စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×


ဒီကေန႔ ေဖေဖာ္၀ါရီ ၁၄ ရက္ေန႔မွာ က်ေရာက္တဲ့ ဗာလင္တိုင္းေန႔ ခ်စ္သူမ်ားေန႔မွာ ထိုင္းေတာင္ပိုင္း ခၽြန္းဖြန္းခ႐ိုင္ရဲတပ္ဖြဲ႔က ယာဥ္စည္းကမ္းမဲ့သူေတြကို ဒဏ္ေငြျဖတ္ပိုင္းအစား အနီေရာင္ ႏွင္းဆီပန္းေတြ ေပးအပ္ခဲ့ပါတယ္။

ခၽြန္းဖြန္းခ႐ိုင္ ခ်အမ္းၿမိဳ႕ ဖစ္ကဆိမ္လမ္းဆံုကို ေရာက္လာတဲ့ ကားေတြ ဆိုင္ကယ္ေတြဟာ ယာဥ္စည္းကမ္း ခ်ိဳးေဖာက္ခဲ့ရင္ ခါတိုင္းလို ဒဏ္ေငြေပးေဆာင္ရမယ့္ ဒီေန႔ေတာ့ လက္မွတ္ျဖတ္ပိုင္းေတြအစား အနီေရာင္ႏွင္းဆီပန္း တပြင့္စီရခဲ့ၿပီး ျပစ္ဒဏ္မႀကီးရင္ သတိေပးခ်က္နဲ႔အတူ ဒဏ္ေငြကင္း လြတ္ခြင့္ပါ ရရွိခဲ့ၾကပါတယ္။

အခုလို ေဆာင္ရြက္ရတာဟာ ကမာၻ႔ခ်စ္သူမ်ားေန႔မွာ ခရီးသြားျပည္သူေတြအေပၚ ယာဥ္ထိန္းရဲက ေမတၱာထားၿပီး ယာဥ္အႏၱရာယ္က်ေရာက္မွာကို စိုးရိမ္ေၾကာင္း ျပသတဲ့အေနနဲ႔ ေဆာင္ရြက္ရတာျဖစ္သလို ရဲနဲ႔ျပည္သူေတြအၾကား ယံုၾကည္ရင္းႏွီးမႈတည္ေဆာက္တာျဖစ္တယ္လို႔ ခ်အမ္းနယ္ေျမရဲစခန္းက ဒုရဲမႉးႀကီး ၀႐ုတ္က႐ုန္းကန္က်နာ့က ေျပာပါတယ္။

ခ်အမ္းနယ္ေျမ ယာဥ္ထိန္းရဲတပ္ဖြဲ႔ရဲ႕ အခုလိုေဆာင္ရြက္ခ်က္ေၾကာင့္ ျပည္သူနဲ႔ကမၻာ လွည့္ခရီးသည္ေတြၾကား အျပန္အလွန္နားလည္မႈ၊ အၿပံဳးနဲ႔ ေက်နပ္မႈေတြ ျဖစ္ေပၚေစခဲ့တယ္လို႔ ထိုင္းပီဘီအက္စ္ သတင္းမွာ ေဖာ္ျပပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version#

ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ကျရောက်တဲ့ ဗာလင်တိုင်းနေ့ ချစ်သူများနေ့မှာ ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင်ရဲတပ်ဖွဲ့က ယာဉ်စည်းကမ်းမဲ့သူတွေကို ဒဏ်ငွေဖြတ်ပိုင်းအစား အနီရောင် နှင်းဆီပန်းတွေ ပေးအပ်ခဲ့ပါတယ်။

ချွန်းဖွန်းခရိုင် ချအမ်းမြို့ ဖစ်ကဆိမ်လမ်းဆုံကို ရောက်လာတဲ့ ကားတွေ ဆိုင်ကယ်တွေဟာ ယာဉ်စည်းကမ်း ချိုးဖောက်ခဲ့ရင် ခါတိုင်းလို ဒဏ်ငွေပေးဆောင်ရမယ့် ဒီနေ့တော့ လက်မှတ်ဖြတ်ပိုင်းတွေအစား အနီရောင်နှင်းဆီပန်း တပွင့်စီရခဲ့ပြီး ပြစ်ဒဏ်မကြီးရင် သတိပေးချက်နဲ့အတူ ဒဏ်ငွေကင်း လွတ်ခွင့်ပါ ရရှိခဲ့ကြပါတယ်။

အခုလို ဆောင်ရွက်ရတာဟာ ကမ္ဘာ့ချစ်သူများနေ့မှာ ခရီးသွားပြည်သူတွေအပေါ် ယာဉ်ထိန်းရဲက မေတ္တာထားပြီး ယာဉ်အန္တရာယ်ကျရောက်မှာကို စိုးရိမ်ကြောင်း ပြသတဲ့အနေနဲ့ ဆောင်ရွက်ရတာဖြစ်သလို ရဲနဲ့ပြည်သူတွေအကြား ယုံကြည်ရင်းနှီးမှုတည်ဆောက်တာဖြစ်တယ်လို့ ချအမ်းနယ်မြေရဲစခန်းက ဒုရဲမှူးကြီး ဝရုတ်ကရုန်းကန်ကျနာ့က ပြောပါတယ်။

ချအမ်းနယ်မြေ ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ အခုလိုဆောင်ရွက်ချက်ကြောင့် ပြည်သူနဲ့ကမ္ဘာ လှည့်ခရီးသည်တွေကြား အပြန်အလှန်နားလည်မှု၊ အပြုံးနဲ့ ကျေနပ်မှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ ထိုင်းပီဘီအက်စ် သတင်းမှာ ဖော်ပြပါတယ်။
ဖိုးသူတော် (www.phothutaw.com)

Credit:DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top