အခုေနာက္ပုိင္းမွာ ဇာတ္လမ္းတြဲေတြမ်ားစြာကုိ အေကာင္းဆုံး အပီျပင္ဆုံး သ႐ုပ္ေဆာင္ႏုိင္မႈတုိ႔ေၾကာင့္ ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈ အားေပးမႈကုိ ခံေနရတဲ့အျပင္ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲ ျဖစ္တဲ့ သ႐ုပ္ေဆာင္ ေအာင္မင္းခန္႔ကေတာ့ ပုိလီယုိျဖစ္ေနတဲ့ ညီအစ္မႏွစ္ေယာက္ကုိ သြားေရာက္လွဴဒါန္းျဖစ္ခဲ့ပုံကုိ အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

ေအာင္မင္းခန္႔က “ကြၽန္ေတာ္ေရာ ကြၽန္ေတာ့္ We Love ေတြေရာ ေပါင္းထားတဲ့ အလွဴေငြေလးနဲ႔ ပုိလီယုိျဖစ္ေနတဲ့ ညီအစ္မႏွစ္ေယာက္႐ွိတယ္။ ၿပီးေတာ့ သူတုိ႔မွာ အေမကလည္း အသက္ႀကီးၿပီ ၿပီးေတာ့ အေဖကလည္း ေတာ္ေတာ္ အသက္ႀကီးေနၿပီ သူတုိ႔သမီးေလးေတြကုိ အရမ္းစိတ္ပူေနတယ္ေပါ့ေနာ္ အဲ့တာေလးကုိ ၾကည့္ၿပီးေတာ့ ကြၽန္ေတာ္ စိတ္မေကာင္းျဖစ္သြားတယ္။ အဲ့တာေၾကာင့္ ကြၽန္ေတာ္ တတ္ႏုိင္သေလာက္ အႏုပညာေၾကးေလးနဲ႔ေရာ ၿပီးေတာ့ ၇ရက္သားသမီး ေပးထားတဲ့ ပုိက္ဆံေတြနဲ႔ေရာ တညင္သဘာဝတရားစခန္း ရိပ္သာမွာ သြားလွဴျဖစ္တယ္ဗ်။ ၿပီးေတာ့ ဘုန္းဘုန္းႀကီးေက်ာင္းကုိလည္း ကြၽန္ေတာ္ အလွဴေငြ လွဴဒါန္းခဲ့ပါေသးတယ္။


ဘာနဲ႔မွ လဲလုိ႔မရဘူးခင္ဗ်။ ကြၽန္ေတာ္ ေရာက္လာတဲ့အခ်ိန္မွာ သူတုိ႔ ေပ်ာ္ရႊင္တာေပါ့ေနာ္ သူတုိ႔အေပၚ က႐ုဏာ႐ွိတဲ့လူ သူတုိ႔အေပၚကုိ နားလည္ေပးတဲ့လူေရာက္လာတယ္ဆုိတဲ့ အၾကည့္မ်ိဳးေတြ။ ကြၽန္ေတာ္က သူတုိ႔ေ႐ွ႕မွာ မ်က္ရည္က်ခ်င္တယ္ ဒါေပမဲ့ ကြၽန္ေတာ္ က်လုိ႔မျဖစ္ဘူး။ ကြၽန္ေတာ္က်ရင္ သူတုိ႔ပုိဝမ္းနည္းလိမ့္မယ္ ကုိယ့္စိတ္ကုိယ္အရင္ထိန္းထားၿပီးေတာ့ သူတုိ႔ကုိ အားေပးစကားေျပာတယ္ ေနာက္လည္း လာခဲ့အုန္းမယ္လုိ႔။ အဲ့အစ္မတစ္ေယာက္ဆုိရင္သူက လက္ဖက္ရည္အရမ္းႀကိဳက္တယ္တဲ့ ကြၽန္ေတာ္အားတဲ့ေနက်ရင္ အစ္မအတြက္ စည္လုံတီးဝယ္လာခဲ့ေပးမယ္လုိ႔ေတာင္ မွာခဲ့ေသးတယ္။

အဲ့မွာ အမ်ားႀကီးပဲဗ် တစ္ျခား စိတ္ေဝဒနာသည္ ေရာဂါေတြေရာ မသန္စြမ္းေတြေရာ ဘုန္းႀကီးေတြေရာ ဂီလာန ျဖစ္ေနတဲ့ ဘုန္းႀကီးေတြေရာ အမ်ားႀကီးပဲ ခင္ဗ် ကြၽန္ေတာ္ အားရင္ အားသလုိမ်ိဳး အဲ့မွာ သြားၿပီးေတာ့ ကုိယ္တတ္ႏုိင္သေလာက္ ကုိယ္ရတဲ့အႏုပညာေၾကးေလးနဲ႔ သြားၿပီးေတာ့ လွဴဒါန္းဦးမွာပါ ခင္ဗ်။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Nanmalgyi

