ဘြဲ႔ယူရမည့္ ေမာင္မယ္လူငယ္ေတြ ဘြဲ႔ဝတ္စုံနဲ႔ ပတ္သက္ၿပီး လုပ္ေဆာင္ေနခ်က္ေတြကို သတိထား ဆင္ျခင္သင့္ၿပီ ထင္ပါတယ္။ တကၠသိုလ္ ဆရာ၊ ဆရာမေတြလည္း ကိုယ့္တပည့္ေတြ လုပ္ေဆာင္ေနမႈနဲ႔ ပတ္သက္ၿပီး သင့္မသင့္ ေျပာၾကားၾကေစခ်င္ပါတယ္။

ခုတစ္ေလာ ေက်ာင္းသားေတြ ဆႏၵျပေနၾကတာ ဘြဲ႔ဝတ္စုံဝတ္ၿပီး ပဲျပဳတ္ေတာင္း ေခါင္း႐ြက္၊ ေရစည္လွည္းတြန္း၊ ဆိုက္ကားနင္းျပတဲ့ Performance ေတြ လုပ္ေနတာေတြကို ေတြ႔ရၿပီး စိတ္မခ်မ္းသာလြန္းတဲ့အတြက္ ဒီစာကို ေရးမိပါတယ္။

ဘြဲ႔ဝတ္စုံဝတ္ၿပီး အခမ္းအနား တက္တယ္ဆိုတာ ဘြဲ႔ကို သို႔မဟုတ္ လက္မွတ္ကို ေလးစားဂုဏ္ျပဳၿပီး အားလုံး ယူနီေဖာင္းျဖစ္ေအာင္ ဝတ္ဆင္ၾကရတာ ျဖစ္ပါတယ္။ ဘြဲ႔ဝတ္စုံေအာက္မွာ သိန္းခ်ီ၊ သန္းခ်ီၿပီး ဝတ္စားထားလည္း သတ္မွတ္ထားတဲ့ ဘြဲ႔ဝတ္စုံေအာက္မွာ တစ္ေသြးတည္း တစ္သားတည္း ျဖစ္ေၾကာင္း ျပဆိုဖို႔ ဆင္တူ ဝတ္ဆင္ထားၾကတာလည္း ျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ တကၠသိုလ္ တက္တုန္းက ေနာက္ဆုံးႏွစ္ ဘြဲ႔ယူခါနီးေတာ့ အေဆာင္မွဴးကို ေက်ာင္းသားေတြထဲက တစ္ဦးက “ဆရာႀကီး ကြၽန္ေတာ္တို႔ ဆိုက္ကားစီးၿပီး ဘြဲ႔လာယူလို႔ မရဘူးလား” လို႔ ထေမးလိုက္ပါတယ္။ ျမန္မာစာ ပါေမာကၡျဖစ္တဲ့ ဆရာႀကီးက ၿပံဳးရႊင္စြာပဲ “ရတာေပါ့ တပည့္တို႔ရာ၊ ဒါေပမဲ့ တစ္ခုစဥ္းစားဖို႔ သင့္တာေပါ့။

ဘြဲ႔ဝတ္စုံဆိုတာ လူတိုင္း ဝတ္ႏိုင္တာမွ မဟုတ္တာ။ ေနရာတိုင္း ဝတ္ရတာမွ မဟုတ္တာ။ တပည့္တို႔ကို ဘြဲ႔ေပးတယ္ ဆိုတာကလည္း တတ္တာ၊ မတတ္တာ ထက္၊ တပည့္တို႔ကို အဆင့္အတန္းတစ္ခု အေနနဲ႔ သတ္မွတ္ေပးလိုက္တာ။ တပည့္တို႔ ေလးႏွစ္တာကာလ ဤတကၠသိုလ္ႀကီးတြင္ သင္ယူခဲ့ၾကေၾကာင္း ဂုဏ္ျပဳတဲ့အေနနဲ႔ ေပးတာ။

