စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

စိတ္ထားေကာင္းျပီး အမွန္တရားကို ျမတ္နိုးတဲ့ မိသားစုေလးျဖစ္တဲ့ အဆိုေတာ္ လင္းလင္းနဲ႔ ခ်စ္သုေဝတို႔မိသားစုေလးကေတာ့ တစ္ေန႔တစ္ျခား ပရိသတ္ေတြရဲ႕ခ်စ္ခင္အားေပးမႈကို အျပည့္အဝရရွိထားတာပဲ ျဖစ္ပါတယ္။ လင္းလင္းက ဒီကေန့ က်ေရာက္တဲ့ ျမန္မာနိုင္ငံရဲ့ ဖခင္ျကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းအတြက္ ေမြးေန့ဆုေတာင္းေလးကို သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေန မွ်ေဝထားပါတယ္။ မုိမိုေလး ပရိသတ္ေတြအတြက္ လင္းလင္းေျပာတဲ့ ဗိုလ္ခ်ဳပ္အတြက္ ေမြးေန့ဆုေတာင္းစကားေလးကို မွ်ေဝေပးလိုက္ပါတယ္။

““ Happy birthday ပါ အဖ “ Happy birthday ပါ အဖ…စာ အရသာ ေျပာရတာ ေပ်ာ္စရာမေကာင္းပါဘူး အဖရာ 🙁 ျပန္ၾကားေရးဝန္ႀကီးဌါနကိုလဲ ျပကၡဒိန္အသစ္လဲေပးရဦးမယ္ အဖ။ သူတို႔ျပကၡဒိန္က ၂၀၁၁ ထိဘဲပါတယ္ အဖ။ ေကာသလမင္းႀကီးကိုလဲ အရမ္းစိတ္ဆိုးတယ္အဖ။ သူ အဲဒီအိပ္မက္ ၁၆ ခ်က္ မမက္သင့္ဘူး,,တကယ္မက္ခဲ့ရင္လဲ အဲဒီအိပ္မက္ေတြကို ပါးစပ္ဖြာၿပီး ေျပာစရာလား အဖရာ။ ခုေတာ့လူေတြက သမိုင္းမွားမွာစိုးလို႔ အဲဒီအိပ္မက္ေတြကို အေကာင္အထည္ေဖာ္ေနၾကတယ္။ ဒါနဲ႔ သမိုင္းေတြလဲ လမိုင္းမကပ္တာၾကာၿပီအဖရာ။ ဒီအတိုင္းဆို ညဆိုင္းပါတိုးၿပီး အခ်ိန္ပိုဆင္းရမယ္ထင္တယ္ အဖ”

” ႏိုင္ငံရဲ႕ ဝဋ္နာကံနာ ကို ကိုယ့္ရဲ႕ ဝဋ္နာကံနာ လို သေဘာထားတဲ့ အဖ ရဲ႕ ေသြးေတြကေလ ယခုလက္ရွိ အဖ ရဲ႕ သမီးထိ လည္ပတ္တုန္းအဖေရ။ ေက်းဇူးဆိုတာကို ပါးစပ္နဲ႔တင္ မဟုတ္ဘဲ လက္အုပ္ခ်ီၿပီးကို တင္ပါရေစ။ အဖ ဘိလပ္ေရာက္ေနတုန္း ျမန္မာျပည္မွာ သပ္လွ်ိဳ ေျခထိုး တာဝန္ယူရတဲ့ မစၥတာစတီဗင္ဆင္ရဲ႕ လုပ္ငန္းေတြ ေအာင္ျမင္ေနတုန္းလို႔ ေျပာရမယ္အဖေရ။ ခုထိ ေတာင္ေပၚနဲ႔ ေျမျပန္႔ ေလတိုက္ႏႈန္း ေနပူႏႈန္းေတြ မတူဘူးအဖ။ ဗစ္စစ္ျမန္မာရီးယား ဖိုးဝ႐ုပ္ေတြကိုင္ထားတဲ့ အဘ တခ်ိဳ႕လဲ ခုထိမလိမၼာေသးဘူး အဖ ရာ။ သားလဲ သိပ္စိတ္ညစ္တာဘဲ။ ဘာေျပာရမွန္းကို မသိေတာ့ဘူး။ အမ အမ ဆိုၿပီး ထ,ထ က, တယ္။ မိတ္ကပ္ေတြက အေဖြးသားနဲ႔ ဘယ္သမိုင္းစာအုပ္ ဘယ္မွတ္တမ္းမွာမွ မပါတဲ့ အဖ ရဲ႕ ဆႏၵေလးတစ္ခုကို အဖ ရဲ႕ သမီးဆီကေန သားၾကားခဲ့ရတယ္ နဲနဲေတာင္ၾကာၿပီ။”

