iMyanmarHouse.com - Best Property Website for Myanmar
×



လူတိုင္း အမွန္တရားလက္ကိုင္ထားတယ္လို႔ ေျပာၾကတယ္။ဒါေပမယ့္ လူၾကားထဲ အမွန္အတိုင္း သြားေျပာရင္ အဆင္မေျပ ျဖစ္ၾကတာ မ်ားတယ္။အိမ္မွာ  ကိုယ္က မွန္ေအာင္ေနတယ္၊ ဒါေပမဲ့ တစ္အိမ္လုံးနဲ႔ အဆင္မေျပ ျဖစ္တယ္။ကိုယ့္အတြက္ကမွန္တယ္ ၊ ဒါေပမယ့္ အားလုံးနဲ႔ အဆင္မေျပဘူး၊ မေနတတ္ေသးလို႔နဲ႔ တူပါတယ္ ဟုတ္လား

သူ အဆင္မေျပဘူး  ကိုယ္ အဆင္ေျပေနတယ္ ဒီအခ်ိန္မွာ ကိုယ့္ဆီမွာ သနားၾကင္နာတဲ့ စိတ္ကေလး ရွိေနဖို႔ လိုတယ္။ "ကိုယ့္ကံနဲ႔ ကိုယ္လာတာ" ဆိုတဲ့ စကားကို အဆင္ေျပေနတဲ့သူက အဆင္မေျပျဖစ္ေနတဲ့သူကို ေျပာလိုက္တဲ့ အခါ - မွန္ေတာ့ မွန္တယ္၊ ဒါေပမယ့္ ခံရတဲ့သူ ... ၾကားရတဲ့သူ အတြက္ အဆင္မေျပႏိုင္ဘူး၊ ခံရခက္တယ္။

"ျဗဟၼာ့ဝိဟာရ တရားေလးပါး" နဲ႔ ေနႏိုင္မွ အားလုံးနဲ႔ အဆင္ေျပမယ္... ျဗဟၼာ့ဝိဟာရ တရားေလးပါးဆိုတာ ... ေမတၱာ၊ က႐ုဏာ၊ မုဒိတာ၊ ဥေပကၡာ တရားေတြကို ေခၚတာ...

ေမတၱာထားပါ... သနားရမယ့္သူကို သနားပါ... သူမ်ားႀကီးပြားခ်မ္းသာေနတာကို မုဒိတာပြားပါ... ဥေပကၡာျပဳသင့္တာကို ဥေပကၡာျပဳပါ...ကိုယ္က လူတစ္ေယာက္ကို ေမတၱာထားလို႔လည္း မရဘူး၊ သနားလို႔လည္း မရဘူး၊ မုဒိတာပြားလို႔လည္း မရဘူး ဆိုရင္ေတာ့ ... ဘယ္လိုမွ လုပ္လို႔ မရဘူးဆိုရင္ေတာ့ ... ဥေပကၡာျပဳလိုက္ပါ။ဈာန္ငါးပါး မွာ ဥေပကၡာက ပၪၥမဈာန္ ကို ေရာက္တယ္ ...အိမ္ပူတယ္ ဆိုတာ ... အိမ္ကလူေတြ၊ အိမ္မွာေနတဲ့သူေတြ ပူလို႔ အိမ္ပူတာ။ကမာၻႀကီးပူတယ္ ဆိုတာ ... ကမာၻႀကီးမွာေနတဲ့သူေတြ ပူလို႔။လူေတြ ကိုယ္မွန္တယ္ထင္ၿပီး ထင္တာလုပ္ေလေလ ပိုပူလာေလေလပဲ ... မပူေအာင္ ... မွန္ေအာင္ေနပါ ... ျဗဟၼာ့ဝိဟာရ တရားနဲ႔ ေနပါ။

ေမတၱာထားတယ္ ဆိုတာ ... ေလာဘ မျဖစ္ေအာင္ ေနတာ
က႐ုဏာ ထားတယ္ ဆိုတာ ... ေဒါသ မျဖစ္ေအာင္ ေနတာ
မုဒိတာ ပြားတယ္ ဆိုတာ ... ေလာဘ၊ ေဒါသ မျဖစ္ေအာင္ ေနတာ
ဥေပကၡာ ထားတယ္ ဆိုတာ ... ေမာဟ မျဖစ္ေအာင္ ေနတာ