ေပးတဲ့ တကၠသိုလ္ကဘြဲ႔ကို လမ္းေဘးကလူ လာမယူႏိုင္ဘူး။ တကၠသိုလ္ဘြဲ႔ကို လမ္းေဘးက အဝတ္အစားနဲ႔ တက္ယူလို႔ မရဘူး။ အဲဒါ ဂုဏ္တစ္ခု၊ အဆင့္တစ္ရပ္ အေနနဲ႔ သတ္မွတ္ထားတာ။ အဲဒါကို တပည့္တို႔က ဘြဲ႔ဝတ္စုံ ဝတ္လာၿပီး ဆိုက္ကားနဲ႔လာမယ္ ဆိုရင္လည္း ဘြဲ႔ဝတ္စုံနဲ႔ ဂုဏ္အေပၚ တပည့္တို႔က ဘယ္လိုသတ္မွတ္သလဲ ဆိုတဲ့ စိတ္နဲ႔ အဆင့္အတန္းကို ျပန္ျပတာပဲ။

တန္ဖိုးဆိုတာ တစ္ခါတေလ “သိ” မွ “ရွိ” တာပါ” ဆိုတဲ့ စကားကို တစ္သက္လုံး မွတ္သားခဲ့ရတဲ့ ကြၽန္ေတာ္တို႔ အဖို႔ကေတာ့ ကိုယ့္ေခတ္ကိုယ့္အခါက လမ္းညႊန္သင္ျပႏိုင္ခဲ့တဲ့ ဆရာေတြနဲ႔ ႀကံဳေတြ႔ခဲ့ရတာကိုပဲ ေက်းဇူးႀကီးလွၿပီလို႔ ယူဆေနမိပါတယ္။

ဘြဲ႔က တန္ဖိုးမရွိဘူး။ အလကားဘြဲ႔။ သုံးစားမရတဲ့ဘြဲ႔လို႔ အထပ္ထပ္ ေအာ္ေနတာလည္း ၾကားေနရပါတယ္။ ကြၽန္ေတာ္ အထက္မွာ ေျပာခဲ့သလို တန္ဖိုးဆိုတာ “သိ” မွ “ရွိ” တာဆိုတဲ့ စကားကိုပဲ ျပန္ညႊန္းပါရေစ။

ဘြဲ႔ရခဲ့တဲ့ ပုဂၢဳိလ္ေတြကို ကြၽန္ေတာ္တစ္ခု သတိေပးခ်င္ပါတယ္။ ခင္ဗ်ားတို႔ ဘယ္နည္းနဲ႔ပဲ ဘြဲ႔ရလာသည္ ျဖစ္ေစ သတ္မွတ္ထားတဲ့ အရည္အခ်င္းစစ္ စာေမးပြဲကို မေအာင္ျမင္ဘဲနဲ႔ အဲဒီဘြဲ႔ကို မရပါဘူး။ သတ္မွတ္ထားတဲ့ အခေၾကးေငြမ်ား အေက် ေပးေဆာင္ရတယ္။

ေက်ာင္းေခၚႀကိမ္ မွန္ေအာင္ တက္ခဲ့ၾကရတယ္။ ဒါမွလည္း စာေမးပြဲ ေျဖဆိုခြင့္ကို ဦးစြာရတယ္။ စာေမးပြဲ ေျဖခြင့္ရ၊ စာေမးပြဲေအာင္မွ ဘြဲ႔ရလာတဲ့သူေတြခ်ည္းပါပဲ။ ဘယ္သူမွ ဘြဲ႔တစ္ခုကို အလကား မရပါဘူး။ ဘြဲ႔ရၿပီး အလုပ္ရတာ၊ မရတာ၊ လုပ္တာ၊ မလုပ္တာက တစ္ပိုင္းလို႔ ထင္ပါတယ္။ အဲဒါကလည္း ဘြဲ႔ဝတ္စုံနဲ႔ မဆိုင္ပါဘူး။

