စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕တြင္ အခ်င္းခ်င္း အရက္အတူေသာက္ရာမွ စကားမ်ားခဲ့ၿပီး ေနအိမ္သို႔အသီးသီး ျပန္လာၾကရာ မေက်နပ္သည့္သူက ဓားႏွင့္သြားေရာက္ ထုိးခဲ့သည့္အတြက္ လူေသဆုံးမႈတစ္မႈျဖစ္ပြားခဲ့ၿပီး ဓား ျဖင့္ထိုးခဲ့သည့္ တရားခံမွာ ထြက္ေျပးတိမ္းေ႐ွာင္ေနဆဲ ျဖစ္ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ….၂၀၁၉ ေဖေဖာ္ဝါရီ ၅ ရက္ေန႔(၁၈၃ဝ)အခ်ိန္က ျမဝတီၿမိဳ႕အမွတ္ ၄ ရပ္ကြက္ေအးသာယာ ၆ လမ္းေန ေဇာ္ထြန္းႏုိင္ႏွင့္ေအးသာယာ(၅)လမ္းေန ဦးႏုိင္တုိ႔မွာ အရက္အတူေသာက္ခဲ့ၾကၿပီး အနည္းငယ္စကားမ်ားခဲ့ၾကရာမွ ေနအိမ္အသီးသီးသုိ႔ျပန္လည္ေရာက္႐ွိၾကစဥ္…

ေဇာ္ထြန္းႏုိင္မွ မေက်နပ္ဘဲ ဦးႏုိင္၏ေနအိမ္ေ႐ွ႕သုိ႔ သြားေရာက္ၿပီးတံခါးဖြင့္ခုိင္းရာ ဦးႏုိင္မွ တံခါးဖြင့္ေပးစဥ္ ေဇာ္ထြန္းႏုိင္မွ အသင့္ယူေဆာင္လာခဲ့ေသာ အ႐ုိးအသြား ၉ လက္မခန္႔႐ွိဓားေျမႇာင္ျဖင့္ ထုိးလုိက္သျဖင့္ဦးႏုိင္၏ဝဲဘက္နံ႐ုိးေအာက္တြင္ ဒဏ္ရာရ႐ွိခဲ့တယ္လို႔ သိရပါတယ္။

ထိုသို႔ဓားႏွင့္ထုိးၿပီး ေဇာ္ထြန္းႏုိင္မွာ ထြက္ေျပးသြားခဲ့သျဖင့္ ဦးႏုိင္၏ဇနီးျဖစ္သူ ေဒၚရီဝင္းမွခင္ပြန္းျဖစ္သူအား ေဆး႐ုံသို႔ပုိ႔ေဆာင္ေပးခဲ့ၿပီး ရဲစခန္းသုိ႔ သြားေရာက္တုိင္ၾကားခဲ့ရာ ျမဝတီရဲစခန္းမွ(ပ)၂၁၅/၂ဝ၁၉ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ ျဖင့္အမႈဖြင့္ အေရးယူခဲ့သည္။

အဆုိပါျဖစ္စဥ္ႏွင့္ပတ္သက္ၿပီးေဆး႐ုံတက္ေရာက္ကုသေနေသာ ဦးႏုိင္မွာေဆး႐ုံသုိ႔ေရာက္႐ွိၿပီး နာရီဝက္ခန္႔အၾကာတြင္ ရ႐ွိထားေသာဒဏ္ရာျဖင့္ ေသဆုံးသြားခဲ့သျဖင့္ ဓားျဖင့္ထိုးခဲ့သူ ျမဝတီၿမိဳ႕အမွတ္ ၄ ရပ္ကြက္ေအးသာယာ ၆ လမ္းေန ေဇာ္ထြန္းႏုိင္(၃၉)ႏွစ္အား ပုဒ္မ ၃၂၆ မွ ရာဇသတ္ႀကီးပုဒ္မ ၃ဝ၂ သုိ႔ေျပာင္းလဲဖြင့္လွစ္ၿပီးထြက္ေျပးတိမ္းေရွာင္သြားေသာ ေဇာ္ထြန္းႏုိင္အားအျမန္ဖမ္းဆီးရမိႏႈိင္ေရး အတြက္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ျမဝတီၿမိဳ႕မွလြတ္လပ္ေသာျပည္သူ႔အသံ
#Unicode Version#
ကရင်ပြည်နယ် မြဝတီမြို့တွင် အချင်းချင်း အရက်အတူသောက်ရာမှ စကားများခဲ့ပြီး နေအိမ်သို့အသီးသီး ပြန်လာကြရာ မကျေနပ်သည့်သူက ဓားနှင့်သွားရောက် ထိုးခဲ့သည့်အတွက် လူသေဆုံးမှုတစ်မှုဖြစ်ပွားခဲ့ပြီး ဓား ဖြင့်ထိုးခဲ့သည့် တရားခံမှာ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ….၂၀၁၉ ဖေဖော်ဝါရီ ၅ ရက်နေ့(၁၈၃ဝ)အချိန်က မြဝတီမြို့အမှတ် ၄ ရပ်ကွက်အေးသာယာ ၆ လမ်းနေ ဇော်ထွန်းနိုင်နှင့်အေးသာယာ(၅)လမ်းနေ ဦးနိုင်တို့မှာ အရက်အတူသောက်ခဲ့ကြပြီး အနည်းငယ်စကားများခဲ့ကြရာမှ နေအိမ်အသီးသီးသို့ပြန်လည်ရောက်ရှိကြစဉ်…

ဇော်ထွန်းနိုင်မှ မကျေနပ်ဘဲ ဦးနိုင်၏နေအိမ်ရှေ့သို့ သွားရောက်ပြီးတံခါးဖွင့်ခိုင်းရာ ဦးနိုင်မှ တံခါးဖွင့်ပေးစဉ် ဇော်ထွန်းနိုင်မှ အသင့်ယူဆောင်လာခဲ့သော အရိုးအသွား ၉ လက်မခန့်ရှိဓားမြှောင်ဖြင့် ထိုးလိုက်သဖြင့်ဦးနိုင်၏ဝဲဘက်နံရိုးအောက်တွင် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထိုသို့ဓားနှင့်ထိုးပြီး ဇော်ထွန်းနိုင်မှာ ထွက်ပြေးသွားခဲ့သဖြင့် ဦးနိုင်၏ဇနီးဖြစ်သူ ဒေါ်ရီဝင်းမှခင်ပွန်းဖြစ်သူအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ရာ မြဝတီရဲစခန်းမှ(ပ)၂၁၅/၂ဝ၁၉ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့် အရေးယူခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီးဆေးရုံတက်ရောက်ကုသနေသော ဦးနိုင်မှာဆေးရုံသို့ရောက်ရှိပြီး နာရီဝက်ခန့်အကြာတွင် ရရှိထားသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့သဖြင့် ဓားဖြင့်ထိုးခဲ့သူ မြဝတီမြို့အမှတ် ၄ ရပ်

ကွက်အေးသာယာ ၆ လမ်းနေ ဇော်ထွန်းနိုင်(၃၉)နှစ်အား ပုဒ်မ ၃၂၆ မှ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ သို့ပြောင်းလဲဖွင့်လှစ်ပြီးထွက်ပြေးတိမ်းရှောင်သွားသော ဇော်ထွန်းနိုင်အားအမြန်ဖမ်းဆီးရမိနှိုင်ရေး အတွက် ဆောင်ရွက်နေကြောင်း သိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:မြဝတီမြို့မှလွတ်လပ်သောပြည်သူ့အသံ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top