iMyanmarHouse.com - Best Property Website for Myanmar
×


အက္စတိုးနီးယားႏိုင္ငံေန ၾကင္နာတတ္တဲ့ ေဆာက္လုပ္ေရးလုပ္သားႏွစ္ဦးဟာ ျမစ္ထဲမွာ ေအးခဲၿပီး ေသလုမတတ္ျဖစ္ေနတဲ့ သတၱဝါတစ္ေကာင္ကို ကယ္ဆယ္လာခဲ့ပါတယ္။ ၎တို႔ႏွစ္ဦးဟာ ရန္ဒို နဲ႔ ေရာ္ဘင္ဆိုသူျဖစ္ၾကၿပီး ေသာင္တူးေနတဲ့အခိုက္ ေခြးတစ္ေကာင္လို႔ ယူဆရတဲ့ သတၱဝါ တစ္ေကာင္ဟာ ေရကာတာမွာ ညႇပ္ပိတ္မိေနတာကို ေတြ႕လိုက္ရပါတယ္။

ဒါနဲ႔ပဲ ႏွစ္ဦးသားဟာ ေရခဲေတြကို ခြဲဖယ္ၿပီး ထိုသတၱဝါရွိရာဆီ ကယ္ဆယ္ ဖို႔ထြက္လာခဲ့ပါတယ္။ ေခြးလို႔ ယူဆရတဲ့ ၎ကို ပုဝါနဲ႔ပတ္ေပးၿပီး ေႏြးေထြးေအာင္လို႔ဆိုကာ ကားထဲကိုပါ ထည့္ေခၚလာခဲ့ပါတယ္။ ခ်မ္းေအးလြန္းလို႔ ခိုက္ခိုက္တုန္ေနတဲ့ ၎သတၱဝါကို တိရစာၦန္ဆရာဝန္ဆီ သြားျပေပးဖို႔အတြက္ ရန္ဒိုနဲ႔ေရာ္ဘင္ဟာ အနီးဆုံးၿမိဳ႕ဆီကို ကားေမာင္းလာခဲ့ပါတယ္။

၎ သတၱဝါ ဟာ ရန္ဒို ရဲ႕ ေပါင္ေပၚမွာ ဦးေခါင္းကို ေမွးတင္ၿပီး လိုက္ပါလာခဲ့တာ ျဖစ္ပါတယ္။ ဒီလိုနဲ႔ တိရစာၦန္ ေဆးကုခန္းကို ေရာက္ခဲ့အခါမွာေတာ့ ရန္ဒိုတို႔အတြက္ မေမွ်ာ္လင့္တဲ့ ျဖစ္ရပ္တစ္ခုကို ၾကားသိခဲ့ရပါတယ္။ အဲဒါက သူတို႔ေခြးအမွတ္နဲ႔ ကယ္လာတဲ့ သတၱဝါဟာ တကယ္ေတာ့ ဝံပုေလြတစ္ေကာင္ ျဖစ္ေနတယ္ဆိုတာကိုပါ။

ဝံပုေလြဆိုတာဟာ အ႐ိုင္းသတၱဝါျဖစ္လို႔ လူေတြအတြက္ အန ၱရာယ္ရွိပါတယ္။ ကယ္လာတဲ့အခ်ိန္မွာ ဝံပုေလြဟာ အားနည္းေနတဲ့ အခ်ိန္ျဖစ္ေနတာေၾကာင့္ မွိန္းေန႐ုံကလြဲလို႔ လူေတြကို ရန္မရွာႏိုင္တာျဖစ္ေၾကာင္း၊ လူေတြနဲ႔ ရင္းႏွီးသင့္တဲ့ သတၱဝါမဟုတ္ေၾကာင္းကို တိရစာၦန္ဆရာဝန္က မွတ္ခ်က္ေပးပါတယ္။

၎ဝံပုေလြဟာ ဝံပုေလြအထီးျဖစ္ၿပီး တစ္ႏွစ္ဝန္းက်င္အ႐ြယ္ ရွိေနပါၿပီ။ ဝံပုေလြကို ေသခ်ာက်နစြာ ျပဳစုကုသေပးၿပီးေနာက္မွာေတာ့ ၎ကို ေတာထဲ ျပန္လႊတ္ခဲ့ေၾကာင္း သိရပါတယ္။ Estonian Union for the Protection of Animals (EUPA) ကေတာ့ ဝံပုေလြရဲ႕ ကယ္ဆယ္ေရး အေထြေထြကုန္က်စရိတ္နဲ႔ ပတ္သက္လို႔ အကုန္က်ခံခဲ့ေၾကာင္းလည္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Burmese.asia

