ရုပ္ရွင္ေတြထဲ ျမင္ဖူးမွာေပါ့၊ မင္းသမီးကို အျမဲတမ္းဘလိုင္းၾကီး ေဂ်ဝင္၊ စိတ္ပုပ္ျပီး ေခ်ာက္ခ်တတ္တဲ့ ဗီလိန္မေလးေတြ။ ရုပ္ေလးေခ်ာေနရင္ေတာင္ အဲ့ရုပ္ရွင္ၾကည့္ေနရင္း သူ႔ကိုမုန္းလာတာ၊ က်ိန္ဆဲမိၾကတာ ျဖစ္ဖူးတယ္မလား။ ျပင္ပေလာကမွာလည္း ဒီလိုမ်ိဳးေလးေတြရွိတတ္ေပမယ့္ ေဂ်ဝင္တာကို သိပ္မသိသာဘူးေလေနာ္။ သူ႔စိတ္ထဲရွိေနတာကို ရုပ္ရွင္ထဲမွာလို လူတိုင္းကျမင္ေနရမွာမွမဟုတ္တာ။ ဒါေပမယ့္ ေဂ်မမတို႔အတြက္ သတိထားသင့္တဲ့အႏၱရာယ္ရွိလာပါျပီ။

အတြင္းစိတ္ထဲမွာ မနာလိုတာေတြ၊ ေလာဘေၾကာင့္ပူေလာင္ေနတာ၊ စိတ္အေျပာင္းအလဲျမန္တာ၊ ေသာကေတြအျမဲပိုက္ထားတဲ့ သက္လတ္ပိုင္းအမ်ိဳးသမီးေတြဟာ အယ္ဇိုင္းမားေရာဂါျဖစ္လာနုိင္ေျခ ပိုမ်ားတယ္လို႔ ႏွစ္ ၄၀ နီးပါး ၾကာ သုေတသနေလ့လာမႈတစ္ခုက Neurology ဂ်ာနယ္မွာ  ေဖာ္ျပခဲ့ပါတယ္။

ႏွစ္ ၄၀ အတြင္း အမ်ိဳးသမီး ၈၀၀ ကို ေလ့လာခဲ့တဲ့ University of Gothenburg ရဲ႕ သုေတသနအရ အျမဲလိုလို ကာလၾကာရွည္စိတ္ထဲဖိစီးမႈ၊ ပူေလာင္မႈေတြခံစားရတာဟာ ဒီစိတ္ေတြနည္းတဲ့ သာမန္အမ်ိဳးသမီးေတြနဲ႔ယွဥ္ရင္ အယ္ဇိုင္းမားေရာဂါျဖစ္နိုင္ေျခ ႏွစ္ဆပိုမ်ားတာကို ေတြ႔ရပါတယ္။

အျဖစ္မ်ားဆံုး မွတ္ဥာဏ္ခ်ိဳ႕ယြင္းမႈေရာဂါတစ္မ်ိဳးျဖစ္တဲ့ အယ္ဇိုင္းမားေၾကာင့္ မွတ္ဥာဏ္၊ ဘာသာစကားစြမ္းရည္၊ အာရံုစူးစိုက္နိုင္စြမ္း၊ က်ိဳးေၾကာင္းဆင္ျခင္ဆံုးျဖတ္နုိင္စြမ္း၊ ျမင္နုိင္စြမ္းတို႔မွာ ခြ်တ္ယြင္းလာေစတာပါ။ တျဖည္းျ္ဖည္းခ်င္းအဆင့္တက္လာတတ္တဲ့ ဒီေရာဂါကို အရွင္းေပ်ာက္ကင္းေစတဲ့ ကုသနည္းမရွိပါဘူူး။

ဒီေလ့လာမႈက အမ်ိဳးသားေတြမွာလည္း အလားတူရလဒ္ပဲျဖစ္ေနနိုင္ေပမယ့္ လက္ရွိသုေတသနမွာေတာ့ အမ်ိဳးသမီးေတြကိုပဲ အဓိကေလ့လာခဲ့တာပါ။ ပူပန္ေသာက၊ မနာလိုစိတ္၊ အေျပာင္းအလဲျမန္တဲ့စိတ္တို႔လို အတြင္းစိတ္ခံစားမႈေတြေၾကာင့္ ဖိစီးေနရတဲ့သူေတြမွာ အျပစ္ရွိတဲ့စိတ္၊ ေဒါသစိတ္၊ မနာလိုစိိတ္၊ ပူပန္စိတ္နဲ႔ စိတ္က်ျခင္းေတြ ပိုျဖစ္ေလ့ရွိပါတယ္။

ဒီလိုစိတ္ဖိစီးမႈေတြ ကာလတာရွည္ၾကိတ္ခံစားေနရရင္း စိတ္ပင္ပန္းလြန္တာ၊ ေကာင္းေကာင္းအိပ္မေပ်ာ္တာ၊ ေၾကာက္စိတ္ဝင္တာ(ဆံုးရံႈးမွာ၊ က်ဆံုးမွာ၊ ပစ္ပယ္ခံရမွာ)၊ စိတ္တိုလြယ္တာ၊ ဖိအားမခံနိုင္တာေတြ ျဖစ္လာပါေရာ။

