူ႐ွိေနရင္ေတာင္မွ ႐ွာ႐ွာနဲ႔ဆုိလုံးဝမ႐ုိက္ဘူး အဲ့လုိမ်ိဳးေတြ လုပ္တာေပါ့ေနာ္ ရန္သူလည္း မဟုတ္ဘူး ႐ွာ႐ွာလည္း သူတုိ႔ေျပာစကားနားေထာင္ခဲ့တယ္ ဒါေပမဲ့ သူတုိ႔လုပ္ခ်င္တာ လုပ္လုိ႔မရတဲ့ အခါက်ေတာ့ အဲ့လုိမ်ိဳး ကန္ခ်တာမ်ိဳးေတြ ႐ွိပါတယ္ ဒါအျပင္ပရိသတ္ေတြသိေအာင္ ႐ွာ႐ွာေျပာျပတာပါ။

႐ွာ႐ွာတုိ႔ေလာကထဲမွာ ဒါမ်ိဳးေတြ အမ်ားႀကီး႐ွိတယ္ေပါ့ေနာ္ ဒါေပမဲ့ ႐ွာ႐ွာကေတာ့ ကုိယ့္ဘာသာကုိတစ္ေယာက္ထဲပဲ ၾကဳိးစားေနပါတယ္။ ေနာက္ဆုံး ဘယ္လုိေတြးလုိက္လဲဆုိရင္ ဒီအလုပ္ကုိ ႐ွာ႐ွာ ဝါသနာပါလုိ႔ လုပ္တာပရိသတ္ကလည္း ႐ွိသြားၿပီဆုိေတာ့ ႐ွာ႐ွာဘက္က ဆက္ၾကဳိးစားၿပီး ေအာင္ျမင္ေအာင္လုပ္ဖုိ႔ပဲ ႐ွိတယ္။ ပထမေတာ့ စိတ္ညစ္သြားတာေပါ့ေနာ္ ေအာ္လုိ႔ သူတုိ႔ေခၚမွ ႐ုိက္ရမယ့္ ပုံစံမ်ိဳးလားေပါ့ သူတုိ႔ ယုတ္မာရင္ကုိယ္က လုံးဝမ႐ုိက္ရေတာ့ဘဲ ကုိယ့္ဘဝကုိေတာ့ သူတုိ႔ဆီမွာ မေပးဘူးေပါ့ ကုိယ္ေျပာခ်င္တာက မ႐ုိက္ရရင္လည္း မ႐ုိက္ေတာ့ဘူးကြာလုိ႔ အဲ့ေလာက္အထိေတာင္ ေတြးမိတယ္။”လုိ႔ ဝမ္းနည္းစြာနဲ႔ ေျပာခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia

# Unicode Version # ျဖင့္ ဖတ္ပါ #

ပရိသတ်အချစ်တော် ပက်ထရစ်ရှာကတော့ လက်တလော ပရိသတ်တွေကြားမှာ ညို့အားပြင်းတဲ့ မင်းသမီး ချောလေး အဖြစ်နဲ့ အရမ်းကို ရေပန်းစားနေပါတယ်။သို့ပေမယ့် တစ်ချို့သောပရိသတ်တွေကြားမှာတော့ သူမ ရဲ့နှလုံးသားရေးရာ ကိစ္စတွေနဲ့ ပတ်သတ်ပြီး ဝေဖန်မှုတစ်ချို့လည်း ထွက်ပေါ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ပက်ထရစ်ရှာက အနုပညာလောကထဲ အကြောင်းအရာတွေ ပရိသတ်သိအောင် ထုတ်ဖော်ပြောလာခဲ့ပါတယ်။ ဒီအကြောင်းအရာတွေထဲမှာ ပက်ထရစ်ရှာ က ဆရာလို့ ထင်ခဲ့ပေမယ့်လည်း ယုတ်မာတဲ့စိတ်နဲ့ အကဲစမ်းတာကိုလည်း ခံခဲ့ရဖူးတယ်လို့ ဝမ်းနည်းမျက်ရည်များစွာနဲ့ cele 7အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။