ေမတၱာစိတ္ကို ... လက္တစ္ဖ်စ္တီး ေလာက္ ... တစ္စကၠန႔္ေလးေလာက္ ထားၾကည့္ပါ။ လက္တစ္ဖ်စ္ေလာက္ေမတၱာစိတ္ထားတာနဲ႔ ... လက္တစ္ဖ်စ္စာ သီလလုံတယ္ ... သမာဓိရတယ္ ... လက္တစ္ဖ်စ္စာ သီလ၊ သမာဓိ၊ပညာ သိကၡာသုံးမ်ိဳးလုံး က်င့္ၿပီးသား ျဖစ္သြားတယ္။ေမတၱာစိတ္ျဖစ္ေအာင္ ဘယ္လိုလုပ္မလဲ ... မတည့္တဲ့သူ၊ မုန္းတဲ့သူ အေၾကာင္း မစဥ္းစားနဲ႔၊ ခ်စ္တဲ့သူ အေၾကာင္းလည္း မစဥ္းစားနဲ႔ မုန္းတဲ့သူ အေၾကာင္း စဥ္းစားရင္ ... ေဒါသ ျဖစ္မယ္။ ခ်စ္တဲ့သူ အေၾကာင္း စဥ္းစားရင္ ... တဏွာ ျဖစ္မယ္။တဏွာနဲ႔လည္း မခ်စ္နဲ႔ ... ေဒါသနဲ႔လည္း မမုန္းနဲ႔ ... ကိုယ့္ကိုယ္ကို စၿပီး ေမတၱာပို႔ ...လူေတြ ေမတၱာ ေန႔တိုင္းပို႔ေနၾကတယ္ ... ေမတၱာသုတ္ေတြ ႐ြတ္တယ္ ... ဒါေပမဲ့ တစ္ေယာက္ကို တစ္ေယာက္ တကယ္ေမတၱာ ရွိလို႔လား၊ အက်င့္ပါေနလို႔ ပို႔ၾကတာလား၊ ေမတၱာဆိုတာ ကိုယ့္မွာ ရွိေနဖို႔၊ သူမ်ားကို ေပးေဝဖို႔ လိုတယ္ ... လက္တစ္ဖ်စ္စာကေန ရေအာင္လုပ္ၾကပါ...

ကမာၻႀကီးပူေႏြးလာတာ လူေတြရဲ႕ ေလာဘ၊ ေဒါသ၊ ေမာဟ ေတြေၾကာင့္ ျဖစ္တာ။ တခ်ိဳ႕က သစ္ပင္ေတြ ခုတ္လို႔ လို႔ေျပာၾကတယ္။ တခ်ိဳ႕က ဘာေတြသုံးလို႔ ညာေတြ သုံးလို႔ဆိုၿပီးေျပာတယ္။ တကယ့္တရားသေဘာနဲ႔ၾကည့္ရင္ ေလာဘ၊ ေဒါသ၊ ေမာဟ ေတြေၾကာင့္။ လူေတြ သစ္ပင္ခုတ္တယ္၊ ခုတ္တဲ့သူေတြက အခုတ္ခိုင္းတဲ့သူေတြရွိလို႔ ခုတ္တယ္၊ အခုတ္ခိုင္းတဲ့ သူေတြက သူတို႔ကိုယ္တြင္းက ေလာဘ၊ ေဒါသ၊ ေမာဟ ေတြေၾကာင့္ အခုတ္ခိုင္းတာ။

