မေလးရွားႏိုင္ငံ Kelantan ျပည္နယ္ Pasir Mas ေဒသမွာ ေဖေဖၚဝါရီ ၆ ရက္ေန႔က ျဖစ္ပြားခဲ့တဲ့ ကားႏွစ္စီး ေခါင္းခ်င္းဆိုင္တိုက္မႈအတြင္း ညီအစ္မသုံးဦး ေသဆုံးခဲ့ပါတယ္။

ညီအစ္မသုံးဦး လိုက္ပါလာတဲ့ Perodua Myvi အမ်ိဳးအစားကားကို ၎တို႔အနက္ အႀကီးဆုံးျဖစ္တဲ့ အသက္ ၂၃ ႏွစ္အ႐ြယ္ Nurfatin Arin Mohd Asri က ေမာင္းႏွင္လာခဲ့ၿပီး ေဒသစံေတာ္ခ်ိန္ မြန္းလြဲ ၁ နာရီဝန္းက်င္မွာ ကားတိုက္မႈျဖစ္ပြားခဲ့ပါတယ္။

Pasir Mas ေဒသဆိုင္ရာ ရဲတပ္ဖြဲ႕အႀကီးအကဲ Abdullah Mohhammad Piah ရဲ႕ ေျပာၾကားမႈအရ Proton Wira အမ်ိဳးအစား ကားတစ္စီးက ၎ေရွ႕မွကားကို ေက်ာ္တက္ရန္အတြက္ ဆန႔္က်င္ဘက္ယာဥ္ေၾကာကို ေရာက္ရွိသြားရာမွာ ညီအစ္သုံးဦးရဲ႕ကားနဲ႔ ေခါင္းခ်င္ဆိုင္တိုက္မိခဲ့တယ္လို႔ သိရပါတယ္။


ညီအစ္မသုံးဦးအနက္ ကားေမာင္းလာတဲ့ Nurfatin နဲ႔ အသက္ ၁၀ ႏွစ္အ႐ြယ္ ညီမငယ္ Anis Saraya တို႔ဟာ ကားတိုက္မႈျဖစ္တဲ့ ေနရာမွာတင္ ပြဲခ်င္းၿပီး ေသဆုံးခဲ့ပါတယ္။ ကားအေနာက္ခန္းမွာ လိုက္ပါလာခဲ့တဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ Haifa Amira ကေတာ့ Pasir Mas ေဆး႐ုံမွာ ေသဆုံးသြားခဲ့တယ္လို႔ ဆိုပါတယ္။

၎တို႔ကားနဲ႔ ေခါင္းခ်င္းဆိုင္တိုက္မိခဲ့တဲ့ Proton Wira ကားကို ေမာင္းႏွင္လာတဲ့ အသက္ ၂၁ ႏွစ္အ႐ြယ္ Helmi Mustafa ဆိုသူ အမ်ိဳးသားကေတာ့ ဒဏ္ရာျပင္းထန္စြာရၿပီး သတိေမ့ေနေၾကာင္းနဲ႔ ေဆး႐ုံသို႔ပို႔ေဆာင္ထားေၾကာင္း ရဲတပ္ဖြဲ႕အႀကီးအကဲ Abdullah က ေျပာပါတယ္။

ကားတိုက္မႈအတြင္း ေသဆုံးခဲ့တဲ့ ညီအစ္မသုံးဦးဟာ Tanah Merah ေဒသမွျဖစ္ၿပီး ၎တို႔ရဲ႕ ဦးေလးအိမ္ကို အလည္သြားေနစဥ္ မေတာ္တဆမႈ ျဖစ္ပြားခဲ့ေၾကာင္း မေလးရွားသတင္းဌာန Bernama က ေဖာ္ျပပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

မလေးရှားနိုင်ငံ Kelantan ပြည်နယ် Pasir Mas ဒေသမှာ ဖေဖေါ်ဝါရီ ၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကားနှစ်စီး ခေါင်းချင်းဆိုင်တိုက်မှုအတွင်း ညီအစ်မသုံးဦး သေဆုံးခဲ့ပါတယ်။

ညီအစ်မသုံးဦး လိုက်ပါလာတဲ့ Perodua Myvi အမျိုးအစားကားကို ၎င်းတို့အနက် အကြီးဆုံးဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် Nurfatin Arin Mohd Asri က မောင်းနှင်လာခဲ့ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီဝန်းကျင်မှာ ကားတိုက်မှုဖြစ်ပွားခဲ့ပါတယ်။

Pasir Mas ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲ Abdullah Mohhammad Piah ရဲ့ ပြောကြားမှုအရ Proton Wira အမျိုးအစား ကားတစ်စီးက ၎င်းရှေ့မှကားကို ကျော်တက်ရန်အတွက် ဆန့်ကျင်ဘက်ယာဉ်ကြောကို ရောက်ရှိသွားရာမှာ ညီအစ်သုံးဦးရဲ့ကားနဲ့ ခေါင်းချင်ဆိုင်တိုက်မိခဲ့တယ်လို့ သိရပါတယ်။

ညီအစ်မသုံးဦးအနက် ကားမောင်းလာတဲ့ Nurfatin နဲ့ အသက် ၁၀ နှစ်အရွယ် ညီမငယ် Anis Saraya တို့ဟာ ကားတိုက်မှုဖြစ်တဲ့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ကားအနောက်ခန်းမှာ လိုက်ပါလာခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် Haifa Amira ကတော့ Pasir Mas ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

၎င်းတို့ကားနဲ့ ခေါင်းချင်းဆိုင်တိုက်မိခဲ့တဲ့ Proton Wira ကားကို မောင်းနှင်လာတဲ့ အသက် ၂၁ နှစ်အရွယ် Helmi Mustafa ဆိုသူ အမျိုးသားကတော့ ဒဏ်ရာပြင်းထန်စွာရပြီး သတိမေ့နေကြောင်းနဲ့ ဆေးရုံသို့ပို့ဆောင်ထားကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ Abdullah က ပြောပါတယ်။

ကားတိုက်မှုအတွင်း သေဆုံးခဲ့တဲ့ ညီအစ်မသုံးဦးဟာ Tanah Merah ဒေသမှဖြစ်ပြီး ၎င်းတို့ရဲ့ ဦးလေးအိမ်ကို အလည်သွားနေစဉ် မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း မလေးရှားသတင်းဌာန Bernama က ဖော်ပြပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top