ဘြဲ႔ယူရင္ သတ္မွတ္ခ်က္မွာ ဘြဲ႔ယူအခမ္းအနားသို႔ တက္ေရာက္သူမ်ားသည္ ပညာရွင္မ်ားပီပီ မိမိတို႔ ပညာရပ္ဆိုင္ရာ ဘြဲ႔ဝတ္စုံမ်ားကို၊ ဂုဏ္အဆင့္အတန္းႏွင့္ ကိုက္ညီစြာ ဝတ္ဆင္ရမည္ဆိုတာ ႏိုင္ငံတကာစံပါ။ ကိုယ့္တစ္ႏိုင္ငံတည္းက တီထြင္ထားတာ မဟုတ္ပါဘူး။

ဘြဲ႔ယူတဲ့ စနစ္ကလည္း ျမန္မာ့နည္းျမန္မာ့ဟန္ မဟုတ္ပါဘူး။ အေနာက္တိုင္းစတိုင္၊ အေလ့အထေတြအတိုင္း ဘြဲ႔ယူ၊ ဘြဲ႔ေပးေနၾကတာပါ။လူတိုင္း သူ႔ေနရာနဲ႔ သူ႔အထာ ဆိုတာကို ဂ႐ုစိုက္ၾကရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လူ႔ေဘာင္အသိုင္းအဝိုင္းထဲမွာ လူတစ္ေယာက္အေနနဲ႔ ေနထိုင္ၾကရတာ ဆိုေတာ့ လူလိုက်င့္၊ လူလိုႀကံ၊ လူလိုေနၾကဖို႔ အေရးႀကီးပါတယ္။

ဘြဲ႔ဝတ္စုံႀကီး ဝတ္ၿပီးေတာ့ အရက္မူးၿပီး လမ္းေဘးမွာ လဲေနရင္ အဲဒီဘြဲ႔ဝတ္စုံ ဝတ္ထားတဲ့လူ သိကၡာက်တာထက္ “ဘြဲ႔” ဆိုတဲ့ ဂုဏ္ကို ညႇဳိးမွိန္ေအာင္လုပ္ၿပီး လူတိုင္း အထင္ေသး မေလးစားေအာင္ လုပ္ရာက်ပါတယ္။

ဘြဲ႔ဆိုတာကို အထင္မႀကီးရင္ အစကတည္းက တက္မယူၾကနဲ႔ေပါ့။ အဲဒီ ဘြဲ႔ေပးတဲ့ တကၠသိုလ္ေတြကို ေဝးေဝးေရွာင္ေနေပါ့။ ဘြဲ႔ရမွ အလုပ္ခန္႔မယ္ ဆိုတာ သတ္မွတ္ခ်က္တစ္ခုပါ။ ဘယ္သူမွ တတ္တယ္၊ မတတ္ဘူးလို႔လည္း ဒီေခတ္မွာ စစ္ေဆးေနတာ မဟုတ္ေတာ့ပါဘူး။ အလုပ္ေခၚရင္ ဘြဲ႔ရျဖစ္ရမယ္ ဆိုတာ စံတစ္ခုပဲ။

ဘြဲ႔ရရင္ လာခဲ့၊ ဘြဲ႔မရရင္ မလာခဲ့နဲ႔လို႔ သတ္မွတ္ထားသလို ျဖစ္ေနတဲ့အတြက္ ဘြဲ႔ဆိုတာ တန္ဖိုးမရွိဘူးလို႔လည္း မေျပာႏိုင္ပါဘူး။လူ႔ေဘာင္အသိုင္းအဝိုင္းက သူ႔ေနရာ၊ သူ႔အဆင့္အတန္း ဆိုတာကို လက္ခံထားပါတယ္။ အသုဘ အခမ္းအနားကို မဂၤလာေဆာင္ သြားသလို မလာၾကဘူး။

