စမ္းေခ်ာင္း၊မင္းလမ္းအိမ္နံပါတ္ ၆၈ ၊ပထမထပ္မွာေနထိုင္တဲ့ အသက္ ၇၄ ႏွစ္အ႐ြယ္အဖြားအိုတစ္ဦး တိုက္ခန္းအတြင္းမွာ ေသဆုံးေနၿပီးေတာ့ ေလးရက္ခန႔္အၾကာ ေဖေဖာ္ဝါရီ ၁၃ ရက္မွာမွ ပါတ္ဝန္းက်င္က သိရွိခဲ့တယ္လို႔ ဆိုပါတယ္။ေသဆုံးသူက အသက္ ၇၄ ႏွစ္အ႐ြယ္ ေဒၚေအးေအးၿငိမ္းဆိုသူျဖစ္ၿပီးေတာ့ ျပင္ပဒဏ္ရာ ေတြ႕ရွိတာမ်ိဳးမရွိဘူးလို႔ စမ္းေခ်ာင္းၿမိဳ႕မရဲစခန္းက တာဝန္က်ရဲအရာရွိက Duwun ကိုေျပာပါတယ္။

“ အသက္က ၇၄ ႏွစ္ရွိၿပီ။အဲ့တိုက္ခန္းမွာ တစ္ေယာက္တည္းေနတယ္လို႔သိထားတယ္။ပါတ္ဝန္းက်င္က အဲ့နားမွာေနတဲ့ေဘးခန္းက လူေတြကအပုပ္နံ႔ရတယ္အေၾကာင္းၾကားလို႔ ရာအိမ္မႈး၊ဆယ္အိမ္မႈးနဲ႔သြားၾကတာပါ။ေလာေလာဆယ္မွာ ျပင္ပဒဏ္ရာမေတြ႕တာေၾကာင့္ ေဆး႐ုံကို ပို႔ထားတယ္ ” လို႔စမ္းေခ်ာင္းၿမိဳ႕မရဲစခန္းက တာဝန္က်ရဲအရာရွိက ေျပာပါတယ္။

ေသသူက ျပင္ပသို႔ထြက္မလာတာ ၄ ရက္ခန႔္ေက်ာ္ၾကာေနၿပီျဖစ္ၿပီးေတာ့ အနံ႔ဆိုးဝါးစြာထြက္လာမွသာ ရပ္ကြက္က သိခဲ့တယ္လို႔ ေျပာပါတယ္။အေလာင္းကို ေတြ႕ရွိစဥ္မွာေတာ့ ပုပ္ပြေနၿပီး ႐ုတ္တရတ္ေသြးေဆာင့္တိုးရာကေန ေသဆုံးတယ္လို႔ လတ္တေလာခန႔္မွန္းထားတယ္လို႔ သူကေျပာပါတယ္။ေသဆုံးမႈနဲ႔ ပါတ္သတ္ၿပီးအေသးစိတ္ကိုေတာ့ စစ္ေဆးဆဲျဖစ္တယ္လို႔လည္းသိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

စမ်းချောင်း၊မင်းလမ်းအိမ်နံပါတ် ၆၈ ၊ပထမထပ်မှာနေထိုင်တဲ့ အသက် ၇၄ နှစ်အရွယ်အဖွားအိုတစ်ဦး တိုက်ခန်းအတွင်းမှာ သေဆုံးနေပြီးတော့ လေးရက်ခန့်အကြာ ဖေဖော်ဝါရီ ၁၃ ရက်မှာမှ ပါတ်ဝန်းကျင်က သိရှိခဲ့တယ်လို့ ဆိုပါတယ်။သေဆုံးသူက အသက် ၇၄ နှစ်အရွယ် ဒေါ်အေးအေးငြိမ်းဆိုသူဖြစ်ပြီးတော့ ပြင်ပဒဏ်ရာ တွေ့ရှိတာမျိုးမရှိဘူးလို့ စမ်းချောင်းမြို့မရဲစခန်းက တာဝန်ကျရဲအရာရှိက Duwun ကိုပြောပါတယ်။

“ အသက်က ၇၄ နှစ်ရှိပြီ။အဲ့တိုက်ခန်းမှာ တစ်ယောက်တည်းနေတယ်လို့သိထားတယ်။ပါတ်ဝန်းကျင်က အဲ့နားမှာနေတဲ့ဘေးခန်းက လူတွေကအပုပ်နံ့ရတယ်အကြောင်းကြားလို့ ရာအိမ်မှုး၊ဆယ်အိမ်မှုးနဲ့သွားကြတာပါ။လောလောဆယ်မှာ ပြင်ပဒဏ်ရာမတွေ့တာကြောင့် ဆေးရုံကို ပို့ထားတယ် ” လို့စမ်းချောင်းမြို့မရဲစခန်းက တာဝန်ကျရဲအရာရှိက ပြောပါတယ်။

သေသူက ပြင်ပသို့ထွက်မလာတာ ၄ ရက်ခန့်ကျော်ကြာနေပြီဖြစ်ပြီးတော့ အနံ့ဆိုးဝါးစွာထွက်လာမှသာ ရပ်ကွက်က သိခဲ့တယ်လို့ ပြောပါတယ်။အလောင်းကို တွေ့ရှိစဉ်မှာတော့ ပုပ်ပွနေပြီး ရုတ်တရတ်သွေးဆောင့်တိုးရာကနေ သေဆုံးတယ်လို့ လတ်တလောခန့်မှန်းထားတယ်လို့ သူကပြောပါတယ်။သေဆုံးမှုနဲ့ ပါတ်သတ်ပြီးအသေးစိတ်ကိုတော့ စစ်ဆေးဆဲဖြစ်တယ်လို့လည်းသိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top