ႏွစ္တစ္ႏွစ္ရဲ့ ဒုတိယေျမာက္လ ျဖစ္တဲ့ “ေဖေဖာ္ဝါရီလ” ဟာ ျမန္မာမွာတင္မက ကမၻာမွာပါ ေန႔ထူးေန႔ျမတ္ေတြရွိတဲ့လ ထူးခၽြန္ထက္ျမက္သူေတြ ေမြးဖြားတဲ့လျဖစ္လို႔ အင္မတန္ထူးျခားတယ္လို႔ ဆိုနိုင္ပါတယ္။

ျမန္မာနိုင္ငံအတြက္ ဆိုရင္ အထင္ကရ ျမန္မာ့အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းဟာ ေဖေဖာ္ဝါရီလ (၁၃)ရက္ ေမြးဖြားသူျဖစ္သလို တိုင္းျပည္အတြက္ စာေပကဗ်ာေတြ ေရးသားခဲ့သလို အဂၤလိပ္ျမန္မာအဘိဓာန္ကို ျပဳစုပ်ိဳးေထာင္ခဲ့သူ ဆရာႀကီးမင္းသုဝဏ္ ဟာလည္း ေဖေဖာ္ဝါရီလ (၁၀)ရက္တြင္ ေမြးဖြားခဲ့ၾကသူေတြျဖစ္ပါတယ္။

ဒါ့အျပင္ သမိုင္းရဲ့ ေန႔ထူးေန႔ျမတ္ႀကီး တစ္ခုျဖစ္တဲ့ “ျပည္ေထာင္စုေန႔” ဟာ ေဖေဖာ္ဝါရီ ၁၂ ရက္ေန႔မွာ က်ေရာက္ပါတယ္။ ကမၻာေက်ာ္ ခ်စ္သူမ်ားေန႔ ဗယ္လင္တိုင္မ္းစ္ေဒးဟာလည္း ေဖေဖာ္ဝါရီ ၁၄ ရက္ ျဖစ္တာေၾကာင့္ တစ္နည္းအားျဖင့္ အခ်စ္လ လို႔ေတာင္ တင္စားထိုက္ပါတယ္။္ ျဖစ္တာေၾကာင့္ တစ္နည္းအားျဖင့္ အခ်စ္လ လို႔ေတာင္ တင္စားထိုက္ပါတယ္။

ကမၻာေပၚမွာထင္ရွားတဲ့ ေဖေဖာ္ဝါရီလ ေမြးသူေတြကေတာ့ နိုင္ငံေရးနယ္ပယ္မွာဆိုရင္ အေမရိကန္သမၼတႀကီး ေအဘရာဟင္လင္ကြန္း နဲ႔ ေရာနယ္လ္ေရဂင္ တို႔ျဖစ္ၾကၿပီး နည္းပညာနယ္ပယ္မွာ Apple ရဲ့ ဖခင္ႀကီး စတိဗ္ေဂ်ာ့၊ အားကစားေလာကမွာ ခရစၥတီယာနို ေရာ္နယ္ဒို၊ အႏုပညာေလာကမွာေတာ့ ႐ုပ္ရွင္မင္းသားႀကီး ဂၽြန္ထရာဗိုလ္တာ၊ အဆိုေတာ္ ရီဟာနားတို႔အျပင္ အျခားထင္ရွားေက်ာ္ၾကားသူေတြ မ်ားစြာေမြးဖြားခဲ့တဲ့ လ ျဖစ္ပါတယ္။

အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းဟာ လြပ္လပ္ေရးအတြက္ ၿဗိတိသၽွေခါင္းေဆာင္ေတြနဲ႔ အစည္းေဝးထိုင္ေဆြးေႏြးစဥ္၊ မ်က္ႏွာျဖဴအရာရွိတစ္ဦးက “လြပ္လပ္ေရးကို အသာတၾကည္မေပးဘူးဆိုရင္ေရာကြာ” ဆိုၿပီး ဗိုလ္ခ်ဳပ္ကို ခ်စ္စနိုးနဲ႔ က်ီစယ္လိုက္ခ်ိန္မွာ ဗိုလ္ခ်ဳပ္က အရာရွိရဲ့ အိပ္ကပ္မွာ ခ်ိပ္ထားတဲ့ ေဘာပင္ကို ဆတ္ကနဲ ေစာင့္ဆြဲယူလိုက္ပါတယ္။ အဲဒီအတြက္ အကၤ်ီအိပ္ကပ္ေထာင့္ အနည္းငယ္စုတ္ျပဲသြားပါတယ္။ အားလုံးက အံ့အားသင့္ေနၾကခ်ိန္ ဗိုလ္ခ်ဳပ္က “အသာတၾကည္မေပးဘူးဆိုရင္လို အခုလို အတင္းလုယူသင့္ရင္ ယူရမွာပဲ အဲဒီအတြက္ ႏွစ္ဦးႏွစ္ဖက္စလုံးမွာ နစ္နာစရာေတြရွိနိုင္တယ္” လို႔ ျပန္လည္ေခ်ပလိုက္ေတာ့ ၿဗိတိသၽွအရာရွိေတြက စိတ္မဆိုးတဲ့အျပင္ ဗိုလ္ခ်ဳပ္ကို ပိုၿပီးေလးစား သေဘာက်သြားဖူးတယ္လို႔ မွတ္သားဖူးပါတယ္။

တိုင္းျပည္နဲ႔ လူမ်ိဳးအတြက္ဆိုရင္ အခုလို ရဲရဲရင့္ရင့္ျပတ္ျပတ္သားသား ဘယ္သူ႔မ်က္ႏွာမွ မေထာက္ပဲ စိတ္လိုက္ကိုယ္ပါ လုပ္တတ္တဲ့ ဗိုလ္ခ်ဳပ္က ႏွလုံးသားေရးရာမွာေတာ့ အင္မတန္ႏူးညံ့သိမ့္ေမြ႕တဲ့ စိတ္ႏွလုံးရွိသူျဖစ္ပါတယ္။
နိုင္ငံကို အုပ္စိုးထားၿပီး သူ႔ကိုအခ်ိန္မေရြး ေသနတ္နဲ႔ ထပစ္ရင္ ဒုကၡေရာက္သြားနိုင္တဲ့ မ်က္ႏွာျဖဴအရာရွိေတြကို ဂ႐ုမစိုက္ပဲ စိတ္လိုက္ကိုယ္ပါ တုံ႔ျပန္ခဲ့ေပမယ့္ သူဘာပဲေျပာေျပာ ငုံ႔ခံမွာ ျဖစ္တဲ့ ပါရမီျဖည့္ဖက္ ဇနီးသည္ ေဒၚခင္ၾကည္ကိုေတာ့ “ၾကည္ေရ... ပဲျပဳတ္နဲ႔ နံျပား ရရင္ စားခ်င္တယ္” ဆိုတဲ့ စာေလးနဲ႔ အမိန႔္သံမစြက္ တိုးလၽွိုးေတာင္ခံတဲ့ စရိုက္ဟာ သူ႔ရဲ့ႏူးညံ့တဲ့ စိတ္ထားကို ျပသတာပဲျဖစ္ပါတယ္။


ဒါေၾကာင့္မို႔ ေဖေဖာ္ဝါရီလ ေမြးဖြားသူေတြရဲ့ စိတ္ေနစိတ္ထားဟာ အျခားလေမြးဖြားသူေတြနဲ႔စာရင္ အနည္းငယ္ထူးျခားမွုရွိပါတယ္။ သူတို႔ဟာ တစ္ပါးသူအေပၚ အထူးလြန္ကဲစြာ ဂ႐ုစိုက္တတ္ၾကသူေတြ ျဖစ္ပါတယ္။ သူတို႔ဟာ မိခင္ေကာင္း ဖခင္ေကာင္းေတြလည္း ျဖစ္ၾကပါတယ္။ ဒါေပမယ့္ အျခားတစ္ဖက္မွာေတာ့ “ဟင္ ဆိုရင္ လွည့္မၾကည့္တတ္တဲ့” လူစားမ်ိဳးေတြျဖစ္တာေၾကာင့္ သူတို႔ရဲ့ ဂ႐ုစိုက္မွု အႏြံအတာခံမွုေတြအေပၚမွာ အရမ္းအခြင့္အေရး မယူသင့္ပါဘူး။

