ရန်ကင်း ဆီဒိုးနားဟိုတယ်အနီး Star Villa (Sunian Park) ကွန်ဒိုအရောင်းပြပွဲ
×



“တာတူး” ရုပ်ရှင်ကားကြီးကို ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး ပါဝင်သရုပ်ဆောင်ထားကြတဲ့ အနုပညာရှင်များကတော့ အကယ်ဒမီ လွင်မိုး၊ အကယ်ဒမီ နေတိုး၊ အကယ်ဒမီ သက်မွန်မြင့်၊ ယွန်းရွှေရည်၊ ဟိန်းမင်း၊ ငှက်ပျောကြော်၊ 5 STAR အဖွဲ့၊ နေလင်း၊ နန္ဒကျော်စွာ၊ ဇင်မျိုး၊ မျိုးမျိုးခိုင်၊ ရဲလေးမ၊ အိတုံ၊ ထက်ကိုလင်း၊ ဝေယံမောင်၊ မေသင်္ကြန် နှင့် အနုပညာရှင်ပေါင်းများစွာတို့က ပါဝင်ထားခဲ့ကြတာပဲ ဖြစ်ပါတယ်။





Credit: Burmese.asia

#Unicode Version#


ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ မင်းသားချော နေတိုးရဲ့ နောက်ထပ်အနုပညာမှတ်တိုင် တစ်ခုဖြစ်တဲ့ “တာတူး” ရုပ်ရှင်ဇာတ်ကားကြီးက မကြာခင်မှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ “တာတူး” ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုးက မိန်းမလျာကာရိုက်တာနဲ့ ပရိသတ်တွေကို အကောင်းဆုံး သရုပ်ဆောင်တင်ဆက်ပေးထားတာ ဖြစ်ပါတယ်။ ရယ်မောစရာ ဟာသလေးတွေနဲ့ ပရိသတ်တွေ ပျော်ရွှင်နှစ်သက်မှုရရှိအောင် လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးလေး ရိုက်ကူးထားခဲ့တဲ့ “တာတူး” ရုပ်ရှင်ကားကြီးကို မတ်လ ၁၅ ရက်နေ့ (၁၅.၃.၂၀၁၉) မှာ မြန်မာနိုင်ငံနဲ့အတူ စင်္ကာပူနိုင်ငံ ထိုင်းနိုင်ငံများမှာပါ တပြိုင်နက် ရုံတင်ပြသ ပေးသွားတော့မှာပဲ ဖြစ်ပါတယ်။

“တာတူး” ရုပ်ရှင်ကားကြီးကို ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး ပါဝင်သရုပ်ဆောင်ထားကြတဲ့ အနုပညာရှင်များကတော့ အကယ်ဒမီ လွင်မိုး၊ အကယ်ဒမီ နေတိုး၊ အကယ်ဒမီ သက်မွန်မြင့်၊ ယွန်းရွှေရည်၊ ဟိန်းမင်း၊ ငှက်ပျောကြော်၊ 5 STAR အဖွဲ့၊ နေလင်း၊ နန္ဒကျော်စွာ၊ ဇင်မျိုး၊ မျိုးမျိုးခိုင်၊ ရဲလေးမ၊ အိတုံ၊ ထက်ကိုလင်း၊ ဝေယံမောင်၊ မေသြင်္ကန် နှင့် အနုပညာရှင်ပေါင်းများစွာတို့က ပါဝင်ထားခဲ့ကြတာပဲ ဖြစ်ပါတယ်။


ဒီကနေ့မှာတော့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ “တာတူး” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နမူနာ ဗီဒီယိုလေး ထွက်ရှိလာပါပြီ။ “တာတူး” ရုပ်ရှင်ဇာတ်ကားကြီးမှာ လွင်မိုး၊ နေတိုးနဲ့ သက်မွန်မြင့်တို့ သုံးဦး ဘယ်လိုတွေ အလွဲလွဲချော်ချော်တွေဖြစ်မလဲဆိုတာ အတူတူကြည့်ရအောင်နော်။

ပရိသတ်ကြီးချစ်တဲ့ နေတိုးကတော့ မိန်းမလျာကာရိုက်တာနဲ့ အကောင်းဆုံး သရုပ်ဆောင်ထားတာ မြင်တဲ့အတိုင်းပါပဲနော်။ မတ်လ ၁၅ ရက်နေ့မှာ မြန်မာနိုင်ငံနဲ့အတူ စင်္ကာပူ ထိုင်းနိုင်ငံများမှာ စတင်ရုံတင်ပြသပေးသွားတော့မယ့် “တာတူး” ရုပ်ရှင်ကားကြီးကို စောင့်မျှော်ကြည့်ရှုအားပေးကြဖို့ မမေ့ကြနဲ့ဦးနော် ပရိသတ်ကြီးရေ။ ဖတ်ရှုပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို  ကျေးဇူးအထူးတင်ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Burmese.asia
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top