ေမတၱာစိတ္ဆိုတာ ပင္ကိုယ္ဓါတ္ခံေကာင္းရင္ ျဖစ္လြယ္တယ္။ မုန္းစရာ၊ ခ်စ္စရာ အာ႐ုံေတြကို ေရွာင္ၿပီး အာ႐ုံျပဳ၊ ဥပမာ - မိဘေက်းဇူးကို အာ႐ုံျပဳ၊ ကိုယ့္အေၾကာင္းကိုယ္ စဥ္းစားရင္လည္း အဆင္ေျပတယ္။ ေမတၱာစိတ္ ျဖစ္လြယ္တယ္၊။ သူမ်ားအေၾကာင္းေတြ စဥ္းစားရင္ေတာ့ ခ်စ္တဲ့၊ မုန္းတဲ့စိတ္ေတြ ျဖစ္လာႏိုင္တယ္။ကိုယ္နဲ႔ မတည့္တဲ့သူအေၾကာင္းဆိုရင္ မစဥ္းစားဘဲနဲ႔ ေပၚေနတတ္တယ္။ မတည့္တဲ့သူ အေၾကာင္းကို စဥ္းစား၊ ေပၚလာတဲ့ သူ႔မ်က္ႏွာကို ျမင္ၿပီး ကိုယ္တစ္ေယာက္ထဲ ရန္ျဖစ္ေနတာ။ ေတြးတိုင္း ျပန္ေပၚတယ္။ မၿပီးႏိုင္ေတာ့ဘူး။ ဒါ ကိုယ့္ေလာက္ ႐ူးတဲ့သူ မရွိေတာ့ဘူးေလ။ ကိုယ့္စိတ္ေတြပဲ ပူေလာင္လာမယ္ ... သူကေတာ့ သိမွာေတာင္ မဟုတ္ဘူ။

အိပ္ခါနီး ခ်က္ခ်င္း အိပ္မေပ်ာ္ေသးခင္ ... ကိုယ္ေမတၱာပို႔ႏိုင္သူ၊ ကိုယ္ေမတၱာပို႔ရမယ့္သူေတြကို - ေမတၱာပို႔ပါ။ မနက္ အိပ္ယာက ႏိုးတာနဲ႔ ႏိုးႏိုးခ်င္း ေမတၱာပြားပါ။ဘယ္သူ႔အေပၚမွ မမုန္းဘဲေနႏိုင္တဲ့ အစြမ္း၊ စိတ္ ရွိႏိုင္ ... ထားႏိုင္ရမယ္။ အခုေခတ္လူေတြက ကိုယ့္စိတ္ထဲမွာ အခ်ိဳးမက်တဲ့သူ၊ ကိုယ္နဲ႔စိတ္တိုင္းမက်တဲ့သူကို ျမင္ေလ ေမတၱာစိတ္ ေပ်ာက္ေလေလ ျဖစ္တတ္ၾကတယ္။ ေတြးတာနဲ႔ေတာင္ ေဒါသေတြ အမ်က္ေခ်ာင္းေခ်ာင္း ထတတ္ၾကတယ္။

အမွန္တရားကိုလည္း ႀကိဳက္ပါ၊ ေနတတ္ေအာင္လည္း ေနပါ။ ကိုယ့္စိတ္တိုင္းက်၊ အခ်ိဳးက်တဲ့သူဆိုတာ မရွိႏိုင္ဘူ။ ကိုယ့္ကိုယ္ကိုေတာင္ စိတ္တိုင္းက်ၾကရဲ႕လား။ ကိုယ့္ဘဝကိုေတာင္ ကိုယ္ေက်နပ္လို႔လား။ကိုယ္ျပင္ေပးလိုက္လို႔၊ ကိုယ္ေျပာလိုက္လို႔ အခ်ိဳးက်သြားတယ္ဆိုတဲ့သူ ဘယ္ႏွစ္ေယာက္ ရွိခဲ့ဘူးလဲ။ ကိုယ့္မွာ ေမတၱာတကယ္ရွိလာရင္ မ်က္စိထဲမွာ အားလုံး အခ်ိဳးက်လာမယ္။ေမတၱာစိတ္ေလးထားတာသည္ ... သီးခံျခင္း အက်င့္ကို က်င့္ရာေရာက္တယ္၊ အားလုံး အက်ိဳးမ်ားတယ္။ သီလ၊ သမာဓိ၊ ပညာ ထူေထာင္ၿပီး ျဖစ္တယ္။