သူတို႔ဟာ စိတ္ခံစားမွုျပင္းထန္ၿပီး ခ်စ္သူအေပၚ၊ မိသားစုနဲ႔ အနီးကပ္ေပါင္းသင္းတဲ့ သူငယ္ခ်င္းမိတ္ေဆြေတြအေပၚ အလြန္သံေယာဇဥ္ႀကီးသူေတြလည္း ျဖစ္ၾကပါတယ္။ အကယ္၍ အိမ္ေထာင္မျပဳရေသးသူဆိုရင္လည္း သူ႔ရဲ့အိမ္ေထာင္ဖက္အျဖစ္ ေရြးခ်ယ္ဖို႔ ထူးျခားတဲ့သူတစ္ေယာက္ကို တစ္ဘဝလုံးလိုက္ရွာေနတတ္သူလည္း ျဖစ္ပါတယ္။ (ဆိုလိုတာကေတာ့ အိမ္ေထာင္ေရးကို ၿပီးကတတ္ဆန္း သေဘာမထား ေတြ႕ရာလူကို မေရြးခ်ယ္ပဲ အေလးထားတဲ့ သေဘာျဖစ္ပါတယ္)။

ေဖေဖာ္ဝါရီလ ေမြးဖြားသူေတြဟာ သူတို႔ခ်စ္ခင္ျမတ္နိုးတဲ့ သူေတြအေပၚမွာ အျမဲမွီခိုတြယ္တာတတ္ၿပီး သူတို႔ေတြက ဂ႐ုမစိုက္ဖူး၊ မခ်စ္ေတာ့ဘူးလို႔ ထင္မိရင္ စိတ္ဓာတ္က်ေနတတ္ပါတယ္ (သူတို႔ေတြဟာ အခ်စ္နဲ႔ပက္သက္လာရင္ ကေလးေလး တစ္ေယာက္အတိုင္းပါပဲ)။

ဒါေပမယ့္လည္း ရည္းမွန္းခ်က္ႀကီးႀကီးထားၿပီး အိမ္မက္ပန္းတိုင္ကို လက္ေတြ႕ျဖစ္လာေအာင္ အျမဲႀကိဳးစားေနၾကသူေတြလည္းျဖစ္ပါတယ္။ စိတ္ကူးယဥ္ဆန္တဲ့ အေတြးမ်ိဳးေတြရွိၿပီး အိမ္မက္နဲ႔ ေမၽွာ္လင့္ခ်က္ေတြဆီ ဇြဲနဲ႔ အေရာက္သြားေနၾကသူေတြလည္း ျဖစ္ပါတယ္။
အႏုပညာဓါတ္ခံရွိသူေတြျဖစ္ၿပီး မည္သည့္အသက္ေမြးဝမ္းေၾကာင္းျဖင့္ပင္ လုပ္ကိုင္ေနသည့္တိုင္ စာေပ၊ ဂီတ၊ ပန္းခ်ီ စတဲ့ အႏုပညာႏြယ္တဲ့ ဝါသနာတစ္ခုခု ရွိေနတတ္ပါတယ္။

ေဖေဖာ္ဝါရီဖြားေတြဟာ ရဲရင့္ျပတ္သားၿပီး ကတိတစ္ခုကို ေပးထားၿပီးရင္ ျဖစ္ေအာင္လုပ္တတ္တဲ့ သူေတြျဖစ္ပါတယ္။ မျဖစ္နိုင္ဘူးထင္ရင္ ကတိမေပးတတ္ေပမယ့္ ေနာက္ကြယ္မွာ ျဖစ္နိုင္ေအာင္ ႀကိဳးစားၾကသူေတြလည္းျဖစ္ပါတယ္။ သူတို႔စိတ္ဆႏၵ ျပင္းပ်တဲ့အရာေတြကို မရရေအာင္ မျဖစ္ျဖစ္ေအာင္ ႀကိဳးစားရယူၾကသူေတြလည္းျဖစ္ပါတယ္။