မဂၤလာေဆာင္ အခမ္းအနားကိုလည္း စြပ္က်ယ္ခ်ဳိင္းျပတ္နဲ႔ ပုဆိုးခါးေတာင္း က်ဳိက္ၿပီး လာေလ့ မရွိပါဘူး။ သူ႔ေနရာနဲ႔သူ ဝတ္စားၾကတယ္ဆိုတာ လူ႔ေဘာင္ရဲ႕ ယဥ္ေက်းမႈတစ္ရပ္လို႔ ဆိုႏိုင္ပါတယ္။ လူ႔ေဘာင္က သတ္မွတ္ထားတဲ့ စံလႊဲၿပီး လုပ္ေဆာင္ခ်က္ တစ္ရပ္ဟာ တစ္ခါတေလ ေစာ္ကားေမာ္ကား လုပ္သလို ျဖစ္တတ္ပါတယ္။

ဘြဲ႔ဝတ္စုံကို ေစာ္ကားတာဟာ ကိုယ့္အဆင့္အတန္းနဲ႔ ကိုယ့္ကိုယ္ကိုယ္ ျပန္ၿပီး ေစာ္ကားေနသလိုမ်ဳိး ျဖစ္သြားတတ္တယ္ ဆိုတာလည္း သတိျပဳေစခ်င္ပါတယ္။ေခတ္သစ္ Performance အေနနဲ႔ ႀကဳိက္တဲ့ဝတ္စုံ ဝတ္ၿပီး ဆႏၵျပႏိုင္ပါတယ္။ မေက်နပ္ရင္ ဘာမွမဝတ္ဘဲနဲ႔လည္း ဆႏၵျပလို႔ ရပါတယ္။

ဘြဲ႔နဲ႔ ရွာေဖြလုပ္ကိုင္ စားေသာက္ေနၾကတဲ့ ကိုယ့္ရဲ႕မိဘ၊ ေဆြမ်ဳိး၊ ညီအစ္ကို၊ ေမာင္ႏွမေတြကို ေစာ္ကားသလိုမ်ဳိး ဘြဲ႔ဝတ္စုံႀကီးေတြ ဝတ္ၿပီး Performance လုပ္ေနတာေတြကေတာ့ အျမင္မေတာ္လို႔ ရပ္တန္းက ရပ္ၾကပါလို႔ ေမတၱာရပ္ခံခ်င္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:(အၿငိမ္းစားေက်ာင္းဆရာတစ္ဦး)
#Unicode Version#
ဘွဲ့ယူရမည့် မောင်မယ်လူငယ်တွေ ဘွဲ့ဝတ်စုံနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေချက်တွေကို သတိထား ဆင်ခြင်သင့်ပြီ ထင်ပါတယ်။ တက္ကသိုလ် ဆရာ၊ ဆရာမတွေလည်း ကိုယ့်တပည့်တွေ လုပ်ဆောင်နေမှုနဲ့ ပတ်သက်ပြီး သင့်မသင့် ပြောကြားကြစေချင်ပါတယ်။

ခုတစ်လော ကျောင်းသားတွေ ဆန္ဒပြနေကြတာ ဘွဲ့ဝတ်စုံဝတ်ပြီး ပဲပြုတ်တောင်း ခေါင်းရွက်၊ ရေစည်လှည်းတွန်း၊ ဆိုက်ကားနင်းပြတဲ့ Performance တွေ လုပ်နေတာတွေကို တွေ့ရပြီး စိတ်မချမ်းသာလွန်းတဲ့အတွက် ဒီစာကို ရေးမိပါတယ်။