ကိုယ္ ေမတၱာပို႔ခ်င္တဲ့သူကို အာ႐ုံစိုက္ၿပီးပို႔၊ ၿပီးရင္ လူ၊ သတၱဝါ ေတြကို ေမတၱာပို႔ ၊ မိဘ၊ ေက်းဇူးရွင္ ဆရာသမားေတြကို စူးစိုက္ အားထဲ့ၿပီး ေမတၱာပို႔လိုက္တာနဲ႔ အာ႐ုံထဲမွာ သူတို႔ပုံေတြ ေပၚလာမယ္။ ဒီလိုလုပ္တာမွာ ... အားစိုက္ထုတ္တာေလးရွိတယ္။ ရည္မွန္းတဲ့ ဓါတ္ကေလးပါတယ္။ ဒါက ၾသဒိသ - ရည္စူးၿပီးပို႔တဲ့ ေမတၱာ။

စိတ္ကို မွန္လို ၾကည္ေအာင္ေန။ ေမတၱာစိတ္ေလးနဲ႔ေန။ ဒါက အေနာဒိသ - မရည္စူးပဲ ပို႔တဲ့ ေမတၱာ။
ၾသဒိသ ေမတၱာမွာ စူးစိုက္တဲ့ ဈာန္ သေဘာပါတယ္။ ဈာန္က အားးစိုက္ရတယ္ ... သူက သမထ။
အေနာဒိသ ေမတၱာမွာ ဉာဏ္ သေဘာပါတယ္။ ဉာဏ္က အားစိုက္ဖို႔ မလိုဘူး ... သူက ဝိပႆနာ။။

တခါတေလ ကိုယ္က ဘုရားရွိခိုးၿပီးလို႔ စိတ္ကေလးၾကည္ေနတဲ့ အခ်ိန္မွာ - ေမတၱာပြားေနတဲ့ အခ်ိန္မွာ စိတ္ထဲမွာ - ဖ်တ္ကနဲ၊ ဖ်တ္ကနဲ ေပၚလာတဲ့ သူေတြ ႀကဳံဖူးလိမ့္မယ္။ အဲဒါ ကိုယ့္ေမတၱာကို ခံယူမယ့္သူေတြ ေပၚလာတာ။ အေနာဒိသ ေမတၱာ၊ အဲဒီအခ်ိန္မွာ သူတို႔ကို ေမတၱာပို႔ေပး။အဲဒီအခ်ိန္မွာ ေလာဘ၊ ေဒါသ၊ ေမာဟ ေတြ ျဖစ္မေနဘူး။ ေပၚလာတဲ့ အာ႐ုံေတြမၿမဲတာ ကို သတိေလးထားေပး။လူေတြ ေပၚလာတယ္ - ေမတၱာပို႔တယ္ - ေပ်ာက္သြားတယ္။ ေနာက္တစ္ေယာက္ေပၚလာတယ္ - ေမတၱာပို႔တယ္ - ေပ်ာက္သြားတယ္။

ဒီလို မၿမဲတဲ့ သေဘာ ကို ႏွလုံးသြင္း ... ေမတၱာပို႔ေနရင္း ကိုယ့္စိတ္မွာ၊ ကိုယ္မွာ ပီတိ ေတြ ျဖစ္လာမယ္။ အဲဒီ ပီတိေတြ ပ်က္သြားမယ္။ ဒါေတြဟာ ပီတိေၾကာင့္ ျဖစ္လာတဲ့ ျဖစ္ - ပ်က္ သေဘာေတြကို သိလာတာ ... ဒါက ဝိပႆနာ။အဲဒီအခ်ိန္မွာ ... စိတ္မဆိုးေအာင္၊ ေဒါသမထြက္ေအာင္ သတိထား။ စိတ္ဆိုး ေဒါသထြက္ရင္ ကိုယ္ရေနတဲ့ ၿငိမ္းခ်မ္းမႈေလး ဆုံးရႈံးသြားမယ္။ေမတၱာထားတတ္ ပြားတတ္ရင္ ... ဈာန္လည္းရမယ္၊ ဉာဏ္လည္းရမယ္။ လက္တစ္ဖ်စ္စာ ေမတၱာပြားတဲ့အခါမွာေတာင္ ဒီေလာက္ အက်ိဳးမ်ားရင္၊ လက္တစ္ဖ်စ္စာေပါင္းမ်ားစြာ ... ႀကိမ္ဖန္မ်ားစြာ က်င့္လာတဲ့သူတစ္ေယာက္အတြက္ ဘာမွ ေျပာစရာကို မလိုေတာ့ဘူး။

