Credit: ကိုကိုမောင်
#Unicode Version# ဖြင့်ဖတ်ပါ ။
ဟိုပုံးကိုရင်လေး အိပ်မက်အရ မကြာသေးခင်ကမှ တူးဖော်တွေ့ရှိခဲ့တဲ့ လင်းဝေးဂူ
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် လင်းဝေးကျေးရွာမှ လင်းဝေးဂူ
စာကိုဆုံးအောင်ဖတ်ပြီးမှဂူကိုသွားပါ။
ဟိုပုံးကိုရင်လေးမှအိပ်မက်အရလင်းဝေးကျေးရွာမှဦးဇင်းတစ်ပါးကိုဘုန်းကြီးကျောင်းအရှေ့ဘက်မှာဂူတစ်ဂူရှိကြောင်းလမ်းညွန်ရာမှ တူးဖော်တွေ့ရှိထားပါတယ်။
ရွာငံကနေသွားမယ်ဆို ၁၂မိုင်ခန့်ဆိုင်ကယ်ဖြင့်လဲသွားနိုင်သလိုကားဖြင့်လဲသွားနိုင်ပါတယ်။ လမ်းကတော့ ကျောက်ကြမ်းလမ်းပါ။ လင်းဝေးဘုန်းကြီးကျောင်းကိုရောက်ရင်ဖြင့် ဘုန်ကြီးကျောင်းအရှေ့ဘက်ကို ၅ မိနစ်ခန့် လမ်းလျောက် သွားရင်ရောက်နိုင်ပါတယ်။
ဂူထဲမှာလေ့လာစရာတွေကတော့ ကျောက်စက်ပန်းဆွဲတွေပါပဲ တော်တော့ကိုလှပါတယ် အရမ်းလဲသာယာပါတယ် ဂူရဲ့အရှည်ကတော့အတိကျမတိုင်းတာသေးပါခန့်မှန်း ပေ ၂၀၀ လောက်ထိမီးထွန်းပေးထားပါတယ်
ကျန်တဲ့အပိုင်း ကတော့ ရွာသားတွေလဲ မဝင်ရသေးတဲ့အတွက် ကျွန်တော်တို့လဲမဝင်ဖြစ်ခဲ့ပါ ဆက်ဝင်မယ်ဆိုကျန်ပါသေးတယ်။ ဂူကတော့ ပုံမှာတွေ့အတိုင်း ကျယ်တဲ့နေရာကျယ်ပါတယ် အဝင်ပေါက်ပဲအနဲငယ်ကျဉ်းတာပါ။ ရွာငံမှာတော့ ရှာဖွေလေ တွေ့ရှိလေပါပဲ။
ရောက်ဖြစ်ခဲ့မယ်ဆိုရင် ကျောက်စက်ပန်းဆွဲတွေကို မချိုးဖဲ့ပါနဲ့ ကျောက်စက်ပန်းဆွဲ တစ်ပေလောက်ရဖို့ အတွက် နှစ်ပေါင်း တော်တော်ကြာပါတယ် အမှိုက်တွေကို စနစ်တကျစွန့်ပစ်ပေးပါ။ အမိန့်ပေးတာ မဟုတ်ပါ။ တောင်းဆိုတာပါ။ အခုလို မျှဝေ လိုက်လို့ လူသိများမှာထက် ပျက်စီးသွားမှာ မလိုလားပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: ကိုကိုမောင်
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top