ေကာ္ဖီဆိုတာ လူတိုင္း ႏွစ္သက္စြာ ေသာက္ေနက်တဲ့ ေရပန္းအစားဆံုး ေသာက္စရာတစ္ခုပါ။ ဒီလိုေကာ္ဖီဟာ က်န္းမာေရးအတြက္ ေကာင္းတယ္လို႕ ေျပာတဲ့သူေတြလည္းရွိသလို က်န္းမာေရးအတြက္ မသင့္ေတာ္ဘူးလို႕ ေျပာေနတဲ့ သူေတြလည္း အမ်ားၾကီးရွိပါတယ္။ ဘယ္အရာမွ ေကာင္းတာခ်ည္းပဲ မရွိတဲ့အတြက္ ေကာ္ဖီဟာ က်န္းမာေရးအတြက္ေကာင္းသလို ဆိုးက်ိဳးကိုလည္း ေပးႏုိင္ပါတယ္။ ကိုယ္ၾကိဳက္ေနတဲ့  အရာက ကိုယ့္က်န္းမာေရးကို ထိခိုက္ေစတာမ်ိဳးေတာ့ ဘယ္သူမွ မျဖစ္ခ်င္တဲ့အတြက္ ေကာ္ဖီကို က်န္းမာေရးနဲ႕ ညီညြတ္ေအာင္ ဘယ္လို ေသာက္ရမလဲဆိုတာေလးေျပာျပခ်င္ပါတယ္။  ။
က်န္းမာေရးအတြက္ အက်ိဳးျပဳေအာင္ ေကာ္ဖီကို ဘယ္လိုေသာက္ရမလဲ ။  ။

    ေန႔ခင္း ၂ နာရီေနာက္ပိုင္း ေကာ္ဖီ မေသာက္ပါနဲ႔ေတာ့ – ေကာ္ဖီဆိုတာ မနက္ပိုင္းအေသာက္သင့္ဆံုးပါ။ သူ႕မွာပါဝင္တဲ့ ကဖင္းဓာတ္ ေၾကာင့္ သင္တစ္ေန႕တာလံုး လန္းဆန္း ေနဖို႕ကို ေကာ္ဖီက တာဝန္ယူပါတယ္။ ဒါေပမယ့္ ေန႔ခင္း ၂နာရီေနာက္ပိုင္း နဲ႔ ညေနဘက္ ညဘက္ေတြမွာ ေသာက္ရင္ေတာ့ ေကာ္ဖီမွာပါတဲ့ ကဖင္းဓာတ္က သင့္အိပ္စက္ခ်ိန္ေတြကို ေႏွာင့္ယွက္ပါလိမ့္မယ္။ ။
    ေကာ္ဖီဆိုရင္ ခါးခါးေသာက္မိတယ္ – ဒီသီခ်င္းစာသားေလးအတုိင္းပါပဲ။ ေကာ္ဖီဆုိတာ ပင္ကိုယ္ခါးတဲ့ သဘာဝရွိတာပါတယ္။ ဒါကို သၾကားေတြအမ်ားၾကီးထည့္ေသာက္ရင္ အရသာရွိသြားေပမယ့္ က်န္းမာေရးကို ထိခိုက္ႏုိင္တဲ့ သၾကားက ေကာ္ဖီရဲ႕ ေကာင္းက်ိဳးေတြကို ကေမာက္ကမ ျဖစ္ေအာင္ လုပ္လိုက္တာေၾကာင့္ ေကာ္ဖီရဲ႕ ေကာင္းက်ဳိးေတြ ေပ်ာက္သြားပါလိမ့္မယ္။
    အသင့္ေသာက္ ေကာ္ဖီေတြထက္ ေကာ္ဖီေစ့ကုိ ၾကိတ္ျပီး ရလာတဲ့ ဘာမွ မေရာေသးတဲ့ ေကာ္ဖီမႈန္႔က က်န္းမာေရးကို ပိုအက်ိဳးရွိေစပါတယ္။
    တစ္ေန႕ကို ေကာ္ဖီ ၂ ခြက္ထက္ေသာက္တာ ပိုမေကာင္းပါဘူး။ တန္ေဆး လြန္ေဘးဆုိတဲ့ စကားကလည္းရွိေသးတယ္ေလ။ ၾကိဳက္လြန္းလို႕ဆိုျပီး အမ်ားၾကီးေသာက္လုိက္ရင္ က်န္းမာေရးကို ေကာ္ဖီက ဆိုးက်ိဳးပဲ ေပးပါလိမ့္မယ္။