ပြင့္လင္းတတ္တာျဖစ္ျဖစ္၊ အံု႔ပုန္းသမားပဲျဖစ္ျဖစ္ သူ႔သဘာဝအတိုင္းေတာ့ ဒီလိုအႏၱရာယ္မရွိနုိင္ေပမယ့္ စိတ္ေျပာင္းလဲလြယ္၊ စိတ္အေတြးကိုသိုဝွက္တတ္တဲ့(အျပင္ပန္းတစ္မ်ိဳး၊အတြင္းစိတ္တစ္မ်ိဳး) အမ်ိဳးသမီးေတြမွာ အယ္ဇိုင္းမားအႏၱရာယ္ပိုမ်ားတာကို ေတြ႔ရပါတယ္။

ဒီီေရာဂါက မ်ိဳးဗီဇနဲ႔ဆိုင္တယ္ဆိုတာ သိထားျပီးျဖစ္ေပမယ့္ ဒီလိုစိတ္ေနစိတ္ထားနဲ႔ဆိုင္တယ္ဆိုတာ သိပ္မရွင္းေသးဘူး။ ထပ္ေလ့လာဖို႔ လိုဦးမယ္ လို႔ သုေတသနမွာမပါဝင္ခဲ့တဲ့ အယ္ဇိုင္းမားေရာဂါဆိုင္ရာအဖြဲ႔အစည္းမွ ဒါရိုက္တာ Dean Hartley ကေျပာပါတယ္။

“ စိတ္ေနစိတ္ထားနဲ႔ပဲ အယ္ဇိုင္းမားျဖစ္နိုင္ေျခကို လႊမ္းမိုးနိုင္တာပဲလား၊ တကယ္ေတာ့ လူတစ္ေယာက္ရဲ႕ အျပဳအမူ၊ေနထိုင္မႈပံုစံ၊ စိတ္ဖိစီးမႈအေပၚတံု႔ျပန္ပံု၊ စတဲ့အခ်က္ေတြအားလံုးက လူ႔က်န္းမာေရးကို သက္ေရာက္မႈရွိနိုင္တာပဲေလ” လို႔ သူက ဆက္ေျပာပါတယ္။ ဒါေပမယ့္ စိတ္ပူပန္ထိခိုက္လြယ္မႈ၊စိတ္ဖိစီးမႈေတြဟာ ဦးေႏွာက္ရဲ႕ hippocampus အပိုင္းကို အေျပာင္္းအလဲျဖစ္ေစနိုင္တယ္လို႔ အရင္ သုေတသနေတြက ေဖာ္ျပျပီးျဖစ္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Hellosayarwonm
#Unicode Version#
ရုပ်ရှင်တွေထဲ မြင်ဖူးမှာပေါ့၊ မင်းသမီးကို အမြဲတမ်းဘလိုင်းကြီး ဂျေဝင်၊ စိတ်ပုပ်ပြီး ချောက်ချတတ်တဲ့ ဗီလိန်မလေးတွေ။ ရုပ်လေးချောနေရင်တောင် အဲ့ရုပ်ရှင်ကြည့်နေရင်း သူ့ကိုမုန်းလာတာ၊ ကျိန်ဆဲမိကြတာ ဖြစ်ဖူးတယ်မလား။ ပြင်ပလောကမှာလည်း ဒီလိုမျိုးလေးတွေရှိတတ်ပေမယ့် ဂျေဝင်တာကို သိပ်မသိသာဘူးလေနော်။ သူ့စိတ်ထဲရှိနေတာကို ရုပ်ရှင်ထဲမှာလို လူတိုင်းကမြင်နေရမှာမှမဟုတ်တာ။ ဒါပေမယ့် ဂျေမမတို့အတွက် သတိထားသင့်တဲ့အန္တရာယ်ရှိလာပါပြီ။

အတွင်းစိတ်ထဲမှာ မနာလိုတာတွေ၊ လောဘကြောင့်ပူလောင်နေတာ၊ စိတ်အပြောင်းအလဲမြန်တာ၊ သောကတွေအမြဲပိုက်ထားတဲ့ သက်လတ်ပိုင်းအမျိုးသမီးတွေဟာ အယ်ဇိုင်းမားရောဂါဖြစ်လာနိုင်ခြေ ပိုများတယ်လို့ နှစ် ၄၀ နီးပါး ကြာ သုတေသနလေ့လာမှုတစ်ခုက Neurology ဂျာနယ်မှာ  ဖော်ပြခဲ့ပါတယ်။

နှစ် ၄၀ အတွင်း အမျိုးသမီး ၈၀၀ ကို လေ့လာခဲ့တဲ့ University of Gothenburg ရဲ့ သုတေသနအရ အမြဲလိုလို ကာလကြာရှည်စိတ်ထဲဖိစီးမှု၊ ပူလောင်မှုတွေခံစားရတာဟာ ဒီစိတ်တွေနည်းတဲ့ သာမန်အမျိုးသမီးတွေနဲ့ယှဉ်ရင် အယ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ နှစ်ဆပိုများတာကို တွေ့ရပါတယ်။

