၂၀၁၈ ခုနွစ္မွာ ဆင္ေသဆံုး/သတ္ျဖတ္ ခံရမႈ (၅) နွစ္အတြင္း အနည္းဆံုးျဖစ္ / ျမန္မာတစ္နိုင္ငံလံုးတြင္ ၂၀၁၈ ခုနွစ္အတြင္း ဆင္ေသဆံုး/သတ္ျဖတ္ ခံရမႈမွာ ၂၀၁၄ ခုနွစ္မွ ၂၀၁၈ ခုနွစ္ (၅) နွစ္အတြင္း အနည္းဆံုးျဖစ္ေၾကာင္း သားငွက္ထိန္းသိမ္းေရးအဖြဲ႔ (WCS) ေတာရိုင္းတိရစာၦန္မ်ားနွင့္ ၄င္းတို႔၏ ကိုယ္ခႏၶာအစိတ္အပိုင္းမ်ား တရားမဝင္ ေရာင္းဝယ္မႈတားဆီးေရးဆိုင္ရာ စီမံခ်က္၏ စာရင္းမ်ာအရ သိရသည္ ။

ဆင္မ်ား၏ ကိုယ္အဂၤါအစိတ္အပိုင္းမ်ား ေရာင္းဝယ္မႈ ေစ်းကြက္က်ယ္ျပန္႔လာသည့္အတြက္ ျမန္မာနိုင္ငံတြင္ ဆင္သတ္ျဖတ္ခံရမႈ တစ္နွစ္ထက္တစ္နွစ္ ျမင့္မားလွ်က္ရိွရာ ျမန္မာနိုင္ငံအစိုးရ ၊ WCS ၊ WWF တို႔ျဖင့္ ပူးေပါင္း၍ တားဆီးကာကြယ္ အသိပညာေပးျခင္းမ်ားေဆာင္ရြက္လွ်က္ရွိသည္

ျမန္မာနိုင္ငံတြင္ ၂၀၁၄ ခုနွစ္က ဆင္ေသဆံုး သတ္ျဖတ္ခံရမႈ ေကာင္ေရ (၃၂) ေကာင္၊ ၂၀၁၅ ခုနွစ္က ဆင္ေသဆံုး သတ္ျဖတ္ခံရမႈ ေကာင္ေရ (၃၅)၊ ၂၀၁၆ ခုနွစ္က ဆင္ေသဆံုး သတ္ျဖတ္ခံရမႈ ေကာင္ေရ (၂၆) ေကာင္ႏွင့္ ၂၀၁၇ ခုနွစ္တြင္ ဆင္ေသဆံုး သတ္ျဖတ္ခံရမႈ ေကာင္ေရ (၅၉) ေကာင္အထိရွိခဲ့ၿပီး ၂၀၁၈ ခုနွစ္တြင္ ဆင္ေသဆံုး သတ္ျဖတ္ခံရမႈ ေကာင္ေရ (၁၉) ေကာင္ ထိ ေလ်ာ့နည္းခဲ့သည္ ။

ယခင္ ၂၀၁၃ ခုနွစ္ အေစာပိုင္းနွစ္မ်ားက ဆင္မ်ားကို သတ္ျဖတ္ရာတြင္ အစြယ္ရယူရန္အတြက္သာ သတ္ျဖတ္သည့္အတြက္ အထီးမ်ားကိုသာေရြးခ်ယ္သတ္ျဖတ္ရာမွ ၂၀၁၃ ခုနွစ္ေနာက္ပိုင္းတြင္ ဆင္၏ ကိုယ္အဂၤါအစိတ္အပိုင္းမ်ားပါ ဝယ္ယူမႈမ်ားရွိသည့္အတြက္ အထီးသာမက အမမ်ားနွင့္ အရြယ္မေရာက္ေသးသည့္ ဆင္မ်ားကိုပါ သတ္ျဖတ္လာေၾကာင္း သိရသည္ ။