ဘွဲ့ဝတ်စုံဝတ်ပြီး အခမ်းအနား တက်တယ်ဆိုတာ ဘွဲ့ကို သို့မဟုတ် လက်မှတ်ကို လေးစားဂုဏ်ပြုပြီး အားလုံး ယူနီဖောင်းဖြစ်အောင် ဝတ်ဆင်ကြရတာ ဖြစ်ပါတယ်။ ဘွဲ့ဝတ်စုံအောက်မှာ သိန်းချီ၊ သန်းချီပြီး ဝတ်စားထားလည်း သတ်မှတ်ထားတဲ့ ဘွဲ့ဝတ်စုံအောက်မှာ တစ်သွေးတည်း တစ်သားတည်း ဖြစ်ကြောင်း ပြဆိုဖို့ ဆင်တူ ဝတ်ဆင်ထားကြတာလည်း ဖြစ်ပါတယ်။

ကျွန်တော်တို့ တက္ကသိုလ် တက်တုန်းက နောက်ဆုံးနှစ် ဘွဲ့ယူခါနီးတော့ အဆောင်မှူးကို ကျောင်းသားတွေထဲက တစ်ဦးက “ဆရာကြီး ကျွန်တော်တို့ ဆိုက်ကားစီးပြီး ဘွဲ့လာယူလို့ မရဘူးလား” လို့ ထမေးလိုက်ပါတယ်။ မြန်မာစာ ပါမောက္ခဖြစ်တဲ့ ဆရာကြီးက ပြုံးရွှင်စွာပဲ “ရတာပေါ့ တပည့်တို့ရာ၊ ဒါပေမဲ့ တစ်ခုစဉ်းစားဖို့ သင့်တာပေါ့။

ဘွဲ့ဝတ်စုံဆိုတာ လူတိုင်း ဝတ်နိုင်တာမှ မဟုတ်တာ။ နေရာတိုင်း ဝတ်ရတာမှ မဟုတ်တာ။ တပည့်တို့ကို ဘွဲ့ပေးတယ် ဆိုတာကလည်း တတ်တာ၊ မတတ်တာ ထက်၊ တပည့်တို့ကို အဆင့်အတန်းတစ်ခု အနေနဲ့ သတ်မှတ်ပေးလိုက်တာ။ တပည့်တို့ လေးနှစ်တာကာလ ဤတက္ကသိုလ်ကြီးတွင် သင်ယူခဲ့ကြကြောင်း ဂုဏ်ပြုတဲ့အနေနဲ့ ပေးတာ။

ပေးတဲ့ တက္ကသိုလ်ကဘွဲ့ကို လမ်းဘေးကလူ လာမယူနိုင်ဘူး။ တက္ကသိုလ်ဘွဲ့ကို လမ်းဘေးက အဝတ်အစားနဲ့ တက်ယူလို့ မရဘူး။ အဲဒါ ဂုဏ်တစ်ခု၊ အဆင့်တစ်ရပ် အနေနဲ့ သတ်မှတ်ထားတာ။ အဲဒါကို တပည့်တို့က ဘွဲ့ဝတ်စုံ ဝတ်လာပြီး ဆိုက်ကားနဲ့လာမယ် ဆိုရင်လည်း ဘွဲ့ဝတ်စုံနဲ့ ဂုဏ်အပေါ် တပည့်တို့က ဘယ်လိုသတ်မှတ်သလဲ ဆိုတဲ့ စိတ်နဲ့ အဆင့်အတန်းကို ပြန်ပြတာပဲ။

တန်ဖိုးဆိုတာ တစ်ခါတလေ “သိ” မှ “ရှိ” တာပါ” ဆိုတဲ့ စကားကို တစ်သက်လုံး မှတ်သားခဲ့ရတဲ့ ကျွန်တော်တို့ အဖို့ကတော့ ကိုယ့်ခေတ်ကိုယ့်အခါက လမ်းညွှန်သင်ပြနိုင်ခဲ့တဲ့ ဆရာတွေနဲ့ ကြုံတွေ့ခဲ့ရတာကိုပဲ ကျေးဇူးကြီးလှပြီလို့ ယူဆနေမိပါတယ်။

