iMyanmarHouse.com - Best Property Website for Myanmar
×

ယခုလက္ရွိ ေရာင္းခ်ေနသည့္  က်ပ္ ၅၀၀ တန္ ထီလက္မွတ္မ်ားကို ၂၆ ႀကိမ္ ေျမာက္ထြက္ရွိမည့္ ဧၿပီလကုန္တြင္ ရပ္နားသြားမည္ျဖစ္ၿပီး က်ပ္ ၁၀၀၀ တန္ ထီလက္မွတ္တစ္မ်ိဳးတည္းသာ ထုတ္ေဝေရာင္းခ်သြားမည္ျဖစ္ေၾကာင္း ေအာင္ဘာေလ သိန္းဆုဌာ နခြဲမွ ဒုတိယၫႊန္ၾကားေရးမႉး ေဒၚအိအိခိုင္က ေဖေဖာ္ဝါရီ ၆ ရက္က ေျပာၾကားသည္။

က်ပ္ ၅၀၀ တန္ထီလက္မွတ္ လက္ရွိအခ်ိန္တြင္ ၂၃ ႀကိမ္ေျမာက္ ထြက္ရွိထားၿပီး ၂၆ ႀကိမ္ေျမာက္ ထီထြက္ရွိၿပီးပါက က်ပ္ ၁၀၀၀ တန္ ထီလက္မွတ္တစ္မ်ိဳးတည္းကိုသာ ေရာင္းခ်သြားမည့္အေပၚ ေဒၚအိအိခိုင္က “ကြၽန္မတို႔အခု  ၅၀၀ က်ပ္တန္ ထီကိုေတာ့ အခု ထီဖြင့္ၿပီးတာက၂၃ ႀကိမ္ေျမာက္ဆိုေတာ့ အခု ၂၃ ႀကိမ္ကေန ၂၆ ႀကိမ္ေျမာက္ ထုတ္ၿပီးသြားရင္ေတာ့ ၅၀၀ က်ပ္တန္ ထီလက္မွတ္ေတြ ေရာင္းခ်ျခင္းကို ရပ္စဲသြားၿပီးေတာ့ ၁၀၀၀ က်ပ္တန္ ထီလက္မွတ္တစ္မ်ိဳးတည္းကိုပဲ ဆက္လက္ ထုတ္သြားမွာပါ”  ဟု ေျပာၾကားသည္။

ေအာင္ဘာေလသိန္းဆုဌာနခြဲမွ ေရာင္းခ်ေနသည့္ က်ပ္  ၅၀၀  တန္ထီလက္မွတ္မ်ားကို ၂၀၁၇  ခုႏွစ္ မတ္လမွ စတင္ေရာင္းခ်ခဲ့ျခင္းျဖစ္ၿပီး ၂၀၁၉ ခုႏွစ္ ဧၿပီလကုန္မွာ ရပ္နားသြားမည္ျဖစ္ကာ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီတြင္ စတင္ေရာင္းခ်ခဲ့သည့္ က်ပ္ ၁၀၀၀ တန္ ထီလက္မွတ္မ်ားသာ ဆက္လက္ထုတ္ေဝမည္ျဖစ္သည္။

 “သေဘာတရားအရေတာ့ ကြၽန္မတို႔က ဥပမာ ၅၀ က်ပ္တန္ ထီကေန ၁၀၀ က်ပ္တန္ ထီ၊ ၁၀၀ က်ပ္တန္ကေန ၂၀၀၊ ၂၀၀ က်ပ္ တန္ကေန ၅၀၀ က်ပ္တန္ ထီလက္မွတ္ေပါ့ေနာ္။ အခု ၅၀၀ က်ပ္တန္ကေနၿပီးေတာ့ ၁၀၀၀ က်ပ္တန္ ထီလက္မွတ္ တစ္မ်ိဳးတည္းကိုပဲ ေရာင္းခ်သြားမွာပါ။ ကြၽန္မတို႔က ထီလက္မွတ္ တစ္မ်ိဳးတည္းကိုပဲ ထုတ္တဲ့သေဘာေပါ့။ ဒါေၾကာင့္ ၅၀၀ တန္ထီကို ဧၿပီလကုန္ (၂၆ႀကိမ္) ထြက္ၿပီးရင္ ရပ္နားေတာ့မယ့္သေဘာပါပဲ” ဟု ေဒၚအိအိခိုင္က ဆက္လက္ ေျပာၾကားသည္။

(၁)ႀကိမ္ေျမာက္ က်ပ္တစ္ေထာင္တန္ ေအာင္ဘာေလထီလက္မွတ္မ်ားကို ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္တြင္ စတင္ေရာင္းခ်လ်က္ရွိၿပီး (၂၄) ႀကိမ္ေျမာက္ က်ပ္ ၅၀၀ တန္ ေအာင္ဘာေလထီလက္မွတ္မ်ားကိုလည္း ပူးတြဲေရာင္းခ်လ်က္ရွိေၾကာင္းႏွင့္ က်ပ္သိန္း တစ္ေသာင္းခ်ီးျမႇင့္သည့္ က်ပ္ ၅၀၀ တန္ ေအာင္ဘာေလ ထီလက္မွတ္မ်ားကို ၂၀၁၇ ခုႏွစ္ မတ္ ၁ ရက္က စတင္ေရာင္းခ်ခဲ့ျခင္း ျဖစ္သည္။                   