“သားအခု အဲဒီ အဖရဲ႕ ဆႏၵေလးကို အဖ ေမြးရက္မွာ လူတိုင္းသိေအာင္ ေျပာျပပါရေစေနာ္ “” ညေန ေနဝင္ခါနီးျဖစ္ရမယ္ တဲ့ ,,,,,အင္းယားကန္ထဲမွာ ျဖစ္ရမယ္ တဲ့ ,,,,,,ဘဝလက္တြဲေဖာ္ သူနာျပဳဆရာမေလးနဲ႔ ,,,,ႏွစ္ေယာက္ထဲ ေလွကေလး ေလွာ္ေနခ်င္တယ္ တဲ့ ,,ၿပီးေတာ့ ေလွကေလးကလဲ ,,,,,အျပာေရာင္ေလွကေလးျဖစ္ရမယ္ တဲ့ ,,,, “” ဪ ,,,,,,,,ႏိုင္ငံအတြက္ အၿမဲတမ္း မွန္ကန္ ျပတ္သား ျကမ္းတမ္း မာထန္ ေနရတဲ့ အဖ ရဲ႕ အတြင္းႏွလံုးသားထဲက ခ်စ္စရာ အႏုပညာဆန္းလြန္းတဲ့ ဆႏၵ ေလးတစ္ခု အဖ ရဲ႕ ဆႏၵမျပည့္ဝသြားဘူးေနာ္ အဖ”

မေအာင္ျမင္စဥ္က ညစ္ညမ္းဇာတ္ကားေတြ ရိုက္ကူးခဲ့ၾကတဲ့ နာမည္ၾကီးဆယ္လီဘရစ္တီေတြ

” အဖ ရဲ႕ သမီး ဆီကေန အဲဒီ အေၾကာင္းအရာေလး ၾကားရတဲ့ေန႔ ေရြးေကာက္ပြဲႀကီးၿပီးလို႔ အဖ ရဲ႕ သမီးကို ကန္ေတာ့ႏႈတ္ဆက္ၿပီး သား ကိုယ့္အိမ္ကိုယ္ ျပန္တဲ့ေန႔ အေဖာ္မပါ ေနျပည္ေတာ္အျမန္လမ္းမွာ တစ္ေယာက္ထဲ ကားေမာင္းရင္း မ်က္ရည္ေတြ က်ဘူးပါတယ္ အဖ…Happy birthday ပါ အဖ…စာ အရသာ ေျပာရတာ ေပ်ာ္စရာမေကာင္းပါဘူး အဖရာ :((( ျမန္မာျပည္ႀကီးလဲ အျမန္ဆံုးၿငိမ္းခ်မ္းပါေစ။ အစိုးရ ၊ တပ္မေတာ္ ၊ ျပည္သူတိုင္းရင္းသား ၊ေတာင္ေပၚေျမျပန္႔ အားလံုးရဲ႕ ၾကားထဲမွာ အလံအေရာင္ေတြနဲ႔ အက်ႌေတြဘဲ ကြဲၿပီး စိတ္တူကိုယ္တူ အနာဂတ္တူၿပီး ရည္မွန္းခ်က္ေတြ တူၾကပါေစ။ အဖ ရဲ႕ သမီးလဲ သူ႔အိပ္မက္ေတြ အျမန္ဆံုးျပည့္ဝၿပီး အျမန္အနားယူႏိုင္ပါေစ။ Happy birthday ပါ အဖ