အဖြစ်များဆုံး မှတ်ဉာဏ်ချို့ယွင်းမှုရောဂါတစ်မျိုးဖြစ်တဲ့ အယ်ဇိုင်းမားကြောင့် မှတ်ဉာဏ်၊ ဘာသာစကားစွမ်းရည်၊ အာရုံစူးစိုက်နိုင်စွမ်း၊ ကျိုးကြောင်းဆင်ခြင်ဆုံးဖြတ်နိုင်စွမ်း၊ မြင်နိုင်စွမ်းတို့မှာ ချွတ်ယွင်းလာစေတာပါ။ တဖြည်းြ်ဖည်းချင်းအဆင့်တက်လာတတ်တဲ့ ဒီရောဂါကို အရှင်းပျောက်ကင်းစေတဲ့ ကုသနည်းမရှိပါဘူူး။

ဒီလေ့လာမှုက အမျိုးသားတွေမှာလည်း အလားတူရလဒ်ပဲဖြစ်နေနိုင်ပေမယ့် လက်ရှိသုတေသနမှာတော့ အမျိုးသမီးတွေကိုပဲ အဓိကလေ့လာခဲ့တာပါ။ ပူပန်သောက၊ မနာလိုစိတ်၊ အပြောင်းအလဲမြန်တဲ့စိတ်တို့လို အတွင်းစိတ်ခံစားမှုတွေကြောင့် ဖိစီးနေရတဲ့သူတွေမှာ အပြစ်ရှိတဲ့စိတ်၊ ဒေါသစိတ်၊ မနာလိုစိတ်၊ ပူပန်စိတ်နဲ့ စိတ်ကျခြင်းတွေ ပိုဖြစ်လေ့ရှိပါတယ်။

ဒီလိုစိတ်ဖိစီးမှုတွေ ကာလတာရှည်ကြိတ်ခံစားနေရရင်း စိတ်ပင်ပန်းလွန်တာ၊ ကောင်းကောင်းအိပ်မပျော်တာ၊ ကြောက်စိတ်ဝင်တာ(ဆုံးရှုံးမှာ၊ ကျဆုံးမှာ၊ ပစ်ပယ်ခံရမှာ)၊ စိတ်တိုလွယ်တာ၊ ဖိအားမခံနိုင်တာတွေ ဖြစ်လာပါရော။

ပွင့်လင်းတတ်တာဖြစ်ဖြစ်၊ အုံ့ပုန်းသမားပဲဖြစ်ဖြစ် သူ့သဘာဝအတိုင်းတော့ ဒီလိုအန္တရာယ်မရှိနိုင်ပေမယ့် စိတ်ပြောင်းလဲလွယ်၊ စိတ်အတွေးကိုသိုဝှက်တတ်တဲ့(အပြင်ပန်းတစ်မျိုး၊အတွင်းစိတ်တစ်မျိုး) အမျိုးသမီးတွေမှာ အယ်ဇိုင်းမားအန္တရာယ်ပိုများတာကို တွေ့ရပါတယ်။

ဒီရောဂါက မျိုးဗီဇနဲ့ဆိုင်တယ်ဆိုတာ သိထားပြီးဖြစ်ပေမယ့် ဒီလိုစိတ်နေစိတ်ထားနဲ့ဆိုင်တယ်ဆိုတာ သိပ်မရှင်းသေးဘူး။ ထပ်လေ့လာဖို့ လိုဦးမယ် လို့ သုတေသနမှာမပါဝင်ခဲ့တဲ့ အယ်ဇိုင်းမားရောဂါဆိုင်ရာအဖွဲ့အစည်းမှ ဒါရိုက်တာ Dean Hartley ကပြောပါတယ်။

“ စိတ်နေစိတ်ထားနဲ့ပဲ အယ်ဇိုင်းမားဖြစ်နိုင်ခြေကို လွှမ်းမိုးနိုင်တာပဲလား၊ တကယ်တော့ လူတစ်ယောက်ရဲ့ အပြုအမူ၊နေထိုင်မှုပုံစံ၊ စိတ်ဖိစီးမှုအပေါ်တုံ့ပြန်ပုံ၊ စတဲ့အချက်တွေအားလုံးက လူ့ကျန်းမာရေးကို သက်ရောက်မှုရှိနိုင်တာပဲလေ” လို့ သူက ဆက်ပြောပါတယ်။ ဒါပေမယ့် စိတ်ပူပန်ထိခိုက်လွယ်မှု၊စိတ်ဖိစီးမှုတွေဟာ ဦးနှောက်ရဲ့ hippocampus အပိုင်းကို အပြောင်းအလဲဖြစ်စေနိုင်တယ်လို့ အရင် သုတေသနတွေက ဖော်ပြပြီးဖြစ်ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Hellosayarwonm
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top