ဘွဲ့က တန်ဖိုးမရှိဘူး။ အလကားဘွဲ့။ သုံးစားမရတဲ့ဘွဲ့လို့ အထပ်ထပ် အော်နေတာလည်း ကြားနေရပါတယ်။ ကျွန်တော် အထက်မှာ ပြောခဲ့သလို တန်ဖိုးဆိုတာ “သိ” မှ “ရှိ” တာဆိုတဲ့ စကားကိုပဲ ပြန်ညွှန်းပါရစေ။

ဘွဲ့ရခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ကျွန်တော်တစ်ခု သတိပေးချင်ပါတယ်။ ခင်ဗျားတို့ ဘယ်နည်းနဲ့ပဲ ဘွဲ့ရလာသည် ဖြစ်စေ သတ်မှတ်ထားတဲ့ အရည်အချင်းစစ် စာမေးပွဲကို မအောင်မြင်ဘဲနဲ့ အဲဒီဘွဲ့ကို မရပါဘူး။ သတ်မှတ်ထားတဲ့ အခကြေးငွေများ အကျေ ပေးဆောင်ရတယ်။

ကျောင်းခေါ်ကြိမ် မှန်အောင် တက်ခဲ့ကြရတယ်။ ဒါမှလည်း စာမေးပွဲ ဖြေဆိုခွင့်ကို ဦးစွာရတယ်။ စာမေးပွဲ ဖြေခွင့်ရ၊ စာမေးပွဲအောင်မှ ဘွဲ့ရလာတဲ့သူတွေချည်းပါပဲ။ ဘယ်သူမှ ဘွဲ့တစ်ခုကို အလကား မရပါဘူး။ ဘွဲ့ရပြီး အလုပ်ရတာ၊ မရတာ၊ လုပ်တာ၊ မလုပ်တာက တစ်ပိုင်းလို့ ထင်ပါတယ်။ အဲဒါကလည်း ဘွဲ့ဝတ်စုံနဲ့ မဆိုင်ပါဘူး။

ဘွဲ့ယူရင် သတ်မှတ်ချက်မှာ ဘွဲ့ယူအခမ်းအနားသို့ တက်ရောက်သူများသည် ပညာရှင်များပီပီ မိမိတို့ ပညာရပ်ဆိုင်ရာ ဘွဲ့ဝတ်စုံများကို၊ ဂုဏ်အဆင့်အတန်းနှင့် ကိုက်ညီစွာ ဝတ်ဆင်ရမည်ဆိုတာ နိုင်ငံတကာစံပါ။ ကိုယ့်တစ်နိုင်ငံတည်းက တီထွင်ထားတာ မဟုတ်ပါဘူး။

ဘွဲ့ယူတဲ့ စနစ်ကလည်း မြန်မာ့နည်းမြန်မာ့ဟန် မဟုတ်ပါဘူး။ အနောက်တိုင်းစတိုင်၊ အလေ့အထတွေအတိုင်း ဘွဲ့ယူ၊ ဘွဲ့ပေးနေကြတာပါ။လူတိုင်း သူ့နေရာနဲ့ သူ့အထာ ဆိုတာကို ဂရုစိုက်ကြရပါတယ်။ ဘာကြောင့်လဲဆိုတော့ လူ့ဘောင်အသိုင်းအဝိုင်းထဲမှာ လူတစ်ယောက်အနေနဲ့ နေထိုင်ကြရတာ ဆိုတော့ လူလိုကျင့်၊ လူလိုကြံ၊ လူလိုနေကြဖို့ အရေးကြီးပါတယ်။

ဘွဲ့ဝတ်စုံကြီး ဝတ်ပြီးတော့ အရက်မူးပြီး လမ်းဘေးမှာ လဲနေရင် အဲဒီဘွဲ့ဝတ်စုံ ဝတ်ထားတဲ့လူ သိက္ခာကျတာထက် “ဘွဲ့” ဆိုတဲ့ ဂုဏ်ကို ညှိုးမှိန်အောင်လုပ်ပြီး လူတိုင်း အထင်သေး မလေးစားအောင် လုပ်ရာကျပါတယ်။