ပရိသတ္ေတြလဲ လင္းလင္းေျပာတဲ့ ဗိုလ္ခ်ဳပ္အတြက္ ေမြးေန့ဆုေတာင္းစကားေလးကို ဖတ္ျပီး မ်က္ရည္ေတြ ဝဲေနေလာက္ျပီ ထင္ပါတယ္။ဒီပိုစ့္ေလးကို သေဘာက်ရင္ Like & Share လုပ္ဖို့ မေမ့ပါနဲ့ေနာ္။ အခ်ိန္ေပးျပီး ဖတ္ရႈေပးတဲ့ ပရိသတ္ျကီးကို မိုမိုေလးမွ ေက်းဇူးအထူး တင္ရိွပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Htwe Lynn Ko’s fb

#Unicode Version# ျဖင့္ဖတ္ပါ ။

စိတ်ထားကောင်းပြီး အမှန်တရားကို မြတ်နိုးတဲ့ မိသားစုလေးဖြစ်တဲ့ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့မိသားစုလေးကတော့ တစ်နေ့တစ်ခြား ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ လင်းလင်းက ဒီကနေ့ ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအတွက် မွေးနေ့ဆုတောင်းလေးကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ မျှဝေထားပါတယ်။ မိုမိုလေး ပရိသတ်တွေအတွက် လင်းလင်းပြောတဲ့ ဗိုလ်ချုပ်အတွက် မွေးနေ့ဆုတောင်းစကားလေးကို မျှဝေပေးလိုက်ပါတယ်။

““ Happy birthday ပါ အဖ “ Happy birthday ပါ အဖ…စာ အရသာ ပြောရတာ ပျော်စရာမကောင်းပါဘူး အဖရာ 🙁 ပြန်ကြားရေးဝန်ကြီးဌါနကိုလဲ ပြက္ခဒိန်အသစ်လဲပေးရဦးမယ် အဖ။ သူတို့ပြက္ခဒိန်က ၂၀၁၁ ထိဘဲပါတယ် အဖ။ ကောသလမင်းကြီးကိုလဲ အရမ်းစိတ်ဆိုးတယ်အဖ။ သူ အဲဒီအိပ်မက် ၁၆ ချက် မမက်သင့်ဘူး,,တကယ်မက်ခဲ့ရင်လဲ အဲဒီအိပ်မက်တွေကို ပါးစပ်ဖွာပြီး ပြောစရာလား အဖရာ။ ခုတော့လူတွေက သမိုင်းမှားမှာစိုးလို့ အဲဒီအိပ်မက်တွေကို အကောင်အထည်ဖော်နေကြတယ်။ ဒါနဲ့ သမိုင်းတွေလဲ လမိုင်းမကပ်တာကြာပြီအဖရာ။ ဒီအတိုင်းဆို ညဆိုင်းပါတိုးပြီး အချိန်ပိုဆင်းရမယ်ထင်တယ် အဖ”

” နိုင်ငံရဲ့ ဝဋ်နာကံနာ ကို ကိုယ့်ရဲ့ ဝဋ်နာကံနာ လို သဘောထားတဲ့ အဖ ရဲ့ သွေးတွေကလေ ယခုလက်ရှိ အဖ ရဲ့ သမီးထိ လည်ပတ်တုန်းအဖရေ။ ကျေးဇူးဆိုတာကို ပါးစပ်နဲ့တင် မဟုတ်ဘဲ လက်အုပ်ချီပြီးကို တင်ပါရစေ။ အဖ ဘိလပ်ရောက်နေတုန်း မြန်မာပြည်မှာ သပ်လျှို ခြေထိုး တာဝန်ယူရတဲ့ မစ္စတာစတီဗင်ဆင်ရဲ့ လုပ်ငန်းတွေ အောင်မြင်နေတုန်းလို့ ပြောရမယ်အဖရေ။ ခုထိ တောင်ပေါ်နဲ့ မြေပြန့် လေတိုက်နှုန်း နေပူနှုန်းတွေ မတူဘူးအဖ။ ဗစ်စစ်မြန်မာရီးယား ဖိုးဝရုပ်တွေကိုင်ထားတဲ့ အဘ တချို့လဲ ခုထိမလိမ္မာသေးဘူး အဖ ရာ။ သားလဲ သိပ်စိတ်ညစ်တာဘဲ။ ဘာပြောရမှန်းကို မသိတော့ဘူး။ အမ အမ ဆိုပြီး ထ,ထ က, တယ်။ မိတ်ကပ်တွေက အဖွေးသားနဲ့ ဘယ်သမိုင်းစာအုပ် ဘယ်မှတ်တမ်းမှာမှ မပါတဲ့ အဖ ရဲ့ ဆန္ဒလေးတစ်ခုကို အဖ ရဲ့ သမီးဆီကနေ သားကြားခဲ့ရတယ် နဲနဲတောင်ကြာပြီ။”

