

အဆိုပါဆိုင်ကယ်မောင်းသမားမှာ ကဒါရပ်ကွက်ကမ်းနားပိုင်း ဈေးရှေ့လမ်းနေသူ ချမ်းလင်းအောင်၂၂နှစ် ဝပ်ရှော့လုပ် (ဘ)ဦးထွန်းဦးဖြစ်ပြီးနောက်ကထိုင်လာသူမှာ ဖြိုးမင်းခန့် ၁၈နှစ် သိပ္ပံလမ်း ကဒုံစီးရပ်ကွက်နေသူဖြစ်သည်


Credit:ဝရဇိန် ပေါင်
#Unicode Version#
ယာဉ်စည်းကမ်းစစ်ဆေးမှုအား ဖေဖေါ်ဝါရီ၂၈ ရက်မနက်၁၀နာရီ၃၀ မိနစ်အချိန် ပေါင်ရဲစခန်းရှေ့တွင်ပြုလုပ်နေစဉ် ကဒါရပ်ကွက်မှပေါင်းရပ်ကွက်ဘက်သို့နံပါတ်ပြား မတပ်ထားသည့် ဟွန်ဒါဝေ့ဝ်အဖြူရောင်တစ်စီး မောင်းလာသည်။

စစ်ဆေးရန်တား သည်ကိုရပ်မပေးဘဲမောင်းပြေးခဲ့သဖြင့်တပ်ဖွဲ့ဝင်များကအဆင့်ဆင့်တားဆီးခဲ့စဉ် ရဲကိုပါဝင်တိုက်ပြမာင်းပြေးပြန်သဖြင့် ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှုးရုံးမှ ရဲတပ်ကြပ်ကြီး ကီးလိန် ဦးခေါင်းနောက်စေ့ ချိုစောင်း မျက်နှာတို့၌ဒဏ်ရာများရှိ သွားသည်

အဆိုပါဆိုင်ကယ်မောင်းသမားမှာ ကဒါရပ်ကွက်ကမ်းနားပိုင်း ဈေးရှေ့လမ်းနေသူ ချမ်းလင်းအောင်၂၂နှစ် ဝပ်ရှော့လုပ် (ဘ)ဦးထွန်းဦးဖြစ်ပြီးနောက်ကထိုင်လာသူမှာ ဖြိုးမင်းခန့့် ၁၈နှစ် သိပ္ပံလမ်း ကဒုံစီးရပ်ကွက်နေသူဖြစ်သည်

ဆိုင်ကယ်နှင့်တရားခံအားဖမ်းမိထားပြီးအမှုဖွင့်အရေးယူရန်စီစဉ်နေသည် လူနာအားဓာတ်မှန်ရိုက်စစ်ဆေးနေသည်ကိုတွေ့ရသည်

ဖိုးသူတော်(www.phothutaw.com)
Credit:ဝရဇိန် ပေါင်
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top