ျခဳံငုံေျပာရရင္ေတာ့ ေဖေဖာ္ဝါရီလေမြးဖြားသူေတြဟာ အျပင္ပန္းၾကည့္ရင္ မာမာထန္ထန္ရွိေပမယ့္ စိတ္ႏွလုံးႏူးညံ့ ေပ်ာ့ေျပာင္းသူေတြျဖစ္ပါတယ္။ ကတိတည္တတ္သူေတြျဖစ္ၿပီး အလုပ္ဌါနေတြမွာ တာဝန္ယူ တာဝန္သိလြန္းတဲ့အတြက္ အျခားသူေတြ အျမင္ကတ္တာေတာင္ခံရတတ္ပါတယ္။ အားနည္းခ်က္ တစ္ခုက တစ္ပါးသူအေပၚ ကိုယ္လို႔မ်ိဳးပဲဟု ယူဆၿပီး အယုံလြယ္တတ္ျခင္း၊ စိတိပိုင္းဆိုင္ရာ တြယ္ၿငိမွီခိုလြန္းအားႀကီးတာပဲျဖစ္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:(ပိုပိုေလး)

#Unicode Version#
 နှစ်တစ်နှစ်ရဲ့ ဒုတိယမြောက်လ ဖြစ်တဲ့ “ဖေဖော်ဝါရီလ” ဟာ မြန်မာမှာတင်မက ကမ္ဘာမှာပါ နေ့ထူးနေ့မြတ်တွေရှိတဲ့လ ထူးချွန်ထက်မြက်သူတွေ မွေးဖွားတဲ့လဖြစ်လို့ အင်မတန်ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံအတွက် ဆိုရင် အထင်ကရ မြန်မာ့အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ ဖေဖော်ဝါရီလ (၁၃)ရက် မွေးဖွားသူဖြစ်သလို တိုင်းပြည်အတွက် စာပေကဗျာတွေ ရေးသားခဲ့သလို အင်္ဂလိပ်မြန်မာအဘိဓာန်ကို ပြုစုပျိုးထောင်ခဲ့သူ ဆရာကြီးမင်းသုဝဏ် ဟာလည်း ဖေဖော်ဝါရီလ (၁၀)ရက်တွင် မွေးဖွားခဲ့ကြသူတွေဖြစ်ပါတယ်။

ဒါ့အပြင် သမိုင်းရဲ့ နေ့ထူးနေ့မြတ်ကြီး တစ်ခုဖြစ်တဲ့ “ပြည်ထောင်စုနေ့” ဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်ပါတယ်။ ကမ္ဘာကျော် ချစ်သူများနေ့ ဗယ်လင်တိုင်မ်းစ်ဒေးဟာလည်း ဖေဖော်ဝါရီ ၁၄ ရက် ဖြစ်တာကြောင့် တစ်နည်းအားဖြင့် အချစ်လ လို့တောင် တင်စားထိုက်ပါတယ်။် ဖြစ်တာကြောင့် တစ်နည်းအားဖြင့် အချစ်လ လို့တောင် တင်စားထိုက်ပါတယ်။

ကမ္ဘာပေါ်မှာထင်ရှားတဲ့ ဖေဖော်ဝါရီလ မွေးသူတွေကတော့ နိုင်ငံရေးနယ်ပယ်မှာဆိုရင် အမေရိကန်သမ္မတကြီး အေဘရာဟင်လင်ကွန်း နဲ့ ရောနယ်လ်ရေဂင် တို့ဖြစ်ကြပြီး နည်းပညာနယ်ပယ်မှာ Apple ရဲ့ ဖခင်ကြီး စတိဗ်ဂျော့၊ အားကစားလောကမှာ ခရစ္စတီယာနို ရော်နယ်ဒို၊ အနုပညာလောကမှာတော့ ရုပ်ရှင်မင်းသားကြီး ဂျွန်ထရာဗိုလ်တာ၊ အဆိုတော် ရီဟာနားတို့အပြင် အခြားထင်ရှားကျော်ကြားသူတွေ များစွာမွေးဖွားခဲ့တဲ့ လ ဖြစ်ပါတယ်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ လွပ်လပ်ရေးအတွက် ဗြိတိသျှခေါင်းဆောင်တွေနဲ့ အစည်းဝေးထိုင်ဆွေးနွေးစဉ်၊ မျက်နှာဖြူအရာရှိတစ်ဦးက “လွပ်လပ်ရေးကို အသာတကြည်မပေးဘူးဆိုရင်ရောကွာ” ဆိုပြီး ဗိုလ်ချုပ်ကို ချစ်စနိုးနဲ့ ကျီစယ်လိုက်ချိန်မှာ ဗိုလ်ချုပ်က အရာရှိရဲ့ အိပ်ကပ်မှာ ချိပ်ထားတဲ့ ဘောပင်ကို ဆတ်ကနဲ စောင့်ဆွဲယူလိုက်ပါတယ်။ အဲဒီအတွက် အင်္ကျီအိပ်ကပ်ထောင့် အနည်းငယ်စုတ်ပြဲသွားပါတယ်။ အားလုံးက အံ့အားသင့်နေကြချိန် ဗိုလ်ချုပ်က “အသာတကြည်မပေးဘူးဆိုရင်လို အခုလို အတင်းလုယူသင့်ရင် ယူရမှာပဲ အဲဒီအတွက် နှစ်ဦးနှစ်ဖက်စလုံးမှာ နစ်နာစရာတွေရှိနိုင်တယ်” လို့ ပြန်လည်ချေပလိုက်တော့ ဗြိတိသျှအရာရှိတွေက စိတ်မဆိုးတဲ့အပြင် ဗိုလ်ချုပ်ကို ပိုပြီးလေးစား သဘောကျသွားဖူးတယ်လို့ မှတ်သားဖူးပါတယ်။