#Unicode Version#

အခုနောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေများစွာကို အကောင်းဆုံး အပီပြင်ဆုံး သရုပ်ဆောင်နိုင်မှုတို့ကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှု အားပေးမှုကို ခံနေရတဲ့အပြင် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ဖြစ်တဲ့ သရုပ်ဆောင် အောင်မင်းခန့်ကတော့ ပိုလီယိုဖြစ်နေတဲ့ ညီအစ်မနှစ်ယောက်ကို သွားရောက်လှူဒါန်းဖြစ်ခဲ့ပုံကို အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။


အောင်မင်းခန့်က “ကျွန်တော်ရော ကျွန်တော့် We Love တွေရော ပေါင်းထားတဲ့ အလှူငွေလေးနဲ့ ပိုလီယိုဖြစ်နေတဲ့ ညီအစ်မနှစ်ယောက်ရှိတယ်။ ပြီးတော့ သူတို့မှာ အမေကလည်း အသက်ကြီးပြီ ပြီးတော့ အဖေကလည်း တော်တော် အသက်ကြီးနေပြီ သူတို့သမီးလေးတွေကို အရမ်းစိတ်ပူနေတယ်ပေါ့နော် အဲ့တာလေးကို ကြည့်ပြီးတော့ ကျွန်တော် စိတ်မကောင်းဖြစ်သွားတယ်။ အဲ့တာကြောင့် ကျွန်တော် တတ်နိုင်သလောက် အနုပညာကြေးလေးနဲ့ရော ပြီးတော့ ၇ရက်သားသမီး ပေးထားတဲ့ ပိုက်ဆံတွေနဲ့ရော တညင်သဘာဝတရားစခန်း ရိပ်သာမှာ သွားလှူဖြစ်တယ်ဗျ။ ပြီးတော့ ဘုန်းဘုန်းကြီးကျောင်းကိုလည်း ကျွန်တော် အလှူငွေ လှူဒါန်းခဲ့ပါသေးတယ်။

ဘာနဲ့မှ လဲလို့မရဘူးခင်ဗျ။ ကျွန်တော် ရောက်လာတဲ့အချိန်မှာ သူတို့ ပျော်ရွှင်တာပေါ့နော် သူတို့အပေါ် ကရုဏာရှိတဲ့လူ သူတို့အပေါ်ကို နားလည်ပေးတဲ့လူရောက်လာတယ်ဆိုတဲ့ အကြည့်မျိုးတွေ။ ကျွန်တော်က သူတို့ရှေ့မှာ မျက်ရည်ကျချင်တယ် ဒါပေမဲ့ ကျွန်တော် ကျလို့မဖြစ်ဘူး။ ကျွန်တော်ကျရင် သူတို့ပိုဝမ်းနည်းလိမ့်မယ် ကိုယ့်စိတ်ကိုယ်အရင်ထိန်းထားပြီးတော့ သူတို့ကို အားပေးစကားပြောတယ် နောက်လည်း လာခဲ့အုန်းမယ်လို့။ အဲ့အစ်မတစ်ယောက်ဆိုရင်သူက လက်ဖက်ရည်အရမ်းကြိုက်တယ်တဲ့ ကျွန်တော်အားတဲ့နေကျရင် အစ်မအတွက် စည်လုံတီးဝယ်လာခဲ့ပေးမယ်လို့တောင် မှာခဲ့သေးတယ်။

အဲ့မှာ အများကြီးပဲဗျ တစ်ခြား စိတ်ဝေဒနာသည် ရောဂါတွေရော မသန်စွမ်းတွေရော ဘုန်းကြီးတွေရော ဂီလာန ဖြစ်နေတဲ့ ဘုန်းကြီးတွေရော အများကြီးပဲ ခင်ဗျ ကျွန်တော် အားရင် အားသလိုမျိုး အဲ့မှာ သွားပြီးတော့ ကိုယ်တတ်နိုင်သလောက် ကိုယ်ရတဲ့အနုပညာကြေးလေးနဲ့ သွားပြီးတော့ လှူဒါန်းဦးမှာပါ ခင်ဗျ။

ဖိုးသူတော် (www.phothutaw.com)

Credit: Nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top