iMyanmarHouse.com - Best Property Website for Myanmar
×


ေကာ့ေသာင္းမွာ တရားမဝင္ငါးခိုးဖမ္းတဲ့ အင္ဒိုနီးရွားႏိုင္ငံသား (၂၃) ဦးကို ဖမ္းမိခဲ့တယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာနကေန သတင္းထုတ္ျပန္ပါတယ္။

ေဖေဖာ္ဝါရီ ၆ ရက္ေန႔မွာ ေကာ့ေသာင္းၿမိဳ႕နယ္ သံကြၽန္းအေနာက္ဘက္ ေရမိုင္ (၇၀) အကြာ ၊ျမန္မာေရပိုင္နက္ပင္လယ္ျပင္မွာ KM TROYA စာတမ္းပါ အလ်ား ၆၂ ေပ၊အနံ ၁၈ေပ၊ ေရစူး ၇ ေပခန႔္ရွိတဲ့ ၆ လုံးထိုး ငါးဖမ္းစက္ေလွ ၁ စီးကို အင္ဒိုနီးရွားႏိုင္ငံသား ဇုလ္ဖာဒ္လီ (၃၄)ႏွစ္ ပဲ့နင္း၊ ေအဒီရာယုၿမိဳ႕ အာေခ်တီေမာရ္ျပည္နယ္ အင္ဒိုနီးရွားႏိုင္ငံေနသူပါ က်ား (၂၃) တို႔နဲ႔အတူ ဖမ္းဆီးရမိခဲ့တယ္လို႔ သိရပါတယ္။

ဖမ္းဆီးရမိခဲ့တဲ့ အင္ဒိုနီးရွားႏိုင္ငံသား ၂၃ ဦးကို ၿမိဳ႕နယ္ငါးလုပ္ငန္းဦးစီးမႈး ဦးေအာင္ႏိုင္ဆီ လႊဲေျပာင္းေပးအပ္ခဲ့ၿပီးေတာ့ အဆိုပါ ဖမ္းဆီးရမိသူေတြကို ေကာ့ေသာင္းၿမိဳ႕နယ္ရဲစခန္း (ပ) ၃၄၀/ ၂၀၁၉ ၊ႏိုင္ငံျခားငါးဖမ္းေရယာဥ္မ်ား ငါးလုပ္ငန္းခြင့္ဥပေဒကို ျပင္ဆင္တဲ့ ဥပေဒ ၃၈(က)(ခ)နဲ႔ အမႈဖြင့္အေရးယူထားတယ္လို႔ သိရပါတယ္။

ဖမ္းဆီးရမိသူေတြအားလုံးက ျမန္မာ့ေရပိုင္နက္အတြင္းကို တရားမဝင္ ဝင္ေရာက္ၿပီးငါးခိုးဖမ္းတာျဖစ္တယ္လို႔ သိရပါတယ္။ျမန္မာ့ေရပိုက္နက္အတြင္းမွာ ငါးခိုးဖမ္းမႈေတြ မၾကာခဏျဖစ္ပြားေလ့ရွိၿပီးေတာ့ ဖမ္းဆီးရမိတာရွိသလို ဖမ္းဆီးရမိတာမ်ိဳးမရွိဘဲ ငါးဖမ္းေရယာဥ္ေတြလည္း ရွိေနတယ္လို႔ ေကာ့ေသာင္းၿမိဳ႕ေဒသခံေတြက ေျပာပါတယ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

ကော့သောင်းမှာ တရားမဝင်ငါးခိုးဖမ်းတဲ့ အင်ဒိုနီးရှားနိုင်ငံသား (၂၃) ဦးကို ဖမ်းမိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကနေ သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ကော့သောင်းမြို့နယ် သံကျွန်းအနောက်ဘက် ရေမိုင် (၇၀) အကွာ ၊မြန်မာရေပိုင်နက်ပင်လယ်ပြင်မှာ KM TROYA စာတမ်းပါ အလျား ၆၂ ပေ၊အနံ ၁၈ပေ၊ ရေစူး ၇ ပေခန့်ရှိတဲ့ ၆ လုံးထိုး ငါးဖမ်းစက်လှေ ၁ စီးကို အင်ဒိုနီးရှားနိုင်ငံသား ဇုလ်ဖာဒ်လီ (၃၄)နှစ် ပဲ့နင်း၊ အေဒီရာယုမြို့ အာချေတီမောရ်ပြည်နယ် အင်ဒိုနီးရှားနိုင်ငံနေသူပါ ကျား (၂၃) တို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံသား ၂၃ ဦးကို မြို့နယ်ငါးလုပ်ငန်းဦးစီးမှုး ဦးအောင်နိုင်ဆီ လွှဲပြောင်းပေးအပ်ခဲ့ပြီးတော့ အဆိုပါ ဖမ်းဆီးရမိသူတွေကို ကော့သောင်းမြို့နယ်ရဲစခန်း (ပ) ၃၄၀/ ၂၀၁၉ ၊နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်းခွင့်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ၃၈(က)(ခ)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသူတွေအားလုံးက မြန်မာ့ရေပိုင်နက်အတွင်းကို တရားမဝင် ဝင်ရောက်ပြီးငါးခိုးဖမ်းတာဖြစ်တယ်လို့ သိရပါတယ်။မြန်မာ့ရေပိုက်နက်အတွင်းမှာ ငါးခိုးဖမ်းမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီးတော့ ဖမ်းဆီးရမိတာရှိသလို ဖမ်းဆီးရမိတာမျိုးမရှိဘဲ ငါးဖမ်းရေယာဉ်တွေလည်း ရှိနေတယ်လို့ ကော့သောင်းမြို့ဒေသခံတွေက ပြောပါတယ်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top