iMyanmarHouse.com - Best Property Website for Myanmar
×







Credit:Wai Lin Htun(Crd)
#Unicode Version#
8.1.2019 (၀၀:၁၅) အချိန်ခန့်ပေါင်းတည်မြို့ဘွဲ့ပင်ကန်ရပ်ကွက် မှတ်တိုင်လမ်း ဘုရားကြီးကုန်းကျောင်းတိုက်ဝန်းအတွင်း ဦးဇင်းတစ်ပါးကြိုးဆွဲချသေဆုံးနေကြောင်းသတင်းအရ ဒုရဲမှုးမြင့်သိန်း တာဝန်မှုးရဲအုပ်မြင့်နိုင် ရဲတက အောင်ဆွေမြင့် သက်သေ ဦးမြင့်စိုး (အုပ်ချုပ်ရေးမှုးဘွဲ့ပင်ကန်ရပ်ကွက်) ဦးသန်းထွေး (ရာအိမ်မှုးဘွဲ့ပင်ကန်ရပ်ကွက်)တို့နှင့်အတူအခင်းဖြစ်ရာသို့သွားရောက်စစ်ဆေး အခင်းဖြစ်ရာတွင်

သေဆုံးသူမှာ ဦးတေဇဝန္တ လူအမည် (တင့်နိုင်ထွဋ်)(ဘ) ဦးတိုးစိန် ၃၈ လမ်း အုပ်ဖို ၁ ရပ်ကွက် အသက် ၃၀ နှစ်ဝါတော် ၁ ဝါ ဘုရားကြီးကုန်းကျောင်းတိုက် မှတ်တိုင်လမ်း ဘွဲ့ပင်ကန်ရပ်ကွက် ပေါင်းတည်မြို့နေသူဖြစ်ပြီး ၎င်းသည်ဘုန်းကြီးကျောင်းအပေါ်ထပ်သို့တက်သောလှေကား၏အမြင့် ၈ ပေခန့်ရှိဝါးဖြင့်ပြုလုပ်ထားသောလက်ရမ်းတွင်

ကိုယ်ရုံသင်္ကန်းအားချည်နှောင်၍လက်ရမ်းနှင့် ၄ ပေ ၅လက်မအကွာတွင်ကြိုးကွင်းပြုလုပ်ကာလည်ပင်းအားချည်နှောင်၍ဒူးကွေးလျက်အနေအထားဖြင့်သေဆုံးနေသည်ကိုတစ်ကျောင်းတည်းနေ ဦးမုနိန္ဒ လူအမည် (ရဲလွင်ဦး)အသက် ၃၇ နှစ် ဝါတော် ၁၇ ဝါ မှတွေ့မြင်ခဲ့ပြီး

သေဆုံးသူ ဦးတေဇဝန္တလူအမည်(တင့်နိုင်ထွဋ်)အားအခြားပြင်ပဒဏ်ရာမတွေ့ရှိဘဲလျှာထွက်လက်သီးလက်မဆုပ်အနေအထားဖြင့်တွေ့ရှိဦးတေဇဝန္တသေဆုံးခြင်းနှင့်ပါတ်သက်၍စုံစမ်းရာသေဆုံးသူမှာစိတ်ဖောက်ပြန်၍လွန်ခဲ့သော ၁ နှစ်ခန့်ကပင်မိမိကိုယ်ကိုယ်သေကြောင်းကြံစည်ခဲ့၍၎င်း၏မိသားစုမှ ၁ လ ၁ ကြိမ်ဆေးရုံသို့သွားရောက်ပြသနေရသူဖြစ်ပြီး

စိတ်တည်ငြိမ်စေရန်အတွက် ဘုရားကြီးကုန်းကျောင်းတိုက်တွင် သင်္ကန်းစီးပေးထားခြင်းဖြစ်ကြောင်း ဦးမုနိန္ဒ လူအမည် (ရဲလွင်ဦး)ပြောပြချက်အရသိရှိခဲ့ရ ဦးတေဇဝန္တလူအမည်(တင့်နိုင်ထွဋ်)သေဆုံးခြင့်နှင့်ပါတ်သက်၍ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/ မဟုတ်စုံစမ်းစစ်ဆေးပေးပါရန်

လ၂၁၆၆၁၃ ဒုရဲအုပ်မြင့်နိုင်မှ 8.1.2019(၀၁၃၀)အချိန်တရားလိုပြုလုပ်တိုင်တန်းလာသဖြင့် မမစ(ပတမ)သေမှု့သေခင်းအမှတ်စဉ် ၃/၂၀၁၉ဖြင့်အမှု့ရေးဖွင့်ထားရှိကာအမှု့အား ရဲ ၅၃၇၄ ဒုရဲမှုးမြင့်သိန်း(စခမ)မှစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:Wai Lin Htun(Crd)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top