ေမတၱာ ကို ရွိေအာင္လည္း ေနပါ။ သူမ်ားေတြကိုလည္း ေပးပါ၊ ပို႔ပါ။ ပြားလဲ ပြါးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဆရာေတာ္ ဓမၼဒူတ အရွင္ေဆကိႏၵ

#Unicode Version#

လူတိုင်း အမှန်တရားလက်ကိုင်ထားတယ်လို့ ပြောကြတယ်။ဒါပေမယ့် လူကြားထဲ အမှန်အတိုင်း သွားပြောရင် အဆင်မပြေ ဖြစ်ကြတာ များတယ်။အိမ်မှာ  ကိုယ်က မှန်အောင်နေတယ်၊ ဒါပေမဲ့ တစ်အိမ်လုံးနဲ့ အဆင်မပြေ ဖြစ်တယ်။ကိုယ့်အတွက်ကမှန်တယ် ၊ ဒါပေမယ့် အားလုံးနဲ့ အဆင်မပြေဘူး၊ မနေတတ်သေးလို့နဲ့ တူပါတယ် ဟုတ်လား

သူ အဆင်မပြေဘူး  ကိုယ် အဆင်ပြေနေတယ် ဒီအချိန်မှာ ကိုယ့်ဆီမှာ သနားကြင်နာတဲ့ စိတ်ကလေး ရှိနေဖို့ လိုတယ်။ "ကိုယ့်ကံနဲ့ ကိုယ်လာတာ" ဆိုတဲ့ စကားကို အဆင်ပြေနေတဲ့သူက အဆင်မပြေဖြစ်နေတဲ့သူကို ပြောလိုက်တဲ့ အခါ - မှန်တော့ မှန်တယ်၊ ဒါပေမယ့် ခံရတဲ့သူ ... ကြားရတဲ့သူ အတွက် အဆင်မပြေနိုင်ဘူး၊ ခံရခက်တယ်။

"ဗြဟ္မာ့ဝိဟာရ တရားလေးပါး" နဲ့ နေနိုင်မှ အားလုံးနဲ့ အဆင်ပြေမယ်... ဗြဟ္မာ့ဝိဟာရ တရားလေးပါးဆိုတာ ... မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တရားတွေကို ခေါ်တာ...

မေတ္တာထားပါ... သနားရမယ့်သူကို သနားပါ... သူများကြီးပွားချမ်းသာနေတာကို မုဒိတာပွားပါ... ဥပေက္ခာပြုသင့်တာကို ဥပေက္ခာပြုပါ...ကိုယ်က လူတစ်ယောက်ကို မေတ္တာထားလို့လည်း မရဘူး၊ သနားလို့လည်း မရဘူး၊ မုဒိတာပွားလို့လည်း မရဘူး ဆိုရင်တော့ ... ဘယ်လိုမှ လုပ်လို့ မရဘူးဆိုရင်တော့ ... ဥပေက္ခာပြုလိုက်ပါ။ဈာန်ငါးပါး မှာ ဥပေက္ခာက ပဉ္စမဈာန် ကို ရောက်တယ် ...အိမ်ပူတယ် ဆိုတာ ... အိမ်ကလူတွေ၊ အိမ်မှာနေတဲ့သူတွေ ပူလို့ အိမ်ပူတာ။ကမ္ဘာကြီးပူတယ် ဆိုတာ ... ကမ္ဘာကြီးမှာနေတဲ့သူတွေ ပူလို့။လူတွေ ကိုယ်မှန်တယ်ထင်ပြီး ထင်တာလုပ်လေလေ ပိုပူလာလေလေပဲ ... မပူအောင် ... မှန်အောင်နေပါ ... ဗြဟ္မာ့ဝိဟာရ တရားနဲ့ နေပါ။

