စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×


၁။ ထိခိုက္ခံစားလြယ္သူေတြ

စိတ္ထိခိုက္ခံစားလြယ္သူေတြဟာ အနီးနားမွာရွိတဲ့လူေတြရဲ႕ ပုံစံအစစ္အမွန္ကိုမရရွိႏိုင္ပါဘူး။ သူတို႔ဟာ သူမ်ားေျပာလိုက္တဲ့စကားလုံးမွန္သမ်ွကို အထအနေကာက္ၿပီး လိုက္ခံစားေနတဲ့အတြက္ အနားမွာရွိတဲ့လူေတြက သူတို႔ကိုသတိထားၿပီးေနၾကရပါတယ္။ စကားတစ္ခြန္းအေျပာမွားလိုက္တာနဲ႔ ခံစားတတ္တဲ့အတြက္ေၾကာင့္ လူေတြက သူတို႔စိတ္ခ်မ္းသာေစမယ့္စကားမ်ိဳးေတြကိုပဲ ဟန္ေဆာင္ၿပီးေရြးခ်ယ္ေျပာဆိုၾကလာပါလိမ့္မယ္။ ဒါေၾကာင့္ အၿမဲတမ္းႀကီး ထိခိုက္ခံစားေနတာမ်ိဳးေတြမျဖစ္သင့္ပါဘူး။

၂။ အၿမဲတေစညည္းတြားတတ္သူေတြ

အၿမဲတမ္း ညည္းတြားေနတဲ့လူေတြကိုဘယ္သူမွၾကည္႔မရပါဘူး။ေန႔စဥ္နဲ႔ အမ်ွ လွုပ္ရွားသြားလာေနရတဲ့ ဒီလူ႔ေလာကႀကီးမွာ သူတို႔ပဲပင္ပမ္းေနသလိုမ်ိဳး၊ ညည္းတြားေနတာမ်ိဳးဟာ အနားမွာရွိတဲ့လူေတြကိုစိတ္မသက္မသာျဖစ္ေစပါတယ္။ လူတစ္ေယာက္နဲ႔တစ္ေယာက္ဟာ မေကာင္းတဲ့ဓာတ္၊ မေကာင္းတဲ့အက်င့္ဆိုရင္ ကူးစက္ျမန္တတ္တာမို႔ ညည္းတြားတတ္သူေတြနဲ႔ အနီးအနားမွာေနရရင္ ကိုယ္ပါ ညည္းတြားတတ္ၿပီး အပ်င္းႀကီးတဲ့သူတစ္ေယာက္ျဖစ္သြားႏိုင္ပါတယ္။ ဒါေၾကာင့္လူေတာ္ေတာ္မ်ားမ်ားဟာ ညည္းတြားတတ္တဲ့လူေတြနဲ႔ဆိုရင္ စိတ္ရင္းအမွန္နဲ႔ေပါင္းေလ့မရွိၾကပါဘူး။

၃။ ဆရာႀကီးလုပ္တတ္သူေတြ

အၿမဲတမ္းလိုလို ဆရာႀကီးလုပ္ခ်င္တဲ့လူေတြကို သူ႔အနီးအနားမွာရွိေနတဲ့လူေတြက နားပူမခံႏိုင္လို႔ ဘာမဆို မသိသလို၊ မတတ္သလိုေနေပးတတ္ၾကပါတယ္။ ဒီလိုလူေတြဟာ သူတို႔ေျပာသလိုလုပ္မွေက်နပ္ၾကတာျဖစ္ၿပီး သူတို႔သေဘာမက်တဲ့အရာကိုလုပ္တဲ့လူနဲ႔ဆိုရင္ အခ်င္းမ်ားၾကတာမ်ားပါတယ္။ အၿမဲဆရာႀကီးဂိုက္ဖမ္းေနတဲ့လူဆိုရင္ လူေတြကေဝးေဝးကေရွာင္ၿပီး နားေအးပါးေအးေနၾကၿပီး မတတ္သာလို႔ ပတ္သတ္ရမယ္ဆိုရင္ေတာင္ သူနဲ႔အျငင္းမပြားခ်င္တဲ့အတြက္သူ႔ေရွ႕မွာဘာမွမသိသလို၊ မတတ္သလိုေနေပးၾကပါတယ္။ ဒါေၾကာင့္ ဒီလိုလူမ်ိဳးေတြဟာ သူတို႔အနီးအနားမွာရွိတဲ့ မိတ္ေဆြသူငယ္ခ်င္း၊ အေပါင္းအသင္းေတြရဲ႕ စိတ္ရင္းအမွန္ကိုမရရွိႏိုင္ပါဘူး။

