စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×


နည္းစနစ္အသစ္တစ္ခုကေန ၾကက္ဥရဲ႕ အထဲကအႏွစ္ကို အျပင္ေရာက္ေအာင္ ဘယ္ပုံဘယ္နည္း ခ်က္ျပဳတ္ေပးရမလဲဆိုတာ ေဖာ္ျပထားပါတယ္။ ဆုိလိုတာက အႏွစ္နဲ႔အကာ ေနရာခ်င္းေျပာင္းေပးျခင္းပဲျဖစ္ပါတယ္။

လုိအပ္တဲ့အရာမ်ား

ၾကက္ဥတစ္လုံး၊ တိပ္ၾကိဳးအၾကည္၊ အသားကပ္ေဘာင္းဘီလို အစြပ္တစ္ခုနဲ႔ ေရခဲတုံးအခ်ဳိ႕တုိ႔ လိုအပ္ပါတယ္။

လမ္းညြန္ခ်က္မ်ား

၁။ မျပဳတ္ရေသးတဲ့ ၾကက္ဥရဲ႕အေရာင္ကာလာကို လက္ႏွိပ္ဓါတ္မီးျဖင့္ စစ္ေဆးၾကည့္ပါ။

၂။ ၾကက္ဥခြံ တစ္ခုလုံးကို တိပ္ၾကိဳးနဲ႔ပတ္လည္ကပ္ေပးပါ။

၃။ ၾကက္ဥကို အသားကပ္အစြပ္နဲ႔ ခလယ္ကေန ရစ္ပတ္ေပးရပါမယ္။

၄။ အသားကပ္အစြပ္ ကို တစ္ဖက္တစ္ခ်က္စီ ကုိင္ေဆာင္လ်က္ ပတ္ခ်ာလွည့္ေပးပါ။

၅။ လက္ႏွိပ္ဓါတ္မီးျဖင့္ ၾကက္ဥအေရာင္ကို တစ္ျဖန္ျပန္စစ္ၾကည့္ပါ။ ပထမတစ္ေခါက္ထက္ ပိုမုိနက္ေမွာင္လာပါလိမ့္မယ္။

၆။ ၾကက္ဥကို အသားကပ္ေဘာင္းဘီအိတ္ထဲမွ ထုတ္ယူျပီး ေရျဖည့္ထားတဲ့ ဒယ္အိုးတစ္လုံးထဲ တိပ္ၾကိဳးနဲ႔အတူ ထားထားပါ။

၇။ ေရပြက္ပြက္ဆူေအာင္ မီးအပူေပးပါ။

၈။ ေရဆူပြက္လာျပီဆိုတာနဲ႔ ၾကက္ဥကို ထုတ္ျပီး ေရခဲေရ ထည့္ထားတဲ့ ဇလုံတစ္ခုထဲ (၁) မိနစ္ၾကာ ထားေပးပါ။

၉။ ခုခ်ိန္မွာ ၾကက္ဥကို အခြြံခြာၾကည့္မယ္ဆိုရင္ အႏွစ္က အျပင္ဘက္ေရာက္ေနတာေတြ႔ရပါလိမ့္မယ္။

တကယ္လို႔ ၾကက္ဥတစ္ခုလုံးက အဝါေရာင္ပဲ ျဖစ္ေနတယ္ဆိုရင္ ေနာက္တစ္ခါ ထပ္လုပ္ၾကည့္ပါ။ ဒါေပမယ့္ ဒီတစ္ေခါက္ေတာ့ အသားကပ္ အစြပ္နဲ႔ နည္းနည္းၾကာၾကာ လွည့္ေပးပါ။ ဒီနည္းနဲ႔ ၾကက္ဥေမႊေၾကာ္ ေၾကာ္နည္းရဲ႕ ျခားနားခ်က္မွာ ၾကက္ဥကို ဘယ္ေလာက္ၾကာၾကာ လွည့္ေပးသလဲဆိုတဲ့ အေပၚ ကြာသြားပါတယ္။ ၾကက္ဥကို အတြင္းအျပင္ ေျပာင္းျပန္ျဖစ္ေအာင္လုပ္ဖို႔ဆုိရင္ အခ်ိန္ၾကာၾကာ လွည့္ေပးဖို႔ လိုအပ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: xyznews