မေတ္တာထားတယ် ဆိုတာ ... လောဘ မဖြစ်အောင် နေတာ
ကရုဏာ ထားတယ် ဆိုတာ ... ဒေါသ မဖြစ်အောင် နေတာ
မုဒိတာ ပွားတယ် ဆိုတာ ... လောဘ၊ ဒေါသ မဖြစ်အောင် နေတာ
ဥပေက္ခာ ထားတယ် ဆိုတာ ... မောဟ မဖြစ်အောင် နေတာ

မေတ္တာစိတ်ကို ... လက်တစ်ဖျစ်တီး လောက် ... တစ်စက္ကန့်လေးလောက် ထားကြည့်ပါ။ လက်တစ်ဖျစ်လောက်မေတ္တာစိတ်ထားတာနဲ့ ... လက်တစ်ဖျစ်စာ သီလလုံတယ် ... သမာဓိရတယ် ... လက်တစ်ဖျစ်စာ သီလ၊ သမာဓိ၊ပညာ သိက္ခာသုံးမျိုးလုံး ကျင့်ပြီးသား ဖြစ်သွားတယ်။မေတ္တာစိတ်ဖြစ်အောင် ဘယ်လိုလုပ်မလဲ ... မတည့်တဲ့သူ၊ မုန်းတဲ့သူ အကြောင်း မစဉ်းစားနဲ့၊ ချစ်တဲ့သူ အကြောင်းလည်း မစဉ်းစားနဲ့ မုန်းတဲ့သူ အကြောင်း စဉ်းစားရင် ... ဒေါသ ဖြစ်မယ်။ ချစ်တဲ့သူ အကြောင်း စဉ်းစားရင် ... တဏှာ ဖြစ်မယ်။တဏှာနဲ့လည်း မချစ်နဲ့ ... ဒေါသနဲ့လည်း မမုန်းနဲ့ ... ကိုယ့်ကိုယ်ကို စပြီး မေတ္တာပို့ ...လူတွေ မေတ္တာ နေ့တိုင်းပို့နေကြတယ် ... မေတ္တာသုတ်တွေ ရွတ်တယ် ... ဒါပေမဲ့ တစ်ယောက်ကို တစ်ယောက် တကယ်မေတ္တာ ရှိလို့လား၊ အကျင့်ပါနေလို့ ပို့ကြတာလား၊ မေတ္တာဆိုတာ ကိုယ့်မှာ ရှိနေဖို့၊ သူများကို ပေးဝေဖို့ လိုတယ် ... လက်တစ်ဖျစ်စာကနေ ရအောင်လုပ်ကြပါ...

ကမ္ဘာကြီးပူနွေးလာတာ လူတွေရဲ့ လောဘ၊ ဒေါသ၊ မောဟ တွေကြောင့် ဖြစ်တာ။ တချို့က သစ်ပင်တွေ ခုတ်လို့ လို့ပြောကြတယ်။ တချို့က ဘာတွေသုံးလို့ ညာတွေ သုံးလို့ဆိုပြီးပြောတယ်။ တကယ့်တရားသဘောနဲ့ကြည့်ရင် လောဘ၊ ဒေါသ၊ မောဟ တွေကြောင့်။ လူတွေ သစ်ပင်ခုတ်တယ်၊ ခုတ်တဲ့သူတွေက အခုတ်ခိုင်းတဲ့သူတွေရှိလို့ ခုတ်တယ်၊ အခုတ်ခိုင်းတဲ့ သူတွေက သူတို့ကိုယ်တွင်းက လောဘ၊ ဒေါသ၊ မောဟ တွေကြောင့် အခုတ်ခိုင်းတာ။

