ကိုရီးယားနိုင္ငံက အသက္ ၂၀ အရြယ္ မိန္းကေလးတစ္ဦးဟာ အလွအပနဲ႔ ပက္သက္လာရင္
သူ႔ကိုယ္သူအျမဲစိတ္တိုင္းမက် ျဖစ္ေနတတ္တဲ့ သူျဖစ္ပါတယ္။ သူ မလွမပ ျဖစ္မွာ
အရမ္းစိုးရိမ္စိတ္ လြန္ကဲေနတဲ့အတြက္ မ်က္ႏွာေပၚက မိတ္ကပ္ေတြကိုမဖ်က္ပဲ
ေနထိုင္လာတာ ၂ ႏွစ္ေက်ာ္ၾကာခဲ့ပါတယ္။
ေနာက္ဆုံးမွာေတာ့
ဒီလိုထူးဆန္းတဲ့သူေတြကို ရွာေဖြၿပီးတင္ဆက္တဲ့ ကိုရီးယား႐ုပ္သံအစီစဥ္က
သူမကို မိတ္ကပ္ဖ်က္မယ္ဆိုရင္ ပိုက္ဆံေပးမယ္ဆိုၿပီး ညႇိၾကတဲ့အခါ
မက္ေမာေလာက္တဲ့ ပမာဏရခဲ့တာေၾကာင့္ မိတ္ကပ္ဖ်က္ဖို႔နဲ႔ အစီစဥ္မွာ ပါဝင္ဖို႔
သေဘာတူခဲ့ပါတယ္။
သူမရဲ့ ပင္ကိုယ္႐ုပ္ရည္အေပၚ နဲနဲမွ
ဘဝင္မက်ခဲ့တာေၾကာင့္ မ်က္ႏွာကို ျပင္ဆင္ခ်ယ္သဖို႔
အလယ္တန္းေက်ာင္းသူဘဝေလာက္ကစၿပီး မိတ္ကပ္ပညာကို သင္ယူခဲ့ပါတယ္။
မိပ္ကပ္လိမ္းတတ္ၿပီးတဲ့ေနာက္မွာ ကိုယ္ဟာကိုယ္မိတ္ကပ္ အထူႀကီးလိမ္းၿပီး
မ်က္ႏွာေပၚက အားနည္းခ်က္ေတြကို မိတ္ကပ္အစြမ္းနဲ႔ ေဖ်ာက္နိုင္ခဲ့ပါတယ္။
မိတ္ကပ္လိမ္းၿပီးေနာက္ပိုင္း သူမဟာ ၿပီးျပည့္စုံတဲ့
အလွပိုင္ရွင္ေလးလည္းျဖစ္လာပါတယ္။
ဒီအလွေတြကို
မပ်က္ဆီးေစခ်င္တာေၾကာင့္ သူမဟာ မိတ္ကပ္ေတြကို မဖ်က္ေတာ့ပဲ
ညအိပ္ရာဝင္ရင္ေတာင္ ဒီအတိုင္း မဖ်က္ပဲအိပ္လိုက္ပါတယ္။ ဒီလိုနဲ႔ လုံးဝ
မိပ္ကပ္မဖ်က္ပဲေနလာတာ ၂ ႏွစ္ေက်ာ္လာခဲ့ပါတယ္။ အိမ္သားေတြက မိတ္ကပ္ဖ်က္ဖို႔
တိုက္တြန္းေပးမယ့္ လုံးဝနားမေထာင္ပါဘူး။
မနက္မိုးလင္းတိုင္း
အနည္းငယ္ပ်က္သြားတဲ့ေနရာေတြကို မိတ္ကပ္ထပ္ဖို႔ပါတယ္။ မ်က္လုံးအလွခ်ယ္ပါတယ္။
ဒါေတာင္မွ သူမရဲ့ ခႏၶာကိုယ္ေပၚမွာ ခြဲစိတ္ျပဳျပင္ရမယ့္ အားနည္းခ်က္ ၁၀ ခု
ရွိေနပါေသးတယ္လို႔ ဆိုပါတယ္။
မိခင္ျဖစ္သူရဲ့ ေျပာျပခ်က္အရ သူမဟာ
မွန္ အနားမွာမရွိပဲ မအိပ္ဘူး၊ အစာမစားဘူးလို႔ဆိုပါတယ္။ သူမအတြက္ေတာ့ မွန္ဟာ
မရွိမျဖစ္ပစၥည္းျဖစ္ပါတယ္။ မိခင္ျဖစ္သူဟာ ေနာက္ဆုံးမွာ မဆုံးမနိုင္
မေျပာနိုင္ေတာ့ပဲ ႐ုပ္သံအစီစဥ္ကို ဆက္သြယ္ၿပီး အကူညီေတာင္းခဲ့ပါတယ္။