တိုင်းပြည်နဲ့ လူမျိုးအတွက်ဆိုရင် အခုလို ရဲရဲရင့်ရင့်ပြတ်ပြတ်သားသား ဘယ်သူ့မျက်နှာမှ မထောက်ပဲ စိတ်လိုက်ကိုယ်ပါ လုပ်တတ်တဲ့ ဗိုလ်ချုပ်က နှလုံးသားရေးရာမှာတော့ အင်မတန်နူးညံ့သိမ့်မွေ့တဲ့ စိတ်နှလုံးရှိသူဖြစ်ပါတယ်။
နိုင်ငံကို အုပ်စိုးထားပြီး သူ့ကိုအချိန်မရွေး သေနတ်နဲ့ ထပစ်ရင် ဒုက္ခရောက်သွားနိုင်တဲ့ မျက်နှာဖြူအရာရှိတွေကို ဂရုမစိုက်ပဲ စိတ်လိုက်ကိုယ်ပါ တုံ့ပြန်ခဲ့ပေမယ့် သူဘာပဲပြောပြော ငုံ့ခံမှာ ဖြစ်တဲ့ ပါရမီဖြည့်ဖက် ဇနီးသည် ဒေါ်ခင်ကြည်ကိုတော့ “ကြည်ရေ... ပဲပြုတ်နဲ့ နံပြား ရရင် စားချင်တယ်” ဆိုတဲ့ စာလေးနဲ့ အမိန့်သံမစွက် တိုးလျှိုးတောင်ခံတဲ့ စရိုက်ဟာ သူ့ရဲ့နူးညံ့တဲ့ စိတ်ထားကို ပြသတာပဲဖြစ်ပါတယ်။


ဒါကြောင့်မို့ ဖေဖော်ဝါရီလ မွေးဖွားသူတွေရဲ့ စိတ်နေစိတ်ထားဟာ အခြားလမွေးဖွားသူတွေနဲ့စာရင် အနည်းငယ်ထူးခြားမှုရှိပါတယ်။ သူတို့ဟာ တစ်ပါးသူအပေါ် အထူးလွန်ကဲစွာ ဂရုစိုက်တတ်ကြသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ မိခင်ကောင်း ဖခင်ကောင်းတွေလည်း ဖြစ်ကြပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာတော့ “ဟင် ဆိုရင် လှည့်မကြည့်တတ်တဲ့” လူစားမျိုးတွေဖြစ်တာကြောင့် သူတို့ရဲ့ ဂရုစိုက်မှု အနွံအတာခံမှုတွေအပေါ်မှာ အရမ်းအခွင့်အရေး မယူသင့်ပါဘူး။