မေတ္တာစိတ်ဆိုတာ ပင်ကိုယ်ဓါတ်ခံကောင်းရင် ဖြစ်လွယ်တယ်။ မုန်းစရာ၊ ချစ်စရာ အာရုံတွေကို ရှောင်ပြီး အာရုံပြု၊ ဥပမာ - မိဘကျေးဇူးကို အာရုံပြု၊ ကိုယ့်အကြောင်းကိုယ် စဉ်းစားရင်လည်း အဆင်ပြေတယ်။ မေတ္တာစိတ် ဖြစ်လွယ်တယ်၊။ သူများအကြောင်းတွေ စဉ်းစားရင်တော့ ချစ်တဲ့၊ မုန်းတဲ့စိတ်တွေ ဖြစ်လာနိုင်တယ်။ကိုယ်နဲ့ မတည့်တဲ့သူအကြောင်းဆိုရင် မစဉ်းစားဘဲနဲ့ ပေါ်နေတတ်တယ်။ မတည့်တဲ့သူ အကြောင်းကို စဉ်းစား၊ ပေါ်လာတဲ့ သူ့မျက်နှာကို မြင်ပြီး ကိုယ်တစ်ယောက်ထဲ ရန်ဖြစ်နေတာ။ တွေးတိုင်း ပြန်ပေါ်တယ်။ မပြီးနိုင်တော့ဘူး။ ဒါ ကိုယ့်လောက် ရူးတဲ့သူ မရှိတော့ဘူးလေ။ ကိုယ့်စိတ်တွေပဲ ပူလောင်လာမယ် ... သူကတော့ သိမှာတောင် မဟုတ်ဘူ။

အိပ်ခါနီး ချက်ချင်း အိပ်မပျော်သေးခင် ... ကိုယ်မေတ္တာပို့နိုင်သူ၊ ကိုယ်မေတ္တာပို့ရမယ့်သူတွေကို - မေတ္တာပို့ပါ။ မနက် အိပ်ယာက နိုးတာနဲ့ နိုးနိုးချင်း မေတ္တာပွားပါ။ဘယ်သူ့အပေါ်မှ မမုန်းဘဲနေနိုင်တဲ့ အစွမ်း၊ စိတ် ရှိနိုင် ... ထားနိုင်ရမယ်။ အခုခေတ်လူတွေက ကိုယ့်စိတ်ထဲမှာ အချိုးမကျတဲ့သူ၊ ကိုယ်နဲ့စိတ်တိုင်းမကျတဲ့သူကို မြင်လေ မေတ္တာစိတ် ပျောက်လေလေ ဖြစ်တတ်ကြတယ်။ တွေးတာနဲ့တောင် ဒေါသတွေ အမျက်ချောင်းချောင်း ထတတ်ကြတယ်။

အမှန်တရားကိုလည်း ကြိုက်ပါ၊ နေတတ်အောင်လည်း နေပါ။ ကိုယ့်စိတ်တိုင်းကျ၊ အချိုးကျတဲ့သူဆိုတာ မရှိနိုင်ဘူ။ ကိုယ့်ကိုယ်ကိုတောင် စိတ်တိုင်းကျကြရဲ့လား။ ကိုယ့်ဘဝကိုတောင် ကိုယ်ကျေနပ်လို့လား။ကိုယ်ပြင်ပေးလိုက်လို့၊ ကိုယ်ပြောလိုက်လို့ အချိုးကျသွားတယ်ဆိုတဲ့သူ ဘယ်နှစ်ယောက် ရှိခဲ့ဘူးလဲ။ ကိုယ့်မှာ မေတ္တာတကယ်ရှိလာရင် မျက်စိထဲမှာ အားလုံး အချိုးကျလာမယ်။မေတ္တာစိတ်လေးထားတာသည် ... သီးခံခြင်း အကျင့်ကို ကျင့်ရာရောက်တယ်၊ အားလုံး အကျိုးများတယ်။ သီလ၊ သမာဓိ၊ ပညာ ထူထောင်ပြီး ဖြစ်တယ်။

ကိုယ် မေတ္တာပို့ချင်တဲ့သူကို အာရုံစိုက်ပြီးပို့၊ ပြီးရင် လူ၊ သတ္တဝါ တွေကို မေတ္တာပို့ ၊ မိဘ၊ ကျေးဇူးရှင် ဆရာသမားတွေကို စူးစိုက် အားထဲ့ပြီး မေတ္တာပို့လိုက်တာနဲ့ အာရုံထဲမှာ သူတို့ပုံတွေ ပေါ်လာမယ်။ ဒီလိုလုပ်တာမှာ ... အားစိုက်ထုတ်တာလေးရှိတယ်။ ရည်မှန်းတဲ့ ဓါတ်ကလေးပါတယ်။ ဒါက သြဒိသ - ရည်စူးပြီးပို့တဲ့ မေတ္တာ။

