ပ်ိဳေမတို႔အတြက္ စားလိုက္တာနဲ႔ ဩံဳဖြဆိုၿပီး ႏုပ်ိဳလွပသြားေစမယ့္ အစားအစာေလးေတြကို ေဖာ္ျပေပးမယ္ေနာ္။ တကယ္ပဲ လွပႏိုပ်ိဳခ်င္တယ္ဆိုရင္ေတာ့ အေမရိကန္ က်န္းမာေရးအဖြဲ႔အစည္းႀကီးက ေထာက္ခံေပးထားတဲ့ ဒီအစားအစာ (၁၀)မ်ိဳးကို ေရြးခ်ယ္စားသံုးေပးဖို႔ တိုက္တြန္းပါရေစေနာ္။

၁။ ဆယ္လ္မြန္ငါးအစိမ္း

အိုမီဂါ ၃ ဖက္တီးအက္ဆစ္က အေရျပားကို စိုျပည္ႏူးညံ့ေစႏိုင္တဲ့ အစြမ္းသတၱိရွိပါတယ္။ အေရးအေၾကာင္းေတြကို ေလွ်ာ့ခ်ေပးၿပီး အသားအေရ ေျခာက္ေသြ႕ၾကမ္းတမ္းျခင္းမွလည္း ကာကြယ္ေပးတာေၾကာင့္ ဒီအက္ဆစ္ၾကြယ္ဝတဲ့ ဆယ္လ္မြန္ငါးေတြကို စားသံုးေပးသင့္ပါတယ္ေနာ္။

၂. အဆီေလွ်ာ့ ဒိန္ခ်ဉ္

ဒိန္ခ်ဉ္ေတြမွာပါတဲ့ ဗီတာမင္စီက အရိုးအဆစ္ကို သန္မာေစရံုမွ်မက လက္သည္း၊ေျခသည္းေတြကိုလည္း ေတာက္ေျပာင္ေစပါတယ္။ ဒါေပမဲ့ အဆီနည္းတဲ့ဒိန္ခ်ဉ္ျဖစ္ဖို႔ေတာ့ လိုမယ္ေနာ္။

၃။ ခရု၊ကမာ

ဇင့္ဓာတ္ၾကြယ္ဝတဲ့ ခရုတို႔ ကမာတို႔ကိုလည္း စားေပးသင့္ပါတယ္။ ဇင့္ဟာ အသားအေရကို တင္းရင္းႏုပ်ိဳေစတဲ့ ေကာ္လဂ်င္ဓာက္ကုိ တည္ေဆာက္ေပးၿပီး အေရျပားေတြ အသစ္အသစ္ ျဖစ္ေပၚဖု႔ိကိုလည္း တြန္းအားေပးတယ္လို႔ ဆိုထားပါတယ္။

၄။ ဘလူးဘယ္ရီ

အသက္အရြယ္ႀကီးရင့္လာတာနဲ႔အမွ် ပ်က္စီးယိုယြင္းလာတဲ့ ဆဲလ္ေတြနဲ႔ အိုမင္းရင့္ေရာ္ျခင္းေတြကို ကာကြယ္ဖို႔အတြက္ အေကာင္းဆံုးအစားအစာတစ္မ်ိဳးကေတာ့ ဘလူးဘယ္ရီေတြလို႔လည္း ဆုိထားပါတယ္။

၅။ ကီဝီသီး

ကီဝီသီးကေတာ့ အသားအေရအတြက္ ေကာင္းမြန္ၿပီးသားျဖစ္တယ္ဆုိတာ ပ်ိဳေမတိုင္း သိၾကမွာပါ။ သူ႔မွာပါတဲ့ ပိုတက္ဆီယမ္နဲ႔ ဗီတာမင္စီတို႔ဟာ အသားအေရ ၾကည္လင္ေတာက္ပဖို႔အတြက္ စြမ္းအားျမင့္တဲ့ ဓာတ္ေတြပါပဲ။