႐ုပ္သံအစီစဥ္နဲ႔
သေယာတူညီမွုရခဲ့ၿပီးေနာက္ ၂ ႏွစ္ေက်ာ္ၾကာလုံးဝ မဖယ္ရွားတဲ့
သူမရဲ့မ်က္ႏွာေပၚက မိတ္ကပ္ေတြကို ဖ်က္ပစ္လိုက္ပါတယ္။ အဲဒီေနာက္
အေရျပားဆရာဝန္က သူမရဲ့ မ်က္ႏွာအသားအေရကို စစ္ေဆးၾကည့္တဲ့အခါမွာေတာ့ အားလုံး
ေရွာ့ခ္ျဖစ္သြားခဲ့ပါတယ္။
အေျဖကေတာ့ သူမရဲ့ အသက္ဟာ ၂၀ ဝန္းက်င္သာ
ရွိေသးေပမယ့္ ၂ ႏွစ္လုံးလုံး မိတ္ကပ္ေတြ မဖ်က္ပဲေနခဲ့တာေၾကာင့္
သူမမ်က္ႏွာရဲ့ အသားအေရဟာ အသက္ ၄၀ အမ်ိဳးသမီးတစ္ေယာက္ရဲ့ အေျခအေနမ်ိဳး
ျဖစ္ေနတယ္လို႔ အေျဖထြက္ခဲ့ပါတယ္။
ဒါေၾကာင့္မို႔
အမ်ိဳးသမီးေတြအေနနဲ႔ မ်က္ႏွာေပၚက မိတ္ကပ္ေတြကို ဂ႐ုတစိုက္ေျပာင္စင္ေအာင္
ေန႔စဥ္ဖ်က္ၾကဖို႔နဲ႔ မ်က္ႏွာကို သန႔္ရွင္းစြာ ထားၾကဖို႔
တိုက္တြန္းလိုက္ပါတယ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:Popolay
#Unicode Version#
ကိုရီးယားနိုင်ငံက အသက် ၂၀ အရွယ် မိန်းကလေးတစ်ဦးဟာ အလှအပနဲ့ ပက်သက်လာရင်
သူ့ကိုယ်သူအမြဲစိတ်တိုင်းမကျ ဖြစ်နေတတ်တဲ့ သူဖြစ်ပါတယ်။ သူ မလှမပ ဖြစ်မှာ
အရမ်းစိုးရိမ်စိတ် လွန်ကဲနေတဲ့အတွက် မျက်နှာပေါ်က မိတ်ကပ်တွေကိုမဖျက်ပဲ
နေထိုင်လာတာ ၂ နှစ်ကျော်ကြာခဲ့ပါတယ်။
နောက်ဆုံးမှာတော့
ဒီလိုထူးဆန်းတဲ့သူတွေကို ရှာဖွေပြီးတင်ဆက်တဲ့ ကိုရီးယားရုပ်သံအစီစဉ်က
သူမကို မိတ်ကပ်ဖျက်မယ်ဆိုရင် ပိုက်ဆံပေးမယ်ဆိုပြီး ညှိကြတဲ့အခါ
မက်မောလောက်တဲ့ ပမာဏရခဲ့တာကြောင့် မိတ်ကပ်ဖျက်ဖို့နဲ့ အစီစဉ်မှာ ပါဝင်ဖို့
သဘောတူခဲ့ပါတယ်။
သူမရဲ့ ပင်ကိုယ်ရုပ်ရည်အပေါ် နဲနဲမှ
ဘဝင်မကျခဲ့တာကြောင့် မျက်နှာကို ပြင်ဆင်ချယ်သဖို့
အလယ်တန်းကျောင်းသူဘဝလောက်ကစပြီး မိတ်ကပ်ပညာကို သင်ယူခဲ့ပါတယ်။
မိပ်ကပ်လိမ်းတတ်ပြီးတဲ့နောက်မှာ ကိုယ်ဟာကိုယ်မိတ်ကပ် အထူကြီးလိမ်းပြီး
မျက်နှာပေါ်က အားနည်းချက်တွေကို မိတ်ကပ်အစွမ်းနဲ့ ဖျောက်နိုင်ခဲ့ပါတယ်။
မိတ်ကပ်လိမ်းပြီးနောက်ပိုင်း သူမဟာ ပြီးပြည့်စုံတဲ့
အလှပိုင်ရှင်လေးလည်းဖြစ်လာပါတယ်။
ဒီအလှတွေကို