စိတ်ကို မှန်လို ကြည်အောင်နေ။ မေတ္တာစိတ်လေးနဲ့နေ။ ဒါက အနောဒိသ - မရည်စူးပဲ ပို့တဲ့ မေတ္တာ။
သြဒိသ မေတ္တာမှာ စူးစိုက်တဲ့ ဈာန် သဘောပါတယ်။ ဈာန်က အားးစိုက်ရတယ် ... သူက သမထ။
အနောဒိသ မေတ္တာမှာ ဉာဏ် သဘောပါတယ်။ ဉာဏ်က အားစိုက်ဖို့ မလိုဘူး ... သူက ဝိပဿနာ။။

တခါတလေ ကိုယ်က ဘုရားရှိခိုးပြီးလို့ စိတ်ကလေးကြည်နေတဲ့ အချိန်မှာ - မေတ္တာပွားနေတဲ့ အချိန်မှာ စိတ်ထဲမှာ - ဖျတ်ကနဲ၊ ဖျတ်ကနဲ ပေါ်လာတဲ့ သူတွေ ကြုံဖူးလိမ့်မယ်။ အဲဒါ ကိုယ့်မေတ္တာကို ခံယူမယ့်သူတွေ ပေါ်လာတာ။ အနောဒိသ မေတ္တာ၊ အဲဒီအချိန်မှာ သူတို့ကို မေတ္တာပို့ပေး။အဲဒီအချိန်မှာ လောဘ၊ ဒေါသ၊ မောဟ တွေ ဖြစ်မနေဘူး။ ပေါ်လာတဲ့ အာရုံတွေမမြဲတာ ကို သတိလေးထားပေး။လူတွေ ပေါ်လာတယ် - မေတ္တာပို့တယ် - ပျောက်သွားတယ်။ နောက်တစ်ယောက်ပေါ်လာတယ် - မေတ္တာပို့တယ် - ပျောက်သွားတယ်။

ဒီလို မမြဲတဲ့ သဘော ကို နှလုံးသွင်း ... မေတ္တာပို့နေရင်း ကိုယ့်စိတ်မှာ၊ ကိုယ်မှာ ပီတိ တွေ ဖြစ်လာမယ်။ အဲဒီ ပီတိတွေ ပျက်သွားမယ်။ ဒါတွေဟာ ပီတိကြောင့် ဖြစ်လာတဲ့ ဖြစ် - ပျက် သဘောတွေကို သိလာတာ ... ဒါက ဝိပဿနာ။အဲဒီအချိန်မှာ ... စိတ်မဆိုးအောင်၊ ဒေါသမထွက်အောင် သတိထား။ စိတ်ဆိုး ဒေါသထွက်ရင် ကိုယ်ရနေတဲ့ ငြိမ်းချမ်းမှုလေး ဆုံးရှုံးသွားမယ်။မေတ္တာထားတတ် ပွားတတ်ရင် ... ဈာန်လည်းရမယ်၊ ဉာဏ်လည်းရမယ်။ လက်တစ်ဖျစ်စာ မေတ္တာပွားတဲ့အခါမှာတောင် ဒီလောက် အကျိုးများရင်၊ လက်တစ်ဖျစ်စာပေါင်းများစွာ ... ကြိမ်ဖန်များစွာ ကျင့်လာတဲ့သူတစ်ယောက်အတွက် ဘာမှ ပြောစရာကို မလိုတော့ဘူး။

မေတ္တာ ကို ရှိအောင်လည်း နေပါ။ သူများတွေကိုလည်း ပေးပါ၊ ပို့ပါ။ ပွားလဲ ပွါးပါ။

ဖိုးသူတော် (www.phothutaw.com)

Credit: ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒ

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top