၆။ ေဒါက္ခြရြက္

ေဒါက္ခြရြက္လို႔ေခၚသလို ဟင္းႏုႏြယ္ရြက္လို႔ လူသိမ်ားတဲ့ အရြက္ေတြမွာေတာ့ ဘီတာကာရိုတင္းေတြ ၾကြယ္ဝစြာ ပါဝင္ပါတယ္။ ဒါ့အျပင္ လူတိန္းဓာတ္ပါ ပါဝင္တာေၾကာင့္ မ်က္စိအားေကာင္းေစျခင္း၊ မ်က္သားကိုၾကည္လင္ေတာက္ပေစျခင္းတို႔ေၾကာင့္ လွပတဲ့မ်ကဝန္းေလးေတြ ပိုင္ဆိုင္လိုသူေတြအတြက္ စားသံုးသင့္တဲ့ အရြက္တစ္မ်ိဳးပါပဲ။

၇။ ကန္စြန္းဥ

ကန္စြန္းဥကိုေတာ့ ေတာ္ေတာ္မ်ားမ်ား စားဖူးၾကေပမယ့္ သူ႔မွာပါတဲ့ ဘီတာကာရိုတင္းရဲ႕ အစြမ္းကိုေတာ့ သိတဲ့သူနည္းပါလိမ့္မယ္ေနာ္။ ဘီတာကာရိုတင္းဟာ အသားအေရကို ႏူးညံ့ေစရာမွာ ကူညီေပးရံုမက ေခ်ာမြတ္သန္႔စင္တဲ့ အသားအေရကိုလည္း ရရွိေစတယ္လို႔ ဆိုပါတယ္။

၈။ ခရမ္းခ်ဉ္သီး

အသားအေရလွပရာမွာ နံမည္ႀကီးတဲ့ ခရမ္းခ်ဉ္သီးကေတာ့ လူတိုင္းလိုလို ႀကိဳက္ႏွစ္သက္ၿပီးသား အသီးအႏွံတစ္မ်ိဳးပါ။ ခရမ္းခ်ဉ္သီးမွာ လိုင္ကိုပင္းဆိုတဲ့ ဓာတ္တစ္မ်ိဳးပါဝင္ၿပီး အဲဒီဓာတ္က ေနေလာင္ဒဏ္ကို ကာကြယ္ရာမွာ အေထာက္အကူျပဳပါတယ္။

၉။ သစ္ခ်သီး

စားလိုက္ရင္ ဆိမ့္သက္ၿပီး အရသာအရမ္းရွိတဲ့ သစ္ခ်သီးလို အေစ့အဆံေလးေတြက အိုမီဂါ ၃ အက္ဆစ္ ၾကြယ္ဝသလို အသားအေရ ၾကမ္းတမ္းနီျမန္းတာေတြ၊ ႏွင္းခူလိုမ်ိဳး ယားနာေတြ ျဖစ္ပြားမႈမွပါ ကာကြယ္ေပးတာေၾကာင့္ အေရျပားထိန္းသိမ္းလိုသူေတြ မစားမျဖစ္ စားသင့္ပါတယ္ေနာ္။

၁၀။ ေခ်ာကလက္အနက္ေရာင္

Dark Chocolate ဆုိတာ ပံုမွန္စားေနက် ေခ်ာကလက္ေတြထက္ပိုၿပီး အရသာျပင္းပါတယ္။ ေခ်ာကလက္မွာက အျဖဴေရာင္ေခ်ာကလက္အျပင္ ရိုးရိုးေခ်ာကလက္နဲ႔ အနက္ေရာင္ေခ်ာကလက္ဆိုၿပီးလည္း ကြဲျပားပါေသးတယ္။ အဲဒီအနက္ေရာင္ေခ်ာကလက္ဆိုတာကေတာ့ ကိုကိုးပါဝင္မႈ အနည္းဆံုး ၆၀ ရာခိုင္ႏႈန္းရွိတဲ့ ေခ်ာကလက္မ်ိဳးပါ။