မပျက်ဆီးစေချင်တာကြောင့် သူမဟာ မိတ်ကပ်တွေကို မဖျက်တော့ပဲ
ညအိပ်ရာဝင်ရင်တောင် ဒီအတိုင်း မဖျက်ပဲအိပ်လိုက်ပါတယ်။ ဒီလိုနဲ့ လုံးဝ
မိပ်ကပ်မဖျက်ပဲနေလာတာ ၂ နှစ်ကျော်လာခဲ့ပါတယ်။ အိမ်သားတွေက မိတ်ကပ်ဖျက်ဖို့
တိုက်တွန်းပေးမယ့် လုံးဝနားမထောင်ပါဘူး။
မနက်မိုးလင်းတိုင်း
အနည်းငယ်ပျက်သွားတဲ့နေရာတွေကို မိတ်ကပ်ထပ်ဖို့ပါတယ်။ မျက်လုံးအလှချယ်ပါတယ်။
ဒါတောင်မှ သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာ ခွဲစိတ်ပြုပြင်ရမယ့် အားနည်းချက် ၁၀
ခု ရှိနေပါသေးတယ်လို့ ဆိုပါတယ်။
မိခင်ဖြစ်သူရဲ့ ပြောပြချက်အရ သူမဟာ
မှန် အနားမှာမရှိပဲ မအိပ်ဘူး၊ အစာမစားဘူးလို့ဆိုပါတယ်။ သူမအတွက်တော့
မှန်ဟာ မရှိမဖြစ်ပစ္စည်းဖြစ်ပါတယ်။ မိခင်ဖြစ်သူဟာ နောက်ဆုံးမှာ မဆုံးမနိုင်
မပြောနိုင်တော့ပဲ ရုပ်သံအစီစဉ်ကို ဆက်သွယ်ပြီး အကူညီတောင်းခဲ့ပါတယ်။
ရုပ်သံအစီစဉ်နဲ့
သယောတူညီမှုရခဲ့ပြီးနောက် ၂ နှစ်ကျော်ကြာလုံးဝ မဖယ်ရှားတဲ့
သူမရဲ့မျက်နှာပေါ်က မိတ်ကပ်တွေကို ဖျက်ပစ်လိုက်ပါတယ်။ အဲဒီနောက်
အရေပြားဆရာဝန်က သူမရဲ့ မျက်နှာအသားအရေကို စစ်ဆေးကြည့်တဲ့အခါမှာတော့ အားလုံး
ရှော့ခ်ဖြစ်သွားခဲ့ပါတယ်။
အဖြေကတော့ သူမရဲ့ အသက်ဟာ ၂၀ ဝန်းကျင်သာ
ရှိသေးပေမယ့် ၂ နှစ်လုံးလုံး မိတ်ကပ်တွေ မဖျက်ပဲနေခဲ့တာကြောင့်
သူမမျက်နှာရဲ့ အသားအရေဟာ အသက် ၄၀ အမျိုးသမီးတစ်ယောက်ရဲ့ အခြေအနေမျိုး
ဖြစ်နေတယ်လို့ အဖြေထွက်ခဲ့ပါတယ်။
ဒါကြောင့်မို့
အမျိုးသမီးတွေအနေနဲ့ မျက်နှာပေါ်က မိတ်ကပ်တွေကို ဂရုတစိုက်ပြောင်စင်အောင်
နေ့စဉ်ဖျက်ကြဖို့နဲ့ မျက်နှာကို သန့်ရှင်းစွာ ထားကြဖို့
တိုက်တွန်းလိုက်ပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:Popolay
Home
»
လူမႈ႔ဘဝ
»
သတင္း
»
ႏိုင္ငံတကာ
» အလွပ်က္မွာစိုးၿပီး ၂ ႏွစ္လုံးလုံး မိတ္ကပ္(လုံးဝ)မဖ်က္သူရဲ့ ေနာက္ဆုံးရလာဒ္
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။