စိုင်းစိုင်းခမ်းလှိုင် ရဲ့ သူငယ်ချင်းလေးပါတဲ့ Music Video မှာသူရုပ်ဆောင်တဲ့ ကလေးသရုပ်ဆောင်ကိကိကို အားလုံးမှတ်မိကြဦးမယ်ထင်ပါတယ်။အဲ့ဒါမှမမှတ်သိသေးရင်တော့အခုတလောလေးမှာHitဖြစ်နေတဲ့ငါ့ရည်းစားကပိုမိုက်တယ်ဆိုတဲ့သီချင်းမှာစိုင်းစိုင်းနဲ့အတူသီဆိုထားတာကိုတော့သိကြမယ်ထင်ပါတယ်။ကိကိတစ်ယောက်နိုင်ငံခြားမှာကျောင်းသွားတတ်နေရာကနေပြန်လာတုန်း
သူ့အကြောင်းပြောပြထားတာလေးတွေကိုပရိသတ်ကြီးသိအောင်ပြောပြလိုက်ပါတယ်။

မြန်မာပြည်ပြန်ရောက်တော့ ကျနော်အရမ်းပျော်တယ်။ဘာဖြစ်လို့လဲဆိုတော့ ပြန်မလာဖြစ်တာသုံးနှစ်လောက်ရှိပြီလေ။လေဆိပ်ရောက်ရောက်ချင်းမှာကို စိတ်တွေအရမ်းလှုပ်ရှားနေတာ။သီချင်းလေးတွေလုပ်ထားတာတော့ရှိပါတယ်။ ဒါပေမယ့်ပြန်လာတဲ့ရက်ကလေးကတိုတော့ ထုတ်ဖြစ်မှာမဟုတ်ပါဘူး ။ကျောင်းပြီးသွားရင် ဒီမှာပြန်ပြီးအခြေချဖို့က ၈၀ရာခိုင်နှုန်းလောက်ရှိပါတယ်။ အနုပညာအလုပ်တွေတော့ သိပ်လုပ်ဖြစ်တော့မှာမဟုတ်ပါဘူး ။ခဏလောက်နားထားဦးမယ် ဆိုပေမယ့် ဘယ်လောက်ကြာမလဲဆိုတာကိုလည်း တိတိကျကျမပြောတတ်သေးဘူး ။

အသက်ရွယ်လေးရလာတော့ စီပွားရေးဘက်ကိုနည်းနည်းဦးစားပေးချင်တယ်။အဖေစီးပွားရေးကိုဆက်ပြီးလုပ်ဖြစ်မလား ကိုယ်ပိုင်စီးပွားရေးတစ်ခုပဲလုပ်ဖြစ်မှာလားတော့မပြောတတ်သေးဘူး ။စီးပွားရေးကိုတော့အဓိကလုပ်ဖြစ်မှာပါ ။ ပရိသတ်တွေနဲ့ကတော့ Social Media တွေကနေတဆင့်ထိတွေနေလို့ရတယ်ဆိုတော့ ပရိတ်သတ်နဲ့စိမ်းသွားမှာမျိုးတော့ဖြစ်မှာမဟုတ်ပါဘူး။

ဘန်နီနဲ့ကျနော်ရဲ့နှစ်ယောက်ခွေကိုလေးကို Music videoလေးပြန်ရိုက်ဖို့ရှိပါတယ်. အခုကသူရောကိုယ်ရောမအားဘဲနှစ်ယောက်စလုံးအလုပ်တွေရှုပ်နေလို့ပါ။သူငယ်ချင်းလေးပါတဲ့ သီချင်းကိုသရုပ်ဆောင်ထားတာပြန်ကြည့်မိရင်ရယ်ရပါတယ်။ငယ်ငယ်တုန်းကလုပ်ခဲ့တာဆိုတော့ သူငယ်ချင်းတွေကလည်း အဲ့ဒီမကြောင်းစပ်မိတိုင်း ပြောင်ကြစကြတာမျိုးတော့ရှိပါတယ်။ဆိုပြီင်္းပြောပြခဲ့ပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:Nanamalgyi
#Unicode Version#

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top