ပက်ထရစ်ရှာက” ရုပ်ရှင်ရိုက်တဲ့ ဘက်နဲ့ ပွဲတို့ ကြော်ငြာတို့ ဘက်နဲ့က မတူဘူးဖြစ်နေတာ ကားရိုက်ဘက်ကကျတော့ ရှာရှာ ဆက်တိုက်ကို ရိုက်ဖြစ်နေတယ် ရုပ်ရှင်လိုင်းထဲမှာပဲ ချာလည်ပတ်လည်ဖြစ်နေတာ အဲ့လိုပေါ့နော် ဒီဘက်ရှိုးလျှောက်တဲ့ဘက်တို့ ကြော်ငြာဘက်တို့ ပွဲတက်တဲ့ ဘက်တို့က ရှာရှာလည်း မသိဘူးပေါ့နော် လုပ်ငန်းရှင်တစ်ယောက်က ပြောပြလို့ သိတာပေါ့နော် ရှာရှာတဲ့အေဂျင်စီတစ်ခုက ပြောတယ်ပေါ့နော် ရှာရှာနဲ့ ရိုက်ချင်လို့ဆိုပြီးတော့ ရှိုးပွဲအတွက်လား မသိဘူး အဲ့တုန်းက ရှာရှာကို ခေါ်ချင်လို့ ရှိုးပွဲမှာလျှောက်ဖို့ အလုပ်ကမ်းလှမ်းတာတဲ့ ကြားထဲက တစ်ဆင့် ကမ်းလှမ်းလိုက်တော့ ရှာရှာကတဲ့ အနုပညာအလုပ်မလုပ်တော့ဘူးတဲ့ အပြင်စီးပွားရေးကိုပဲ လုပ်နေတယ်လို့ အဲ့လိုမျိုး နာမည်တွေ လိုက်ဖျက်နေတယ်ပေါ့နော် သတင်းအမှားတွေ ဒါတောင် ရှာရှာမသိဘူး တော်တော်ကြာပြီ ဖြစ်မယ်။

ဒါလုပ်ငန်းရှင်တစ်ယောက်က ပြောပြလို့ သိရတာပေါ့နော် အဲ့တော့ ဒီကနေရှာရှာ လုပ်ရှင်တွေအားလုံးကို ပြောချင်တာက ကြော်ငြာတွေရော ပွဲတက်တွေရော အားလုံး အားလုံးပေါ့ ရှာရှာကို ကမ်းလှမ်းချင်တယ်ဆိုရင် ရှာရှာ အမေဖုန်းရှိပါတယ် အဲ့ဒီကိုပဲ တိုက်ရိုက်ဆက်သွယ်လို့ရပါတယ်။ ဘယ်အေဂျင်စီကမှ တစ်ဆင့် မဆက်သွယ်စေချင်ပါဘူး အခုလိုမျိုးပေါ့ မဟုတ်က ဟုတ်ပ သတင်းတွေ လျှောက်ဖြန့်လိုက်တဲ့အခါ ရှာရှာအနေနဲ့ ရရမဲ့အလုပ်တွေမရဘဲ နစ်နာရပါတယ်။ အဲ့တော့ ရှာရှာသည် freelenceတစ်ယောက်ဖြစ်တယ် အဲ့တာကြောင့်မို့လို့ ရှာရှာဆီကိုပဲ တိုက်ရိုက်ဆက်သွယ်ပါလို့ ရှာရှာ ပြောချင်ပါတယ်။”ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီးတော့ ပက်ထရစ်ရှာက”တခါတလေကျရင် ဒီလောကက ခက်တယ်သိလား ဒါက ပရိသတ်တွေသိအောင် ရှာရှာပြောပြတာပါ သူတို့လုပ်ချင်တိုင်းလုပ်လို့မရဘူး သူတို့စကားနဲ့ မပြီးဘူး သူတို့ဖြစ်စေချင်တဲ့အတိုင်း မဖြစ်ဘူးပေါ့နော် သူတို့လုပ်ချင်တိုင်း လုပ်လို့မရရင် အရမ်း နာမည်ဖျက်ကြတယ်။ သူများအလုပ်ကို လိုက်ပိတ်ပင်တဲ့သူတွေအများကြီးပဲ။ အရမ်းလည်း ယုတ်မာကြတယ် အဲ့လိုမျိုးတွေကို ရှာရှာ တော်တော်လေးခံနေရတယ်။ သူတို့လုပ်ချင်တိုင်းလုပ်လို့မရဘူးဆိုရင် ဒါဒီလောက အကြီးတွေထဲမှာပဲ လုံးဝအဲ့ဒီလူကို ချိုးနှိမ်လိုက်ရော သိတယ်မလား လုံးဝကို တွန်းချလိုက်တာ။ ရှာရှာ ပြောပြချင်တာ ဒီလောကထဲမှာ ရှာရှာကို ဆွဲတင်သလိုလိုနဲ့ တကယ်ဆရာကောင်းလိုလိုနဲ့ နောက်ဆုံးကျတော့ ကိုယ့်ကို သူတို့ လုပ်ချင်တာ လုပ်လို့မရတော့လို့ ပြန်တွန်းချလိုက်တဲ့ လူတွေလည်း ရှိတယ်ပေါ့နော် အဲ့တာရှာပရိသတ်တွေကို ပြောပြတာပါ။