ဖိုးသူေတာ္(www.phothutaw.com)
Credit:news-eleven
#UnicoedeVersin#
 ယခုလက်ရှိ ရောင်းချနေသည့်  ကျပ် ၅၀၀ တန် ထီလက်မှတ်များကို ၂၆ ကြိမ် မြောက်ထွက်ရှိမည့် ဧပြီလကုန်တွင် ရပ်နားသွားမည်ဖြစ်ပြီး ကျပ် ၁၀၀၀ တန် ထီလက်မှတ်တစ်မျိုးတည်းသာ ထုတ်ဝေရောင်းချသွားမည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာ နခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အိအိခိုင်က ဖေဖော်ဝါရီ ၆ ရက်က ပြောကြားသည်။

ကျပ် ၅၀၀ တန်ထီလက်မှတ် လက်ရှိအချိန်တွင် ၂၃ ကြိမ်မြောက် ထွက်ရှိထားပြီး ၂၆ ကြိမ်မြောက် ထီထွက်ရှိပြီးပါက ကျပ် ၁၀၀၀ တန် ထီလက်မှတ်တစ်မျိုးတည်းကိုသာ ရောင်းချသွားမည့်အပေါ် ဒေါ်အိအိခိုင်က “ကျွန်မတို့အခု  ၅၀၀ ကျပ်တန် ထီကိုတော့ အခု ထီဖွင့်ပြီးတာက၂၃ ကြိမ်မြောက်ဆိုတော့ အခု ၂၃ ကြိမ်ကနေ ၂၆ ကြိမ်မြောက် ထုတ်ပြီးသွားရင်တော့ ၅၀၀ ကျပ်တန် ထီလက်မှတ်တွေ ရောင်းချခြင်းကို ရပ်စဲသွားပြီးတော့ ၁၀၀၀ ကျပ်တန် ထီလက်မှတ်တစ်မျိုးတည်းကိုပဲ ဆက်လက် ထုတ်သွားမှာပါ”  ဟု ပြောကြားသည်။

အောင်ဘာလေသိန်းဆုဌာနခွဲမှ ရောင်းချနေသည့် ကျပ်  ၅၀၀  တန်ထီလက်မှတ်များကို ၂၀၁၇  ခုနှစ် မတ်လမှ စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဧပြီလကုန်မှာ ရပ်နားသွားမည်ဖြစ်ကာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် စတင်ရောင်းချခဲ့သည့် ကျပ် ၁၀၀၀ တန် ထီလက်မှတ်များသာ ဆက်လက်ထုတ်ဝေမည်ဖြစ်သည်။

 “သဘောတရားအရတော့ ကျွန်မတို့က ဥပမာ ၅၀ ကျပ်တန် ထီကနေ ၁၀၀ ကျပ်တန် ထီ၊ ၁၀၀ ကျပ်တန်ကနေ ၂၀၀၊ ၂၀၀ ကျပ် တန်ကနေ ၅၀၀ ကျပ်တန် ထီလက်မှတ်ပေါ့နော်။ အခု ၅၀၀ ကျပ်တန်ကနေပြီးတော့ ၁၀၀၀ ကျပ်တန် ထီလက်မှတ် တစ်မျိုးတည်းကိုပဲ ရောင်းချသွားမှာပါ။ ကျွန်မတို့က ထီလက်မှတ် တစ်မျိုးတည်းကိုပဲ ထုတ်တဲ့သဘောပေါ့။ ဒါကြောင့် ၅၀၀ တန်ထီကို ဧပြီလကုန် (၂၆ကြိမ်) ထွက်ပြီးရင် ရပ်နားတော့မယ့်သဘောပါပဲ” ဟု ဒေါ်အိအိခိုင်က ဆက်လက် ပြောကြားသည်။

(၁)ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေထီလက်မှတ်များကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ရောင်းချလျက်ရှိပြီး (၂၄) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီလက်မှတ်များကိုလည်း ပူးတွဲရောင်းချလျက်ရှိကြောင်းနှင့် ကျပ်သိန်း တစ်သောင်းချီးမြှင့်သည့် ကျပ် ၅၀၀ တန် အောင်ဘာလေ ထီလက်မှတ်များကို ၂၀၁၇ ခုနှစ် မတ် ၁ ရက်က စတင်ရောင်းချခဲ့ခြင်း ဖြစ်သည်။                   


ဖိုးသူတော်(www.phothutaw.com)
Credit:news-eleven
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top