#Unicode Version# ျဖင့္ဖတ္ပါ ။

နည်းစနစ်အသစ်တစ်ခုကနေ ကြက်ဥရဲ့ အထဲကအနှစ်ကို အပြင်ရောက်အောင် ဘယ်ပုံဘယ်နည်း ချက်ပြုတ်ပေးရမလဲဆိုတာ ဖော်ပြထားပါတယ်။ ဆိုလိုတာက အနှစ်နဲ့အကာ နေရာချင်းပြောင်းပေးခြင်းပဲဖြစ်ပါတယ်။

လိုအပ်တဲ့အရာများ

ကြက်ဥတစ်လုံး၊ တိပ်ကြိုးအကြည်၊ အသားကပ်ဘောင်းဘီလို အစွပ်တစ်ခုနဲ့ ရေခဲတုံးအချို့တို့ လိုအပ်ပါတယ်။

လမ်းညွန်ချက်များ

၁။ မပြုတ်ရသေးတဲ့ ကြက်ဥရဲ့အရောင်ကာလာကို လက်နှိပ်ဓါတ်မီးဖြင့် စစ်ဆေးကြည့်ပါ။

၂။ ကြက်ဥခွံ တစ်ခုလုံးကို တိပ်ကြိုးနဲ့ပတ်လည်ကပ်ပေးပါ။

၃။ ကြက်ဥကို အသားကပ်အစွပ်နဲ့ ခလယ်ကနေ ရစ်ပတ်ပေးရပါမယ်။

၄။ အသားကပ်အစွပ် ကို တစ်ဖက်တစ်ချက်စီ ကိုင်ဆောင်လျက် ပတ်ချာလှည့်ပေးပါ။

၅။ လက်နှိပ်ဓါတ်မီးဖြင့် ကြက်ဥအရောင်ကို တစ်ဖြန်ပြန်စစ်ကြည့်ပါ။ ပထမတစ်ခေါက်ထက် ပိုမိုနက်မှောင်လာပါလိမ့်မယ်။

၆။ ကြက်ဥကို အသားကပ်ဘောင်းဘီအိတ်ထဲမှ ထုတ်ယူပြီး ရေဖြည့်ထားတဲ့ ဒယ်အိုးတစ်လုံးထဲ တိပ်ကြိုးနဲ့အတူ ထားထားပါ။

၇။ ရေပွက်ပွက်ဆူအောင် မီးအပူပေးပါ။

၈။ ရေဆူပွက်လာပြီဆိုတာနဲ့ ကြက်ဥကို ထုတ်ပြီး ရေခဲရေ ထည့်ထားတဲ့ ဇလုံတစ်ခုထဲ (၁) မိနစ်ကြာ ထားပေးပါ။

၉။ ခုချိန်မှာ ကြက်ဥကို အခွံခွာကြည့်မယ်ဆိုရင် အနှစ်က အပြင်ဘက်ရောက်နေတာတွေ့ရပါလိမ့်မယ်။

တကယ်လို့ ကြက်ဥတစ်ခုလုံးက အဝါရောင်ပဲ ဖြစ်နေတယ်ဆိုရင် နောက်တစ်ခါ ထပ်လုပ်ကြည့်ပါ။ ဒါပေမယ့် ဒီတစ်ခေါက်တော့ အသားကပ် အစွပ်နဲ့ နည်းနည်းကြာကြာ လှည့်ပေးပါ။ ဒီနည်းနဲ့ ကြက်ဥမွှေကြော် ကြော်နည်းရဲ့ ခြားနားချက်မှာ ကြက်ဥကို ဘယ်လောက်ကြာကြာ လှည့်ပေးသလဲဆိုတဲ့ အပေါ် ကွာသွားပါတယ်။ ကြက်ဥကို အတွင်းအပြင် ပြောင်းပြန်ဖြစ်အောင်လုပ်ဖို့ဆိုရင် အချိန်ကြာကြာ လှည့်ပေးဖို့ လိုအပ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: xyznews




 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top