၄။ အၾကြားသန္သူေတြ

ၾကြားတတ္တဲ့သူေတြကိုေတာ့ ဘယ္သူမွသေဘာက်ေလ့မရွိပါဘူး။ အေၾကာင္းအရင္းမရွိ ဘလိုင္းႀကီးလာၾကြားေနတယ္ဆိုရင္္ လူေတြကအလိုလိုေနရင္းခ်ဥ္လာၾကပါတယ္။ ဒီလိုလူေတြနဲ႔ မျဖစ္မေနပတ္သတ္ရမယ္ဆိုရင္ လူေတြကသူတို႔ ၾကြားေနတာကိုပဲ နားေထာင္ေပးၾက ၿပီး ဘာမွမရွိသလို၊ မတတ္သလိုပဲေနျပၾကပါလိမ့္မယ္။ ဒီလုိလူေတြက ဘယ္လိုနည္းနဲ႔မွ အနီးအနားမွာရွိတဲ့လူေတြရဲ႕ စိတ္ရင္းအမွန္ကိုမရႏိုင္ၾကပါဘူး။

၅။ ၿပိဳင္ဆုိင္လိုစိတ္မ်ားတဲ့သူေတြ

ၿပိဳင္ဆိုင္လိုစိတ္မ်ားတဲ့ လူေတြဟာ တစ္ခုခုဆိုရင္ တစ္ပါးသူကို ကိုယ္တုိင္နဲ႔ ႏွိုင္းယွဥ္ၿပီး အၿမဲတေစယွဥ္ၿပိဳင္ေနတတ္ပါတယ္။ ဒီလိုလူေတြဟာ သူမ်ားကိုယ့္ထက္သာသြားရင္ စိတ္မခ်မ္းသာျဖစ္တတ္ၾကၿပီး အနီးအနားမွာရွိတဲ့လူေတြကိုပါ အဆိပ္အေတာက္ျဖစ္လာေစပါတယ္။ ဒီလိုလူေတြေရွ႕မွာလဲ တကယ္သိ၊ တကယ္တတ္တဲ့သူေတြက မသိသလိုမတတ္သလို ဟန္ေဆာင္ၿပီးေနတတ္ၾကပါတယ္။ ဒါေၾကာင့္ ဒီလိုလူေတြဟာ လူတစ္ေယာက္ရဲ႕ စိတ္ရင္းအမွန္နဲ႔ ဆက္ဆံတာကိုခံရေလ့မရွိၾကပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Popolay

#Unicode Version#

၁။ ထိခိုက်ခံစားလွယ်သူတွေ

စိတ်ထိခိုက်ခံစားလွယ်သူတွေဟာ အနီးနားမှာရှိတဲ့လူတွေရဲ့ ပုံစံအစစ်အမှန်ကိုမရရှိနိုင်ပါဘူး။ သူတို့ဟာ သူများပြောလိုက်တဲ့စကားလုံးမှန်သမျှကို အထအနကောက်ပြီး လိုက်ခံစားနေတဲ့အတွက် အနားမှာရှိတဲ့လူတွေက သူတို့ကိုသတိထားပြီးနေကြရပါတယ်။ စကားတစ်ခွန်းအပြောမှားလိုက်တာနဲ့ ခံစားတတ်တဲ့အတွက်ကြောင့် လူတွေက သူတို့စိတ်ချမ်းသာစေမယ့်စကားမျိုးတွေကိုပဲ ဟန်ဆောင်ပြီးရွေးချယ်ပြောဆိုကြလာပါလိမ့်မယ်။ ဒါကြောင့် အမြဲတမ်းကြီး ထိခိုက်ခံစားနေတာမျိုးတွေမဖြစ်သင့်ပါဘူး။

၂။ အမြဲတစေညည်းတွားတတ်သူတွေ

အမြဲတမ်း ညည်းတွားနေတဲ့လူတွေကိုဘယ်သူမှကြည့်မရပါဘူး။နေ့စဉ်နဲ့ အမျှ လှုပ်ရှားသွားလာနေရတဲ့ ဒီလူ့လောကကြီးမှာ သူတို့ပဲပင်ပမ်းနေသလိုမျိုး၊ ညည်းတွားနေတာမျိုးဟာ အနားမှာရှိတဲ့လူတွေကိုစိတ်မသက်မသာဖြစ်စေပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ မကောင်းတဲ့ဓာတ်၊ မကောင်းတဲ့အကျင့်ဆိုရင် ကူးစက်မြန်တတ်တာမို့ ညည်းတွားတတ်သူတွေနဲ့ အနီးအနားမှာနေရရင် ကိုယ်ပါ ညည်းတွားတတ်ပြီး အပျင်းကြီးတဲ့သူတစ်ယောက်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်လူတော်တော်များများဟာ ညည်းတွားတတ်တဲ့လူတွေနဲ့ဆိုရင် စိတ်ရင်းအမှန်နဲ့ပေါင်းလေ့မရှိကြပါဘူး။