    သစ္ၾကံပိုးေခါက္မႈန္႕ ေတြ ေကာ္ဖီထဲထည့္ေသာက္ပါ – သစ္ၾကံပိုးေခါက္ဟာ ေသြးတြင္းသၾကားဓာတ္ကို ထိန္းညွိေပးျပီး ေသြးတြင္း ကိုလက္စေရာကို ေလ်ာ့ႏုိင္စြမ္းရွိပါတယ္။ ဒါေၾကာင့္ ကိုယ္ေသာက္ေနတဲ့ေကာ္ဖီထဲကို သစ္ၾကံပိုးေခါက္မႈန္႕ေလး ထည့္ေသာက္ပါ။ အရသာရွိျပီး ေသာက္လို႕လည္း ေကာင္းသလို က်န္းမာေရးအတြက္လည္း ေကာင္းမြန္ေစပါတယ္။
    ေကာ္ဖီေသာက္ဖို႕အတြက္ဆိုျပီးထုတ္ထားတဲ့ အဆီနည္းတယ္ဆိုတဲ့ ႏို႕ခရင္မ္ေတြကို ေရွာင္တာအေကာင္းပါ။ ေကာ္ဖီက ျပင္းလို႕ဆုိျပီး ႏို႕ပါတဲ့ ခရင္မ္ေတြ ေရာေသာက္ရင္ သူတို႕ကေတာင္ သင့္က်န္းမာေရးကို ထိခိုက္ေစဦးမွာပါ။ ေကာ္ဖီထဲကို ႏုိ႕ထည့္ေသာက္ခ်င္တယ္ဆိုရင္ ႏြားႏုိ႕ကအေကာင္းဆံုးပါ။ ႏြားႏုိ႕ဟာ ကယ္လ္ဆီယမ္ဓာတ္ၾကြယ္ဝတာေၾကာင့္ သင့္အရိုးကို သန္မာေစဦးမွာပါ။
    Cocoa လို႕ေခၚတဲ့ ေခ်ာ့ကလက္ အနက္ေရာင္မွာ ဓာတ္တိုးဆန္႕က်င္တဲ့ ပစၥည္းေတြ ၾကြယ္ဝတာေၾကာင့္ mocha တို႕ latte တို႕ဆိုတာ ေကာ္ဖီခါးခါး အမ်ိဳးအစားထဲမွာ လူၾကိဳက္လည္းမ်ား က်န္းမာေရးအတြက္လည္းေကာင္းတဲ့ ေကာ္ဖီ အမ်ိဳးအစားေတြ ျဖစ္ပါတယ္။
    ေကာ္ဖီရဲ႕ မေကာင္းတဲ့ အခ်က္တစ္ခ်က္က သူ႕ဆီမွာပါတဲ့ cafestol ေၾကာင့္ျဖစ္ပါတယ္။ cafestol ဟာ သင့္ေသြးတြင္းအဆီဓာတ္ကို ျမင့္တက္ေစတတ္တာေၾကာင့္ ကိုယ္ေသာက္တဲ့ ေကာ္ဖီမွာ ပါတဲ့ cafestol ကို ဖယ္ခ်င္ရင္ေတာ့ ေကာ္ဖီကို စကၠဴနဲ႕လုပ္ထားတဲ့ေကာ္ဖီစစ္ ေကာ္ဖီကို ႏွပ္ေသာက္ပါ။ ဒါဆို cafestol ေတြ ေလ်ာ့သြားပါလိမ့္မယ္ ။ ။

ဒီေတာ့ ကိုုယ္ၾကိဳက္တဲ့ ေကာ္ဖီေလးကေန က်န္းမာေရးကိုဆိုးက်ိဳးေပးတာမ်ိဳး မလိုခ်င္ရင္ ခုေျပာထားတဲ့  အခ်က္ေတြကို လိုက္နာျပီး ေကာ္ဖီကိုေသာက္သ့င္တယ္ေနာ္။  ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Hellosayarwon
#Unicode Version#
