အိုလ္ေဇးနဲ႔ရမ္ေဆးကို ခ်န္လွပ္ထားတာ ျဖစ္သလို ဒဏ္ရာရေနတဲ့ ဆိုကရာတစ္လည္း ပါဝင္ႏိုင္ဦးမွာ မဟုတ္ပါဘူး။ဒီကေန႔ည ကစားမယ့္ ဘိုရီေဆာ့ဖ္အသင္းနဲ႔ ယူ႐ိုပါလိဂ္ ရႈံးထြက္ပြဲစဥ္အတြက္ အာဆင္နယ္အသင္းကေတာ့ အဓိက ကစားသမားေတြကို ခ်န္လွပ္ထားတယ္လို႔ BBC SPORT ရဲ႕ သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

BBC SPORTရဲ႕ ေဖာ္ျပခ်က္အရ အဓိက ကစားသမားေတြ ျဖစ္တဲ့ အာ႐ြန္ရမ္ေဆးနဲ႔ မီဆြတ္အိုလ္ေဇးတို႔ ပါဝင္ လာျခင္းမရွိဘူးလို႔သိရပါတယ္။အိုလ္ေဇးအေနနဲ႔ အဖ်ားေဝဒနာကေန ျပန္လည္သက္သာလာၿပီး အသင္းနဲ႔အတူ အျပည့္အ၀ ေလ့က်င့္ခန္း ဆင္းေနႏိုင္ေပမယ့္လည္း ဘီလာ႐ုဇ္ကိုေတာ့ ေခၚေဆာင္လာျခင္းမရွိတာပါ။ဒါေပမယ့္ ၿပီးခဲ့တဲ့ ဟတ္ဒါဖီးလ္ကို ၂-၁ ဂိုးနဲ႔ အေဝးကြင္းမွာ ႏိုင္တဲ့ပြဲမွာ မပါဝင္ခဲ့တဲ့ တိုက္စစ္မႉး အူဘာမီယန္းနဲ႔ ကြင္းလယ္လူ ဇာခါတို႔ကိုေတာ့ ျပန္လည္ေခၚေဆာင္လာတယ္လို႔ သိရပါတယ္။


“ရမ္ေဆးကို မေခၚလာခဲ့တာကေတာ့ သူက အသင္းနဲ႔ ေလ့က်င့္ႏိုင္ျခင္းမရွိလို႔ပါပဲ၊ ေနာက္ထပ္ ေနာက္ခံလူ ဆိုကရာတစ္ကလည္း ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ မကစားႏိုင္ေသးပါဘူး။မီဆြတ္လည္း အတူတူပါပဲ၊ အူဘာမီ ယန္းကေတာ့ အဖ်ားေဝဒနာက ျပန္သက္သာလာၿပီး အဆင္ေျပၿပီလို႔ ယူဆရပါတယ္။” လို႔ အမ္မရီက ပြဲႀကိဳ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့တာပါ။

ဒီကေန႔ပြဲမွာေတာ့ ဝါရင့္ ဂိုးသမား ပီတာခ်က္ ပြဲထြက္လာမွာ ျဖစ္ၿပီး သူ႔အေနနဲ႔ ဒီယူ႐ိုပါလိဂ္ ဆုဖလားဟာ ဒီႏွစ္အကုန္ ကစားသမားဘဝက အနားမယူခင္ ေမွ်ာ္လင့္ေနတဲ့ဆုဖလားလည္း ျဖစ္ပါတယ္။အခု အာဆင္နယ္အသင္း သြားကစားမယ့္ ဘီလာ႐ုဇ္ကလပ္ ဘိတ္ဘိုရီေဆာ့ဖ္အသင္းကေတာ့ ဘီလာ႐ုဇ္အ မွတ္ေပးဖလားကို ၁၃ ႏွစ္ဆက္ ရယူထားတဲ့ အသင္းလည္း ျဖစ္ပါတယ္။မႏွစ္က ယူ႐ိုပါလိဂ္ ၿပိဳင္ပြဲမွာပဲ ဒီႏွစ္သင္း အုပ္စုတြင္း ေတြ႕ဆုံထားၿပီး အာဆင္နယ္အသင္းက ၂ ေက်ာ့ စလုံး အႏိုင္ယူထားတာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