ဘွဲ့ဆိုတာကို အထင်မကြီးရင် အစကတည်းက တက်မယူကြနဲ့ပေါ့။ အဲဒီ ဘွဲ့ပေးတဲ့ တက္ကသိုလ်တွေကို ဝေးဝေးရှောင်နေပေါ့။ ဘွဲ့ရမှ အလုပ်ခန့်မယ် ဆိုတာ သတ်မှတ်ချက်တစ်ခုပါ။ ဘယ်သူမှ တတ်တယ်၊ မတတ်ဘူးလို့လည်း ဒီခေတ်မှာ စစ်ဆေးနေတာ မဟုတ်တော့ပါဘူး။ အလုပ်ခေါ်ရင် ဘွဲ့ရဖြစ်ရမယ် ဆိုတာ စံတစ်ခုပဲ။

ဘွဲ့ရရင် လာခဲ့၊ ဘွဲ့မရရင် မလာခဲ့နဲ့လို့ သတ်မှတ်ထားသလို ဖြစ်နေတဲ့အတွက် ဘွဲ့ဆိုတာ တန်ဖိုးမရှိဘူးလို့လည်း မပြောနိုင်ပါဘူး။လူ့ဘောင်အသိုင်းအဝိုင်းက သူ့နေရာ၊ သူ့အဆင့်အတန်း ဆိုတာကို လက်ခံထားပါတယ်။ အသုဘ အခမ်းအနားကို မင်္ဂလာဆောင် သွားသလို မလာကြဘူး။

မင်္ဂလာဆောင် အခမ်းအနားကိုလည်း စွပ်ကျယ်ချိုင်းပြတ်နဲ့ ပုဆိုးခါးတောင်း ကျိုက်ပြီး လာလေ့ မရှိပါဘူး။ သူ့နေရာနဲ့သူ ဝတ်စားကြတယ်ဆိုတာ လူ့ဘောင်ရဲ့ ယဉ်ကျေးမှုတစ်ရပ်လို့ ဆိုနိုင်ပါတယ်။ လူ့ဘောင်က သတ်မှတ်ထားတဲ့ စံလွှဲပြီး လုပ်ဆောင်ချက် တစ်ရပ်ဟာ တစ်ခါတလေ စော်ကားမော်ကား လုပ်သလို ဖြစ်တတ်ပါတယ်။

ဘွဲ့ဝတ်စုံကို စော်ကားတာဟာ ကိုယ့်အဆင့်အတန်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး စော်ကားနေသလိုမျိုး ဖြစ်သွားတတ်တယ် ဆိုတာလည်း သတိပြုစေချင်ပါတယ်။ခေတ်သစ် Performance အနေနဲ့ ကြိုက်တဲ့ဝတ်စုံ ဝတ်ပြီး ဆန္ဒပြနိုင်ပါတယ်။ မကျေနပ်ရင် ဘာမှမဝတ်ဘဲနဲ့လည်း ဆန္ဒပြလို့ ရပါတယ်။

ဘွဲ့နဲ့ ရှာဖွေလုပ်ကိုင် စားသောက်နေကြတဲ့ ကိုယ့်ရဲ့မိဘ၊ ဆွေမျိုး၊ ညီအစ်ကို၊ မောင်နှမတွေကို စော်ကားသလိုမျိုး ဘွဲ့ဝတ်စုံကြီးတွေ ဝတ်ပြီး Performance လုပ်နေတာတွေကတော့ အမြင်မတော်လို့ ရပ်တန်းက ရပ်ကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။



ဖိုးသူတော်(www.phothutaw.com)
Credit:(အငြိမ်းစားကျောင်းဆရာတစ်ဦး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top