အရြယ္မတိုင္မီ အိုမင္းရင့္ေရာ္ျခင္းကို ကာကြယ္ေပးတဲ့ အင္တီေအာက္ဆီးဒင့္ေတြ ၾကြယ္ဝစြာ ပါဝင္ရံုမက ေရဓာတ္ျဖည့္ရာမွာလည္း နာမည္ေက်ာ္ပါတယ္။ ဒါေၾကာင့္ ေနေလာင္ဒဏ္ကိုကာကြယ္ေပးၿပီး အသားအေရကို ႏူးညံ့ေခ်ာေမြ႔ေစဖို႔ Dark Chocolate ေတြက အေကာင္းဆံုး အစားအစာတစ္မ်ိဳးပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mingalarbarmorning

#Unicode Version# ျဖင့္ဖတ္ပါ ။

 ပျိုမေတို့အတွက် စားလိုက်တာနဲ့ ဩုံဖွဆိုပြီး နုပျိုလှပသွားစေမယ့် အစားအစာလေးတွေကို ဖော်ပြပေးမယ်နော်။ တကယ်ပဲ လှပနိုပျိုချင်တယ်ဆိုရင်တော့ အမေရိကန် ကျန်းမာရေးအဖွဲ့အစည်းကြီးက ထောက်ခံပေးထားတဲ့ ဒီအစားအစာ (၁၀)မျိုးကို ရွေးချယ်စားသုံးပေးဖို့ တိုက်တွန်းပါရစေနော်။

၁။ ဆယ်လ်မွန်ငါးအစိမ်း

အိုမီဂါ ၃ ဖက်တီးအက်ဆစ်က အရေပြားကို စိုပြည်နူးညံ့စေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ အရေးအကြောင်းတွေကို လျှော့ချပေးပြီး အသားအရေ ခြောက်သွေ့ကြမ်းတမ်းခြင်းမှလည်း ကာကွယ်ပေးတာကြောင့် ဒီအက်ဆစ်ကြွယ်ဝတဲ့ ဆယ်လ်မွန်ငါးတွေကို စားသုံးပေးသင့်ပါတယ်နော်။

၂. အဆီလျှော့ ဒိန်ချဉ်

ဒိန်ချဉ်တွေမှာပါတဲ့ ဗီတာမင်စီက အရိုးအဆစ်ကို သန်မာစေရုံမျှမက လက်သည်း၊ခြေသည်းတွေကိုလည်း တောက်ပြောင်စေပါတယ်။ ဒါပေမဲ့ အဆီနည်းတဲ့ဒိန်ချဉ်ဖြစ်ဖို့တော့ လိုမယ်နော်။

၃။ ခရု၊ကမာ

ဇင့်ဓာတ်ကြွယ်ဝတဲ့ ခရုတို့ ကမာတို့ကိုလည်း စားပေးသင့်ပါတယ်။ ဇင့်ဟာ အသားအရေကို တင်းရင်းနုပျိုစေတဲ့ ကော်လဂျင်ဓာက်ကို တည်ဆောက်ပေးပြီး အရေပြားတွေ အသစ်အသစ် ဖြစ်ပေါ်ဖု့ိကိုလည်း တွန်းအားပေးတယ်လို့ ဆိုထားပါတယ်။

၄။ ဘလူးဘယ်ရီ

အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ပျက်စီးယိုယွင်းလာတဲ့ ဆဲလ်တွေနဲ့ အိုမင်းရင့်ရော်ခြင်းတွေကို ကာကွယ်ဖို့အတွက် အကောင်းဆုံးအစားအစာတစ်မျိုးကတော့ ဘလူးဘယ်ရီတွေလို့လည်း ဆိုထားပါတယ်။

၅။ ကီဝီသီး

ကီဝီသီးကတော့ အသားအရေအတွက် ကောင်းမွန်ပြီးသားဖြစ်တယ်ဆိုတာ ပျိုမေတိုင်း သိကြမှာပါ။ သူ့မှာပါတဲ့ ပိုတက်ဆီယမ်နဲ့ ဗီတာမင်စီတို့ဟာ အသားအရေ ကြည်လင်တောက်ပဖို့အတွက် စွမ်းအားမြင့်တဲ့ ဓာတ်တွေပါပဲ။