ရှိပါတယ် အရမ်းခံပြင်းပါတယ် ကိုယ်ကြိုးစားရုံနဲ့ မရဘူးကွာ ကိုယ့်ကို ဒီအကြီးကြီးတွေကိုက တိုက်ထုတ်နေတာ လိုက်ယုတ်မာနေတဲ့အခါကျတော့ ရှာရှာဘက်ကတော့ ပရိသတ်တွေရှိနေသရွေ့ရှာရှာ ကြိုးစားနေတယ် ကိုယ့်အစွမ်းအစနဲ့ကိုယ် ကြိုးစားနေတယ် ဒါပေမဲ့ ဒီဘက်က ကြိုးစားနေတာက ဟိုဘက်က နှိပ်ကွပ်လိုက်တဲ့ အုပ်စုကလည်း အရမ်းတောင့်နေတယ် အဲ့တော့ သူတို့လုပ်ချင်တိုင်း လုပ်လို့မရလို့ ပထမတော့ ကိုယ့်ကို ဆရာလိုလိုဘာလိုလိုနဲ့တင်တယ် နောက်ပိုင်းကျတော့ ကိုယ့်ကိုကွာ ရမလားလို့ အကဲစမ်းတယ် ယုတ်မာချင်တာမျိုးတွေပေါ့နော် အော် ကိုယ်လည်းတွေးလိုက်တယ် ဒီယုန်မြင်လို့ ဒီချုံထွင်တာပဲပေါ့နော် ကိုယ်ကတော့ ဆရာကောင်းတစ်ယောက်လို့ ထင်ခဲ့ပေမယ့် ကိုယ့်ကို ဒီယုန်မြင်လို့ ဒီချုံထွင်ခဲ့တဲ့ ဟာမျိုးတွေ ကြုံခဲ့ရတယ်။ သူတို့လုပ်ချင်တိုင်းလုပ်လို့မရတဲ့အခါမျိုးဆိုတော့ လုံးဝကို ကန်ချပစ်တာ နောက်ဆုံး ရှာရှာကို ခေါ်ရိုက်မယ့်သူရှိနေရင်တောင်မှ ရှာရှာနဲ့ဆိုလုံးဝမရိုက်ဘူး အဲ့လိုမျိုးတွေ လုပ်တာပေါ့နော် ရန်သူလည်း မဟုတ်ဘူး ရှာရှာလည်း သူတို့ပြောစကားနားထောင်ခဲ့တယ် ဒါပေမဲ့ သူတို့လုပ်ချင်တာ လုပ်လို့မရတဲ့ အခါကျတော့ အဲ့လိုမျိုး ကန်ချတာမျိုးတွေ ရှိပါတယ် ဒါအပြင်ပရိသတ်တွေသိအောင် ရှာရှာပြောပြတာပါ။

ရှာရှာတို့လောကထဲမှာ ဒါမျိုးတွေ အများကြီးရှိတယ်ပေါ့နော် ဒါပေမဲ့ ရှာရှာကတော့ ကိုယ့်ဘာသာကိုတစ်ယောက်ထဲပဲ ကြိုးစားနေပါတယ်။ နောက်ဆုံး ဘယ်လိုတွေးလိုက်လဲဆိုရင် ဒီအလုပ်ကို ရှာရှာ ဝါသနာပါလို့ လုပ်တာပရိသတ်ကလည်း ရှိသွားပြီဆိုတော့ ရှာရှာဘက်က ဆက်ကြိုးစားပြီး အောင်မြင်အောင်လုပ်ဖို့ပဲ ရှိတယ်။ ပထမတော့ စိတ်ညစ်သွားတာပေါ့နော် အော်လို့ သူတို့ခေါ်မှ ရိုက်ရမယ့် ပုံစံမျိုးလားပေါ့ သူတို့ ယုတ်မာရင်ကိုယ်က လုံးဝမရိုက်ရတော့ဘဲ ကိုယ့်ဘဝကိုတော့ သူတို့ဆီမှာ မပေးဘူးပေါ့ ကိုယ်ပြောချင်တာက မရိုက်ရရင်လည်း မရိုက်တော့ဘူးကွာလို့ အဲ့လောက်အထိတောင် တွေးမိတယ်။”လို့ ဝမ်းနည်းစွာနဲ့ ပြောခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top