သူတို့ဟာ စိတ်ခံစားမှုပြင်းထန်ပြီး ချစ်သူအပေါ်၊ မိသားစုနဲ့ အနီးကပ်ပေါင်းသင်းတဲ့ သူငယ်ချင်းမိတ်ဆွေတွေအပေါ် အလွန်သံယောဇဉ်ကြီးသူတွေလည်း ဖြစ်ကြပါတယ်။ အကယ်၍ အိမ်ထောင်မပြုရသေးသူဆိုရင်လည်း သူ့ရဲ့အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ဖို့ ထူးခြားတဲ့သူတစ်ယောက်ကို တစ်ဘဝလုံးလိုက်ရှာနေတတ်သူလည်း ဖြစ်ပါတယ်။ (ဆိုလိုတာကတော့ အိမ်ထောင်ရေးကို ပြီးကတတ်ဆန်း သဘောမထား တွေ့ရာလူကို မရွေးချယ်ပဲ အလေးထားတဲ့ သဘောဖြစ်ပါတယ်)။

ဖေဖော်ဝါရီလ မွေးဖွားသူတွေဟာ သူတို့ချစ်ခင်မြတ်နိုးတဲ့ သူတွေအပေါ်မှာ အမြဲမှီခိုတွယ်တာတတ်ပြီး သူတို့တွေက ဂရုမစိုက်ဖူး၊ မချစ်တော့ဘူးလို့ ထင်မိရင် စိတ်ဓာတ်ကျနေတတ်ပါတယ် (သူတို့တွေဟာ အချစ်နဲ့ပက်သက်လာရင် ကလေးလေး တစ်ယောက်အတိုင်းပါပဲ)။

ဒါပေမယ့်လည်း ရည်းမှန်းချက်ကြီးကြီးထားပြီး အိမ်မက်ပန်းတိုင်ကို လက်တွေ့ဖြစ်လာအောင် အမြဲကြိုးစားနေကြသူတွေလည်းဖြစ်ပါတယ်။ စိတ်ကူးယဉ်ဆန်တဲ့ အတွေးမျိုးတွေရှိပြီး အိမ်မက်နဲ့ မျှော်လင့်ချက်တွေဆီ ဇွဲနဲ့ အရောက်သွားနေကြသူတွေလည်း ဖြစ်ပါတယ်။
အနုပညာဓါတ်ခံရှိသူတွေဖြစ်ပြီး မည်သည့်အသက်မွေးဝမ်းကြောင်းဖြင့်ပင် လုပ်ကိုင်နေသည့်တိုင် စာပေ၊ ဂီတ၊ ပန်းချီ စတဲ့ အနုပညာနွယ်တဲ့ ဝါသနာတစ်ခုခု ရှိနေတတ်ပါတယ်။

ဖေဖော်ဝါရီဖွားတွေဟာ ရဲရင့်ပြတ်သားပြီး ကတိတစ်ခုကို ပေးထားပြီးရင် ဖြစ်အောင်လုပ်တတ်တဲ့ သူတွေဖြစ်ပါတယ်။ မဖြစ်နိုင်ဘူးထင်ရင် ကတိမပေးတတ်ပေမယ့် နောက်ကွယ်မှာ ဖြစ်နိုင်အောင် ကြိုးစားကြသူတွေလည်းဖြစ်ပါတယ်။ သူတို့စိတ်ဆန္ဒ ပြင်းပျတဲ့အရာတွေကို မရရအောင် မဖြစ်ဖြစ်အောင် ကြိုးစားရယူကြသူတွေလည်းဖြစ်ပါတယ်။

ခြုံငုံပြောရရင်တော့ ဖေဖော်ဝါရီလမွေးဖွားသူတွေဟာ အပြင်ပန်းကြည့်ရင် မာမာထန်ထန်ရှိပေမယ့် စိတ်နှလုံးနူးညံ့ ပျော့ပြောင်းသူတွေဖြစ်ပါတယ်။ ကတိတည်တတ်သူတွေဖြစ်ပြီး အလုပ်ဌါနတွေမှာ တာဝန်ယူ တာဝန်သိလွန်းတဲ့အတွက် အခြားသူတွေ အမြင်ကတ်တာတောင်ခံရတတ်ပါတယ်။ အားနည်းချက် တစ်ခုက တစ်ပါးသူအပေါ် ကိုယ်လို့မျိုးပဲဟု ယူဆပြီး အယုံလွယ်တတ်ခြင်း၊ စိတိပိုင်းဆိုင်ရာ တွယ်ငြိမှီခိုလွန်းအားကြီးတာပဲဖြစ်ပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:(ပိုပိုလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top