၆။ ဒေါက်ခွရွက်

ဒေါက်ခွရွက်လို့ခေါ်သလို ဟင်းနုနွယ်ရွက်လို့ လူသိများတဲ့ အရွက်တွေမှာတော့ ဘီတာကာရိုတင်းတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါ့အပြင် လူတိန်းဓာတ်ပါ ပါဝင်တာကြောင့် မျက်စိအားကောင်းစေခြင်း၊ မျက်သားကိုကြည်လင်တောက်ပစေခြင်းတို့ကြောင့် လှပတဲ့မျကဝန်းလေးတွေ ပိုင်ဆိုင်လိုသူတွေအတွက် စားသုံးသင့်တဲ့ အရွက်တစ်မျိုးပါပဲ။

၇။ ကန်စွန်းဥ

ကန်စွန်းဥကိုတော့ တော်တော်များများ စားဖူးကြပေမယ့် သူ့မှာပါတဲ့ ဘီတာကာရိုတင်းရဲ့ အစွမ်းကိုတော့ သိတဲ့သူနည်းပါလိမ့်မယ်နော်။ ဘီတာကာရိုတင်းဟာ အသားအရေကို နူးညံ့စေရာမှာ ကူညီပေးရုံမက ချောမွတ်သန့်စင်တဲ့ အသားအရေကိုလည်း ရရှိစေတယ်လို့ ဆိုပါတယ်။

၈။ ခရမ်းချဉ်သီး

အသားအရေလှပရာမှာ နံမည်ကြီးတဲ့ ခရမ်းချဉ်သီးကတော့ လူတိုင်းလိုလို ကြိုက်နှစ်သက်ပြီးသား အသီးအနှံတစ်မျိုးပါ။ ခရမ်းချဉ်သီးမှာ လိုင်ကိုပင်းဆိုတဲ့ ဓာတ်တစ်မျိုးပါဝင်ပြီး အဲဒီဓာတ်က နေလောင်ဒဏ်ကို ကာကွယ်ရာမှာ အထောက်အကူပြုပါတယ်။

၉။ သစ်ချသီး

စားလိုက်ရင် ဆိမ့်သက်ပြီး အရသာအရမ်းရှိတဲ့ သစ်ချသီးလို အစေ့အဆံလေးတွေက အိုမီဂါ ၃ အက်ဆစ် ကြွယ်ဝသလို အသားအရေ ကြမ်းတမ်းနီမြန်းတာတွေ၊ နှင်းခူလိုမျိုး ယားနာတွေ ဖြစ်ပွားမှုမှပါ ကာကွယ်ပေးတာကြောင့် အရေပြားထိန်းသိမ်းလိုသူတွေ မစားမဖြစ် စားသင့်ပါတယ်နော်။

၁၀။ ချောကလက်အနက်ရောင်

Dark Chocolate ဆိုတာ ပုံမှန်စားနေကျ ချောကလက်တွေထက်ပိုပြီး အရသာပြင်းပါတယ်။ ချောကလက်မှာက အဖြူရောင်ချောကလက်အပြင် ရိုးရိုးချောကလက်နဲ့ အနက်ရောင်ချောကလက်ဆိုပြီးလည်း ကွဲပြားပါသေးတယ်။ အဲဒီအနက်ရောင်ချောကလက်ဆိုတာကတော့ ကိုကိုးပါဝင်မှု အနည်းဆုံး ၆၀ ရာခိုင်နှုန်းရှိတဲ့ ချောကလက်မျိုးပါ။

အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးတဲ့ အင်တီအောက်ဆီးဒင့်တွေ ကြွယ်ဝစွာ ပါဝင်ရုံမက ရေဓာတ်ဖြည့်ရာမှာလည်း နာမည်ကျော်ပါတယ်။ ဒါကြောင့် နေလောင်ဒဏ်ကိုကာကွယ်ပေးပြီး အသားအရေကို နူးညံ့ချောမွေ့စေဖို့ Dark Chocolate တွေက အကောင်းဆုံး အစားအစာတစ်မျိုးပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit:mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top