အိုလ်ဇေးနဲ့ရမ်ဆေးကို ချန်လှပ်ထားတာ ဖြစ်သလို ဒဏ်ရာရနေတဲ့ ဆိုကရာတစ်လည်း ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။ဒီကနေ့ည ကစားမယ့် ဘိုရီဆော့ဖ်အသင်းနဲ့ ယူရိုပါလိဂ် ရှုံးထွက်ပွဲစဉ်အတွက် အာဆင်နယ်အသင်းကတော့ အဓိက ကစားသမားတွေကို ချန်လှပ်ထားတယ်လို့ BBC SPORT ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

BBC SPORTရဲ့ ဖော်ပြချက်အရ အဓိက ကစားသမားတွေ ဖြစ်တဲ့ အာရွန်ရမ်ဆေးနဲ့ မီဆွတ်အိုလ်ဇေးတို့ ပါဝင် လာခြင်းမရှိဘူးလို့သိရပါတယ်။အိုလ်ဇေးအနေနဲ့ အဖျားဝေဒနာကနေ ပြန်လည်သက်သာလာပြီး အသင်းနဲ့အတူ အပြည့်အ၀ လေ့ကျင့်ခန်း ဆင်းနေနိုင်ပေမယ့်လည်း ဘီလာရုဇ်ကိုတော့ ခေါ်ဆောင်လာခြင်းမရှိတာပါ။ဒါပေမယ့် ပြီးခဲ့တဲ့ ဟတ်ဒါဖီးလ်ကို ၂-၁ ဂိုးနဲ့ အဝေးကွင်းမှာ နိုင်တဲ့ပွဲမှာ မပါဝင်ခဲ့တဲ့ တိုက်စစ်မှူး အူဘာမီယန်းနဲ့ ကွင်းလယ်လူ ဇာခါတို့ကိုတော့ ပြန်လည်ခေါ်ဆောင်လာတယ်လို့ သိရပါတယ်။

“ရမ်ဆေးကို မခေါ်လာခဲ့တာကတော့ သူက အသင်းနဲ့ လေ့ကျင့်နိုင်ခြင်းမရှိလို့ပါပဲ၊ နောက်ထပ် နောက်ခံလူ ဆိုကရာတစ်ကလည်း ခြေကျင်းဝတ်ဒဏ်ရာကြောင့် မကစားနိုင်သေးပါဘူး။မီဆွတ်လည်း အတူတူပါပဲ၊ အူဘာမီ ယန်းကတော့ အဖျားဝေဒနာက ပြန်သက်သာလာပြီး အဆင်ပြေပြီလို့ ယူဆရပါတယ်။” လို့ အမ်မရီက ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ဒီကနေ့ပွဲမှာတော့ ဝါရင့် ဂိုးသမား ပီတာချက် ပွဲထွက်လာမှာ ဖြစ်ပြီး သူ့အနေနဲ့ ဒီယူရိုပါလိဂ် ဆုဖလားဟာ ဒီနှစ်အကုန် ကစားသမားဘဝက အနားမယူခင် မျှော်လင့်နေတဲ့ဆုဖလားလည်း ဖြစ်ပါတယ်။အခု အာဆင်နယ်အသင်း သွားကစားမယ့် ဘီလာရုဇ်ကလပ် ဘိတ်ဘိုရီဆော့ဖ်အသင်းကတော့ ဘီလာရုဇ်အ မှတ်ပေးဖလားကို ၁၃ နှစ်ဆက် ရယူထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။မနှစ်က ယူရိုပါလိဂ် ပြိုင်ပွဲမှာပဲ ဒီနှစ်သင်း အုပ်စုတွင်း တွေ့ဆုံထားပြီး အာဆင်နယ်အသင်းက ၂ ကျော့ စလုံး အနိုင်ယူထားတာပါ။ 

ဖိုးသူတော် (www.phothutaw.com)

Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top