“သားအခု အဲဒီ အဖရဲ့ ဆန္ဒလေးကို အဖ မွေးရက်မှာ လူတိုင်းသိအောင် ပြောပြပါရစေနော် “” ညနေ နေဝင်ခါနီးဖြစ်ရမယ် တဲ့ ,,,,,အင်းယားကန်ထဲမှာ ဖြစ်ရမယ် တဲ့ ,,,,,,ဘဝလက်တွဲဖော် သူနာပြုဆရာမလေးနဲ့ ,,,,နှစ်ယောက်ထဲ လှေကလေး လှော်နေချင်တယ် တဲ့ ,,ပြီးတော့ လှေကလေးကလဲ ,,,,,အပြာရောင်လှေကလေးဖြစ်ရမယ် တဲ့ ,,,, “” ဪ ,,,,,,,,နိုင်ငံအတွက် အမြဲတမ်း မှန်ကန် ပြတ်သား ကြမ်းတမ်း မာထန် နေရတဲ့ အဖ ရဲ့ အတွင်းနှလုံးသားထဲက ချစ်စရာ အနုပညာဆန်းလွန်းတဲ့ ဆန္ဒ လေးတစ်ခု အဖ ရဲ့ ဆန္ဒမပြည့်ဝသွားဘူးနော် အဖ”

မအောင်မြင်စဉ်က ညစ်ညမ်းဇာတ်ကားတွေ ရိုက်ကူးခဲ့ကြတဲ့ နာမည်ကြီးဆယ်လီဘရစ်တီတွေ

” အဖ ရဲ့ သမီး ဆီကနေ အဲဒီ အကြောင်းအရာလေး ကြားရတဲ့နေ့ ရွေးကောက်ပွဲကြီးပြီးလို့ အဖ ရဲ့ သမီးကို ကန်တော့နှုတ်ဆက်ပြီး သား ကိုယ့်အိမ်ကိုယ် ပြန်တဲ့နေ့ အဖော်မပါ နေပြည်တော်အမြန်လမ်းမှာ တစ်ယောက်ထဲ ကားမောင်းရင်း မျက်ရည်တွေ ကျဘူးပါတယ် အဖ…Happy birthday ပါ အဖ…စာ အရသာ ပြောရတာ ပျော်စရာမကောင်းပါဘူး အဖရာ :((( မြန်မာပြည်ကြီးလဲ အမြန်ဆုံးငြိမ်းချမ်းပါစေ။ အစိုးရ ၊ တပ်မတော် ၊ ပြည်သူတိုင်းရင်းသား ၊တောင်ပေါ်မြေပြန့် အားလုံးရဲ့ ကြားထဲမှာ အလံအရောင်တွေနဲ့ အင်္ကျီတွေဘဲ ကွဲပြီး စိတ်တူကိုယ်တူ အနာဂတ်တူပြီး ရည်မှန်းချက်တွေ တူကြပါစေ။ အဖ ရဲ့ သမီးလဲ သူ့အိပ်မက်တွေ အမြန်ဆုံးပြည့်ဝပြီး အမြန်အနားယူနိုင်ပါစေ။ Happy birthday ပါ အဖ

ပရိသတ်တွေလဲ လင်းလင်းပြောတဲ့ ဗိုလ်ချုပ်အတွက် မွေးနေ့ဆုတောင်းစကားလေးကို ဖတ်ပြီး မျက်ရည်တွေ ဝဲနေလောက်ပြီ ထင်ပါတယ်။ဒီပိုစ့်လေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူး တင်ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Htwe Lynn Ko’s fb

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top