ကော်ဖီဆိုတာ လူတိုင်း နှစ်သက်စွာ သောက်နေကျတဲ့ ရေပန်းအစားဆုံး သောက်စရာတစ်ခုပါ။ ဒီလိုကော်ဖီဟာ ကျန်းမာရေးအတွက် ကောင်းတယ်လို့ ပြောတဲ့သူတွေလည်းရှိသလို ကျန်းမာရေးအတွက် မသင့်တော်ဘူးလို့ ပြောနေတဲ့ သူတွေလည်း အများကြီးရှိပါတယ်။ ဘယ်အရာမှ ကောင်းတာချည်းပဲ မရှိတဲ့အတွက် ကော်ဖီဟာ ကျန်းမာရေးအတွက်ကောင်းသလို ဆိုးကျိုးကိုလည်း ပေးနိုင်ပါတယ်။ ကိုယ်ကြိုက်နေတဲ့  အရာက ကိုယ့်ကျန်းမာရေးကို ထိခိုက်စေတာမျိုးတော့ ဘယ်သူမှ မဖြစ်ချင်တဲ့အတွက် ကော်ဖီကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လို သောက်ရမလဲဆိုတာလေးပြောပြချင်ပါတယ်။  ။
ကျန်းမာရေးအတွက် အကျိုးပြုအောင် ကော်ဖီကို ဘယ်လိုသောက်ရမလဲ ။  ။

    နေ့ခင်း ၂ နာရီနောက်ပိုင်း ကော်ဖီ မသောက်ပါနဲ့တော့ – ကော်ဖီဆိုတာ မနက်ပိုင်းအသောက်သင့်ဆုံးပါ။ သူ့မှာပါဝင်တဲ့ ကဖင်းဓာတ် ကြောင့် သင်တစ်နေ့တာလုံး လန်းဆန်း နေဖို့ကို ကော်ဖီက တာဝန်ယူပါတယ်။ ဒါပေမယ့် နေ့ခင်း ၂နာရီနောက်ပိုင်း နဲ့ ညနေဘက် ညဘက်တွေမှာ သောက်ရင်တော့ ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က သင့်အိပ်စက်ချိန်တွေကို နှောင့်ယှက်ပါလိမ့်မယ်။ ။
    ကော်ဖီဆိုရင် ခါးခါးသောက်မိတယ် – ဒီသီချင်းစာသားလေးအတိုင်းပါပဲ။ ကော်ဖီဆိုတာ ပင်ကိုယ်ခါးတဲ့ သဘာဝရှိတာပါတယ်။ ဒါကို သကြားတွေအများကြီးထည့်သောက်ရင် အရသာရှိသွားပေမယ့် ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ သကြားက ကော်ဖီရဲ့ ကောင်းကျိုးတွေကို ကမောက်ကမ ဖြစ်အောင် လုပ်လိုက်တာကြောင့် ကော်ဖီရဲ့ ကောင်းကျိုးတွေ ပျောက်သွားပါလိမ့်မယ်။
    အသင့်သောက် ကော်ဖီတွေထက် ကော်ဖီစေ့ကို ကြိတ်ပြီး ရလာတဲ့ ဘာမှ မရောသေးတဲ့ ကော်ဖီမှုန့်က ကျန်းမာရေးကို ပိုအကျိုးရှိစေပါတယ်။
    တစ်နေ့ကို ကော်ဖီ ၂ ခွက်ထက်သောက်တာ ပိုမကောင်းပါဘူး။ တန်ဆေး လွန်ဘေးဆိုတဲ့ စကားကလည်းရှိသေးတယ်လေ။ ကြိုက်လွန်းလို့ဆိုပြီး အများကြီးသောက်လိုက်ရင် ကျန်းမာရေးကို ကော်ဖီက ဆိုးကျိုးပဲ ပေးပါလိမ့်မယ်။
