iMyanmarHouse.com - Best Property Website for Myanmar
×


ဒလၿမိဳ႕မရဲစခန္းမွ နယ္ေျမလွည့္ကင္း တာဝန္ထမ္းေဆာင္ေနေသာ ရဲတပ္ဖြဲ႕ဝင္ကို မူးယစ္ေသာက္စားရမ္းကားေနသူက ညစ္ညမ္း စြာဆဲေရးတိုင္းထြာၿပီး လက္သီးႏွင့္ထိုးခဲ့၍ ဒဏ္ရာရရွိခဲ့သည့္အတြက္ အမႈဖြင့္ဖမ္းဆီး အေရးယူထားသည္။

ျဖစ္စဥ္မွာ နယ္ထိန္းဒုတပ္ၾကပ္ ဝင္းေမာင္ ေမာင္၊ တပ္သား ဘိုဘို၊ တပ္သား သန္႔ထူး ေအာင္တို႔သည္ ေဖေဖာ္ဝါရီ ၂၄ရက္ညက လွည့္ကင္းတာဝန္ထမ္းေဆာင္ေနစဥ္ အံ့ႀကီး အေနာက္ ဗိုလ္ဥတၱမ (၄)လမ္း လမ္းမေပၚတြင္ မူးယစ္ရမ္းကားေနေၾကာင္း သတင္းရရွိ၍ လွည့္ကင္းအဖြဲ႕ကို သြားေရာက္ထိန္းသိမ္းရန္ ည ၉ နာရီ ၄၅ မိနစ္၌ တာဝန္မႉးဒုရဲအုပ္ ထက္ထက္ထြန္းက ေစလႊတ္တာဝန္ေပးအပ္သည္။

အဆိုပါလွည့္ကင္းအဖြဲ႕သည္ ဗလင္မင္း ထင္လမ္း အံ့ႀကီးအေနာက္ရပ္ကြက္ ဟိႏၵဴ ဘုရားေက်ာင္းအနီး လမ္းေပၚတြင္ အမည္ မသိ အမ်ိဳးသားငါးဦးတို႔ အရက္ေသာက္စား မူးယစ္ၿပီး အခ်င္းခ်င္းစကားမ်ားေနၾကသည္ ကို ေတြ႕ရွိ၍ ဒုတပ္ၾကပ္ ဝင္းေမာင္ေမာင္က လူစုခြဲ၍ ေနအိမ္ျပန္ခိုင္းခဲ့သည္။

၎ေနာက္ ရာဇာလင္း (၂၈)ႏွစ္ ဗႏၶလ (၂)လမ္း အံ့ႀကီးအေနာက္ရပ္ကြက္ေနသူက ရဲတပ္ဖြဲ႕ဝင္မ်ားကို ညစ္ညမ္းစြာဆဲဆို၍ ရဲတပ္ သား ဘိုဘိုအား လက္သီးႏွင့္ထိုးခဲ့ရာ ဝဲပါး ႐ိုးဖူးေရာင္ ဒဏ္ရာရရွိခဲ့ၿပီး ရာဇာလင္း (၂၈) ႏွစ္အား ဒုတပ္ၾကပ္ ဝင္းေမာင္ေမာင္က တရား လိုျပဳလုပ္၍ (ပ) ၁၈၄/၂၀၁၉၊ ရာဇသတ္ ႀကီးပုဒ္မ ၂၉၄/၃၃၂ အရ အမႈဖြင့္ထား သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyanmarTime

#Unicode Version#

ဒလမြို့မရဲစခန်းမှ နယ်မြေလှည့်ကင်း တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်ကို မူးယစ်သောက်စားရမ်းကားနေသူက ညစ်ညမ်း စွာဆဲရေးတိုင်းထွာပြီး လက်သီးနှင့်ထိုးခဲ့၍ ဒဏ်ရာရရှိခဲ့သည့်အတွက် အမှုဖွင့်ဖမ်းဆီး အရေးယူထားသည်။

ဖြစ်စဉ်မှာ နယ်ထိန်းဒုတပ်ကြပ် ဝင်းမောင် မောင်၊ တပ်သား ဘိုဘို၊ တပ်သား သန့်ထူး အောင်တို့သည် ဖေဖော်ဝါရီ ၂၄ရက်ညက လှည့်ကင်းတာဝန်ထမ်းဆောင်နေစဉ် အံ့ကြီး အနောက် ဗိုလ်ဥတ္တမ (၄)လမ်း လမ်းမပေါ်တွင် မူးယစ်ရမ်းကားနေကြောင်း သတင်းရရှိ၍ လှည့်ကင်းအဖွဲ့ကို သွားရောက်ထိန်းသိမ်းရန် ည ၉ နာရီ ၄၅ မိနစ်၌ တာဝန်မှူးဒုရဲအုပ် ထက်ထက်ထွန်းက စေလွှတ်တာဝန်ပေးအပ်သည်။

အဆိုပါလှည့်ကင်းအဖွဲ့သည် ဗလင်မင်း ထင်လမ်း အံ့ကြီးအနောက်ရပ်ကွက် ဟိန္ဒူ ဘုရားကျောင်းအနီး လမ်းပေါ်တွင် အမည် မသိ အမျိုးသားငါးဦးတို့ အရက်သောက်စား မူးယစ်ပြီး အချင်းချင်းစကားများနေကြသည် ကို တွေ့ရှိ၍ ဒုတပ်ကြပ် ဝင်းမောင်မောင်က လူစုခွဲ၍ နေအိမ်ပြန်ခိုင်းခဲ့သည်။

၎င်းနောက် ရာဇာလင်း (၂၈)နှစ် ဗန္ဓလ (၂)လမ်း အံ့ကြီးအနောက်ရပ်ကွက်နေသူက ရဲတပ်ဖွဲ့ဝင်များကို ညစ်ညမ်းစွာဆဲဆို၍ ရဲတပ် သား ဘိုဘိုအား လက်သီးနှင့်ထိုးခဲ့ရာ ဝဲပါး ရိုးဖူးရောင် ဒဏ်ရာရရှိခဲ့ပြီး ရာဇာလင်း (၂၈) နှစ်အား ဒုတပ်ကြပ် ဝင်းမောင်မောင်က တရား လိုပြုလုပ်၍ (ပ) ၁၈၄/၂၀၁၉၊ ရာဇသတ် ကြီးပုဒ်မ ၂၉၄/၃၃၂ အရ အမှုဖွင့်ထား သည်။

ဖိုးသူတော် (www.phothutaw.com)

Credit: MyanmarTime
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top