ထိုသို႔သတ္ျဖတ္ခံရမႈေၾကာင့္ ျမန္မာနိုင္ငံတြင္ ၁၉၉၉ – ၂၀၀၀ ခုနွစ္ ဝန္းက်င္က ဆင္ေကာင္ေရ ၆၀၀၀ ေက်ာ္ရွိခဲ့ရာမွ ၂၀၁၇ – ၂၀၁၈ ခုနွစ္တြင္ ဆင္ေကာင္ေရ ၁၄၀၀ မွ ၂၀၀၀ ၾကားသာရွိနိုင္ၿပီး ျမန္မာ့ဆင္မ်ားကို ထိန္းသိမ္းနိုင္ျခင္းမရွိပါက၂၀၃၀ ခုနွစ္တြင္ မ်ိဳးသုဥ္းနိုင္သည့္အေျခအေနတြင္ရွိေနေၾကာင္း သားငွက္ထိန္းသိမ္းေရးအဖြဲ႔ က သိရသည္ ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:The Fifth Wave News

#Unicode Version#
၂၀၁၈ ခုနှစ်မှာ ဆင်သေဆုံး/သတ်ဖြတ် ခံရမှု (၅) နှစ်အတွင်း အနည်းဆုံးဖြစ် / မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၈ ခုနှစ်အတွင်း ဆင်သေဆုံး/သတ်ဖြတ် ခံရမှုမှာ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ် (၅) နှစ်အတွင်း အနည်းဆုံးဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) တောရိုင်းတိရစ္ဆာန်များနှင့် ၎င်းတို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများ တရားမဝင် ရောင်းဝယ်မှုတားဆီးရေးဆိုင်ရာ စီမံချက်၏ စာရင်းမျာအရ သိရသည် ။

ဆင်များ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ရောင်းဝယ်မှု ဈေးကွက်ကျယ်ပြန့်လာသည့်အတွက် မြန်မာနိုင်ငံတွင် ဆင်သတ်ဖြတ်ခံရမှု တစ်နှစ်ထက်တစ်နှစ် မြင့်မားလျှက်ရှိရာ မြန်မာနိုင်ငံအစိုးရ ၊ WCS ၊ WWF တို့ဖြင့် ပူးပေါင်း၍ တားဆီးကာကွယ် အသိပညာပေးခြင်းများဆောင်ရွက်လျှက်ရှိသည်

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်က ဆင်သေဆုံး သတ်ဖြတ်ခံရမှု ကောင်ရေ (၃၂) ကောင်၊ ၂၀၁၅ ခုနှစ်က ဆင်သေဆုံး သတ်ဖြတ်ခံရမှု ကောင်ရေ (၃၅)၊ ၂၀၁၆ ခုနှစ်က ဆင်သေဆုံး သတ်ဖြတ်ခံရမှု ကောင်ရေ (၂၆) ကောင်နှင့် ၂၀၁၇ ခုနှစ်တွင် ဆင်သေဆုံး သတ်ဖြတ်ခံရမှု ကောင်ရေ (၅၉) ကောင်အထိရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ဆင်သေဆုံး သတ်ဖြတ်ခံရမှု ကောင်ရေ (၁၉) ကောင် ထိ လျော့နည်းခဲ့သည် ။

ယခင် ၂၀၁၃ ခုနှစ် အစောပိုင်းနှစ်များက ဆင်များကို သတ်ဖြတ်ရာတွင် အစွယ်ရယူရန်အတွက်သာ သတ်ဖြတ်သည့်အတွက် အထီးများကိုသာရွေးချယ်သတ်ဖြတ်ရာမှ ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် ဆင်၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများပါ ဝယ်ယူမှုများရှိသည့်အတွက် အထီးသာမက အမများနှင့် အရွယ်မရောက်သေးသည့် ဆင်များကိုပါ သတ်ဖြတ်လာကြောင်း သိရသည် ။

ထိုသို့သတ်ဖြတ်ခံရမှုကြောင့် မြန်မာနိုင်ငံတွင် ၁၉၉၉ – ၂၀၀၀ ခုနှစ် ဝန်းကျင်က ဆင်ကောင်ရေ ၆၀၀၀ ကျော်ရှိခဲ့ရာမှ ၂၀၁၇ – ၂၀၁၈ ခုနှစ်တွင် ဆင်ကောင်ရေ ၁၄၀၀ မှ ၂၀၀၀ ကြားသာရှိနိုင်ပြီး မြန်မာ့ဆင်များကို ထိန်းသိမ်းနိုင်ခြင်းမရှိပါက၂၀၃၀ ခုနှစ်တွင် မျိုးသုဉ်းနိုင်သည့်အခြေအနေတွင်ရှိနေကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ က သိရသည် ။



ဖိုးသူတော်(www.phothutaw.com)
Credit:The Fifth Wave News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top