    သစ်ကြံပိုးခေါက်မှုန့် တွေ ကော်ဖီထဲထည့်သောက်ပါ – သစ်ကြံပိုးခေါက်ဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး သွေးတွင်း ကိုလက်စရောကို လျော့နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ကိုယ်သောက်နေတဲ့ကော်ဖီထဲကို သစ်ကြံပိုးခေါက်မှုန့်လေး ထည့်သောက်ပါ။ အရသာရှိပြီး သောက်လို့လည်း ကောင်းသလို ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။
    ကော်ဖီသောက်ဖို့အတွက်ဆိုပြီးထုတ်ထားတဲ့ အဆီနည်းတယ်ဆိုတဲ့ နို့ခရင်မ်တွေကို ရှောင်တာအကောင်းပါ။ ကော်ဖီက ပြင်းလို့ဆိုပြီး နို့ပါတဲ့ ခရင်မ်တွေ ရောသောက်ရင် သူတို့ကတောင် သင့်ကျန်းမာရေးကို ထိခိုက်စေဦးမှာပါ။ ကော်ဖီထဲကို နို့ထည့်သောက်ချင်တယ်ဆိုရင် နွားနို့ကအကောင်းဆုံးပါ။ နွားနို့ဟာ ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝတာကြောင့် သင့်အရိုးကို သန်မာစေဦးမှာပါ။
    Cocoa လို့ခေါ်တဲ့ ချော့ကလက် အနက်ရောင်မှာ ဓာတ်တိုးဆန့်ကျင်တဲ့ ပစ္စည်းတွေ ကြွယ်ဝတာကြောင့် mocha တို့ latte တို့ဆိုတာ ကော်ဖီခါးခါး အမျိုးအစားထဲမှာ လူကြိုက်လည်းများ ကျန်းမာရေးအတွက်လည်းကောင်းတဲ့ ကော်ဖီ အမျိုးအစားတွေ ဖြစ်ပါတယ်။
    ကော်ဖီရဲ့ မကောင်းတဲ့ အချက်တစ်ချက်က သူ့ဆီမှာပါတဲ့ cafestol ကြောင့်ဖြစ်ပါတယ်။ cafestol ဟာ သင့်သွေးတွင်းအဆီဓာတ်ကို မြင့်တက်စေတတ်တာကြောင့် ကိုယ်သောက်တဲ့ ကော်ဖီမှာ ပါတဲ့ cafestol ကို ဖယ်ချင်ရင်တော့ ကော်ဖီကို စက္ကူနဲ့လုပ်ထားတဲ့ကော်ဖီစစ် ကော်ဖီကို နှပ်သောက်ပါ။ ဒါဆို cafestol တွေ လျော့သွားပါလိမ့်မယ် ။ ။

ဒီတော့ ကိုယ်ကြိုက်တဲ့ ကော်ဖီလေးကနေ ကျန်းမာရေးကိုဆိုးကျိုးပေးတာမျိုး မလိုချင်ရင် ခုပြောထားတဲ့  အချက်တွေကို လိုက်နာပြီး ကော်ဖီကိုသောက်သ့င်တယ်နော်။  ။


ဖိုးသူတော်(www.phothutaw.com)
Credit:Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top