၃။ ဆရာကြီးလုပ်တတ်သူတွေ

အမြဲတမ်းလိုလို ဆရာကြီးလုပ်ချင်တဲ့လူတွေကို သူ့အနီးအနားမှာရှိနေတဲ့လူတွေက နားပူမခံနိုင်လို့ ဘာမဆို မသိသလို၊ မတတ်သလိုနေပေးတတ်ကြပါတယ်။ ဒီလိုလူတွေဟာ သူတို့ပြောသလိုလုပ်မှကျေနပ်ကြတာဖြစ်ပြီး သူတို့သဘောမကျတဲ့အရာကိုလုပ်တဲ့လူနဲ့ဆိုရင် အချင်းများကြတာများပါတယ်။ အမြဲဆရာကြီးဂိုက်ဖမ်းနေတဲ့လူဆိုရင် လူတွေကဝေးဝေးကရှောင်ပြီး နားအေးပါးအေးနေကြပြီး မတတ်သာလို့ ပတ်သတ်ရမယ်ဆိုရင်တောင် သူနဲ့အငြင်းမပွားချင်တဲ့အတွက်သူ့ရှေ့မှာဘာမှမသိသလို၊ မတတ်သလိုနေပေးကြပါတယ်။ ဒါကြောင့် ဒီလိုလူမျိုးတွေဟာ သူတို့အနီးအနားမှာရှိတဲ့ မိတ်ဆွေသူငယ်ချင်း၊ အပေါင်းအသင်းတွေရဲ့ စိတ်ရင်းအမှန်ကိုမရရှိနိုင်ပါဘူး။

၄။ အကြွားသန်သူတွေ

ကြွားတတ်တဲ့သူတွေကိုတော့ ဘယ်သူမှသဘောကျလေ့မရှိပါဘူး။ အကြောင်းအရင်းမရှိ ဘလိုင်းကြီးလာကြွားနေတယ်ဆိုရင် လူတွေကအလိုလိုနေရင်းချဉ်လာကြပါတယ်။ ဒီလိုလူတွေနဲ့ မဖြစ်မနေပတ်သတ်ရမယ်ဆိုရင် လူတွေကသူတို့ ကြွားနေတာကိုပဲ နားထောင်ပေးကြ ပြီး ဘာမှမရှိသလို၊ မတတ်သလိုပဲနေပြကြပါလိမ့်မယ်။ ဒီလိုလူတွေက ဘယ်လိုနည်းနဲ့မှ အနီးအနားမှာရှိတဲ့လူတွေရဲ့ စိတ်ရင်းအမှန်ကိုမရနိုင်ကြပါဘူး။

၅။ ပြိုင်ဆိုင်လိုစိတ်များတဲ့သူတွေ

ပြိုင်ဆိုင်လိုစိတ်များတဲ့ လူတွေဟာ တစ်ခုခုဆိုရင် တစ်ပါးသူကို ကိုယ်တိုင်နဲ့ နှိုင်းယှဉ်ပြီး အမြဲတစေယှဉ်ပြိုင်နေတတ်ပါတယ်။ ဒီလိုလူတွေဟာ သူများကိုယ့်ထက်သာသွားရင် စိတ်မချမ်းသာဖြစ်တတ်ကြပြီး အနီးအနားမှာရှိတဲ့လူတွေကိုပါ အဆိပ်အတောက်ဖြစ်လာစေပါတယ်။ ဒီလိုလူတွေရှေ့မှာလဲ တကယ်သိ၊ တကယ်တတ်တဲ့သူတွေက မသိသလိုမတတ်သလို ဟန်ဆောင်ပြီးနေတတ်ကြပါတယ်။ ဒါကြောင့် ဒီလိုလူတွေဟာ လူတစ်ယောက်ရဲ့ စိတ်ရင်းအမှန်နဲ့ ဆက်ဆံတာကိုခံရလေ့မရှိကြပါဘူး။

ဖိုးသူတော် (www.phothutaw.com)

Credit: Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top