#Unicode Version#

အက်စတိုးနီးယားနိုင်ငံနေ ကြင်နာတတ်တဲ့ ဆောက်လုပ်ရေးလုပ်သားနှစ်ဦးဟာ မြစ်ထဲမှာ အေးခဲပြီး သေလုမတတ်ဖြစ်နေတဲ့ သတ္တဝါတစ်ကောင်ကို ကယ်ဆယ်လာခဲ့ပါတယ်။ ၎င်းတို့နှစ်ဦးဟာ ရန်ဒို နဲ့ ရော်ဘင်ဆိုသူဖြစ်ကြပြီး သောင်တူးနေတဲ့အခိုက် ခွေးတစ်ကောင်လို့ ယူဆရတဲ့ သတ္တဝါ တစ်ကောင်ဟာ ရေကာတာမှာ ညှပ်ပိတ်မိနေတာကို တွေ့လိုက်ရပါတယ်။

ဒါနဲ့ပဲ နှစ်ဦးသားဟာ ရေခဲတွေကို ခွဲဖယ်ပြီး ထိုသတ္တဝါရှိရာဆီ ကယ်ဆယ် ဖို့ထွက်လာခဲ့ပါတယ်။ ခွေးလို့ ယူဆရတဲ့ ၎င်းကို ပုဝါနဲ့ပတ်ပေးပြီး နွေးထွေးအောင်လို့ဆိုကာ ကားထဲကိုပါ ထည့်ခေါ်လာခဲ့ပါတယ်။ ချမ်းအေးလွန်းလို့ ခိုက်ခိုက်တုန်နေတဲ့ ၎င်းသတ္တဝါကို တိရစ္ဆာန်ဆရာဝန်ဆီ သွားပြပေးဖို့အတွက် ရန်ဒိုနဲ့ရော်ဘင်ဟာ အနီးဆုံးမြို့ဆီကို ကားမောင်းလာခဲ့ပါတယ်။

၎င်း သတ္တဝါ ဟာ ရန်ဒို ရဲ့ ပေါင်ပေါ်မှာ ဦးခေါင်းကို မှေးတင်ပြီး လိုက်ပါလာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ တိရစ္ဆာန် ဆေးကုခန်းကို ရောက်ခဲ့အခါမှာတော့ ရန်ဒိုတို့အတွက် မမျှော်လင့်တဲ့ ဖြစ်ရပ်တစ်ခုကို ကြားသိခဲ့ရပါတယ်။ အဲဒါက သူတို့ခွေးအမှတ်နဲ့ ကယ်လာတဲ့ သတ္တဝါဟာ တကယ်တော့ ဝံပုလွေတစ်ကောင် ဖြစ်နေတယ်ဆိုတာကိုပါ။

ဝံပုလွေဆိုတာဟာ အရိုင်းသတ္တဝါဖြစ်လို့ လူတွေအတွက် အန ္တရာယ်ရှိပါတယ်။ ကယ်လာတဲ့အချိန်မှာ ဝံပုလွေဟာ အားနည်းနေတဲ့ အချိန်ဖြစ်နေတာကြောင့် မှိန်းနေရုံကလွဲလို့ လူတွေကို ရန်မရှာနိုင်တာဖြစ်ကြောင်း၊ လူတွေနဲ့ ရင်းနှီးသင့်တဲ့ သတ္တဝါမဟုတ်ကြောင်းကို တိရစ္ဆာန်ဆရာဝန်က မှတ်ချက်ပေးပါတယ်။

၎င်းဝံပုလွေဟာ ဝံပုလွေအထီးဖြစ်ပြီး တစ်နှစ်ဝန်းကျင်အရွယ် ရှိနေပါပြီ။ ဝံပုလွေကို သေချာကျနစွာ ပြုစုကုသပေးပြီးနောက်မှာတော့ ၎င်းကို တောထဲ ပြန်လွှတ်ခဲ့ကြောင်း သိရပါတယ်။ Estonian Union for the Protection of Animals (EUPA) ကတော့ ဝံပုလွေရဲ့ ကယ်ဆယ်ရေး အထွေထွေကုန်ကျစရိတ်နဲ့ ပတ်သက်လို့ အကုန်ကျခံခဲ့ကြောင်းလည်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top